twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

တွန့်ခေါက်တဲ့ တနင်္ဂနွေ

မအိပ်ချင်ပါဘူးဆိုမှ
ခပ်ပြာပြာ မျက်ခွံတွေက စပ်ခိုးနေကြတယ်
မယ်မယ်ရရ မရှိတဲ့ မျက်နှာကျက်လေးထောင့်တွေက
(သူတို့ဟာ သူတို့) ကန့်လန့်တွေးနေကြ..
အစာသွပ်ထားတဲ့ ဦးနှောက်ကြီးနဲ့..
ခြေပစ်လက်ပစ် ပုံကျနေတဲ့ ခပ်ငူငူ (ငါဟာ)
လက်တံရှည်ကျိုးနေတဲ့ နာရီကောင်ပေါ့…
အဇၹ်တၱထဲက စိမ့္ထြက္လာတဲ့
လတ်ဆတ်ခြင်းတွေက အပြင်ထွက်လာစဉ်မှာပဲ
ခန်းပြင်ရဲ့ ခြောက်ကွဲ သလပ်မှုကြောင့်
ချက်ချင်း ပုပ်သိုးသွားပြန်တယ်..
တကယ့်ကို စိတ်ပျက်စရာ ကောင်းတဲ့
အဆီခန်းနေသော ပြတင်းပေါက် ပတ္တာတွေက..
ညအိပ်ဧည့်သည် လက်မခံပါဟု
တကျီကျီ..အော်ညည်းနေကြရဲ့…
စကားလုံးညှော်နံ့တွေနဲ့ ရစ်ထွေးခဲ့ပြီး
တစ်ပတ်စာ လူ့ကျင့်ဝတ် တွေကို
လျှော်ဖွတ်ဆေးကျော ရတာလဲ
ငါ့နံရိုးပြိုင်းတွေတောင် အောင့်လို့….
ဘယ်တော့မှ မရင့်ကျက်နိုင်သေးတဲ့
ငါ့ စိတ်ကူးတွေက… ချောကလက်တခုစာ
အိပ်မက်ကို ထပ်ကာ ထပ်ကာ မက်နေမိတယ်..
ဘ၀ရဲ့ ဆုဒိုခု ကွက်တွေထဲ က ငါကိုယ့်ငါကို..
ဒေါင်လိုက်ထည့်ရမလား… ကန့်လန့်ထည့်ရမလား
တွေးရခက်နေတုန်းပဲ….
မကြည့်ပဲနဲ့… တွေ့လာတဲ့ မျက်စိအောက်က…
မုံယိုနေသော့ လူ့အတ္တတွေ… က
ကြည့်ရတာ အီစိမ့်လာပြီ….
ပလုံစီနေတဲ့ မြို့ပြအကျည်းတန်ညတွေကို…
ကုလားကာ အောက်မှာ လှမ်းတွေ့တွေ့နေရတယ်
ဘယ်တော့မှ ထူးဆန်းမလာတဲ့…. ငါ့ပြက္ခဒိန်တွေနဲ့..
အ၀ါရောင် စာမျက်နှာများကြား
အေးစက်ခြင်းတွေ တိုးဝှေ့လာတဲ့…
သြော်…ငါ့ရဲ့… တနင်္ဂနွေ ……။

Read Users' Comments (1)comments

လူနှင့်အရေပြားအောက်က အမှန်တရားများ

လူနှင့် မျက်နှာဖုံး


တခါတလေ လူတွေရဲ့ မျက်နှာဖုံးတွေ ကွာကျသွားတဲ့အခါ အဲဒိအောက်က မျက်နှာအမျိုးမျိုးကို တွေ့နိုင်ပါတယ်။ တချို့မျက်နှာတွေက ချဉ်တယ်။ တချို့က ခါးသီးရှုံ့တွနေတယ်။ တချို့က မဲ့ရွဲ့နေတယ်။ တချို့မျက်နှာတွေက အေးစက်စက်နိုင်တယ်။ တကယ့်ကိုငြိမ်ဆိမ်လွန်းတဲ့ မျက်နှာဖုံးတွေ နောက်မှာတောင်မှ ရွံစရာလူ့ကျင့်ဝတ် ဖောက်မယ့် မျက်နှာပေါက်မျိုးတွေတောင် တခါတရံ တအံ့တသြ တွေ့နိုင်ပါတယ်။ တချို့ရဲ့ မျက်နှာဖုံး အပေါ်ယံတွေက အသိဉာဏ်ပကာသနတွေ လူမသိအောင် ဖုံးနိုင်တယ်။ အသိဉာဏ်ရှိတဲ့ တကယ့်ပညာရှိတစ်ယောက်ရဲ့ ပြယုဂ်ဟာ လူမမြင်ကွယ်ရာမှာမှာလဲ လူမြင်ကွင်းမှာ ကဲ့သို့ မိမိအတ္တကိုပယ်သတ် နိုင်ရပါမယ်။ လောကမှာ ကြောက်စရာ ကောင်းတာက လူဆိုးသူခိုးတွေ မဟုတ်ပါဘူး။ တကယ်ဆိုးမိုက်တဲ့ သူတွေဟာ သူတို့ဟာ သူတို့ဆိုးမိုက်ပြီးသားမို့ ထင်ရှားနေပြီးသားပါ။ အဲဒိလူဆိုး သူခိုးထက် ပိုကြောက်စရာ ပိုကျောချမ်းစရာကောင်းတာက အပေါ်ယံအရေခြုံ ကြောင်သူတော်များပါပဲ။ ပညာရှိဆိုတာ ထမင်းစားပြီးတဲ့ခါ လက်ဆေးကာ သုတ်စရာအ၀တ်မရှိခဲ့ရင် လူကွယ်ရာဖြစ်နေရင်တောင်မှ ဘယ်တော့မှ ကိုယ့်ပုဆိုးကိုယ် ပြန်မသုတ်ပါဘူး။ ဒါက ကြားဖူးနားဝလေးပါ။ ရိုးရှင်းပေမယ့် သူ့နောက်မှာ အတွေးတွေ တပုံကြီးပါပါတယ်။ အသိဉာဏ်ဆိုတာ ခံယူတတ်ရင် လိုသလိုလုပ်ယူလို့ရပေမယ့် အရိုးစွဲနေတဲ့ ဗီဇလေးတွေကတော့ တခါတရံ မဖုံးနိုင် မဖိနိုင် ပေါ်ပေါ်လာတတ်ပါတယ်။ အဲဒါဟာ ဘယ်တော့မှ လုပ်ယူပြီးပြင်လို့ မရတာများပါတယ်။ ပြင်ဖို့လဲတော်တော်ခဲယဉ်းလိမ့်မယ်။ ကိုယ့်ဟာကိုယ် သိအုံးမှ။


ဒီလိုစိတ်မျိုးဟာ တနည်းအားဖြင့် လူတွေရဲ့အတွင်းစိတ်မှာ ခိုကပ်ပုန်းအောင်းနေတဲ့ ဘီလူးသရဲစိတ် (ဆိုလိုတာ ကြောက်စရာကောင်းသော၊ ဘာကိုမှမကြည့်တတ် တခါတရံ မိမိအတ္တတစ်ခုတည်းအတွက်နဲ့ အောက်တန်းကျရဲသော စိတ်) မျိုး ဖြစ်ပါတယ်။ အတွင်းစိတ်ထဲက အညစ်အကြေးတွေဟာ အပြင်စိတ်က မသိလိုက်ဖာသာ စုပ်ယူလိုက်တဲ့ဟာတွေဖြစ်ပါတယ်။ စိတ်ပညာ သဘောတရားတွေနဲ့ ပြောရင်တော့ နဲနဲရှုပ်သွားပါလိမ့်မယ်။ ထားပါတော့။ တခါတလေ ကိုယ်ဘယ်လိုမှ မထင်မှတ်ထားသော ခပ်ညစ်ညစ် ပတ်ပတ် အတွေးမျိုးကို အဲဒိလို မျက်နှာဖုံးစွပ်လူတွေက လက်ရဲဇက်ရဲ လုပ်တတ်လေ့ရှိကြပါတယ်။ လူတော်တော်များများရဲ့ အပြုအမူတော်တော်များများဟာ ပြောတဲ့အပြောနဲ့ အလုပ်နဲ့လွဲနေတတ်တာများပါတယ်။ လူရှေ့သူရှေ့မှာပြောနေတဲ့ စကားလုံးကြီးကျယ်တွေဟာ တကယ့်လက်တွေ့သူတို့အမူအကျင့်တွေနဲ့ တော်တော်လေး အလှမ်းဝေးနေတာတွေ တွေ့နိုင်ပါတယ်။ စာကြီးပေကြီး ဒဿနတွေဘာတွေ ဖတ်လဲဖတ်ပဲရှိမှာပါ။ စုပ်ယူမှု (absorb) မရှိရင် အလကားပါပဲ။ အတွေးအခေါ်စာအုပ်ကြီး ဖတ်ပြီး ပြီးသာ ပြီးသွားမယ်။ သူ့အတွက် အတွင်းကျကျ တွေးခေါ်စုပ်ယူ နိုင်စွမ်းမရှိရင် အကျိုးမရှိနိုင်ပါဘူး။ ဒါမျိုးက အရေအတွက်သာ ရှိပြီး ကိုယ့်အတွက် အရည်အချင်းတွေ ပြန်မရတတ်တာမျိုးပါ။ အပေါ်ယံအဆောင် အယောင်ဆိုတာ မမြဲခြင်းတွေပါ ဆိုတာ ဟိုးဗုဒ္ဓခေတ်ထဲက ကြားဖူးလာတဲ့ ရိုးအီနေတဲ့ ဓမ္မအမြင်ပါ။ ဒါပေမယ့် ဒါကိုပဲ သိသာသိပြီး သေချာမမြင်နိုင်တာတော့ တမျိုးတော့ တွေးရခက်တာပေါ့လေ။


ဒီနေရာမှာ အတွင်းစိတ်ရိုင်းတွေကို မဖုံးနိုင်တဲ့သူကျတော့ ရိုးသားလို့တော့ မဟုတ်ဘူး။ ပြောရရင် သူ့ရဲ့ဟန်ဆောင်တတ်တဲ့ အပေါ်ယံမျက်နှာဖုံး အမျိုးအစားမကောင်းလို့ပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မျက်နှာဖုံးဆိုတာ ဘယ်သူမှ အမြဲတမ်းစွပ်ထားနိုင်တာ မဟုတ်ပါဘူး။ တချိန်ချိန် တော့ ပြန်ချွတ်ရတာပဲ။ မယုံရင် သေချာစူးစိုက်ကြည့်ပါ။ လူဆိုတာ ကိုယ်နဲ့ မျက်နှာဖုံးချင်းတူသူတွေကိုပဲ ရွေးပေါင်းတတ်ကျတယ်။ သေချာရွေးချယ် စရာမလိုပဲကို သူ့ဟာသူ မသိစိတ်က ရွေးသွားတတ်ပါတယ်။ အရင်ဆုံးသင့်မှာ မျက်နှာဖုံးရှိမရှိ အရင် စမ်းသပ်ကြည့်ပါ။ စမ်းသပ်လို့ ခွဲခြမ်းကြည့်လို့ မသိနိုင်ဘူးဆိုရင်တော့ သင့်သူငယ်ချင်း၊ သင့်မိတ်ဆွေရဲ့ မျက်နှာဖုံးကွာကျချိန်ကို သတိထားကြည့်ပါ။ အဲဒိအခါ သူ့မျက်နှာဖုံးအောက်က သင်ဘယ်လိုမှ မထင်ထားတဲ့ သူ့မျက်နှာစစ်ကြီး ပေါ်လာပါလိမ့်မယ်။ သူ့မှာတောင် မျက်နှာဖုံးရှိနေမှတော့ ကိုယ့်မှာလဲ ရှိဖို့ကျိန်းသေနေပြီ။ အတွင်းမျက်နှာစစ်ကြီးကတောင် နဲနဲသွားတူတဲ့ အချက်တွေ ရှိချင်ရှိနိုင်ပါလိမ့်မယ်။ အဲကိုယ့်မှာ မျက်နှာဖုံးတခု ရှိပြီလို့ သိရင်တော့ အချိန်မှီချွတ်ရင်ချွတ် မချွတ်ရင်တော့ တချိန်ချိန် သင်မျက်နှာဖုံး ခဏချွတ်တဲ့ ချိန်တစ်ယောက်ယောက် ဒါမှမဟုတ် အများက မြင်သွားလို့ကတော့ သင်လဲ လူတွေထဲက (သူတို့လိုပဲ) ထူးမခြားနား လူ့အန္ဓတစ်ယောက်ပဲ ဖြစ်ပြီလို့မှတ်။ လူတွေက ကောင်းတဲ့ အချက်သာ ကျော်ချင်ကျော်သွားမယ်။ ဒါမျိုးကျ သေချာ ဂရုတစိုက်ရှိကြလိမ့်မယ်။ အဲဒိတော့ ကိုယ့်မှာ မျက်နှာဖုံးရှိပြီလို့ သိတဲ့ချိန်ကစပြီး ကျေးဇူးပြု၍ စုတ်ဖြဲပစ်လိုက်ပါ။ အတွင်းမျက်နှာကြီးကို ကြည်လင်နေအောင် ဆေးကြောပစ်ပါ။ပြောပြီးပြီပဲ မျက်နှာဖုံးဆိုတာ ကြာကြာစွပ်ထားလို့ ရတဲ့ အရာမဟုတ်ဘူးဆိုတာ …..။

Read Users' Comments (1)comments

အွန်လိုင်းရည်းစား

အွန်လိုင်းရည်းစားဆိုတာ ခုခေတ်မှာကြားလေ့ကြားထရှိတဲ့ ရည်းစားထားနည်း ဖက်ရှင်တစ်မျိုးပါပဲ။ လူချင်းလဲ တခါမှ မတွေ့ဖူးပဲနဲ့ ချစ်ကြ..တယ်။ ကိုယ်က အချစ်စစ်လို့ ထင်ပေမယ့် တဖက်ဖက်က ကိုယ့်ကို ကစားစရာလို လုပ်သွားရင် ခံရရောပဲ။ အဲဒိအကြောင်းလေးတွေထဲက သူသိတဲ့ အကြောင်းလေးကို ကျွန်တော့် သယ်ရင်း တစ်ယောက် ဘလော့မှာ ရေးထားပါတယ်။ ဖတ်စေလိုပါတယ်။ တကယ်တော့ အချစ်ဆိုတာ ဘယ်နေရာ ဘယ်ဒေသရောက် ရောက် နယ်မြေမခြားပါဘူး။ အချစ်စစ်မှန်ရင်ပေါ့လေ..။ ဒါပေမယ့် လူတွေက တခါတလေ တော့ ဉာဏ်တိမ်သားဗျ။ အေးပေါ့လေ.. ထမင်းစားရေသောက် သူများ အသဲလိုက်ခွဲနေတဲ့ သူတွေ အတွက်တော့ အေးဆေးနေမှာပေါ့..။ အချစ်ဆိုတာ ကိုးကွယ် စရာ မဟုတ်ပေမယ့် တန်ဖိုးထားသင့်တဲ့ အရာလို့တော့ ကျွန်တော်ထင်တယ်။
ဒီမှာဖတ်နိုင်ပါတယ်

Read Users' Comments (0)

ကျွန်တော်သိတဲ့ ဘလော့ဂါ တစ်ပါး

ဘုန်းဘုန်းတွေထဲက ဘလော့ဂ်ရေးတဲ့ သူဆိုတာ အတော်ရှားပါးပါတယ်။ ဘာပဲဖြစ်ဖြစ် တိုးတက်နေတဲ့ခေတ်ကြီးမှာ သာသနာပြုဘုန်းဘုန်းတွေထဲကလဲ ဒီလိုရေးနိုင်တဲ့သူတွေ စိတ်ဝင်စားတဲ့သူတွေ များများပေါ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါမှဗုဒ္ဓသာသနာကို ခေတ်မှီနည်းနဲ့ ပြန့်ပွားအောင် လုပ်နိုင်မှာပါ။ ပြောမယ်ဆို ကျွန်တော်သိတဲ့ ဘုန်းဘုန်း ဦးကုမာရ ဟာ ကျွန်တော်တို့ထက် ဘလော့ရေးတာ အများကြီးစောပါတယ်။ ကျွန်တော် ဘုန်းဘုန်းကို သိတာ အချိန်ကာလ အားဖြင့် သိပ်မကြာလိုက်ပေမယ့် ဘုန်းဘုန်း ဦးကောဝိဒကော ဘုန်းဘုန်း ဦးကုမာရကော ခင်မင်စရာကောင်းပြီး ခေတ်အမြင်ရှိပြီး တိုးတက်တဲ့ ဗုဒ္ဓသာသနာပြုဘုန်းဘုန်းတွေပါပဲ။ ခုတော့ ဘုန်းဘုန်း ဦးကုမာရဟာ ဒီကနေ့ လေယာဉ်ပျံနဲ့ စင်ကာပူကိုကြွသွားပါပြီ။ သီရိလင်္ကာမှာ PhDဘွဲ့အတွက် သွားတဲ့ ဘုန်းဘုန်း ဦးကုမာရတစ်ယောက် သာသနာ့အကျိုးဆထက်တပိုး သယ်ပိုးနိုင်ပါစေလို့ တပည့်တော် ဆုတောင်း မေတ္တာပို့သပါတယ်။ :D

ဘုန်းဘုန်းဦးကုမာရနှင့် ကပ္ပိယကြီး တိုလီမုတ်စ :P

Read Users' Comments (1)comments

တိတ်တခိုး......xx

မတွေးဘဲနဲ့ ….
ဦးခေါင်းခပ်နုနုထဲ ၀င်ဝင်လာတယ်…
မမက်ဘဲနဲ့ ငါ့မျက်လုံးအိမ်ထဲ
လာလာ အိပ်မက်ဖြစ်နေတယ်…
မပြောဖြစ်ပေမယ့် တစ်ဦးတည်း ကြိတ်ကြံနေမိတယ်
မရည်ရွယ်ဘဲနဲ့
တိုးခတ်သွားတဲ့ ရင်ခတ်သံကို
ကိုယ့်ဟာကိုယ် (တအံ့တသြ) ပြန်ကြားရတယ်..
စည်းတစ်ခုခြားနေတဲ့….
ဟိုမှာဘက်က….သူမကို
တိုးတိုးလေး ပြုံးပြနေရတယ်…
တကယ့်ကို မုန်းစရာ ကောင်းတဲ့
လူ့ကျင့်ဝတ်တွေထဲ…
ငါက မယဉ်ကျေးကောင် ဖြစ်နေမှာပေါ့..
တစ်ကြိမ်ပဲ့ဖူးတဲ့ ငါ့နှလုံးအိမ်က
(သူမကို) ခုံမင်ဖို့…
နဲနဲတော့ ခပ်ရွံ့ရွံ့နေတာပေါ့..
ဆိတ်ညံနေတဲ့ ၀န်းကျင်အေးစက်ထဲက
အထီးကျန် (ငါ) ဟာ
ခပ်ရွံ့ရွံ့လေး….ရွတ်ညည်းမိတယ်…
“တကယ်တော့ ကျွန်တော်လေ………

Read Users' Comments (1)comments

မိမိကိုယ်ကို သတ်သေခြင်း

အဆီခန်းနေတဲ့ ဦးနှောက်အခန်းပျက်တစ်လုံးနဲ့...
ချဉ်စော်နံ ဒဿနတွေပေကျံနေတဲ့သူ....
ခပ်လွင့်လွင့် ပျက်ရယ်သံတွေ....
မျက်နှာကျက် အပေါ်ဘက်ကို တစွန်းတစ ထွက်လာကြတယ်..
ခြေဖ၀ါးအောက်က လူ့ယဉ်ကျေးမှုများ
ရိုးတိုးရွတ မျက်စိနောက်အောင်....
သွားလာနေကြပေါ့...
ဘာမှတွယ်တာစရာ မရှိတော့တဲ့ နာရီလက်တံတွေရှေ့မှာ..
ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းညွှတ်ကျ...
တချိန်ချိန်ခွဲရမယ့် လောကကြီးကို ဂွတ်ဘိုင်လို့ နှုတ်ဆက်ရင်း
တဖြည်းဖြည်း.....နိမ့်၍...နိမ့်၍......နိမ့်၍...............။

Read Users' Comments (2)

ဝါးတီး...၀ါးတီး... ဘူးသီး

ဘယ်သူမှပြန် မပြောနဲ့ဗျာမနေ့ညက ဗဟန်းက ဇီဝိတဒါန သံဃာ့ဆေးရုံ ဈေးပွဲတော်ကို ကျွန်တော်တို့ ကို မမီဦးဆောင်ပြီးသွားတယ်ဆိုတာ။ ချပ်ချပ်ရပ်ရပ် ပိန်ပိန်ပါးပါး ကိုပီကေကြီးလဲ ကျွန်တော်တို့ နဲ့ပါလာတယ်ဗျ။ ဘယ်သူမှပြန်မပြောနဲ့ဗျာ ကျွန်တော်တို့ ဈေးပွဲတော် ရောက်လို့ ဘူးသီးကြော်ဝါးတီးဆွဲကြတာ ချမလောက်တောင်ဖြစ်နေတယ်။ နောက်မျက်နှာရှေ့ထားပြီးတော့ အားရပါးရဆွဲကြတာ။ အလှစားအဖွဲ့နဲ့ အ၀စားအဖွဲ့ နှစ်ဖွဲ့ကွဲနေသဗျ။ အလှစား အဖွဲ့တွင်၊ မမီ၊ မပင့်၊ ကိုပီကေ တို့သာ ပါပြီး၊ ကျန်တဲ့ ကိုဘလာဂေါက်၊ ကိုမျက်စိ၊ ကိုသန့်၊ စိုးဇေယျကြီး၊ ကျွန်တော်နှင့် မမဘာညာတို့သည် အ၀စားအဖွဲံ့တွင် ပါကြပါတယ်။ ဟီး။ ဘယ်သူမှ ပြန်မပြောနဲ့ဗျာ အကုန်တက်တက်ပြောင်ခါနီးမှ အလိုက်သိစွာ ထပြန်ကြတယ်။:D။ ဘယ်သူမှပြန်မပြောနဲ့ဗျာ နိုင်ငံကျော် ဘလောက်ဂါ မမီဟာ ပွဲဈေးတန်းက တစ်ရာဖိုးသုံးကွင်းနဲ့ သားရေကွင်းပစ်သတဲ့၊:P ဘယ်သူမှပြန်မပြောနဲ့ဗျာ အိမ်ပြန်လမ်းခွဲကြတော့ ကိုဂေါက်၊ ကိုမျက်စိ၊ စိုးဇေယျတို့ မြို့ထဲကို ဘီယာသောက်ဖို့ ချီတက်သွားလေရဲ့။ (အီး.... ကင်မရာပြင်ဖို့ စိုးဇေယျကို ပေးလိုက်တယ်။) ပြီးတော့ သူတို့ပြောတာ နားစွံနာဖျားကြားလိုက်တယ်။ မပူပါနဲ့ဗျာ၊ ဘီယာဖိုးမလောက်လဲ တိုလိ ကင်မရာပါတယ်ဆိုပဲ။ အီးဟီးဟီး....ဗြဲ..။ အဟီး ဘယ်သူမှပြန်မပြောနဲ့ဗျာ။ :P



ဘယ်ဘက်မှ လက်သည် မမီလက်ဖြစ်ပါသည်။ သူ့တွင် ဒီလောက်ရှိပါသည်တဲ့။ ဟစ်ဟစ်။
သားတို့ကတော့ ဒီလိုပဲ ကိုက်ချားလိုက်တာပဲ =)

အို မီမီတဲ့ဟေ့... မတူရင် မတုနဲ့.... မသေမချင်း သားရေကွင်းနဲ့ပစ်မယ် ဟတ်ဟတ် :P
စိုးဇီယျတဲ့ဟေ့.....(မမီခင်မျာ ပစ်မှတ်လွဲသွားလို့ နိုတောင်နိုနေတယ် ကြည့်ပါလား ဟိဟိ)

Read Users' Comments (2)

My Blog Story

ဘလော့ဂ်ဆိုတဲ့ စကားလုံးကို စတင်ရင်းနှီးခဲ့တာ ၂၀၀၆ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာပါ။ blog ဆိုတဲ့စကားလုံးကို ဟိုနားလဲတွေ့၊ ဒီနားလဲတွေ့ ဘာကြီးမှန်းမသိခဲ့ပါဘူး။ အီရတ်သတင်းနှင့် သက်ဆိုင်သော blog အားစာအုပ်အဖြစ် ထုတ်ဝေလိုက်သည်ဆိုသော သတင်းများ ဂျာနယ်တွေမှာ ပါလာသောအခါ၊ မြန်မာဘလော့ဂ် တချို့အကြောင်း နားစွံနားဖျားကြားလာသောအခါ ဘာမှန်းသိအောင် ရှာဖွေဖို့ဖြစ်လာခဲ့ပါတယ်။ ဟိုးအရင် ဘလော့ဂ်မရေးခင်တုန်းက ကျွန်တော်က ဖိုရမ်တစ်ချို့မှာ ဟိုရေးဒီရေးနဲ့ ၀င်ဝင်လက်ဆော့ နေတဲ့ကောင်ပေါ့။ :) ဒီလိုနဲ့ google မှာရှာရင်းဖွေရင်းနဲ့ မအိမ့်ချမ်းမြေ့ဘလော့ဂ် ကိုစတွေ့ခဲ့ပါတယ်။ အဲဒိတုန်းက ကျွန်တော်စဖတ်မိတဲ့ ဘလော့ဂ်သတင်းလေး တစ်ပုဒ်က အမေရိကန်ဟောလိဝုဒ် အော်စကာပေးပွဲ သတင်းဖြစ်ပါတယ်။ ပြီးတော့ နောက်ထပ်ရှာဖွေတွေ့ခဲ့တဲ့ ဘလော့ဂ်ကတော့ ကိုမောင်လှ ဘလော့ဂ်ကိုပါ။ ကိုမောင်လှရဲ့ ဘလော့ဂ်က ဘလော့ဂ်လုပ်နည်း၊ ဘလော့ဂ်ပေါ်မှာ မြန်မာလိုရေးနည်း လမ်းညွှန်ဖတ်ရင်းနဲ့မှ ကျွန်တော်ဆိုတဲ့ အူကြောင်ကျားဟာ blogger ကို google၏ ဆားဗစ်တစ်ခု ဖြစ်ကြောင်းသိပါတော့တယ်။ :P အဲဒိတော့မှ ဘလော့ဂ်လုပ်ဖို့ Register စမ်းလုပ်ကြည့်မိတော့တာပါပဲ။


ဘလော့ဂ်စလုပ်တုန်းက ကျွန်တော်အတုယူပြီး လုပ်ခဲ့တဲ့ ဘလော့ဂ်ဟာလဲ ကိုမောင်လှ ဘလော့ဂ်ပါပဲ။ ကိုမောင်လှ ဘလော့ဂ်ပေါ်မှာ တင်ထားတဲ့ အထူးသဖြင့် side bar ပေါ်မှာတင်ထားတဲ့ widgets တွေကို လိုက်ထည့်မိတာပါပဲ။ ပထမဆုံး cbox ထည့်တုန်းကဆို ကျွန်တော်ဆိုတဲ့ကောင်ဟာ cbox ကုဒ်တွေကို side bar မှာ ဘယ်လိုထည့်ရမှန်းမသိလို့ Edit Html ထဲမှာ သွားထည့်ခဲ့တယ်လေ။ ထားတဲ့နေရာ မမှန်တော့ တလွဲတွေ ဖြစ်နေတော့တာပါပဲ။ လုံးလည်ချာလည်လိုက်နေတာ cbox ကိုထည့်တာ တစ်ရက်လောက်ကြာသွားပါတယ်။ အဲဒိတုန်းက ဘလော့ဂ်လုပ်နည်းကို ဖော်ပြတဲ့ ဘလော့ဂ်ဆိုလို့ (ကျွန်တော်သိတာ) ကိုမောင်လှရယ်၊ နောက်တစ်ဦးက အင်္ဂလိပ်လိုရေးတဲ့ (ဘယ်သူမှန်းမမှတ်မိတော့) မြန်မာပရိုဂရမ်မာတစ်ယောက်ရဲ့ ဘလော့ဂ်ရယ် ဒီလောက်ပဲ သိတယ်။ မြန်မာလိုရေးချင်ရင် ပေါ်ချင်ရင် setting ထဲက formatting ထဲမှာ font tab တွေထည့်ရတယ်ဆိုလို့ ထည့်ပြီးစာရေးကြည့်ပါတယ်။ ပထမဆုံးစမ်းရေးတဲ့စာက ပထမအခေါက်နဲ့တင် အဆင်မပြေသေးလို့ ကိုမောင်လှကြီးဆီသွားပြီး ကောမန့်ထဲမှာ သွားသွားပြီး နားပူနားဆာ လုပ်ရတာပါပဲ။ နောက်ဆုံးမြန်မာလို ရေးဖို့ Text Editor လေး ရတော့မှ ကျွန်တော် မြန်မာလို ရေးရတာ အဆင်ပြေလာပါတော့တယ်။ (အဲဒိတုန်းက keyboard installer လဲမသိသေးဘူး) ။ အမှန်တော့ အဲဒိကတည်းက ကိုစေတန်ဂေါ့တ်လဲ ဘလော့ဂ်ရေးနေပါပြီ။ ဘာလို့လဲ ဆိုတော့ အဲဒိText Editor လေးဟာ ကိုစေတန်ဂေါ့တ် ရေးထားတာလေးပါ။


ကျွန်တော်စရေးတုန်းကဆို Text Editor ထဲမှာ အရင်ရေးပြီးမှ postingနေရာမှာ paste လုပ်ပါတယ်။ ပထမဆုံးရေးလို့ အဆင်ပြေတဲ့ ပို့စ်ကိုကိုယ်ဟာကိုယ်ပြန်ဖတ်ရင်း ပီတိတွေဖြစ်နေတာပေါ့။ ဒါပေမယ့် ခေါင်းစဉ်တွေက အဆင်မပြေသေးပါဘူး။ အဲဒါ eot ဆိုတာကြီး လိုက်လုပ်ကြည့်ပါသေးတယ်။ အဆင်မပြေပါဘူးဗျာ။ စားလုံးတွေ ကိုးယိုးကားယားနဲ့ Firefox မှာကြည့်ရင် အဆင်ပြေသလိုလိုနဲ့ IE မှာကျတော့ အဆင်မပြေပြန်ဘူး။ eot ကို ကလိရင်း ကလိရင်း အကြိမ်ကြိမ်ပြန်လုပ်ရင်းနဲ့ တစ်ပတ်လောက်ကြာတယ်။ လုံးဝအဆင်မပြေလို့ ပြန်ဖြုတ်လိုက်ရတယ်။ နောက်တော့မှ eot မထည့်ပဲ ရိုးရိုးလေး font variable တွေကို ကြေငြာပြီးပဲ ထည့်လိုက်တော့တယ်။ အဲဒိနောက်တော့ ကိုညီလင်းဆက်ဘလော့ဂ်၊ သူ့ရဲ့ မြန်မာဘလော့ဂ်လမ်းညွှန် ဘလော့ဂ် ကနေတဆင့် မနိုင်းနိုင်းဘလော့ဂ်ကို တွေ့ပါတယ်။ မနိုင်းရဲ့စာတွေကို အဲဒိထဲက ဖတ်မိရင်း သဘောကျမိတာပါ။ အဲ..အစတုန်းက ကျွန်တော်က မနိုင်းကို အကိုကြီးတစ်ယောက်ထင်ပြီး အကိုတွေ ဘာတွေ ဆီဗုံးမှာ သွားအော်ပါသေးတယ်။ :)
ဘလော့ဂ်စလုပ်ကတည်းက ရည်ရွယ်ချက်က ဘလော့ဂ်ကိုကလိဖို့နဲ့ ကျွန်တော့်ကတောက်တစ်ခေါက် ရေးထားတဲ့ စာတွေကိုတင်ချင်လို့ပါပဲ။ အိမ်မှာဆို စာအုပ်ထဲရေး၊ ဟိုစာရွက်ထဲရေးထားတဲ့ ပရမ်းပတာ ပြန့်ကျဲနေတဲ့ စာတွေ၊ကဗျာတွေကို တစုတစည်းထဲဖြစ်အောင် စတင်ဖြစ်ခဲ့ပါတယ်။ ကိုယ့်ဟာကိုယ်ရေး ကိုယ့်ဟာကိုယ်ဖတ် သဘောတွေစွတ်ကျနေတော့တာပါပဲ။ တနေ့တနေ့ဘလော့ဂ်လေးပေါ်မှာ ဘာတင်ရမလဲလို့ စဉ်းစားနေမိတာကို အရသာတွေ့မိပါတယ်။ အဲဒီမှာ ဘလော့ဂ်စွဲခြင်းရောဂါ စပါတော့တယ်။:)
အဲဒီတုန်းက ဘလော့ဂ်တွေလဲ ဒီလောက်မပေါများသေးပါဘူး။ နောက်တော့ကျွန်တော်လဲ လက်လှမ်းမှီရာ ဘလော့ဂ်တစ်ခုမှတစ်ခု လိုက်ဖတ်ရင်း ဘလော့ဂ်ရီဒါတစ်ပိုင်းလည်းလုပ်ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ဘလော့ဂ်တွေကို ပင်တိုင်လိုက်ဖတ်လေ့ရှိတဲ့ ဘလော့ဂ်ရီဒါစစ်စစ်ကြီးကတော့ ကျွန်တော့်အစ်မ ဒီမိုပါပဲ။ နောက်တော့ လည်ရင်းပတ်ရင်း ကိုရန်အောင်၊ မမီ၊ လွတ်ကျခဲ့သူကြီး၊ မမဘာညာ၊ ကိုဂေါက်တို့ ဘလော့ဂ်တွေကို ရောက်ဖြစ်လာပါတယ်။ အရင် အစပိုင်းကတည်းက သူတို့တွေက online ရော offline ပါ တွေ့နေကြပြီလေ။


ကျွန်တော်ဘလော့လေးကို စပြီးလုပ်တုန်းက ဖေဖော်ဝါရီလက စပေမယ့် ပို့စ်တင်တော့ မတ်လလောက်မှတင်ဖြစ်ပါတယ်။ ပြီးတော့ hit counter လဲ တော်တော်လေးနောက်ကျမှတပ်ဖြစ်ခဲ့တယ်။ မှတ်မိသလောက်ဆို သြဂုတ်လဆန်းလောက်မှ တပ်ဖြစ်ခဲ့တာပါ။ ကျွန်တော့် အယူအဆက အရေအတွက်ထက် ကျွန်တော့်ဆီကို ခင်လို့ မင်လို့၊ ကျွန်တော့်စာ၊ ကဗျာတွေကို တမင်သက်သက်ဖြစ်ဖြစ် လမ်းကြုံလို့ပဲဖြစ်ဖြစ် လာဖတ်တဲ့သူတိုင်းဟာ ကျွန်တော့်အတွက် ခွန်အားတွေပါပဲ။ အရေအတွက်ဆိုတာ လုပ်ယူလို့ရပါတယ်။ ဒါပေမယ့် ခင်မင်မှုနဲ့ တန်ဖိုးထားမှုတွေဟာ တော့ လုပ်ယူလို့ မရပါဘူးဆိုတာပါပဲ။ ကျွန်တော်အရင်က တစ်ယောက်ထဲ အထီးကျန်စွာ ရေးနေရင်းက ဟိုလည်ဒီလည်နဲ့ အပေါင်းအသင်းတွေ ရလာတော့ ကျွန်တော်ဒီရပ်ဝန်းလေးမှာနေထိုင်ရတာ ပျော်လာတယ်။ ကျွန်တော့်အတွက် ပိုကောင်းခဲ့တဲ့ အခွင့်အရေးတစ်ခုက ဘလော့ဂ်ဆီမီနာ လုပ်ဖြစ်လိုက်ကြတာဟာ ကျွန်တော်ခင်တဲ့၊ ကျွန်တော် ဖတ်လေ့ရှိတဲ့ ဘလော့ဂ်တွေရဲ့ ပိုင်ရှင် ဘလော့ဂ်ကာတွေကို အပြင်မှာ မျက်ဝါးထင်ထင်တွေ့ခွင့်ရခဲ့သလို၊ ခင်မင်ခွင့်ရခဲ့တာပါပဲ။ တကယ်ပေါင်းကြည့်တော့မှ တကယ့်ကို စိတ်တူကိုယ်တူဖြစ်ပြီး Level အဆင့်အတန်း မခွဲတဲ့ ၊ အသက်အရွယ်မခွဲတတ်တဲ့ သူငယ်ချင်းကောင်းများကို ရလိုက်တာပါပဲ။ တကယ်ပါ ကျွန်တော် ဒီဘလော့ရပ်ဝန်းလေးမှာနေရတာ သက်သောင့်သက်သာရှိပြီး နွေးထွေးမှုရှိပါတယ်။ လွတ်လပ်မှုလဲရှိပါတယ်။ ကျွန်တော့် ဘလော့ဂ်လေးကို စွဲလမ်းလမ်းဖြစ်သလို မြန်မာဘလော့ဂ်လောကလေးကိုလဲ စွဲလမ်းနှစ်ခြိုက်ခုံမင် နေမိပါပြီ။ ကဲ..သယ်ရင်းတို့ရော….

(အဟဲ ကိုပီကေ တက်ထားတဲ့ ပို့စ်လေး အပျင်းကြီးပြီးခုမှ ရေးဖြစ်ပါတယ်…:P)

Read Users' Comments (6)

I'm so sick (Flyleaf)

Title: I'm so sick
Band: Flyleaf

music player
I made this music player at MyFlashFetish.com.


I will break into your thoughts
With what's written on my heart
I will break, break

I'm so sick,
Infected with where I live
Let me live without this
Empty bliss,
Selfishness
I'm so sick
I'm so sick

If you want more of this
We can push out, sell out, die out
So you'll shut up
And stay sleeping
With my screaming in your itching ears

I'm so sick,
Infected with where I live
Let me live without this
Empty bliss,
Selfishness
I'm so sick
I'm so sick

Hear it, I'm screaming it
You're heeding to it now

Hear it! I'm screaming it!
You tremble at this sound

You sink into my clothes
And this invasion
Makes me feel
Worthless, hopeless, sick

I'm so sick,
Infected with where I live
Let me live without this
Empty bliss,
Selfishness
I'm so sick
I'm so sick

I'm so sick
Infected with where I live
Let me live without this
Empty bliss, selfishness
I'm so
I'm so sick
I'm so
I'm so sick

Read Users' Comments (0)

My Eve

ငါ့ကို…
စွဲစွဲလမ်းလမ်း အိပ်မက်တွေ…
မက်စေခဲ့တဲ့အတွက်
မင်းတော်တယ်….

ငါ့ကို..
မင်းရဲ့တီတီတာတာချစ်စကားတွေနဲ့
အကောင်းဆုံးလိမ်ညာခဲ့တဲ့အတွက်
မင်းတော်တယ်…

ငါ့ကို…
ရင်ခုန်သံတွေ ကပြောင်းကပြန်
ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ အတွက်..
မင်းတော်တယ်….

ငါ့…
နှလုံးသားကို ဒဏ်ရာရအောင်
အေးစက်စွာ နင်းချေသွားတဲ့ အတွက်
မင်းတော်တယ်…

ငါ့ကို…
လမ်းခွဲကြရအောင်လို့
ပေါ့ပေါ့ပါးပါး ပြောနိုင်ခဲ့တဲ့ အတွက်
မင်းတော်တယ်….

ဘာပဲဖြစ်ဖြစ်ပေါ့…
ကောင်မလေးရယ်…. (အချစ်မှာ)
မင်းငါ့ထက်… အများကြီး တော်ပါတယ်…။

Read Users' Comments (4)

အဘိုးကြီး ဟိုမိုစမ် (၁)

စာရေးသူ။ ။ ဘသန်း (ဓမ္မိက)
ကိုးကား။ ။ ယောနသံစင်ရော် (မြန်မာပြန်) စာအုပ်၏ နောက်ဆက်တွဲ(Homosan-Hans Earl Ricrikar)

အဘိုးကြီး ဟိုမိုစမ်



ဝိရိယဟူသော တောင်ကြီးသတတ်။ ထိုတောင်ထိပ်၌ သစ္စာရဲတိုက်ကြီးဟု ခေါ်တွင်သော ရဲတိုက်တစ်ခုသည်တ၀င်းဝင်း လက်လျှက်ရှိ၏။ တောင်ခြေရင်းတွင်မူ ဟိုမိုစမ် အမည်ရှိသော သူတောင်းစား အဖိုးအို တစ်ယောက်နေထိုင်လေသည်။


ဟိုမိုစမ်သည် ၀မ်းရေးသက်သက်မှ တစ်ပါး အခြားမည်သည့် အရေးကိုမျှ ဂရုမစိုက်။ ဟိုမိုစမ်သည် မည်သည့်အခါမျှ ငတ်မွတ်သည်ဟူ၍ မရှိ။ လူအများသည် အရာရာကို ဦးခေါင်းဖြင့် စဉ်းစားဆင်ခြင် ဆုံးဖြတ်လေ့မရှိဘဲ ၀မ်းခေါင်းဖြင့်သာလျှင် စဉ်းစားဆင်ခြင် ဆုံးဖြတ်လေ့ရှိကြကုန်၏။ ထို့ကြောင့်ပင် ဟိုမိုစမ်ကို လူအများက ချစ်ခင်ကြသည်။ လူ့အဖိုးတန်တစ်ယောက်ဟု သဘောထားကြလေသည်။


တောင်ကြီးသည် ၀ီရိယ ဟူသော အမည်နှင့် လိုက်ပါပေ၏။ ကြီးစွာသော လုံ့လဥဿဟဖြင့် သာလျှင် ထိုတောင်ကို တက်နိုင်၏။


ဟိုမိုစမ်နှင့် သူ့အပေါင်းအဖော်တို့သည် စာရေးသောက်ရေးအတွက်ဆိုလျှင် မည်သို့သော အလုပ်ကိုမဆို လက်မရွံ့လက်မတွန့်သူများ ဖြစ်သော်ငြားလည်း တောင်တက်ခြင်းအလုပ်ကိုမူ အားအင်ဖြုန်းတီးမှုဟု ထင်မှတ်ကြသည်။ တောင်ထိပ်ပေါ်ရှိ ရဲတိုက်ကြီးကို မရောက်ဖူး မမြင်ဖူးလျှင်လည်း ကိစ္စမရှိ၊ ရောက်ဖူးမြင်ဖူး၍လည်း ဘာမျှ အကြောင်းမထူး။ ရဲတိုက်ကြီးသည် တိုက်အိုတိုက်ပျက်ကြီး တစ်ခုတည်းသာတည်း။ သူတို့လည်း တိုက်အိုတိုက်ပျက်ကြီး များကိုမြင်ဖူးခဲ့ပေါင်း များလှပြီ။ တိုက်အို တိုက်ပျက်များဟူသည် ဘရမ်ဒီမသောက်နိုင်၍ အားအားနေ ဖဲကစားနေကြရသည့် အမယ်အိုကြီးများအဖို့သာ ဖြစ်သည်။


“ငါထမင်းအ၀စားနေရတဲ့အခါ ငါဘာလုပ်နေလို့ ငါဘာဖြစ်မလဲဆိုတာ ငါသိနေတယ်ကွ။ တောင်တက်တဲ့အလုပ်ဆိုတာ ကတော့ ဘာလို့လုပ်ဘာဖြစ်မယ်မှန်းမသိရတဲ့ အလုပ်မျိုးပါကွယ်” ဟူသော စကားများမှာ ထိုဖုန်းတောင်းယာစား လောကတွင် လူသိအများဆုံး လက်သုံးစကားများဖြစ်၏။


တစ်ညတစ်၌ ဟိုမိုစမ်သည် ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ကို မြင်မက်လေ၏။ သူတို့ သူတောင်းစား အုပ်စု၏ ခေါင်းဆောင်ရှေ့တွင် တရားစစ်ဆေးခံနေရသည်ဟု မက်ခြင်းဖြစ်၏။ အိပ်ရာမှ တုန်တုန်ယင်ယင်ဖြင့် လန့်နိုး၏။ သူလည်ကုပ်ပေါ်သို့ အချိန်မရွေး ပုဆိန်ဖျားကြီး ရောက်တော့မည်ဟု လည်းကောင်း၊ လူထုလူတောထဲ နေသူများသည် လူတို့ကို စီရင်ဆုံးဖြတ်သည့် တရားဥပဒေ လက်အောက်တွင် နေရပြီး ထိုတရားဥပဒေ၏ ယဇ်ကောင်များသာ ဖြစ်၍ လူတောထဲမှ ထွက်ခွာ၍ လူထုအထက်သို့ လှမ်းကျော်တက်နိုင် သူများသာလျှင် လူအဖြစ် ဆက်လက်နေနိုင်မည်ဟု လည်းကောင်း မြင်မက်ခဲ့သည့် နမိတ်များကို ဖတ်လျှက် အထိတ်တလန့်ဖြစ်နေရှာသည်။


“ တက်ကွ တက်ကွ” ဟို သူကိုယ်သူ ပြောနေမိ၏။ လူအုပ်အထက် ကျော်တက်ရန်လမ်းမှာ တစ်လမ်းထဲရှိ၏။ လူထုလည်း ထိုလမ်းကို မနှစ်မြို့ကြ။ ထိုလမ်းသည်ကား ၀ီရိယဟူသော တောင်ပေါ်သို့ တက်သောလမ်းပေတည်း။


“ခင်ဗျားကြီး ၀ီရိယထုတ်ရမယ်ဆိုရင် ဒီမှာပဲနေပြီး ထုတ်စမ်းပါ၊ ရိုးရိုးသားသားထမင်း ရှာစားပါ၊ ဒီမှာဆိုရင် ခင်ဗျားကို ခင်ဗျား ဘယ်ရောက်နေမှန်းသိနေတာဗျ၊ ဒီမှာ စားစရာသောက်စရာလဲ ရှိနေတာပဲ မဟုတ်လား၊ အစားအသောက်ထက် ဘယ်ဟာကများ ပိုပြီး အရေးကြီးသေးလဲ” ဟု ဟိုမိုစမ်၏ သားက အဘိုးကြီးအား အပြစ်ဆိုလေသည်။


“ဟ မင်းတို့ငါတို့ဟာ စားဖို့သောက်ဖို့အတွက်သာ လူလာဖြစ်နေကြရတာလားကွယ့်” ဟု ဟိုမိုစမ်က စဉ်းစဉ်းစားစား မေးလိုက်သည်ကို သူ့သားက ပြောင်ရယ်ရယ်လေ၏။


“တွေးတွေး၊ ဆက်ပြီးတွေးနေပေါ့ဗျာ၊ ခင်ဗျားကြီးဟာ ကြီးကြီးကျယ်ကျယ် အလုပ်အကိုင်ကြီးတွေကို လုပ်နိုင်မယ့် လူကြီးတစ်ယောက်ကိုဗျ၊ ခင်ဗျားဟို.. ဗိုက်ပူကြီး ဦးပေါ်စက် ကို သွားသတ်ပြီး သူ့ပိုက်ဆံတွေကို ဒီယူခဲ့ပါလား၊ အဲဒီလိုလုပ်တာကမှ အကျိုးရှိအုံးမယ်၊ ကျုပ်တို့လူဘ၀ ဘာဖြစ်လို့ ဘယ့်အတွက် ရလာကြလဲ ဆိုတာကို တွေးကြံဖို့ လိုတယ်ဆိုတဲ့ စကားကတော့ လွန်လွန်းသဗျာ၊ ခင်ဗျားပဲ ဆက်တွေးနေစမ်းပါ၊ ဆက်ကြံနေစမ်းပါ” ဟု
သူ့သားအား နှုတ်လှန်ထိုးလေသည်။ ဟိုမိုစမ်၏သားသည် ထိုသို့ပြောရင်း ယားယံသည့်နေရာကို ကုတ်လျှက် သရော်ပြုံးပြုံးကာ ခေါင်းတခါခါလုပ်နေ၏။ ထို့နောက် ထမင်းစာလာသဖြင့် အဘိုးကြီးထံမှ ခွာလေသည်။


တောင်ပေါ်မှ အောက်သို့ငုံ့ကြည့်သူများ၏ မျက်စိများသည် ပွင့်လင်းကုန်၏။ ထို့ကြောင့်ပင် ထိုသူတို့သည် ကျိန်စာသင့်သူများနှင့် တူ၏။


ဤစကားများသည် ရှေးရှေးအချိန်တုန်းက လူတိုင်းလိုလို သိရှိကြသည့် စကားများဖြစ်သည်။ ယခုမူ မည်သူမျှ ဤစကားများကို နားမလည်တော့ချေ။ အချည်းနှီးစကားများသာ ဖြစ်နေ၏။ ၀ီရိယ တောင်ကြီးကို တက်ရန် သန္နိဋ္ဌာန် ချပြီးသော ဟိုမိုစမ်သည်ပင် ထိုစကားစုများ၏ အဓိပ္ပါယ်ကို နားမလည်ချေ။


တောင်ပေါ်တွင်ဘာကိုများ တွေ့ရပါလိမ့်။ တခုခုတော့ ဧကန္နရှိရမှာပဲ။


ဟိုမိုစမ်သည် တွေ့ရမည့်အရာကို အမျိုးမျိုးစိတ်ကူးယဉ်ကြည့်သော်လည်း ကျေနပ်မှုမရ။ သို့သော်လည်း ဘာမျှမရှိဟု လူအများထင်သလို မူမဖြစ်နိုင်၊ တခုခုတော့ ရှိကိုရှိရမည်ဟု သူ့စိတ်ထဲ အလိုလိုကြိုတင် သိရှိနေသယောင် ဖြစ်၏။


ကျမ်းဂန်များတွင်လည်း ယခုဆို လတ္တံ့ပါအတိုင်း ပါရှိနေ၏။ ရှေးရှေးတုန်းက လူအများသည် ထိုတောင်ပေါ်သို့ တက်ဖူးကြ၏။ တောင်ပေါ်ရောက်ပြီး ပြန်လာသော ပုဂ္ဂိုလ်များကို သူတော်စင် သူတော်မွန်များဟု အများက သမုတ်ကြ၏။ ထိုပုဂ္ဂိုလ်များကို အများက ယခင်ကဲ့သို့ “မိတ်ဆွေ” ဟု မလေးမစား မခေါ်ဝံ့ကြ။ ထိုပုဂ္ဂိုလ်များသည် ဆင်းရဲဒုက္ခကင်းသူများဖြစ်၍ ကျန်အခြားလူများမူကား ဆင်းရဲဒုက္ခရှိသူချည်းဖြစ်၏။


ဟိုမိုစမ်သည် တောင်ပေါ်သို့တက်ရန်ဖြစ်နေလေပြီ။ လူထုအဆင့်မှ ခြေတစ်လှမ်းခန့်ပင်ဖြစ်ဖြစ် ကျော်လွန်သွားနိုင်ရန် စိတ်တုံးတုံးချပြီးသားဖြစ်နေ၏။


ဟိုမိုစမ်သည် တောင်သို့ချဉ်းကပ်၏။ မိုးသည် တောင်ထိပ်ကို တိမ်အိတ်စွတ်ထား၏။ အဘိုးကြီးသည် တောင်ထက်သို့ တက်လှမ်းလေပြီ။ တစ်နာရီပြီး တစ်နာရီ၊ တစ်နေ့ပြီး တစ်နေ့၊ တစ်ပတ်ပြီး တစ်ပတ်၊ တစ်နှစ်ပြီး တစ်နှစ်ချီတက်ကာနေ၏။ သို့သော်လည်း ခရီးမည်မျှတွင်လေပြီကို နောက်သို့လှည့်ကြည့်တိုင်း လှည့်ကြည့်တိုင်း ခြေတစ်လှမ်းမျှပင် ခရီးမတွင်သေးသည်ကို အထိတ်တလန့်တွေ့တွေ့နေရ၏။ ခရီးမတွင်ရုံသာမက သူ၏မူလလောက ဟောင်းနှင့် ပို၍ပို၍ နီးလာနေသည်ကိုသာ တွေ့နေရလေသည်။


အတန်ကြာလတ်သော် လောကဟောင်းသည် ပို၍ ကြည်လင်လာ၏။ အထက်သို့ရောက်လေလေ အိမ်များ၏ နံရံတံတိုင်းများ၊ လူ့နှလုံးသားများ၊ လူ့သောကများ စသည်တို့ကိုပင် ဖောက်ထွင်း၍ မြင်လေ၏။ လောကဟောင်းကို စွန့်လိုသော ဆန္ဒမှာလည်း လျော့၍လျော့၍ လာလေလေဖြစ်၏။ သို့သော်လည်း ဟိုမိုစမ်သည် မြင့်သည်ထက်မြင့်အောင် မှန်မှန်ကြီး ချီတက်နေ၏။ သူ့၌ဖြစ်ပေါ်လာမည့် အသိဉာဏ်အလင်း၏ သတ္တိအရှိန်သည် ခြေလှမ်းတိုင်းလှမ်းတိုင်း ပို၍ပို၍ တိုးလာသည်။ သူ့ကို ရည်မှန်းချက်အဆုံးဆိုသည်နှင့် နီးကပ်လာအောင် စွမ်းဆောင်သည့် အရာများကား အချိန်လည်း မဟုတ်၊ အလိုရမ္မက် ဆန္ဒရာဂလည်း မဟုတ်ဘဲ သူ့ခြေလှမ်းများသာလျှင်တည်း။ သူသည်လောကဟောင်းနှင့် ကပ်ပင်ကပ်လျှက် ရှိသော်လည်း လောကဟောင်း၏ ဒုက္ခများမှာမူ ကင်းဝေးလာ၏။ သူကဤအဖြစ်ကို သူများအားပြောပြရာ မည်သူ့မျှနားမလည်ကြ။


Read Users' Comments (0)

အဘိုးကြီး ဟိုမိုစမ် (၁)

စာရေးသူ။ ။ ဘသန်း (ဓမ္မိက)
ကိုးကား။ ။ ယောနသံစင်ရော် (မြန်မာပြန်) စာအုပ်၏ နောက်ဆက်တွဲ(Homosan-Hans Earl Ricrikar)

အဘိုးကြီး ဟိုမိုစမ်



ဝိရိယဟူသော တောင်ကြီးသတတ်။ ထိုတောင်ထိပ်၌ သစ္စာရဲတိုက်ကြီးဟု ခေါ်တွင်သော ရဲတိုက်တစ်ခုသည်တ၀င်းဝင်း လက်လျှက်ရှိ၏။ တောင်ခြေရင်းတွင်မူ ဟိုမိုစမ် အမည်ရှိသော သူတောင်းစား အဖိုးအို တစ်ယောက်နေထိုင်လေသည်။


ဟိုမိုစမ်သည် ၀မ်းရေးသက်သက်မှ တစ်ပါး အခြားမည်သည့် အရေးကိုမျှ ဂရုမစိုက်။ ဟိုမိုစမ်သည် မည်သည့်အခါမျှ ငတ်မွတ်သည်ဟူ၍ မရှိ။ လူအများသည် အရာရာကို ဦးခေါင်းဖြင့် စဉ်းစားဆင်ခြင် ဆုံးဖြတ်လေ့မရှိဘဲ ၀မ်းခေါင်းဖြင့်သာလျှင် စဉ်းစားဆင်ခြင် ဆုံးဖြတ်လေ့ရှိကြကုန်၏။ ထို့ကြောင့်ပင် ဟိုမိုစမ်ကို လူအများက ချစ်ခင်ကြသည်။ လူ့အဖိုးတန်တစ်ယောက်ဟု သဘောထားကြလေသည်။


တောင်ကြီးသည် ၀ီရိယ ဟူသော အမည်နှင့် လိုက်ပါပေ၏။ ကြီးစွာသော လုံ့လဥဿဟဖြင့် သာလျှင် ထိုတောင်ကို တက်နိုင်၏။


ဟိုမိုစမ်နှင့် သူ့အပေါင်းအဖော်တို့သည် စာရေးသောက်ရေးအတွက်ဆိုလျှင် မည်သို့သော အလုပ်ကိုမဆို လက်မရွံ့လက်မတွန့်သူများ ဖြစ်သော်ငြားလည်း တောင်တက်ခြင်းအလုပ်ကိုမူ အားအင်ဖြုန်းတီးမှုဟု ထင်မှတ်ကြသည်။ တောင်ထိပ်ပေါ်ရှိ ရဲတိုက်ကြီးကို မရောက်ဖူး မမြင်ဖူးလျှင်လည်း ကိစ္စမရှိ၊ ရောက်ဖူးမြင်ဖူး၍လည်း ဘာမျှ အကြောင်းမထူး။ ရဲတိုက်ကြီးသည် တိုက်အိုတိုက်ပျက်ကြီး တစ်ခုတည်းသာတည်း။ သူတို့လည်း တိုက်အိုတိုက်ပျက်ကြီး များကိုမြင်ဖူးခဲ့ပေါင်း များလှပြီ။ တိုက်အို တိုက်ပျက်များဟူသည် ဘရမ်ဒီမသောက်နိုင်၍ အားအားနေ ဖဲကစားနေကြရသည့် အမယ်အိုကြီးများအဖို့သာ ဖြစ်သည်။


“ငါထမင်းအ၀စားနေရတဲ့အခါ ငါဘာလုပ်နေလို့ ငါဘာဖြစ်မလဲဆိုတာ ငါသိနေတယ်ကွ။ တောင်တက်တဲ့အလုပ်ဆိုတာ ကတော့ ဘာလို့လုပ်ဘာဖြစ်မယ်မှန်းမသိရတဲ့ အလုပ်မျိုးပါကွယ်” ဟူသော စကားများမှာ ထိုဖုန်းတောင်းယာစား လောကတွင် လူသိအများဆုံး လက်သုံးစကားများဖြစ်၏။


တစ်ညတစ်၌ ဟိုမိုစမ်သည် ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ကို မြင်မက်လေ၏။ သူတို့ သူတောင်းစား အုပ်စု၏ ခေါင်းဆောင်ရှေ့တွင် တရားစစ်ဆေးခံနေရသည်ဟု မက်ခြင်းဖြစ်၏။ အိပ်ရာမှ တုန်တုန်ယင်ယင်ဖြင့် လန့်နိုး၏။ သူလည်ကုပ်ပေါ်သို့ အချိန်မရွေး ပုဆိန်ဖျားကြီး ရောက်တော့မည်ဟု လည်းကောင်း၊ လူထုလူတောထဲ နေသူများသည် လူတို့ကို စီရင်ဆုံးဖြတ်သည့် တရားဥပဒေ လက်အောက်တွင် နေရပြီး ထိုတရားဥပဒေ၏ ယဇ်ကောင်များသာ ဖြစ်၍ လူတောထဲမှ ထွက်ခွာ၍ လူထုအထက်သို့ လှမ်းကျော်တက်နိုင် သူများသာလျှင် လူအဖြစ် ဆက်လက်နေနိုင်မည်ဟု လည်းကောင်း မြင်မက်ခဲ့သည့် နမိတ်များကို ဖတ်လျှက် အထိတ်တလန့်ဖြစ်နေရှာသည်။


“ တက်ကွ တက်ကွ” ဟို သူကိုယ်သူ ပြောနေမိ၏။ လူအုပ်အထက် ကျော်တက်ရန်လမ်းမှာ တစ်လမ်းထဲရှိ၏။ လူထုလည်း ထိုလမ်းကို မနှစ်မြို့ကြ။ ထိုလမ်းသည်ကား ၀ီရိယဟူသော တောင်ပေါ်သို့ တက်သောလမ်းပေတည်း။


“ခင်ဗျားကြီး ၀ီရိယထုတ်ရမယ်ဆိုရင် ဒီမှာပဲနေပြီး ထုတ်စမ်းပါ၊ ရိုးရိုးသားသားထမင်း ရှာစားပါ၊ ဒီမှာဆိုရင် ခင်ဗျားကို ခင်ဗျား ဘယ်ရောက်နေမှန်းသိနေတာဗျ၊ ဒီမှာ စားစရာသောက်စရာလဲ ရှိနေတာပဲ မဟုတ်လား၊ အစားအသောက်ထက် ဘယ်ဟာကများ ပိုပြီး အရေးကြီးသေးလဲ” ဟု ဟိုမိုစမ်၏ သားက အဘိုးကြီးအား အပြစ်ဆိုလေသည်။


“ဟ မင်းတို့ငါတို့ဟာ စားဖို့သောက်ဖို့အတွက်သာ လူလာဖြစ်နေကြရတာလားကွယ့်” ဟု ဟိုမိုစမ်က စဉ်းစဉ်းစားစား မေးလိုက်သည်ကို သူ့သားက ပြောင်ရယ်ရယ်လေ၏။


“တွေးတွေး၊ ဆက်ပြီးတွေးနေပေါ့ဗျာ၊ ခင်ဗျားကြီးဟာ ကြီးကြီးကျယ်ကျယ် အလုပ်အကိုင်ကြီးတွေကို လုပ်နိုင်မယ့် လူကြီးတစ်ယောက်ကိုဗျ၊ ခင်ဗျားဟို.. ဗိုက်ပူကြီး ဦးပေါ်စက် ကို သွားသတ်ပြီး သူ့ပိုက်ဆံတွေကို ဒီယူခဲ့ပါလား၊ အဲဒီလိုလုပ်တာကမှ အကျိုးရှိအုံးမယ်၊ ကျုပ်တို့လူဘ၀ ဘာဖြစ်လို့ ဘယ့်အတွက် ရလာကြလဲ ဆိုတာကို တွေးကြံဖို့ လိုတယ်ဆိုတဲ့ စကားကတော့ လွန်လွန်းသဗျာ၊ ခင်ဗျားပဲ ဆက်တွေးနေစမ်းပါ၊ ဆက်ကြံနေစမ်းပါ” ဟု
သူ့သားအား နှုတ်လှန်ထိုးလေသည်။ ဟိုမိုစမ်၏သားသည် ထိုသို့ပြောရင်း ယားယံသည့်နေရာကို ကုတ်လျှက် သရော်ပြုံးပြုံးကာ ခေါင်းတခါခါလုပ်နေ၏။ ထို့နောက် ထမင်းစာလာသဖြင့် အဘိုးကြီးထံမှ ခွာလေသည်။


တောင်ပေါ်မှ အောက်သို့ငုံ့ကြည့်သူများ၏ မျက်စိများသည် ပွင့်လင်းကုန်၏။ ထို့ကြောင့်ပင် ထိုသူတို့သည် ကျိန်စာသင့်သူများနှင့် တူ၏။


ဤစကားများသည် ရှေးရှေးအချိန်တုန်းက လူတိုင်းလိုလို သိရှိကြသည့် စကားများဖြစ်သည်။ ယခုမူ မည်သူမျှ ဤစကားများကို နားမလည်တော့ချေ။ အချည်းနှီးစကားများသာ ဖြစ်နေ၏။ ၀ီရိယ တောင်ကြီးကို တက်ရန် သန္နိဋ္ဌာန် ချပြီးသော ဟိုမိုစမ်သည်ပင် ထိုစကားစုများ၏ အဓိပ္ပါယ်ကို နားမလည်ချေ။


တောင်ပေါ်တွင်ဘာကိုများ တွေ့ရပါလိမ့်။ တခုခုတော့ ဧကန္နရှိရမှာပဲ။


ဟိုမိုစမ်သည် တွေ့ရမည့်အရာကို အမျိုးမျိုးစိတ်ကူးယဉ်ကြည့်သော်လည်း ကျေနပ်မှုမရ။ သို့သော်လည်း ဘာမျှမရှိဟု လူအများထင်သလို မူမဖြစ်နိုင်၊ တခုခုတော့ ရှိကိုရှိရမည်ဟု သူ့စိတ်ထဲ အလိုလိုကြိုတင် သိရှိနေသယောင် ဖြစ်၏။


ကျမ်းဂန်များတွင်လည်း ယခုဆို လတ္တံ့ပါအတိုင်း ပါရှိနေ၏။ ရှေးရှေးတုန်းက လူအများသည် ထိုတောင်ပေါ်သို့ တက်ဖူးကြ၏။ တောင်ပေါ်ရောက်ပြီး ပြန်လာသော ပုဂ္ဂိုလ်များကို သူတော်စင် သူတော်မွန်များဟု အများက သမုတ်ကြ၏။ ထိုပုဂ္ဂိုလ်များကို အများက ယခင်ကဲ့သို့ “မိတ်ဆွေ” ဟု မလေးမစား မခေါ်ဝံ့ကြ။ ထိုပုဂ္ဂိုလ်များသည် ဆင်းရဲဒုက္ခကင်းသူများဖြစ်၍ ကျန်အခြားလူများမူကား ဆင်းရဲဒုက္ခရှိသူချည်းဖြစ်၏။


ဟိုမိုစမ်သည် တောင်ပေါ်သို့တက်ရန်ဖြစ်နေလေပြီ။ လူထုအဆင့်မှ ခြေတစ်လှမ်းခန့်ပင်ဖြစ်ဖြစ် ကျော်လွန်သွားနိုင်ရန် စိတ်တုံးတုံးချပြီးသားဖြစ်နေ၏။


ဟိုမိုစမ်သည် တောင်သို့ချဉ်းကပ်၏။ မိုးသည် တောင်ထိပ်ကို တိမ်အိတ်စွတ်ထား၏။ အဘိုးကြီးသည် တောင်ထက်သို့ တက်လှမ်းလေပြီ။ တစ်နာရီပြီး တစ်နာရီ၊ တစ်နေ့ပြီး တစ်နေ့၊ တစ်ပတ်ပြီး တစ်ပတ်၊ တစ်နှစ်ပြီး တစ်နှစ်ချီတက်ကာနေ၏။ သို့သော်လည်း ခရီးမည်မျှတွင်လေပြီကို နောက်သို့လှည့်ကြည့်တိုင်း လှည့်ကြည့်တိုင်း ခြေတစ်လှမ်းမျှပင် ခရီးမတွင်သေးသည်ကို အထိတ်တလန့်တွေ့တွေ့နေရ၏။ ခရီးမတွင်ရုံသာမက သူ၏မူလလောက ဟောင်းနှင့် ပို၍ပို၍ နီးလာနေသည်ကိုသာ တွေ့နေရလေသည်။


အတန်ကြာလတ်သော် လောကဟောင်းသည် ပို၍ ကြည်လင်လာ၏။ အထက်သို့ရောက်လေလေ အိမ်များ၏ နံရံတံတိုင်းများ၊ လူ့နှလုံးသားများ၊ လူ့သောကများ စသည်တို့ကိုပင် ဖောက်ထွင်း၍ မြင်လေ၏။ လောကဟောင်းကို စွန့်လိုသော ဆန္ဒမှာလည်း လျော့၍လျော့၍ လာလေလေဖြစ်၏။ သို့သော်လည်း ဟိုမိုစမ်သည် မြင့်သည်ထက်မြင့်အောင် မှန်မှန်ကြီး ချီတက်နေ၏။ သူ့၌ဖြစ်ပေါ်လာမည့် အသိဉာဏ်အလင်း၏ သတ္တိအရှိန်သည် ခြေလှမ်းတိုင်းလှမ်းတိုင်း ပို၍ပို၍ တိုးလာသည်။ သူ့ကို ရည်မှန်းချက်အဆုံးဆိုသည်နှင့် နီးကပ်လာအောင် စွမ်းဆောင်သည့် အရာများကား အချိန်လည်း မဟုတ်၊ အလိုရမ္မက် ဆန္ဒရာဂလည်း မဟုတ်ဘဲ သူ့ခြေလှမ်းများသာလျှင်တည်း။ သူသည်လောကဟောင်းနှင့် ကပ်ပင်ကပ်လျှက် ရှိသော်လည်း လောကဟောင်း၏ ဒုက္ခများမှာမူ ကင်းဝေးလာ၏။ သူကဤအဖြစ်ကို သူများအားပြောပြရာ မည်သူ့မျှနားမလည်ကြ။


Read Users' Comments (0)

အဘိုးကြီး ဟိုမိုစမ် (၂)

ဟိုမိုစမ်သည် ဤသို့လည်း ဖိတ်ခေါ်သေး၏။ တောင်ပေါ်သို့ ငါ့နောက်ကိုလိုက်ခဲ့ကြကုန်လော့။ ပိုကောင်းသော ငြိမ်းချမ်းရေးကို တွေ့ရလိမ့်မည်။ ဖန်အကြည်ကို တိုးလျှိုပေါက်မြင်နိုင်သကဲ့သို့ သင်တို့၏ သောကများကိုလည်း သင်တို့ ကိုယ်တိုင် မြင်ကြရလိမ့်မည်။ သင်တို့၏ လောကသည်လည်း ပို၍ကြီးမားကျယ်ပြန့်လာခြင်း၊ ပို၍လှပ တင့်တယ်လာခြင်း၊ ပို၍သန့်ရှင်းစင်ကြယ်လာခြင်း ရှိလိမ့်မည်။


သို့သော်ကြားရသူများက သူအားလှောင်ပြောင်၍ ရယ်မောကြ၏။ ရယ်သံတို့မှာ မျောက်များ၏ တခစ်ခစ်ဟစ်သံနှင့် တူဘိ၏။ မရယ်သူအချို့အနည်းငယ်က “သင့်စကားများကို ရှင်းပြအုံးလော့၊ သင်ဘာကို ဆိုလိုသည်ကို ပြောဦးလော့” ဟုဆိုကြ၏။


“လိုက်သာလိုက်ခဲ့စမ်းပါ၊ လာပြီးကိုယ်တိုင်သာ လိုက်ကြည့်လှည့်ပါ” ဟုဟိုမိုစမ်က မောကြီးပန်းကြီး ပြောရှာ၏။


“ဘာဗျ၊ ဒီကကြည့်လို့ မမြင်ရတာတွေကို ကျုပ်တို့ကို ပြချင်တာလား၊ ကျုပ်တို့တတွေ မြင်တာထက် ခင်ဗျားက ပိုပြီးမြင်တယ်လို့ဆိုရင် ကျုပ်တို့လိုက်မှာပေါ့၊ ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ရန်သူတွေကို နှိမ်နှင်းဖို့ အကြားအမြင် တန်းခိုးဣဒ္ဓိတွေကို အလိုရှိနေတာနဲ့ အံကိုက်ပဲ၊ ဒါပေမယ့် အခုတော့ ခင်ဗျားကိုယ်တိုင်က ခင်ဗျားဟာ ကျုပ်တို့လောက်ပဲ မြင်နိုင်တယ်လို့ ပြောနေတော့ရင် ဘာဖြစ်လို့ တောင်ပေါ်ကို ကျုပ်တို့က အပင်ပန်းခံ တက်ရအုံးမှာလဲဗျ” ဟု သူ့ကို ပြန်ပြောကြ၏။


ဟိုမိုစမ်သည် ပိုမြင့်အောင် တက်လေလေ ပို၍တစ်ယောက်တည်း အထီးကျန်စိတ်မျိုးဖြစ်လာလေလေ။ သို့သော် အထီးကျန်စိတ်မျိုးပေါ်လေလေ၊ ပိုပြီးပျော်လေလေဖြစ်၏။ ဤသို့သော ဆိတ်ငြိမ်ခြင်း၊ ချမ်းသာခြင်းမျိုးကား စင်စစ်အားဖြင့် အထီးကျန်အဖြစ်မျိုးမဟုတ်။ အတွင်း အဇ္ဈတ္တ၌ ဖြစ်ပေါ်လာသော ၀ိဝေက ချမ်းသာမှုကြီး ဖြစ်၏။


“တစ်ယောက်တည်း ပျင်းရိစရာမဟုတ်ဘူးဟေ့..! မင်းတို့ကိုယ်မင်းတို့ ကျေနပ်နေရင် ပျင်းစရာမဟုတ်ဘူးကွ” ဟုအောက်ဘက်သို့ အော်ပြော၏။ ကြားရသူ အပေါင်းလည်း တစ်ဖန်ထပ်၍ ရယ်မောကြပြန်၏။


“သြော် ဒီအဘိုးကြီးတော့ စိတ်နောက်သွားရှာပြီ”
အဘိုးကြီးက အော်ခေါ်လေ သူတို့က အဝေးသို့ ပြေးကြလေလေ။ အဘိုးကြီး၏ မိတ်ဆွေများ ဖြစ်နေကြသည်ကိုပင် ရှက်စနိုးဖြစ်လာကြ၏။


ဟိုမိုစမ်သည် သူ့အား သူ့မိတ်ဆွေတို့က ဤသို့ ပြုမူကြသည်ကိုပင် စိတ်နာခြင်းမရှိ။ အဘယ့်ကြောင့်ဆိုသော် အဘိုးကြီးသည် သူတို့၏ နှလုံးဓာတ်အိမ်များကို ထိုးဖောက်မြင်လာနိုင်သည့် အခြေသို့ ရောက်နေသောကြောင့်တည်း။ အဘယ်သူ၏ နှလုံးဓာတ်အိမ်သည် ရွှေဖြင့်ပြီးသည်၊ အဘယ်သူ၏ နှလုံးဓာတ်အိမ်သည် ငွေဖြင့်ပြီးသည် အဘယ်သူ၏ နှလုံးဓာတ်အိမ်သည် ကျောက်စရစ်ခဲဖြင့် ပြီးသည်ကို သူသိ၏။


သူ၏မျက်စိများကို သေသေချာချာ စိုက်ကြည့်လိုက်လျှင် စာအုပ်များကို လှန်လှောကြည့်ရဘိသကဲ့သို့ ရှင်းလင်းနေ၏။ ဟိုမိုစမ်၌ သူကိုယ်တိုင် အံ့သြနေရသည့် အချက်တစ်ချက်သာရှိ၏။ ထိုအချက်မှာ ယခု ကြည့်မြင်နေရသည့် အရာအရာတိုင်းသည် လွယ်လွယ်နှင့် ရှင်းရှင်း အစင်းသာချည်းဖြစ်နေ၏။ ရှေးယခင်ကမူ ဤသို့ ဘယ်တုန်းအခါကမှ မမြင်ခဲ့စဖူး။ “သြော် တယ်လဲ အံ့သြစရာကောင်းပါကလား၊ ကြည့်လေတိုင်း တယ်ကလဲ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ရှိလှချည်လား၊ ကလေးကစားသလောက်ပဲ၊ တယ်လွယ်တဲ့ ကိစ္စပါလား” ဟု အဘိုးကြီးသည် ထင်မိ၏။


နှစ်များလည်း တစ်နှစ်ပြီး တစ်နှစ် ကုန်ဖန်များလှပြီ။ ဟိုမိုစမ်သည် ယခုအခါ သိပ်ပြီး အားစိုက်စရာမလိုတော့။ သူ၏ ကိုယ်တွင်းဖြစ် အင်အားများဖြင့်သာ အရှိန်ရနေလျက်သား ဖြစ်နေသည်။ တောင်ထိပ်ပေါ်သို့ရောက်ရန် သူ၏တစ်ချိန်က လွယ်လွန်းလှသည့် အာသာပြင်းပြ ဇောအကြွကိုသော်ပင် သူယခုမေ့နေလေပြီ။


ဟိုမိုစမ်သည် ယခုဆိုလျှင် အတိုင်းထက်အလွန် စိတ်ချမ်းသာနေ၏။ ငြိမ်းချမ်းနေ၏။ သို့တစေလည်း သူ၏ ယခုလောကအမြင်မှာ တခြားသူများကဲ့သို့ပင် ဖြစ်နေ၏။ တခြားသူများသည် သူ့ကို ရှက်ကိုးရှက်ကန်းဖြင့် ကြည့်၍ ကြောက်လန့်သော ကလေးသူငယ်များပမာ အိမ်ပြန်ချင်ကြကြောင်း လက်များကို မြှောက်ချီပြကြကုန်၏။


တောင်ပေါ်လမ်း၌ အဆုံးဟူသည် မရှိကြောင်းကို တစ်နေ့သောအခါ သူတွေ့ရှိလာ၏။ သို့သော် သူသည် ဤအကြောင်းကို မည်သူအားမျှ မပြောဘဲနှုတ်ပိတ်နေ၏။ အဆုံးဆိုသည်ကိုသာ မျှော်မျှော်စောစော ဖြစ်နေသူတို့အား “မင်းတို့ မျက်စိများဖြင့် မြင်နိုင်တဲ့ အဆုံးဆိုတာဟာ မရှိဘူးဟေ့” ဟု သူက အဘယ်သို့လျှင် ပြော၍ ဖြစ်ပါမည်နည်း။


သူ့အား “သစ္စာရဲတိုက်ကြီးသို့ သင်ရောက်လေပြီလား” ဟု မေးကြပြန်၏။


သစ္စာရဲတိုက်ကြီး၊ သူပြန်သတိရပြီ။ သြော်..သူတို့ စိတ်စောနေတဲ့ အဆုံးဆိုတာဟာ ဒါကိုး။ ထို့နောက် ဟိုမိုစမ်သည် ရုတ်တရက်ပင် တောင်ကြီးမှာတောင် မဟုတ်တော့ကြောင်း၊ ခံညားသော ခန်းမကြီးတစ်ခုထဲ၌ ကော်ဇောပမာ ခင်းထားသော ပန်းပြင်ကြီးသာ ဖြစ်နေကြောင်းကို မြင်ရ၏။


ဒါဖြင့်ရင် တောင်က ဘယ်မှာလဲ၊ ဘယ်ရောက်သွားသလဲ ဟု တအံ့တသြ သူ့ကိုယ်သူ မေးမိ၏။ ထိုအခါ တောင်ဟူသည် သူ့ခန္ဓာ၊ သူ့ရမ္မက်၊ သူ့အလို၊ သူ့ဒုက္ခဆင်းရဲတွေပါကလားဟု သူမြင်ပြန်၏။သူကိုယ်တိုင်ရော၊ အခြား သူ့အပေါင်းအဖော်များပါ အမြဲပင် သစ္စာရဲတိုက်ကြီး အတွင်း၌သာ တစ်သက်လုံး နေလာကြပါကလား ဟုလည်း မြင်ပြန်၏။

နေ့စဉ်နေ့တိုင်း ငါတို့အားလုံးဟာ ငါတို့ရဲ့ ဒုက္ခိတဘ၀ တစ်လျှောက်လုံးမှာ ကျောက်သဲပုံတွေကို တောင်တွေဖြစ်အောင် လုပ်လုပ်ပြီး သစ္စာရဲတိုက်ကြီးသို့ ဖုံးကာဖုံးကာ မျက်ကွယ်ပြုနေတာကိုးဟု သူမြင်ပြန်၏။


ထို့ကြောင့် ဟိုမိုစမ်သည် “တောင်ထိပ်ကို ရောက်ဖို့ တို့တောင်တက်နေတာ မဟုတ်ဘူး၊ တို့ကိုယ်တို့ အမြင့်ကို ရောက်အောင်သာ တို့လုပ်နေရမှာ၊ ဘယ်အဆုံးဆိုတာကိုမှ မရည်စူးဘဲ ပိုကြီးမားတဲ့ ငြိမ်းချမ်းမှုကိုသာ ရည်းစူးပြီး တို့ရဲ့ အလိုရမ္မက် ဆန္ဒရာဂတွေကို နည်းနည်းသွားအောင် တို့လုပ်ကြရမှာ”


ဟိုမိုစမ်သည် ဘ၀တစ်လျှောက်လုံး၌ မျက်စိများကောင်းလျက်နှင့် အကန်းတစ်ယောက်မျှသာ ဖြစ်ခဲ့ကြောင်းကို ယခုမှ သိလေသည်။ သူ့၌ နောက်ထပ်မေးစရာ မြန်းစရာ စုံစမ်းစရာဟူ၍ မရှိတော့။ သံသယဟူ၍ မြူမျှမရှိတော့။


သူသည် လူကြားထဲ လူတောထဲ၌ပင် နေငြားသော်လည်း လူတော လူအုပ်ကြီးကို ဖန်အကြည်ပမာ မြင်နေရ၏။ လူတွေက ဘာတွေကို ကြောက်လန့်နေကြ၍ ဘာတွေကို ရှိခိုးနေကြသည်ကို သူမြင်ရ၏။
သူတို့၏ နှလုံးဓာတ်အိမ်များသည် မည်ကဲ့သို့ လှုပ်ခုန်နေကြသည်၊ သူတို့၏ ဦးနှောက်များသည် မည်ကဲ့သို့ အလုပ်လုပ်နေကြသည်၊ သူတို့၏ ပါးစပ်များက ကြယ်တွေအကြောင်း အသံထွက်လျက် သူတို့ မျက်စိများကမူ မည်ကဲ့သို့ မြေသို့ စိုက်လျက် ရှိနေကြသည်၊ ဘာတွေများ ရှေ့ဝယ် မည်ကဲ့သို့ဒူးထောက်ဝပ်တွားနေကြသည်၊ သစ္စာရဲတိုက်ကြီးမှ အလင်းရောင်တစ်ချက်တလေပြက်ပြီး သူတို့၏ တွေဝေနေမှုကို ဖောက်ထွင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့မည်ကဲ့သို့ ကသောကမြော ကစဥ့်ကရဲ ပြေးကုန်ကြသည်၊ ဤသည်အားလုံးကို ဟိုမိုစမ်သည် မြင်နေရလေသည်။


သူတို့သည် ဝေးလံလှသည့် အဆုံးဆိုသည်များကို လိုချင်တတ်၍ တောင်ထိပ်သို့ မျက်ရည်စက်လက်ဖြင့် အမျှော်ကြီးမျှော်ရုံသာမျှော်နေကြ၏။ မျက်စိများလည်း ညောင်းလှလေပြီ။


ဟိုမိုစမ်က “တက်ကြ..စတက်ကြ” ဟုဆိုလေသော် “ဘာဖြစ်လို့ တက်ရမှာလဲဗျ၊ ကျုပ်တို့က မျှော်ကြည့်နေရတာကိုပဲ ကြိုက်နေကြတာ၊ ကျေနပ်နေကြတာ၊ တောင်ထိပ်ကို တစ်နေ့ကျရောက်မှာ ပေါ့ဗျာ” ဟု သူတို့က ပြန်ပြောကြ၏။


“ဟ တောင်ထိပ်ဆိုတာ မင်းတို့ အတွင်းမှာရှိတာ၊ မင်းတို့ဘေးပတ်လည်မှာ ရှိတာကွ” ဟု ဟိုမိုစမ်က ဆိုပြန်သော်၊ သူတို့က သူတို့ရဲ့ မူလ ယုံကြည်ချက်ကို တစ်ပြားသားမျှမလျှော့ဘဲ “ဘယ်ဟုတ်နိုင်ပါ့မလဲ? မိုးကောင်းကင်လို မြင့်တာဗျ၊ ခင်ဗျားကိုယ်တိုင်လဲ တက်ပြီးပြီ မဟုတ်လား။ ခင်ဗျားကိုယ်တိုင်လဲ တက်ခဲ့သေး၊ သစ္စာရဲတိုက်ကြီးဟာ ကျုပ်တို့ထဲမှာပဲ ရှိတယ်လို့ အခုပြောနေပြန်တယ်၊ တယ်လဲခက်ပါလား” ဟုဆိုကြပြန်၏။


ဟိုမိုစမ်သည် သက်ပြင်းချ၏။ သူ့စကားများသည် သူတို့ အဖို့ အချည်းအနှီး ဖြစ်နေကြောင်းကို သိရှိနေသောကြောင့်တည်း။


“သစ္စာကို တွေ့အောင် အထက်အမြင့်ကို မျှော်ရတာ မဟုတ်ဘူး၊ အောက်အနိမ့်ဘက်ကို မြင်အောင် ပြန်ကြည့်ရတာ သစ္စာဆိုတာဟာ တို့ကိုယ်တိုင် ကိုယ်စီကိုယ်ငှ ကိုယ်လွတ်ရုန်း ထွက်ချင်တဲ့စိတ်မျိုးဖြစ်လာရင် အဲဒိစိတ်မျိုးဖြစ်တဲ့ နေရာမှာ သစ္စာဆိုတာ တည်ရှိတာကွ၊ တို့ရဲ့ ဒုက္ခဆိုတဲ့ ဆင်းရဲခြင်း တောင်၊ တို့ရဲ့မောဟ ဆိုတဲ့ မိုက်မဲခြင်း တောင်ကိုသာ ကျော်လွန်အောင် တက်ရမှာ၊ စိတ်အမှောင် တစ်စတစ်စ ပါးသွားပြီး စိတ်ရောင် တစ်စတစ်စပွားလာအောင် သာတို့လုပ်ရမှာကွ၊ ဒီလိုသာ တို့ လုပ်နိုင်ရင် အားသာငမ်းငမ်းနဲ့ ခုလိုတို့မြင်တဲ့ အရာရာတိုင်းဟာ တို့ရှေ့မှာ အထင်းသား ပေါလောပေါ်လာမှာကွ” ဟူသော စကားများသည် ဟိုမိုစမ်၏ အဆုံးအမတည်း။


သို့သော် ဤစကားများကို မည်သူကမျှ မယုံကြည်ချေ။
“တောင်ပေါ်မှ အောက်သို့ငုံ့ကြည့်သူများ၏ မျက်စိများသည် ပွင့်လင်းကုန်၏။ ထိုကြောင့်ပင်လျှင် ထိုသူတို့သည် ကျိန်စာသင့်သူများနှင့် တူ၏” ဟူသော ရှေးဟောင်းစကားများကို ဟိုမိုစမ်သည် ယခုမှ ဘ၀င်ကျအောင် နားလည်ပေတော့သတည်း။

Read Users' Comments (0)

အဘိုးကြီး ဟိုမိုစမ် (၂)

ဟိုမိုစမ်သည် ဤသို့လည်း ဖိတ်ခေါ်သေး၏။ တောင်ပေါ်သို့ ငါ့နောက်ကိုလိုက်ခဲ့ကြကုန်လော့။ ပိုကောင်းသော ငြိမ်းချမ်းရေးကို တွေ့ရလိမ့်မည်။ ဖန်အကြည်ကို တိုးလျှိုပေါက်မြင်နိုင်သကဲ့သို့ သင်တို့၏ သောကများကိုလည်း သင်တို့ ကိုယ်တိုင် မြင်ကြရလိမ့်မည်။ သင်တို့၏ လောကသည်လည်း ပို၍ကြီးမားကျယ်ပြန့်လာခြင်း၊ ပို၍လှပ တင့်တယ်လာခြင်း၊ ပို၍သန့်ရှင်းစင်ကြယ်လာခြင်း ရှိလိမ့်မည်။


သို့သော်ကြားရသူများက သူအားလှောင်ပြောင်၍ ရယ်မောကြ၏။ ရယ်သံတို့မှာ မျောက်များ၏ တခစ်ခစ်ဟစ်သံနှင့် တူဘိ၏။ မရယ်သူအချို့အနည်းငယ်က “သင့်စကားများကို ရှင်းပြအုံးလော့၊ သင်ဘာကို ဆိုလိုသည်ကို ပြောဦးလော့” ဟုဆိုကြ၏။


“လိုက်သာလိုက်ခဲ့စမ်းပါ၊ လာပြီးကိုယ်တိုင်သာ လိုက်ကြည့်လှည့်ပါ” ဟုဟိုမိုစမ်က မောကြီးပန်းကြီး ပြောရှာ၏။


“ဘာဗျ၊ ဒီကကြည့်လို့ မမြင်ရတာတွေကို ကျုပ်တို့ကို ပြချင်တာလား၊ ကျုပ်တို့တတွေ မြင်တာထက် ခင်ဗျားက ပိုပြီးမြင်တယ်လို့ဆိုရင် ကျုပ်တို့လိုက်မှာပေါ့၊ ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ရန်သူတွေကို နှိမ်နှင်းဖို့ အကြားအမြင် တန်းခိုးဣဒ္ဓိတွေကို အလိုရှိနေတာနဲ့ အံကိုက်ပဲ၊ ဒါပေမယ့် အခုတော့ ခင်ဗျားကိုယ်တိုင်က ခင်ဗျားဟာ ကျုပ်တို့လောက်ပဲ မြင်နိုင်တယ်လို့ ပြောနေတော့ရင် ဘာဖြစ်လို့ တောင်ပေါ်ကို ကျုပ်တို့က အပင်ပန်းခံ တက်ရအုံးမှာလဲဗျ” ဟု သူ့ကို ပြန်ပြောကြ၏။


ဟိုမိုစမ်သည် ပိုမြင့်အောင် တက်လေလေ ပို၍တစ်ယောက်တည်း အထီးကျန်စိတ်မျိုးဖြစ်လာလေလေ။ သို့သော် အထီးကျန်စိတ်မျိုးပေါ်လေလေ၊ ပိုပြီးပျော်လေလေဖြစ်၏။ ဤသို့သော ဆိတ်ငြိမ်ခြင်း၊ ချမ်းသာခြင်းမျိုးကား စင်စစ်အားဖြင့် အထီးကျန်အဖြစ်မျိုးမဟုတ်။ အတွင်း အဇ္ဈတ္တ၌ ဖြစ်ပေါ်လာသော ၀ိဝေက ချမ်းသာမှုကြီး ဖြစ်၏။


“တစ်ယောက်တည်း ပျင်းရိစရာမဟုတ်ဘူးဟေ့..! မင်းတို့ကိုယ်မင်းတို့ ကျေနပ်နေရင် ပျင်းစရာမဟုတ်ဘူးကွ” ဟုအောက်ဘက်သို့ အော်ပြော၏။ ကြားရသူ အပေါင်းလည်း တစ်ဖန်ထပ်၍ ရယ်မောကြပြန်၏။


“သြော် ဒီအဘိုးကြီးတော့ စိတ်နောက်သွားရှာပြီ”
အဘိုးကြီးက အော်ခေါ်လေ သူတို့က အဝေးသို့ ပြေးကြလေလေ။ အဘိုးကြီး၏ မိတ်ဆွေများ ဖြစ်နေကြသည်ကိုပင် ရှက်စနိုးဖြစ်လာကြ၏။


ဟိုမိုစမ်သည် သူ့အား သူ့မိတ်ဆွေတို့က ဤသို့ ပြုမူကြသည်ကိုပင် စိတ်နာခြင်းမရှိ။ အဘယ့်ကြောင့်ဆိုသော် အဘိုးကြီးသည် သူတို့၏ နှလုံးဓာတ်အိမ်များကို ထိုးဖောက်မြင်လာနိုင်သည့် အခြေသို့ ရောက်နေသောကြောင့်တည်း။ အဘယ်သူ၏ နှလုံးဓာတ်အိမ်သည် ရွှေဖြင့်ပြီးသည်၊ အဘယ်သူ၏ နှလုံးဓာတ်အိမ်သည် ငွေဖြင့်ပြီးသည် အဘယ်သူ၏ နှလုံးဓာတ်အိမ်သည် ကျောက်စရစ်ခဲဖြင့် ပြီးသည်ကို သူသိ၏။


သူ၏မျက်စိများကို သေသေချာချာ စိုက်ကြည့်လိုက်လျှင် စာအုပ်များကို လှန်လှောကြည့်ရဘိသကဲ့သို့ ရှင်းလင်းနေ၏။ ဟိုမိုစမ်၌ သူကိုယ်တိုင် အံ့သြနေရသည့် အချက်တစ်ချက်သာရှိ၏။ ထိုအချက်မှာ ယခု ကြည့်မြင်နေရသည့် အရာအရာတိုင်းသည် လွယ်လွယ်နှင့် ရှင်းရှင်း အစင်းသာချည်းဖြစ်နေ၏။ ရှေးယခင်ကမူ ဤသို့ ဘယ်တုန်းအခါကမှ မမြင်ခဲ့စဖူး။ “သြော် တယ်လဲ အံ့သြစရာကောင်းပါကလား၊ ကြည့်လေတိုင်း တယ်ကလဲ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ရှိလှချည်လား၊ ကလေးကစားသလောက်ပဲ၊ တယ်လွယ်တဲ့ ကိစ္စပါလား” ဟု အဘိုးကြီးသည် ထင်မိ၏။


နှစ်များလည်း တစ်နှစ်ပြီး တစ်နှစ် ကုန်ဖန်များလှပြီ။ ဟိုမိုစမ်သည် ယခုအခါ သိပ်ပြီး အားစိုက်စရာမလိုတော့။ သူ၏ ကိုယ်တွင်းဖြစ် အင်အားများဖြင့်သာ အရှိန်ရနေလျက်သား ဖြစ်နေသည်။ တောင်ထိပ်ပေါ်သို့ရောက်ရန် သူ၏တစ်ချိန်က လွယ်လွန်းလှသည့် အာသာပြင်းပြ ဇောအကြွကိုသော်ပင် သူယခုမေ့နေလေပြီ။


ဟိုမိုစမ်သည် ယခုဆိုလျှင် အတိုင်းထက်အလွန် စိတ်ချမ်းသာနေ၏။ ငြိမ်းချမ်းနေ၏။ သို့တစေလည်း သူ၏ ယခုလောကအမြင်မှာ တခြားသူများကဲ့သို့ပင် ဖြစ်နေ၏။ တခြားသူများသည် သူ့ကို ရှက်ကိုးရှက်ကန်းဖြင့် ကြည့်၍ ကြောက်လန့်သော ကလေးသူငယ်များပမာ အိမ်ပြန်ချင်ကြကြောင်း လက်များကို မြှောက်ချီပြကြကုန်၏။


တောင်ပေါ်လမ်း၌ အဆုံးဟူသည် မရှိကြောင်းကို တစ်နေ့သောအခါ သူတွေ့ရှိလာ၏။ သို့သော် သူသည် ဤအကြောင်းကို မည်သူအားမျှ မပြောဘဲနှုတ်ပိတ်နေ၏။ အဆုံးဆိုသည်ကိုသာ မျှော်မျှော်စောစော ဖြစ်နေသူတို့အား “မင်းတို့ မျက်စိများဖြင့် မြင်နိုင်တဲ့ အဆုံးဆိုတာဟာ မရှိဘူးဟေ့” ဟု သူက အဘယ်သို့လျှင် ပြော၍ ဖြစ်ပါမည်နည်း။


သူ့အား “သစ္စာရဲတိုက်ကြီးသို့ သင်ရောက်လေပြီလား” ဟု မေးကြပြန်၏။


သစ္စာရဲတိုက်ကြီး၊ သူပြန်သတိရပြီ။ သြော်..သူတို့ စိတ်စောနေတဲ့ အဆုံးဆိုတာဟာ ဒါကိုး။ ထို့နောက် ဟိုမိုစမ်သည် ရုတ်တရက်ပင် တောင်ကြီးမှာတောင် မဟုတ်တော့ကြောင်း၊ ခံညားသော ခန်းမကြီးတစ်ခုထဲ၌ ကော်ဇောပမာ ခင်းထားသော ပန်းပြင်ကြီးသာ ဖြစ်နေကြောင်းကို မြင်ရ၏။


ဒါဖြင့်ရင် တောင်က ဘယ်မှာလဲ၊ ဘယ်ရောက်သွားသလဲ ဟု တအံ့တသြ သူ့ကိုယ်သူ မေးမိ၏။ ထိုအခါ တောင်ဟူသည် သူ့ခန္ဓာ၊ သူ့ရမ္မက်၊ သူ့အလို၊ သူ့ဒုက္ခဆင်းရဲတွေပါကလားဟု သူမြင်ပြန်၏။သူကိုယ်တိုင်ရော၊ အခြား သူ့အပေါင်းအဖော်များပါ အမြဲပင် သစ္စာရဲတိုက်ကြီး အတွင်း၌သာ တစ်သက်လုံး နေလာကြပါကလား ဟုလည်း မြင်ပြန်၏။

နေ့စဉ်နေ့တိုင်း ငါတို့အားလုံးဟာ ငါတို့ရဲ့ ဒုက္ခိတဘ၀ တစ်လျှောက်လုံးမှာ ကျောက်သဲပုံတွေကို တောင်တွေဖြစ်အောင် လုပ်လုပ်ပြီး သစ္စာရဲတိုက်ကြီးသို့ ဖုံးကာဖုံးကာ မျက်ကွယ်ပြုနေတာကိုးဟု သူမြင်ပြန်၏။


ထို့ကြောင့် ဟိုမိုစမ်သည် “တောင်ထိပ်ကို ရောက်ဖို့ တို့တောင်တက်နေတာ မဟုတ်ဘူး၊ တို့ကိုယ်တို့ အမြင့်ကို ရောက်အောင်သာ တို့လုပ်နေရမှာ၊ ဘယ်အဆုံးဆိုတာကိုမှ မရည်စူးဘဲ ပိုကြီးမားတဲ့ ငြိမ်းချမ်းမှုကိုသာ ရည်းစူးပြီး တို့ရဲ့ အလိုရမ္မက် ဆန္ဒရာဂတွေကို နည်းနည်းသွားအောင် တို့လုပ်ကြရမှာ”


ဟိုမိုစမ်သည် ဘ၀တစ်လျှောက်လုံး၌ မျက်စိများကောင်းလျက်နှင့် အကန်းတစ်ယောက်မျှသာ ဖြစ်ခဲ့ကြောင်းကို ယခုမှ သိလေသည်။ သူ့၌ နောက်ထပ်မေးစရာ မြန်းစရာ စုံစမ်းစရာဟူ၍ မရှိတော့။ သံသယဟူ၍ မြူမျှမရှိတော့။


သူသည် လူကြားထဲ လူတောထဲ၌ပင် နေငြားသော်လည်း လူတော လူအုပ်ကြီးကို ဖန်အကြည်ပမာ မြင်နေရ၏။ လူတွေက ဘာတွေကို ကြောက်လန့်နေကြ၍ ဘာတွေကို ရှိခိုးနေကြသည်ကို သူမြင်ရ၏။
သူတို့၏ နှလုံးဓာတ်အိမ်များသည် မည်ကဲ့သို့ လှုပ်ခုန်နေကြသည်၊ သူတို့၏ ဦးနှောက်များသည် မည်ကဲ့သို့ အလုပ်လုပ်နေကြသည်၊ သူတို့၏ ပါးစပ်များက ကြယ်တွေအကြောင်း အသံထွက်လျက် သူတို့ မျက်စိများကမူ မည်ကဲ့သို့ မြေသို့ စိုက်လျက် ရှိနေကြသည်၊ ဘာတွေများ ရှေ့ဝယ် မည်ကဲ့သို့ဒူးထောက်ဝပ်တွားနေကြသည်၊ သစ္စာရဲတိုက်ကြီးမှ အလင်းရောင်တစ်ချက်တလေပြက်ပြီး သူတို့၏ တွေဝေနေမှုကို ဖောက်ထွင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့မည်ကဲ့သို့ ကသောကမြော ကစဥ့်ကရဲ ပြေးကုန်ကြသည်၊ ဤသည်အားလုံးကို ဟိုမိုစမ်သည် မြင်နေရလေသည်။


သူတို့သည် ဝေးလံလှသည့် အဆုံးဆိုသည်များကို လိုချင်တတ်၍ တောင်ထိပ်သို့ မျက်ရည်စက်လက်ဖြင့် အမျှော်ကြီးမျှော်ရုံသာမျှော်နေကြ၏။ မျက်စိများလည်း ညောင်းလှလေပြီ။


ဟိုမိုစမ်က “တက်ကြ..စတက်ကြ” ဟုဆိုလေသော် “ဘာဖြစ်လို့ တက်ရမှာလဲဗျ၊ ကျုပ်တို့က မျှော်ကြည့်နေရတာကိုပဲ ကြိုက်နေကြတာ၊ ကျေနပ်နေကြတာ၊ တောင်ထိပ်ကို တစ်နေ့ကျရောက်မှာ ပေါ့ဗျာ” ဟု သူတို့က ပြန်ပြောကြ၏။


“ဟ တောင်ထိပ်ဆိုတာ မင်းတို့ အတွင်းမှာရှိတာ၊ မင်းတို့ဘေးပတ်လည်မှာ ရှိတာကွ” ဟု ဟိုမိုစမ်က ဆိုပြန်သော်၊ သူတို့က သူတို့ရဲ့ မူလ ယုံကြည်ချက်ကို တစ်ပြားသားမျှမလျှော့ဘဲ “ဘယ်ဟုတ်နိုင်ပါ့မလဲ? မိုးကောင်းကင်လို မြင့်တာဗျ၊ ခင်ဗျားကိုယ်တိုင်လဲ တက်ပြီးပြီ မဟုတ်လား။ ခင်ဗျားကိုယ်တိုင်လဲ တက်ခဲ့သေး၊ သစ္စာရဲတိုက်ကြီးဟာ ကျုပ်တို့ထဲမှာပဲ ရှိတယ်လို့ အခုပြောနေပြန်တယ်၊ တယ်လဲခက်ပါလား” ဟုဆိုကြပြန်၏။


ဟိုမိုစမ်သည် သက်ပြင်းချ၏။ သူ့စကားများသည် သူတို့ အဖို့ အချည်းအနှီး ဖြစ်နေကြောင်းကို သိရှိနေသောကြောင့်တည်း။


“သစ္စာကို တွေ့အောင် အထက်အမြင့်ကို မျှော်ရတာ မဟုတ်ဘူး၊ အောက်အနိမ့်ဘက်ကို မြင်အောင် ပြန်ကြည့်ရတာ သစ္စာဆိုတာဟာ တို့ကိုယ်တိုင် ကိုယ်စီကိုယ်ငှ ကိုယ်လွတ်ရုန်း ထွက်ချင်တဲ့စိတ်မျိုးဖြစ်လာရင် အဲဒိစိတ်မျိုးဖြစ်တဲ့ နေရာမှာ သစ္စာဆိုတာ တည်ရှိတာကွ၊ တို့ရဲ့ ဒုက္ခဆိုတဲ့ ဆင်းရဲခြင်း တောင်၊ တို့ရဲ့မောဟ ဆိုတဲ့ မိုက်မဲခြင်း တောင်ကိုသာ ကျော်လွန်အောင် တက်ရမှာ၊ စိတ်အမှောင် တစ်စတစ်စ ပါးသွားပြီး စိတ်ရောင် တစ်စတစ်စပွားလာအောင် သာတို့လုပ်ရမှာကွ၊ ဒီလိုသာ တို့ လုပ်နိုင်ရင် အားသာငမ်းငမ်းနဲ့ ခုလိုတို့မြင်တဲ့ အရာရာတိုင်းဟာ တို့ရှေ့မှာ အထင်းသား ပေါလောပေါ်လာမှာကွ” ဟူသော စကားများသည် ဟိုမိုစမ်၏ အဆုံးအမတည်း။


သို့သော် ဤစကားများကို မည်သူကမျှ မယုံကြည်ချေ။
“တောင်ပေါ်မှ အောက်သို့ငုံ့ကြည့်သူများ၏ မျက်စိများသည် ပွင့်လင်းကုန်၏။ ထိုကြောင့်ပင်လျှင် ထိုသူတို့သည် ကျိန်စာသင့်သူများနှင့် တူ၏” ဟူသော ရှေးဟောင်းစကားများကို ဟိုမိုစမ်သည် ယခုမှ ဘ၀င်ကျအောင် နားလည်ပေတော့သတည်း။

Read Users' Comments (1)comments

This is the 'Truth'















































Read Users' Comments (1)comments

နောက်ပိုင်း တင်မည့် သီချင်းကဏ္ဍ













My Favourite Bands
KornEvanscenceFlyleaf
P.O.DLinkin ParkDrowning Pool

ကျွန်တော့်ဆီလည်လည်လာသူများခင်ဗျာ ကျွန်တော်ဘလော့မှာ နောက်ထပ် အစီအစဉ်သစ် ထပ်တိုးပါမယ်။ အဲဒါကတော့ ကျွန်တော်ကြိုက်သော ကျွန်တော်ခံစားမိသော Alternative, Modern Rock, Metal သံစဉ်သီချင်းများကို အလျင်းသင့်သလို စာသားနဲ့တကွ တင်ပေးသွားမယ်ဆိုတာပါပဲ။ ကျွန်တော်က လွတ်လပ်ပေါက်ကွဲသော စူးရှရှ သံစဉ်များကို ခုံမင်နှစ်သက်လေ့ရှိသူပါ။ ကျွန်တော်ကြိုက်သော ကျွန်တော်အားကျသော ဂီတဟီးရိုးများရဲ့သီချင်းကို ရှာဖွေစုဆောင်းထားတဲ့ သီချင်းလေးများနဲ့ ဘလော့ရီဒါများနဲ့လဲ အကြိုက်ချင်းတူမယ့် သီချင်းများကို ရွေးချယ်တင်ဆက်ပေးသွားမှာပါ။ ဆူညံမှုရှိရင်တော့ ခွင့်လွှတ်ပေးပါ။ ကျွန်တော့်အတွက်ကတော့ တနေ့ ဂီတနားမထောင်ရရင် မနေနိုင်ဘူးဗျာ။ တနေ့လောက် ဂီတနားမထောင်လိုက်ရရင် ပျင်းသလိုလို၊ တခုခုလိုနေသလိုကြီးဗျာ။ တကယ်ပါ ဂီတသမားတွေ ပြောပြောနေတဲ့ ဂီတ မရှိရင် သေဆုံးသွားနိုင်တယ်ဆိုတာ... ဖြစ်နိုင်တယ်ဗျ။ တကယ်သေမသေတော့မသိပေမယ့် ဂီတဆိုတာ လူ့စိတ်ကို လှုပ်ရှားတက်ကြွ၊ နူးညံ့ပျော့ပျောင်းစေတာပါပဲ။ ဂီတမရှိတဲ့ လောကကြီးမှာ အားလုံးစိတ်ကြမ်းလူကြမ်းနဲ့ အမုန်းတွေ အာဃာတတွေသာ ကြီးစိုးနေလိမ့်မယ်ထင်တယ်။ ကဲနားထောင်ကြမယ် မဟုတ်လား။


Read Users' Comments (0)

နွားနို့သောက်သူများ

စာရေးသူ ။ ။ သစ္စာနီ
ကိုးကား ။ ။ ၀တ္တုတို ၆၀ စာအုပ်မှ

နွားနို့သောက်သူများ



နွားများသည် အရောင်ကွဲသော်လည်း နွားနို့တိုင်းသည် အဖြူဖြစ်သည်။
မနက်မိုးလင်းလျှင် သို့မဟုတ် အိပ်ရာမှထလျှင် လူတို့သည် နွားနို့သောက်ကြသည်။
သို့မဟုတ် လူတစ်ချို့သည် နွားနို့သောက်ကြသည်။
နေထွက်မလာသေး။
ပိတ်ထားသော တံခါးတစ်ချပ်ရှေ့တွင် နွားနို့ပုလင်းတစ်လုံး ရှိသည်။
ဝသော ဦးမြင့်သန်း၌ ကုပ်ပိုးနှစ်ထပ်ရှိသည်။
ထိုနွားကို စလေဦးပုည မပိုင်ပါ။
စူလဟူသော ဟိန္ဒူပိုင်၏။



သူ့လက်ချောင်းမည်းမည်းများဖြင့် နို့တိုင်ကို ညှစ်ဆွဲချလိုက်သောအခါ နို့များသည် အောက်တွင် ခံထားသော သွပ်ပုံးထဲသို့ ပန်း၍ကျ၏။ ဆရာဝန်က နားကျပ် ကိုဖြုတ်လိုက်သည်။ ခင်ဗျားမှာ ဘာရောဂါမှ မရှိဘူး၊ အားနည်းနေတာပဲ၊ နွားနို့မှန်မှန်သောက်ရမယ်ဟု ပြော၏။ နေလောင်ထားသော အသားအရေနှင့် သူ့ရှေ့မှ ပိန်ကပ်ကပ် မွဲခြောက်ခြောက် လူနာ၏အမည်မှာ ဒေါ်သိန်းကြွယ်ဖြစ်ကြောင်း သူမသိပါ။ သီတာသည် မီးဖိုပေါ်မှ နွားနို့အိုးကို သံဇွန်းကြီးဖြင့် အဆက်မပြတ် မွှေနေ၏။ မလိုင်မတက်ရန် ဖြစ်၏။ မလိုင်တက်သော နွားနို့သည် ၀မ်းပျက်တတ်သဖြင့် ကလေးများနှင့် မသင့်လျော်။ နွားများသည် မြက်အပြင် တခြားအရာ အနည်းငယ်ကိုလည်း စားသုံးလေ့ရှိသည်။ မောင်ရေ ရွှေဝါရယ် နွားနို့ကုန်အောင် မသောက်နိုင်ဘူး။ ရုံးသွားရန်ပြင်နေသော ကိုအောင်ဝင်းသည် ကြောင်ကလေးတစ်ကောင်ကို ရင်ခွင်တွင် ပိုက်ထားသော ဇနီးချောအိကို လှမ်းကြည့်လိုက်သည်။ သူတို့ အိမ်ထောင်ကျခဲ့သည်မှာ ဆယ်နှစ်နီးပါးရှိပြီ။ သူတို့တွင် ကလေးမရှိ။ ကျော်ကျော်၏ အမေတွင် ကလေးရှိ၏။ နွားများတွင် ခြေထောက်လေးချောင်း ရှိ၏။ ဤ၀ါကျ အနည်းငယ်မှားယွင်းနေသည်။ နွားတစ်ကောင်တွင် ခြေလေးချောင်းရှိ၏။ စူလ နွားနို့ညစ်နေသည်။ နွားနို့သံပုံးထဲကျသံမှာ တရှဲရှဲမြည်နေသည်။ သို့မဟုတ် တရှီးရှီးမြည်နေသည်။ စားပွဲပေါ်ရှိ နွားနို့ဖန်ခွက်ရှေ့တွင် ကျော်ကျော် ထိုင်မှိုင်နေသည်။ ထိုဖန်ခွက်ကို တရုတ်ပြည်တွင် ပြုလုပ်ခဲ့သည်။ ကျောင်းကြိုကား လာတော့မည်။ “သား နွားနို့ပူပူလေး သောက်လိုက်ဦးလေ” သူ့အမေက ပြော၏။ နွားနို့တခွက်ကို နံရံတွင် ကပ်ရိုက်ထားသော စင်ကလေးပေါ်သို့ ကိုဘခိုင်တင်လိုက်သည်။ ထိုစင်ပေါ်တွင် သူ့တို့ ကိုးကွယ်သော ယောဂီကြီး၏ ရုပ်တုရှိ၏။ နို့ဆာသော နွားသားပေါက်ငယ်တစ်ကောင် ချည်တိုင်မှာ ရုန်းကန်ရင်း တဘူးဘူး အော်နေ၏။ တဗူးဗူးဟု ရေးရင်လည်း မှန်နိုင်ပါသည်။


+++

အိမ်ရှင်တို့ အိပ်ရာမှ ထလာသောအခါ ပိတ်ထားသော တံခါးရှေ့တွင် နွားနို့ပုလင်း တစ်လုံးစီ တွေ့ရ၏။ နို့သည်က ယူနေကျ ဖောက်သည်များ အိမ်ရှေ့မှာ ချပေးသွားခြင်းဖြစ်သည်။ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၄၀၀၀ကျော် လောက်က စတင်၍ အိန္ဒယလူမျိုးများသည် နွားနို့ကို သုံးစွဲလာကြသည်။ ဦးမြင့်သန်း၏ ရှေ့တွင် အငွေ့တထောင်းထောင်း ထနေသော နွားနို့တစ်ခွက်နှင့် ခေါက်ထားသော ယနေ့ထုတ် သတင်းစာတစ်စောင် ရှိသည်။ ခင်ဗျား နွားနို့ မှန်မှန်သောက်ရမယ်။ ဒေါ်သိန်းကြွယ်၏ ချွေးခံအင်္ကျီအိတ်ထဲမှ ငါးကျပ်တန်အဟောင်း တစ်ရွက်သည် စမ်းသပ်ခအဖြစ် ဆရာဝန်ထံ ခုန်ထွက်သွားလေသည်။ ဆရာဝန်ထံမှ တစ်ဆင့် အာစူလာအင်းဒရက်ထံ ရောက်သွား၏။ နွားနို့တွင် ကာဘိုဟိုက်ဒရိတ်၊ အဆီ၊ ပရိုတိန်း၊ ဓာတ်သတ္တုနှင့် ဗီတာမင်များ ပါဝင်ကြောင်း သူတို့ကောင်းကောင်းမသိ။ ဆရာဝန်က သိ၏။ ကိုဘခိုင်အိမ်မှ ကြွက်ကလေး တစ်ကောင်ကလည်းသိ၏။ သံပုံးထဲတွင် နွားနို့များ တစ်စထက်တစ်စ မြင့်တက်လာသည်။ စူလသည် အသားမည်း၏။ သို့သော် နွားနို့ကဖြူ၏။ သို့သော် ပန်းချီဆွဲသော ကိုဘခိုင်က နွားနို့သည် မဖြူဟု ပြော၏။ သီတာသည် မီးဖိုပေါ်မှ နွားနို့အိုးကို သံဇွန်းကြီးဖြင့် အဆက်မပြတ် မွှေနေ၏။ ထိုသို့ မွှေနေခြင်းမှာ လက်အားနေခြင်းကြောင့် မဟုတ်ပါ။ မလိုင်မတက်ရန် ဖြစ်၏။ နို့ဆာနေသော နွားသားပေါက်ငယ် တစ်ကောင်သည် ချည်တိုင်တွင် တဘူးဘူး အော်နေသည်။ တချို့က တဗူးဗူးဟု ကြားကြသည်။ ညနေကျရင် ရွှေဝါကို ဆေးသွားထိုးရအောင် မောင်ရုံးက စောစောပြန်ခဲ့နော်ဟု ချောအိက မှာ၏။ ရွှေဝါဆိုသည်မှာ ကြောင်ကလေး တစ်ကောင်၏ အမည်ဖြစ်သည်။ ထို့ကြောင်သည် ပိတောက်ပွင့်ကဲ့သို့ မ၀ါပါ။ ဖြူသန့်သော ကျော်ကျော်၏ ကျောင်းဝတ်စုံမှာ စိတ်အိုက်သဖြင့် ထွက်သော ချွေးနှင့် စွန်းကွက်နေသည်။ နေ့တိုင်း ၀တ္တရားမပျက် သောက်နေရသော နွားနို့ကို သူမုန်း၏။ အက္ခရာသင်္ချာကိုလည်း မုန်း၏။ သူ့နှာခေါင်းထဲတွင် စွဲနေသော နို့ညှီန့ ပျောက်လိုပျောက်ငြား ယောင်ယမ်းကာ ကျော်ကျော် သူ့နှာခေါင်းကို လက်ဖြင့် ပွတ်လိုက်၏။ ဒေါ်သိန်းကြွယ် ဘယ်လောက်ယူမလဲ။ ဒေါ်သိန်းကြွယ်သည် နို့စားနွားမွေးသော စူလထံမှ ဖောက်သည်ယူကာ ရောင်းသူဖြစ်သည်။ ဆရာဝန်သည် ရုပ်ရှင်ရုံတစ်ရုံရှေ့တွင် ရပ်ကာ ရုပ်ရှင်ကြည့်ရန် စောင့်ဆိုင်းနေသည်။ ထိုရုပ်ရှင်ကားထဲတွင် အာစူလာ အင်းဒရက်ပါ၏။ သူ့ကို ဘီယာမှန်မှန်သောက်ရမယ်ဟု ဘယ်သူ့မှမပြောပါ။ သီတာသည် နွားနို့အိုးကို မွှေနေသည်။ နှုတ်ခမ်းမွှေးတွင်ပေနေသော မလိုင်ဖတ်ကို ဦးမြင့်သန်းက လျှာဖြင့် သိမ်းသပ်လိုက်သည်။ သူသည် အိန္ဒယ၌ လေမုန်းတိုင်းမိ၍ လူနှစ်သောင်းကျော် သေကျေပျက်စီးသွားသည့် သတင်းကို နွားနို့သောက်မပျက်ဘဲ ဖတ်နိုင်သူဖြစ်၏။ ကိုဘခိုင်တို့အိမ် စင်ပေါ်မှ နွားနို့ခွက်ကို ကြွက်ကလေးတစ်ကောင် ခိုးသောက်နေသည်။ ခင်ဗျား နွားနို့မှန်မှန်သောက်ရမယ်ဟု ဆရာဝန်က သူ့ကို ပြောခဲ့သလား။ ညနေကျလျှင် ချောအိသည် ရွှေဝါကို တိရိစ္ဆာန်ကုဆရာဝန်ထံ ခေါ်ဆောင်သွားလိမ့်မည်။ ရွှေဝါသည် နွားနို့ကုန်အောင် မသောက်နိုင်သော ရောဂါရနေ၏။ ဒေါ်သိန်းကြွယ်၏ ခေါင်းပေါ်မှ တောင်းထဲတွင် နွားနို့ငါးပိဿာ ဆံ့သော ပုံးတစ်ပုံးရှိသည်။ ကျော်ကျော်သည် သူ့အမေ အလစ်တွင် သူ့ရှေ့မှ နွားနို့ခွက်ကို ဆတ်ခနဲ ကောက်ယူကာ သူ့ဘေးရှိ ပြတင်းပေါက်မှ သွန်ချလိုက်၏။
+++

ဦးမြင့်သန်းတို့အိမ်၊ သီတာတို့အိမ်၊ ချောအိတို့အိမ်၊ ကျော်ကျော်တို့အိမ်၊ ကိုဘခိုင်တို့ အိမ်။ ဒေါ်သိန်းကြွယ် သူ့ဖောက်သည်အိမ်များကို ထွက်ဝင်ကျော်လွန်လာခဲ့၏။ တိမ်ဖြူဖြူထဲမှ နေသည နွားနို့စိမ်ထားသော လိမ္မော်သီး တစ်လုံးနှင့်တူသည်။ ဦးမြင့်သန်းသည် မလိုင်စားသဖြင့် ၀မ်းမသွားပါ။ ချည်တိုင်တွင် နို့ဆာသော နွားငယ်တစ်ကောင် ရုန်းကန်နေ၏။ ပြတင်းပေါက် အပြင်ဘက်က မြက်ခင်းပေါ်တွင် နွားနို့စက်များ ပြန့်ကျဲနေသည်။ စူလသည် အသားကိုလည်းကောင်း၊ နို့ဆမ်းထားသော မြက်ကိုလည်းကောင်း မစားပါ။ ထွက်ခွာသွားသော ကျောင်းကြိုကားပေါ်၌ ပြုံးနေသော ကျော်ကျော်ပါသွားသည်။ ဒေါ်သိန်းကြွယ်သည် နွားနို့ယူကြဦးမလားဟု မအော်ဘဲ တဘူးဘူး(တဗူးဗူး) ဟုအော်ပါသည်။ နွားနို့သောက်သူများ သည် နွားနို့ပုလင်းများကို မဆေးကြောကြပါ။ ကြွက်တစ်ကောင်၏ အိပ်မက်သည် နို့ညှီနံ့နံနေသည်။ ကိုဘခိုင် ပန်းချီရေးရန် အဖြူရောင်ဆေးတောင့်ကို ညှစ်လိုက်သောအခါ အထဲမှ နွားနို့ဖြူဖြူများ ထွက်လာလေသည်။ ကမ္ဘာပေါ်တွင် နွားမသည် အာစူလာအင်းဒရက်ထက် အရင်ဖြစ်ပေါ်ခဲ့၏။ ဒေါ်သိန်းကြွယ်သည် နွားနို့အကျန်ကို အရပ်ထဲတွင် လည်ရောင်းနေသည်။ နွားနို့တိုင်းသည် အဖြူဖြစ်သော်လည်း နွားများသည် အရောင်ကွဲ၏။


နွားနို့တွင်ပရိုတိန်း ကောင်းကောင်းပါသည်။ ပရိုတိန်းဆိုသည်မှာ ဂရိဘာသာစကားဖြစ်၍ ပထမတန်းစားဟု အဓိပ္ပါယ်ရလေသည်။

Read Users' Comments (0)

တောင်ရောက်မြောက်ရောက် (၄)

လမ်းလျှောက်ကြသူများ


ကျွန်တော် စက်မှုကျောင်းတက်တုန်းက တာမွေဗလီနားမှာ ကျူရှင်တတ်ရတယ်ခင်ဗျ။ ကျူရှင်ဆိုတာကလဲ သူ့ဟာသူ သတ်သတ်ပိတ်ရင် အရသာမရှိဘူး အဟီးနဲနဲလေးပြေးလိုက်ရမှာ.. အရသာရှိတယ်..။ ကျွန်တော့်တို့ပေါင်းတဲ့ သယ်ရင်းတွေကလဲ ပြေးမယ်ဟေ့ဆို နှစ်ခါ မဆွယ်ရဘူး။ အလုအယက်ကို ဖြစ်နေတော့တာပဲ။ ကြာတော့ ဆရာမကကျူရှင်မှာ ကျွန်တော်တို့တွေ တက်မှန်းတောင် မသိတော့ဘူး အဟဲ အဲ့လောက်ထိပြေးကြတာ..။ တာမွေဗလီနားဆိုပေမယ့် ကျွန်တော်တို့ ကျူရှင်အိမ်ဝိုင်းလေးက သရဲခြောက်တဲ့ (ရွဲ့ပြောတာ.. ဘာမှမရှိလို့) တာမွေပလာဇာနဲ့ မျက်နှာချင်းဆိုင်နားမှာ တာမွေကြီးလို့ခေါ်မယ်ထင်တယ်... အဲဒိနားမှာပါ..။ ကျွန်တော်တို့ သယ်ရင်းတွေ သွားနေကျ ဘိရှိတယ်။ အဲဒါကတော့ ကျွန်တော်တို့ ထဲက ချာကိုး(မီးသွေးဆိုမှတော့ ဖြူပါ့မလားနော့ ဟီး)ဆိုတဲ့ သယ်ရင်း ဦးလေးရဲ့ ဂိမ်းဆိုင်ပဲ။ အဲဒိတုန်းက ကွန်ပြူတာ ဂိမ်းဆိုင်တွေက ပေါ်ဦးစဗျ.။ Red Alert တို့ Counter Strike တို့စခေတ်စားတဲ့ချိန်ကိုး။ အားရင် ကောင်တာပစ်ကြ၊ Red Alert တိုက်ကြနဲ့ တနေကုန်တနေခန်း ဆော့ကြတာပေါ့..။

တဆိုင်လုံး ကြည့်ရင် ကျွန်တော်တို့ အဖွဲ့တွေချည်းပဲ။ အဲဒိမှာပဲ စား အဲဒိမှာပဲဆော့ကြတာလေ။ တခါတလေ အကြွေးတွေတောင် ကျန်နေသေး။ :P အဲတနေ့ပေါ့ဗျာ.. ကျွန်တော်တို့တွေ ဆော့လိုက်ကြတာ အဆော့ကောင်းပြီး အချိန်ပြန်ကြည့်တော့မှ မိုးချုပ်နေမှန်းသိတယ်။ ည၈ နာရီခွဲကျော်နေပြီလေ။ ဒွတ်ခပဲ ဆိုပြီး ကျွန်တော်က အဲဒိတုန်းက အင်းစိန်မှာနေတာ၊ နောက်သယ်ရင်းတွေက တယောက်က မြေနီကုန်စမ်းချောင်း၊ နောက်တယောက်က စိုက်ပျိုးရေး တလမ်းကျောထဲလူတွေချည်းပဲ။ ဘာလို့ ဒွတ်ခတာ ရလဲဆို ကိုယ့်အကြောင်းကိုယ်သိ။ ဒီချိန်ဆို တာမွေဗလီနားမှာ အဲဒိဘက်ပြန်တဲ့ကား က ရှားသွားပြီ။ ကဲကဲမြန်မြန်ပြန်မှပဲ ဆိုပြီး ပိုက်ဆံရှင်းလိုက်တော့ အဲဗျ. အဆော့ကောင်းသမျှ ပါလာတဲ့ မုန့်ဖိုးကုန်ရောပဲ။ အဲဒါနဲ့ ကျွန်တော်တို့ တွေ သုံးယောက်ပေါင်း ချမ်းသာတာကို တွက်ကြည့်တော့ အားပါး သုံးယောက်ပေါင်းမှ ၁၅၀ပဲရှိတယ်။ ဟီး အဖြစ်ဆိုးတယ်နော်။ အဲဒါနဲ့ တာမွေ အ၀ိုင်းထိပ်ကို ပြေးရတာပေါ့။ ၅၀ကားစီးရင် ကွက်တိပဲ တယောက်ငါးဆယ်ဆိုတော့ (အဲဒိတုန်းက ဟိုနားဒီနားမှ ၂၀ပဲရှိတာကိုး) လောက်တယ်။ ဒါပေမယ့် တကယ်လဲ ကားဂိတ်နားရောက်ရော စောင့်လိုက်ရတာ ၅၀ကားတွေ မလာတော့ဘူးလေ... ၉နာရီက ထိုးခါနီးနေပြီ။ အိမ်ပြန်နောက်ကျရင် ကွိုင်ခံရတော့မယ် ။ အဲဒိနားမှာ အင်းစိန်ဘက်သွားတဲ့ အောက်ဆိုက်ကားတွေတော့ ရှိပါရဲ့။ ဒါပေမယ့်ဗျာ။ ကျွန်တော်က အင်းစိန်ထိဆိုတော့ ၁၀၀ တောင်ပေးရမှာ။ ကျန်တဲ့ နှစ်ယောက် ဘယ်လိုပြန်ကြမလဲ။ ဒွတ်ခပဲ။ အဲဒါနဲ့ ဘယ်လိုလုပ်ကြမလဲဆိုပြီး အမြန်စဉ်းစားကြတော့ အဖြေတခု ထွက်လာတယ်။ ဘာတဲ့ လမ်းလျှောက်ကြမယ်တဲ့။ ဟီး။


ကဲဘယ်ထိလျှောက်ကြမလဲလို့ စဉ်းစားကြတော့ မြေနီကုန်းထိလျှောက်ကြမယ်လို့ သဘောတူကြတယ်။ ကျွန်တော်တို့ တွက်ပုံက မြေနီကုန်းက ကောင်တစ်ယောက်စာ သက်သာသွားရင် ကျန်တဲ့ နှစ်ကောင် ပြန်လို့ရပြီ။ ဟီး အဲဒါနဲ့ပဲ လမ်းလျှောက်ကြတယ်ပေါ့ဗျာ။ အီး ကားနဲ့သာ တာမွေဗလီနဲ့ နီးသလိုလို ထင်ရတာ.. လမ်းလျှောက်တော့ မလွယ်ပါဘူးဗျာ။ တာမွေ အ၀ိုင်းရောက်ဖို့ကို တောင်တော် လျှောက်ရတယ်။ နောက် အဲဒိက တည့်တည့် ရွှေဂုံတိုင်၊ ပြီးတော့ အုတ်လမ်း။ ဟင့်၊ ပြီးတော့ လင့်ခ်လမ်း၊ အီး ခြေထောက်တွေ တောင့်လာပြီဂျ။ (ဒီကြားထဲ အဲဒိနေ့မှ လျှာရှည်ပြီး shopping ထွက်ပြီး ၀ယ်လာတဲ့ ဂျင်းဘောင်းဘီ အထုပ်ကြီးကလဲ ပါသေး..။ လွှင့်တောင်ပစ်ချင်စိတ်ပေါက်လာတယ်။ ချွေးတွေလဲ ရွှဲ...။ အဲဒိကနေ တော်လှန်ရေးပန်းခြံနားကနေ.. ဒဂုံစင်တာနား ရောက်သည်ထိ လမ်းလျှောက်။ ကျွန်တော်က မြန်မြန်သာကျော်ပြောလို့။ လျှောက်ရတဲ့ ခရီးက မြန်မြန်လျှောက်တာတောင် ၁နာရီနီးပါးကြာတယ်။ အဲဒိတုန်းက လူတွေက ဘာအားကစားမှ လုပ်တဲ့ကောင်တွေလဲ မဟုတ်။ ဒီကြားထဲ ဆေးလိပ်ကလဲ ရှူသေးဆိုတော့ အားပါးပါး မြေနီကုန်းလဲ ရောက်ရော လျှာက ပါးစပ်ထဲကနေ တစ်တောင်လောက်ထွက်နေပြီ။ ဟောဟဲ ဟဲဟော။ အဲဗျ အောင်မြတ်လေး ကယ်တော်မူကြပါ။ စမ်းချောင်းကသယ်ရင်းကတော့ သူ့အိပ်ကပဲထဲက ၅၀ ပေးသွားတယ်။ ရှဲရှဲသယ်ရင်းရေ...။ အောက်ဆိုက်ကားလေးတွေနားသွားပြီး ကျွန်တော်တို့မှာ ရင်တထိတ်ထိတ်နဲ့ စပယ်ယာနားသွားပြီး မျက်လုံးလေး ကလယ်ကလယ်နဲ့ တစ်ယောက်ဘယ်လောက်လဲဟင်... အင်းစိန်တစ်ယောက်.... စိုက်ပျိုးရေးတစ်ယောက်.....။ ကိုရွှေစပယ်ယာ က စိုက်ပျိုးရေးဆို ၅၀ အင်းစိန်ဆို ၁၀၀ ဆိုတဲ့ အသံဟာလေး နားဝင်ကို ချိုသွားပါရောဗျာ။ ဟုတ်တယ်လေ.... ဒိထက်ပိုရင် (အန်တီညလေး ရဲ့ peek a boo စာသားလို) ချိတော့ဘူး ကုန်သွားပြီ လို့ပြောရမှာ.....။ အဲအိမ်လဲရောက်ရော ၁၁ နာရီကျော်သွားလို့ မောရတဲ့ ကြားထဲ မန်းမန်းတောင် မကျန်တော့လို့ ငှက်ပျောသီးတွေ ပေါင်မုန့်တွေ ကြောင်အိမ်ထဲက တွေ့တဲ့ဟာတွေ အကုန် ညစာဖြစ်သွားလေရဲ့....။ အောင်မယ်လေး ခုပြန်ပြောလို့သာ ရီလိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော ဆိုသလိုဖြစ်နေတာ.... တကယ်တမ်းလျှောက်ရတုန်းက မောလွန်းလို့ ခြေထောက်ကြီးတွေ ခဲဆွဲထားသလိုပဲ။ အီး..ခုပြန်တွေးရင်တောင် မောလာသလို ပဲ ဟောဟဲဟောဟဲ..... :P။

Read Users' Comments (0)

နဝေတိမ်တောင် အရူးလေးမှ အရူးမလေးသို့......

အရူးမလေးရေ....
မီးကိုတောက်လောင် စေခဲ့ပြီးမှ
ငါ ပြန်မငြိမ်းပါရစေနဲ့.....
ခပ်ဝန်းဝန်းတောအုပ် လေးထဲမှာ (ငါဟာ)
အလွမ်းတွေ သီးညွှတ်နေတဲ့..
သစ်ပင်စိမ်းလေး တစ်ပင် သက်သက်ပါ....
ပြီးတော့ ညယံကြယ်လေးကို
တိတ်တခိုးမျှော်နေရတဲ့
နွေ ညနေလေး တခုလို့လဲ ဆိုနိုင်ပါတယ်..။

အရူးမလေးရေ....
(ငါဟာ) တွန့်ခေါက်တဲ့...
ရက်သတ္တပတ်တွေလဲ ဖြတ်လျှောက်ခဲ့ဖူးပါရဲ့.....
ခါးသီးတဲ့...မုန်တိုင်းတွေထဲတောင်...
ခေါင်းမော့ရင်ကော့ထားနိုင်ခဲ့တယ်..
ဒါပေမယ့်..
ခုတော့ (ငါလေ)
စနေ၊ တနင်္ဂနွေ အိပ်မက်ဆိုးတွေ..
မက်ရမှာ သိပ်ကြောက်နေရဲ့....

အရူးမလေးရေ....
ဟားတိုက်ရီမောစရာကောင်းတဲ့..
ငါ့အဖြစ်ကို...
ခပ်ကြောင်ကြောင် သတ္တ၀ါတစ်ကောင်အဖြစ်
လက်ညှိုးထိုး ကဲ့ရဲ့ပစ်လိုက်စမ်းပါ...
မကျေနပ်ရင်လဲ မင်းအဆိပ်လူးမြှားနဲ့ ပစ်ခွင်းဖို့..
ငါ့ရင်ဘတ်တွေ ဖွင့်အံပေးထားပါတယ်...
ဒါပေမယ့်....
ငါ့ ရှိစုမဲ့အချစ်တွေကိုတော့..
ကျေးဇူးပြု၍
မလှောင်ပြောင်လိုက်ပါနဲ့...
(ငါလေ... အဲဒိဒဏ်အတွက် မပြင်ဆင်ရသေးလို့ပါ..)

အရူးမလေးရေ....
မြစ်ကွေးတွေ စီးတဲ့ခါ
ကမ်းပါးနံရံတွေ တိုက်စားပစ်သလို...
(ငါ့) နှလုံးသားကိုလဲ
ထိထိခိုက်ခိုက် တိုက်စားပစ်လိုက်စမ်းပါ...
(ငါကလဲ....မင်းရဲ့ တိုက်စားခြင်းကို.. ခံချင်သူရယ်ပါ...)
အနည်းဆုံး ..နှလုံးသားအပဲ့ကြီး ဖြစ်ကျန်ခဲ့တောင်....
ဒီတိုင်း လွှတ်ပစ်ထားခံရတာထက်စာရင်...
မင်းပေးတဲ့ ဒဏ်ချက်တွေ... အမှတ်တရ ရလိုက်တာပေါ့...

အရူးမလေးရေ..
ချိန်းတွေ့နေကျ ကောင်းကင်မျက်နှာကြီးသာ..
မှန်တချပ်ဖြစ်ခဲ့ရင်...
မင်းပုံရိပ်လေးတွေ၊ မင်းလှုပ်ရှားမှုလေးတွေ..
စက္ကန့်မလပ်မြင်နေချင်တယ်....
ငါက..တခါတလေ...
လက်တွေ့ မဆန်တဲ့.. စိတ်ကူးယဉ်ကောင်လဲဖြစ်ပါရဲ့..။

အရူးမလေးရေ..
အကယ်၍များ မင်းသာ ခါးသီးစွာ....
ငါ့ကို အမုန်းဆူးတွေနဲ့ စိုက်ထားခဲ့ရင်တောင်...
မင်း တိုးတိတ်စွာ ထွက်သွားခဲ့ရင်တောင်....
ငါ့ကို ငဲ့ညာ နှုတ်ဆက်မနေပါနဲ့....
ငါလေ....ဘာပဲဖြစ်ဖြစ်....
မင်းပေးတဲ့ အိပ်မက်ချိုချိုလေးတွေ....
ဆက်လက်သောက်သုံးဖြစ်နေအုံး...မှာ..ပါ...။

Read Users' Comments (1)comments

တောင်းပန်ခြင်း

သို့.....
ကောင်မလေးရေ....
တကယ်တော့ငါဟာ အလိုက်ကန်းဆိုးမသိ ရင်ခုန်သံတွေနဲ့
အနေအထိုင် မတတ်သူပါ....

ငါ့ရဲ့ မှားယွင်းစွာ ရေးထိုးမိတဲ့....
ပရမ်းပတာ.... အချစ်အတွက်....
ငါမှာ အပြစ်ရှိပါရဲ့.....

ငါ့ကြောင့် အနှောက်အယှက် ဖြစ်သွားတဲ့...မင်းကို...
အချစ်ကြောင့် ခပ်ထုံထုံဖြစ်သွားတဲ့ ငါက ...
ခွင့်လွှတ်ပါလို့ မပြောချင်ပေမယ့်...
နားလည်ပေးဖို့တော့ တောင်းဆို ပါရစေနော်.......

ကောင်မလေးရေ.....
တကယ်တော့...ငါဟာ...
မင်းကိုချစ်သွားတဲ့ နေ့က စလို့.......
ကယောက်ကယက်နဲ့ ......
ရူးသွားရတဲ့ .........အချစ်ရူးကောင်ရယ်ပါ.........။


Read Users' Comments (0)

ကယောင်ချောက်ခြား

အားလုံးကို စွန့်ခွာပစ်လိုက်ချိန်မှာ
ငါ့မှာ ဘာကျန်တော့မှာလဲ....
မင်းနင်းဖြတ် ဖို့ ငါ့ရင်ဘတ်ကြီး ဖြန့်ခင်းထားပြီးသားပါ...
ခပ်ကွေးကွေး ကျတဲ့ နှင်းတွေ ကြား
ငါဟာ အရူးတေးသွားကို ညီးတွားနေရမှာပေါ့...
ဆုမတောင်းတတ်တဲ့ ငါ့အဖြစ်ကို လမင်းကြီးက
ပြက်ရယ်ပြုနေတော့မှာပါပဲ.....
ငါမှာ သိမ်းထုပ်စရာ ရင်ခုန်သံက
မင်းကလွဲလို့ ဘယ်သူများရှိနိုင်သေးလို့လဲ...ပြောပါ ကောင်မလေး...
ငါက မင်းအတွက် ပျင်းရိစရာများကောင်းနေပြီလား.....???
ငါ့ခိုးခိုး ကျတဲ့ မျက်ရည်တွေက ယောင်္ကျားမဟုတ်လို့ ကျခဲ့တာ မဟုတ်ဘူး...
ငါကြောက်ရွံဆုံးက မင်းခါးသီးစွာ ဥပက္ခာပြုသွားမှာကိုပဲ...
ပရမ်းပတာ ငါဖြစ်နေပုံက ဆောင်းနေ့ခင်း အိပ်မက်လိုပါပဲ....ငါလေ.....
အနူးညွှတ်ဆုံး ဒူးထောက်တောင်း တောင်းပန် ပါ့မယ်....
မင်းစေခိုင်းရာမှန်သမျှ ငါလုပ်ပါ့မယ်....
ငါ့ကို ပျော့ညံ့တယ်လို့ ပြောချင်ပြောနိုင်ပါတယ်....။
ငါ့ကို ပြင်းထန်စွာ အပြစ်တင်နိုင်ပါတယ်....။
ငါ့ကို ဆက်ချစ်ပါလို့ မတောင်းဆို ၀ံ့ပါဘူး....
ငါ့ကို သတ်ချင်ရင်လဲ သတ်လိုက်ပါ....
ကောင်မလေးရေ...
ငါ့ကို.....
ငါ့ကိုတော့..... မုန်းတယ်လို့ တော့ မပြောလိုက်.....ပါနဲ့နော်.......။

Read Users' Comments (0)

ဘလော့ရီဒါကြီး ကျွန်တော်

ကျွန်တော် အရင်ကဆို ဘလော့ရီဒါလုပ်ပါတယ်။ ဘလော့တခုကိုမွှေနှောက်ဖတ်လေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်က ကောမန့်အမြဲပွတ်လေ့ရှိသူတော့ မဟုတ်ပါဘူး။ အဲဆီဗုံးလေးတွေမှာတော့ အော်ခဲ့တာပေါ့..။ ခုနောက်ပိုင်းတော့ဗျာ အားလုံးလဲ သိကြတဲ့အတိုင်း (ဓာတ်ပြားဟောင်းကြီး ပြန်ဖွင့်ရအုံးမယ် ဟီး) ဘလော့တွေကို ဘန်းလိုက်တဲ့နောက်ပိုင်း ကျော်ခွကြည့်နေရပြီး ကိုနက်ရှင်ကလဲ လိပ်ဆိုတော့ ဘလော့တွေ လိုက်ဖတ်ရတာ စိတ်သွားတိုင်း ကိုယ်မပါဘူးပေါ့ဗျာ.။
အဲဂူဂဲလ်က ပေးတဲ့ google reader ကတော့ သိတာကြာပါပြီ ဒါပေမယ့် ကျွန်တော်ကလဲ ခုတလောမှ စာမေးပွဲတဖက်၊ ဟိုကိစ္စ ဒီကိစ္စတွေက ရှုပ်နေလေတော့ သေချာ မကလိဖြစ်ဘူးဗျ။ တနေ့ကမှ ဂူဂဲ ရီဒါလေးကို သေချာကလိမိတော့မှ အားပါး ဂွတ်ရှယ်ပဲ...။ သူက ၀က်ဆိုက်ဒ်တွေကို RSS Feed ပုံစံမျိုး Subscribe လုပ်ပြီး ကြည့်လို့ ရပါတယ်။ တော်တော်လေး ကောင်းတယ်ဗျာ။ ပြီးတော့ အမျိုးအစားတူတဲ့ ဆိုက်တွေကိုလဲ အုပ်စုလိုက် folder လိုက်ခွဲခြားထားနိုင်ပါတယ်။ ကျွန်တော်ဆို Myanmar Bloggers ဆိုတဲ့ အုပ်စုလေးလုပ်ပြီး အဲဒိဖိုင်အောက်မှာ ကျွန်တော် သိပ်ကြိုက်တဲ့ဘလော့လေးတွေကို Subscribe လုပ်ထားတယ်။ သူ့ရဲ့အားသာချက်လေးက ပို့စ်အသစ်လေးတွေ တက်လာပြီဆို သူကခေါင်းစဉ်လေးတွေနဲ့ စာမြည်းလေးတွေ ဖော်ပြထားတာပါပဲ။ တော်တော်လေးအသုံးဝင်ပါတယ်။ နိုင်ငံခြားကကြည့်သူတွေ အတွက်မထူးခြားပေမယ့် ကျွန်တော်တို့လို မသဒ္ဓါရေစာ အင်တာနက်လေး ကျော်ခွသုံးနေရတဲ့ ပြည်တွင်းက လူတွေဖို့ အတော်လေး အသုံးဝင်တယ်ဗျာ။ သုံးပြီးသူတွေကတော့ သိပြီးမှာပါ။ မသုံးဖူးသေးတဲ့ သယ်ရင်းများ ဂူဂဲလ်ရီဒါကို စမ်းသုံးကြည့်စေချင်တယ်ဗျာ။

ကျွန်တော်လဲ အခုဆို တကူးတက ဘလော့တွေဆီ ပို့စ်အသစ်တက်လား လိုက်ကြည့်နေစရာမလိုပဲ ဂူဂဲလ်ရီဒါလေးနဲ့ ထိုင်ရာမထပို့စ်တွေဖတ်လို့ ရပြီပေါ့။ စိမ်ပြေနပြေဖတ်ပေရော့ပဲ။ မိုက်တယ်ဗျာ။ ကျွန်တော်အခု ဘလော့ရီဒါစစ်စစ်လေးပြန်လုပ်မယ်ဗျာ။ အလျင်းသင့်သလို ကြိုက်တဲ့ဘလော့လေးတွေလဲ ထပ်ပေါင်းထည့်လိုက်အုံးမယ်။ တော်တော် အသုံးတည့်ပါတယ်။ အဲဒိဆားဗစ်လေးကကြာတော့ကြာပါပြီ။ ပြည်တွင်းက ဘ၀တူ ဘလော့ရီဒါတွေအတွက် ပိုအသုံးဝင်ပါလိမ့်မယ်..။


reader.google.com

Read Users' Comments (0)

လိမ်ဖယ်လိမ်ဖယ် မြန်မာ

မနေ့က အိမ်အောက်ထပ်တွင် မြန်မာဘောလုံးပွဲကို အဘိုးနဲ့ ကျွန်တော့်ညီတို့ ကြည့်ပြီး “ဟင်” “ဟာ” “အသုံးမကျလိုက်တာ” စသည့်စကားလုံးများနှင့် မိုးမွှန်အောင် အားပေးနေကြပါသည်။ ကျွန်တော်ကတော့ စိတ်ကုန်လက်ကုန်ဖြင့် မြန်မာပွဲကို မကြည့်ပဲ သီချင်းတအေးအေးနဲ့ ငြိမ့်နေခဲ့ပါတယ်။ ကျွန်တော်မြန်မာပွဲကို ငယ်ငယ်လေးထဲက ရင်ဘတ်နဲ့ ရင်းပြီး ကိုယ်ရောစိတ်ပါ ပင်ပန်းအောင် အားပေးခဲ့ဖူးပါတယ်။ နောက်တော့ ကိုယ်ကသာ အားပေးရတာ ထင်တိုင်းလဲ ဖြစ်မလာတော့ ကြာတော့ စိတ်ပျက်လာတယ်။ ကိုယ့်ကိုကိုယ်တောင် သနားလာတယ်ဗျာ။ :) ဟီး မကြည့်ဘူးလို့သာ စိတ်တင်းထားတာ တကယ်တော့ မနေနိုင်ပါဘူး။

ထိုင်းနဲ့ကန်တဲ့ ပွဲနေ့က တောင်ကြည့်ဖြစ်သေးပါသေးတယ်။ အဲဒိနေ့က ထိုင်းကလဲ ချာတူးလန်လိုက်တာ ကိုယ့်အသင်းက ညံ့လှပြီမှတ်တာ သူက ပိုဆိုးနေသေး။ ထိုင်းက သုံးဂိုး အရင်သွင်းတယ်။ တစ်ဂိုးက မြန်မာနောက်တန်းလူ လက်ဆောင်ပေးတာလေ။ အံ့ရော။ ဒုတိယပိုင်းပြီးခါနီးတော့မှ အသဲအသန် ပြန်ကောင်းပြနေတာ။ မြန်မာနှစ်ဂိုးထပ်ရတယ်။ ဒါတောင် တစ်ဂိုးက ထိုင်းကလဲ အားနာပါးနာ ပြန်လက်ဆောင်ပေးတယ်လေ။ ပွဲပြီးတော့ ထိုင်းက မြန်မာကို သုံးဂိုး နှစ်ဂိုးနဲ့နိုင်တယ်။ အဲဒိနေ့က တဖက်မှာလဲ မြန်မာအသင်းအုပ်စုက အင်ဒိုက ကမ္ဘောဒီးယားကို နိုင်တယ်။ အဲဒိမှာ ထိုင်းသုံးမှတ် အင်ဒိုသုံးမှတ်ရနေပြီ။ မြန်မာက ဘဲဥမကွဲသေး။ ဟူးအခြေအနေမကောင်းဘူးလို့ တွေးမိတယ်။

နောက်နေ့မကြည့်ဖြစ်တော့ပေမယ့် ရလဒ်လေးတော့ နားစွင့်ကြည့်တော့ အင်ဒိုနဲ့ မြန်မာသရေတဲ့။ တဖက် က ထိုင်းက နိုင်တယ်။ အဲဒိတော့ ထိုင်းက ခြောက်မှတ်၊ အင်ဒိုက ၄မှတ်။ မြန်မာက ၁မှတ်ကြီးများတောင် ရနေပြီ။ ဟူး… သေချာပါတယ် ဒီတခါလဲ အောင်ဖျာလိပ်ပဲ ထင်တာပဲ။ အုပ်စုနောက်ဆုံးပွဲစဉ် အဖြစ် မြန်မာက ကမ္ဘောဒီးယားကို နိုင်တယ်။ တပြိုင်တည်းမှာပဲ ထိုင်းကလဲ အင်ဒိုကို နိုင်လိုက်ပြန်တော့။ အင်း အူတိအူကြောင်နဲ့ မြန်မာအသင်း အုပ်စုက ကျွတ်သွားပြန်ပြီ။ အဲတဖက်အသင်းက တက်လာတဲ့ အုပ်စုပထမကိုကြည့်လိုက်တော့ အားပါး ဗီယက်နမ်ဆိုပါလား။ ပြုတ်အုံးမှာပဲ ဗီယက်နမ်နဲ့ တွေ့ရင် (အဟဲ အဲလောက်ထိ ကိုယ့်အသင်းကို ယုံတာ :P ) ။ မနေ့က ဗီယက်နမ်နဲ့ ကန်တော့ ပထမပိုင်း ကြည့်လိုက်တယ်။ ဘောလုံးအပေးအယူတွေက လွဲ ဂိုးရှေ့ရောက် ပြန်တော့ ဟိုကန်ဒီကန်။ ဟိုးဟိုး တော်ပြီ ကြည့်တော့ဘူးဆိုပြီး အိမ်ပေါ်ထပ်တက်ပြီး သီချင်းနဲ့ ငြိမ့်နေလိုက်တယ်။ အဘိုးနဲ့ ညီလေးတို့ အသံကတော့ ဆူညံလို့ပေါ့။ ခဏနေတော့ ကျွန်တော် လမ်းထိပ်ခဏ ထွက်ပြီး ပြန်လာတော့ လမ်းထိပ်နားမှာ ခုနက ဘောပွဲကြည့်နေတဲ့ ကျွန်တော့်အဘိုးကို တွေ့တော့
“ဟာ ဖေကြီး ဘောပွဲ မကြည့်တော့ဘူးလား” လို့ လှမ်းမေးလိုက်တော့
ကွမ်းဗူးလေးကိုင်ပြီး တုတ်ကွတုတ်ကွ လျှောက်လာနေတဲ့ ကျွန်တော့်အဘိုးက
“တော်စမ်းပါကွာ အေဘေးတွေ အားပေးရတာ မတန်ဘူး။ ဘာသောက်သုံးမှ ကျတဲ့ကောင်တွေ မဟုတ်ဘူး ဒုတိယပိုင်းမှာ တယောက်ချင်းကန်တဲ့ ပင်နယ်တီတောင် မ၀င်ဘူး။”
ဆိုပြီး ဒေါနဲ့ မောနဲ့ပြောပြီး ကွမ်းယာဆိုင်ကို လိမ့်သွားလေရဲ့။ အဲလေ :P လမ်းလျှောက်သွားလေရဲ့။
ဒါနဲ့ ကျွန်တော်လဲ အပေါ်ထပ်ပြန်တက်ပြီး သီချင်းပြန်နားထောင်နေလိုက်တယ်။ အချိန်ပိုဆက်ကန်တယ်ထင်ပါရဲ့။ မြန်မာပဲ ခံစစ်ကောင်းနေလား။ ဗီယက်နမ်တိုက်စစ်မှူးတွေပဲ ယနေ့သည် ဂိုးမသွင်းရနေ့ အဖြစ်သတ်မှတ်သည်။ ဟု သန္ဒိဋ္ဌာန်ချထားလား မသိဘူး။ အချိန်ပိုတောင် မသွင်းနိုင်ကြသေးဘူးလေ။ အံ့ရော။


ဒါနဲ့ပဲ ပင်နယ်တီကန်နေပြီ ကိုကြီးရေလို့ အငယ်ကောင်က လှမ်းခေါ်တော့ ကျွန်တော်လဲ မနေနိုင်တော့ပဲ အောက်ထပ်ဆင်းပြီး ကြည့်မိတော့တာပါပဲ။ အရင်ဆုံးမြန်မာက စကန်ရတယ်လေ။ ပထမအလုံးကို မြန်မာကသွင်းနိုင်တယ်ဗျာ။ ဂိုးးးးး အဲလေ အားမပေးဘူး အားမပေးဘူးနဲ့ မနေနိုင်ဘူး ကျွန်တော်ကတော့ ဟိဟိ။ ဗီယက်နမ်လဲ ၀င်တယ်ဗျာ။ အဲဒုတိယမြောက်အလုံးမှာ မျိုးမင်းထွန်းကန်တာ မ၀င်ဘူး။ ဟူးးး ရင်မောရပြီ ချိတ်ညစ်တယ် (မမဘာညာစကား ခဏငှားသုံးပါသည်။ ဟိ) ဒါကြောင့် ကျောတာ ကြည့်ချင်ပါဘူးချို ကြည့်မိပြန်ပြီ။ အဲဗျ တတိယအလုံး ကန်တော့ ဗီယက်နမ်က မ၀င်ပြန်ဘူး။ တိန်..နဲနဲ စိတ်ဝင်စားဖို့ကောင်းလာပြီ။ အဲဗျ နောက်တလုံးလဲ ဗီယက်နမ်မ၀င်ပြန်ဘူး။ ဝေးးးးးးးး မြန်မာနိုင်ပြီ။ မြန်မာနိုင်ပြီ။ ဟေး ဗိုလ်လုပွဲတက်ပြီကွ။ ဟူး ပွဲစဉ်တလျှောက်လုံး လိမ်ဖယ်လိမ်ဖယ်နဲ့ တက်လာတဲ့ မြန်မာ ခုတော့ လိမ်ဖယ်လိမ်ဖယ်နဲ့ ဗိုလ်လုပွဲတက်သွားပြန်ပြီ။ ဝေး ပျော်လိုက်တာ။ ဘာဖြစ်လာအုံးမလဲ မသိဘူး။ အီး အမှတ်မရှိတဲ့ ကျွန်တော် မနေနိုင်ဘူးဗျာ။ ခုလဲ ဗိုလ်လုပွဲကို ကြည့်ဖို့ ဒီနေ့ထဲက ယားကျိကျိဖြစ်နေပြန်ပြီလေ။ ဟီး :P

Read Users' Comments (0)

အားလုံးဆောရီးပါ

ကျွန်တော်အခုတလော အလုပ်နဲနဲရှုပ်နေပါသဖြင့် ဘလော့လေးအား မရေးဖြစ်တာ
တစ်ပတ်ခန့်ကြာသွားတဲ့အတွက် တောင်းပန်ပါတယ်။ ဒီကြားထဲဘလော့တန်းပလိတ်လေး
ဟိုပြောင်းဒီပြောင်းလုပ်နေတာနဲ့ အချိန်ကုန်နေတာလဲ ပါပါတယ်။ သဘက်ခါ
စာမေးပွဲ ၂ခုဖြေပြီးရင်တော့ အားပါပြီ။ ကျွန်တော့်ရဲ့တိုလီမုတ်စ များကို
ဆက်ရေးပါမယ်။ :)

Read Users' Comments (0)

ငါတို့..တိုက်ပွဲ..

ခပ်ပြာပြာ ရဲတိုက်ကြီးဆီက…
လှုပ်လီလှုပ်လဲ့ အရိပ်တွေ….
လမ်းလျှောက်လာကြ…
ဘယ်တော့မှ မြင်ရခဲပေမယ့်…
အစိမ်းနံ့တွေ ညှီဝေနေတယ်…
သားရဲတွေ.. ငတ်မွတ်နေတဲ့…
သွေးဆာမှုမျိုး…
လိုလိုချင်ချင် ပေးခဲ့တာတော့ မဟုတ်ခဲ့ဘူး..။

ငါက.. နီအံ့အံ့ ပုဆိန်တလက်နဲ့..
ဒင်းတို့ကို.. ခုတ်ထစ်ဖို့ စောင့်နေရတာလဲ…
အချိန်လင့်နေပြီ..…
ပုန်းလျှိုးဝှက်တတ်တဲ့ သေချင်းဆိုး
မျက်နှာပေါက်မျိုးနဲ့..
အကောင်တွေက… အစွယ်အားကိုးနဲ့..
ဂုတ်သွေးစုပ်ချင်ကြတာပါ…
သိပ်တော့ မထူးဆန်းပါဘူး..
အောက်တန်းစား… တစ္ဆေတွေကို..
သိမ်းကြုံးကြောက်နေဖို့တော့ မလိုပါဘူး…
ငါတို့ရဲ့.. အလင်းလက်နက်တွေနဲ့..
ပစ်လွှတ်တာနဲ့ ပြာဖြစ်သွားလောက်ပါရဲ့..။

တော်လဲသံတွေကြားရပြီ.. သူငယ်ချင်း..
ခေါင်းမော့ပြီး ရင်ကော့ထားလိုက်စမ်းပါ..
ဘယ်တော့မှ မသေတဲ့ စိတ်ဓာတ်မျိုးဟာ
ငါတို့ကို အားဖြစ်စေတာပဲ…
ခြေလှမ်းတိုင်းဟာ မျှတမှုအတွက်..
စတေးချက်တွေလို့ မြဲမြဲမှတ်လိုက်ကြမယ်…။
ငါတို့ ရဲ့ ခွန်အားတွေဟာ….
တွန်းလှန်ဖို့ တတ်နိုင်စွမ်းနေပြီ..
မီးဟုန်းဟုန်းတောက်နေတဲ့… ငါတို့ မာန်တွေ..
မာကြောမှု အတွက် ရိုက်ခတ်မှုဒဏ်ခံနိုင်တယ်…
ဘာကောင်တွေ ဘယ်လိုခြောက်လှန့်လှန့်….
ငါတို့ လုံးဝမမှုဘူး….
မဖြစ်စလောက် လှိုင်းပုတ်မှုဟာ..
ငါတို့ကို မတိုက်စားနိုင်တော့ဘူး..

ငါတို့ရဲ့ သမိုင်းတွေ ရာဇ၀င် မရိုင်းအောင်..
ခုတ်ထွင်ဖို့တော့ လိုနေပြီ….
စည်းချုပ်နှောင်ထားတဲ့ အဲဒိတံတိုင်းတွေ..
ဟိုမှာဘက်ကို လှမ်းမျှော်ကြည့်လိုက်စမ်း..ပါ..
အဲဒိမှာ… ရောင်ခြည်တွေ.. ပျို့လတ်နေပြီ…

ငါတို့ရဲ့ ဒဏ်သင့်ခံ ရင်ဘတ်တွေထဲမှာ….
အရိုးစွဲအောင် ယုံကြည်တယ်….
ငါတို့လက်တွေဟာ.. အနာဂတ်…
တရားမျှတမှု အဆောက်အဦကြီးအတွက်..
ဗိသုကာ လက်တွေဖြစ်ရမယ်….။

ငါတို့ ချယ်မှုန်းတဲ့ စိတ်ဓာတ်တွေဟာ..
အရောင်ကင်းမဲ့နေရမယ်…
ငါတို့ ပန်းချီကားကြီးကို…
ငါတို့ ကြွေးကြော်မှုတွေနဲ့ ဘောင်ကွပ်ထားကြမယ်…။
ငါတို့ချီလေတဲ့ လှော်တက်သံတွေဟာ…
ဘ၀ဂ် ညံစည်နေစေ့မယ်….
အဲဒိ ယုတ်မာတဲ့ ပင်လယ်ကြီးကို ဆုတ်…..ဖြဲ……ပစ်…..ရင်းပေါ့……။

Read Users' Comments (0)

မိုးတစ္ဆေ

မိုးတွေဖွဲနေတဲ့ချိန် ကားဂိတ်ခေါင်မိုးပေါ်သို့ မိုးစက်များထိရိုက်သံများ တ၀ုန်းဝုန်းကြားနေရ၏။ အုံ့မှိုင်းနေသော မိုးတိမ်များက အပြာရောင်ကောင်းကင်ကြီးကို ဆွဲခြုံထားသဖြင့် မှောင်ရီမဲနေသည်။ လူသွားလာရှင်းလင်းလှသော ကြားမှတ်တိုင်လေးသည် ဆိတ်ငြိမ်လွန်းလှသည်။ ကားအသွားအလာကျဲပါးနေ၍ သူ့အိပ်ကပ်ထဲမှ ပီကေတောင့် လက်ကျန်တစ်ခုကို ဖွင့်ဖောက်ပြီး ပီကေကိုပျင်းရိစွာ ၀ါးနေလိုက်၏။ လမ်းမဘက်ဆီတွင် ကိုယ်ပိုင်ကား တစ်စီးတစ်လေမှ လွဲ၍ မည်သည့်လိုင်းကားမှ ပေါ်မလာသေးပေ။ မိုးမလုံသော ကားဂိတ်လေး အတွင်းဝယ် ဘေးဘက်တချက်ဆီမှ လေတိုက်လိုက်တိုင်း သူ့အကျီနှင့်ဘောင်းဘီများ စိုစွတ်ကုန်သည်။ ခပ်ပြင်းပြင်း တိုးဝှေ့လာသော လေကြောင့် အေးစိမ့်သွားသလိုခံစားရ၏။ ထိုလေပြေနှင့်အတူ အမွှေးရနံ့များပါ သယ်ဆောင်လာသည်။ သူလေလာရာကို ကြည့်လိုက်တော့ အနီရောင်ဝမ်းဆက် ၀တ်ထားသော ဆံပင်ကပိုကရိုနှင့် မိုးရေထဲက ကောင်မလေးတစ်ယောက်သည် ကားဂိတ်ဆီသို့ လမ်းလျှောက်လာနေလေ၏။ သူမက ထီးလေးကိုပိတ်လိုက်ပြီး ကားဂိတ်အမိုးအောက်သို့ ၀င်ခိုလိုက်သည်။ ကောင်မလေးသည် လှပသော မိန်းကလေးတစ်ယောက်ဖြစ်သည်။
“ကားကျော တော်တော်ပြတ်တယ် ထင်တယ်”
သူမက သူ့ကိုယ်သူတကိုယ်တည်း ပြောသလိုလိုနှင့် သူ့ကိုပြောလိုက်သည်။

“အင်းဟုတ်တယ်… ကျွန်တော်စောင့်နေတာ နာရီဝက်နီးပါးလောက် ရှိတော့မယ်”

ပြီးတော့ ကောင်မလေးက စကားထပ်မပြောတော့ပဲ ကားလာရာ ဘက်ဆီသို့ငေးကြည့်နေရာ သူတို့နှစ်ဦးကြား ပြန်လည်တိတ်ဆိတ်သွားပြန်သည်။

“ကျွတ် ဒီတိုင်းဆို ဘယ်လိုလုပ်ရမလဲ…အင်း ရှင်ဒီမှာ ကားစောင့်နေလဲ လာမှာမဟုတ်တော့ဘူး သိလား ကားပေါတဲ့ ဟိုဘက်ဂိတ်ကို လမ်းလျှောက်မလား”
သူတစ်ယောက်ထဲ ပျင်းရိစွာ ကားစောင့်နေရတာထက်စာရင် မဆိုးပါဘူး။ ပြီးတော့ လိုင်းကားကလဲ ဒီဘက်ကို မလာတော့လျှင် ကားပေါသော နေရာကိုသွားတာမှ ပိုစိတ်ချရမည်။ ထို့ကြောင့်မဆိုင်းမတွပင် ထိုကောင်မလေးနှင့် ကားဂိတ်ကို လမ်းလျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။ မိုးများလဲဆဲသွားပြီမို့ ထီးဆောင်းစရာပင် မလိုတော့ချေ။

“ကောင်းသားပဲဗျ ကျွန်တော်ဒီကို ကိစ္စတစ်ခုနဲ့လာတာဗျ…ဒီနေရာကို သိပ်မကျွမ်းဘူး”

သူမက ခေါင်းငြိမ့်ရင်း
“ကျွန်မထင်ပါတယ် ဒီကြားမှတ်တိုင်လေးက ဒီချိန်ဆို ဘယ်သူမှ စောင့်လေ့မရှိဘူး”
သူမက အထက်တန်းကျောင်းတခုဘေးမှ လမ်းချိုးလေးထဲသို့ ချိုးကွေ့လိုက်သည်။
“ခု..ကားဂိတ်က ဘယ်နားမှာလဲ ဟင်”
သူက သိချင်ဇောနဲ့မေးလိုက်သည်။ သူ့ကိုညာခေါ်လာတာတော့ မဖြစ်နိုင်လောက်ဘူးဟု သူ့စိတ်ထဲမှ တွေးမိလိုက်သည်။ ညာခေါ်လာသည် ထားအုံး သူ့ဆီမှာအဖိုးတန်ပစ္စည်း တခုတလေမှ မပါသောကြောင့် သူစိတ်မပူမိပေ။
“ဒီဘက် လမ်းမကြီးတိုင်းလျှောက်ရင် နောက်မှတ်တိုင်က တော်တော်ဝေးတယ် ဟိုဘက်ခြမ်းက မှတ်တိုင်ကနေ ပြန်စီးမှ ကားပေါတာလေ…”
မြက်ပင်လေးများ ထူထပ်စွာ ပေါက်ရောက်နေသော လမ်းသေးလေးတွင် လျှောက်နေရသဖြင့် သူက မြွှေပါးကင်းပါ ကြည့်လျှောက်နေသော်လည်း ကောင်မလေးမှာမူ အေးအေးဆေးဆေးပင် လမ်းလျှောက်နေသည်။ လမ်းလျှောက်ရင်း သူလဲသူမကျွမ်းကျင်သော နယ်မြေကို ဟိုဟိုဒီဒီငေးရင်း စကားစပြတ်သွားပြန်သည်။ ခြုံတန်းအလွန်သို့ရောက်သော အခါ အုတ်ဂူလေးများစီတန်း နေသော သချိုင်းတစ်ခုကို တွေ့လိုက်ရ၏။

“နေ…နေပါအုံး ဒီက ဖြတ်သွားရမှာလားဗျ”

“ဟုတ်တယ်လေ..ဒီလမ်းက ဖြတ်လမ်းပဲ ဒါပေမယ့် ဒီလမ်းက ဖြတ်ရင် ဒီနေရာကို ဖြတ်ရလို့ တော်ရုံဘယ်သူ့မှ မဖြတ်တာများတယ် ရှင်ကော သရဲကြောက်တတ်လို့လား”

သူက တခွန်းမှ မပြောပဲဆက်လမ်းလျှောက်နေသည်။ သူမက လမ်းလျှောက်နှုန်းကို တမင်နှေးလိုက်ပြီ သူ့ဘက်သို့ လှည့်ကာ…
“အကယ်၍များ ကျွန်မဟာ ဒီနေရာက သရဲတစ်ကောင်ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ”
ဟုပြောရင်း သူ့မျက်နှာကို ကြည့်၍ အကဲခတ်လိုက်သည်။ သူ့မျက်နှာခက်ထန်သွားမှန်း သူမသိလိုက်သည်။
သူမက သဘောကျစွာ မခိုးမခန့်လိုက်သည်။
“ကြောက်တယ်လို့ ကျွန်တော်တစ်ခွန်းမှ မပြောပါဘူး”
သူစိတ်ဆိုးသွားမှန်းသိ၍ သူမက
“ကျွန်မက စတာပါ.. ဒါနဲ့ ရှင်ကော သရဲရှိတယ်လို့ ယုံကြည်သလား၊ တကယ်လို့ရှိတယ် ထင်ရင်ဘယ်လိုသက်သေ ပြမလဲ၊”
“အဟတ်”
သူက အသံထွက်အောင်ပင် တချက်ရီလိုက်သည်။ ပြီးနောက် လမ်းလျှောက်နေခြင်းမှ တုံ့ရပ်လိုက်ရာ ကောင်မလေးလဲ လိုက်လံရပ်တန့်လိုက်၏။
“သရဲရှိတယ် မရှိဘူးဆိုတာ ပြဖို့ အကောင်းဆုံးသက်သေတော့ရှိတယ် မင်းကြည့်မလား”
“ဟာဟ ကြည့်ရတာပေါ့ ဘယ်လိုပြမှာလဲ”
“ဒီမှာလေ……”
ရုတ်တရက်မြင်ရလိုက်ရသော မြင်ကွင်းကြောင့် ကောင်မလေး၏ မျက်နှာသည် သွေးမရှိတော့ပဲ ဖြူလျော်သွားတော့၏။
သူမ မြင်လိုက်ရသော မြင်ကွင်းမှာကား လူစိမ်းသည် သူ့၏ ခေါင်းကိုသူ့လက်ဖြင့်ပင် ဆွဲခွာပြလိုက်သော သွေးပျက်ဖွယ် မြင်ကွင်းပင်ဖြစ်ပေတော့သည်။
“အား……………”

Read Users' Comments (1)comments

ခရီးစဉ်အမှတ်-(၁၄၃၅၅၈၃၄)

စစ်မှန်တဲ့ အတွေးတဆုပ်နဲ့
ငါပိုင်တဲ့ ခွေးတစ်ကောင်ကိုဆွဲ
အိပ်မက်ကြီး တစ်ထုပ်လဲပါရဲ့…။
ဆူးကြမ်းတဲ့ ညသန်းခေါင်တောအုပ်ထဲ
နံနက်မိုးသောက် ရွှေရောင်အလင်းမရောက်ခင်တော့ လျှောက်ရလိမ့်အုံးမယ်
လမ်းဘေးတဖက် တချက်က သေခြင်းတရားတွေလဲ ဂရုမစိုက်အားပါဘူး။
ငါ့မှာပါလာတဲ့ ယုံကြည်ချက်တခုနဲ့……
လောကရဲ့ စေညွှန်ရာကိုကြည့်…ခပ်သဲ့သဲ့ခြေသံတွေ မကြားမချင်းရယ်ပေါ့။

Read Users' Comments (2)

အင်္ကျီအသစ်နဲ့ဘလော့လေး

ဟဲလိုအားလုံး မင်္ဂလာပါ။ ကျွန်တော့်ဘလော့လေးကို အင်္ကျီအသစ်လေး ၀တ်ပေးလိုက်ပါတယ်။ ဘလော့လေးကို ကျွန်တော့်စိတ်တိုင်းကျ စိတ်ရှည်လက်ရှည် လုပ်ပေးသော ကျွန်တော့်အမ မမဘာညာကို ဦးစွာကျေးဇူးတင်ပါရစေ။ ဘလော့ပိတ်ထားစဉ်အတွင်း ဆီဗုံးလေးမှာ အော်ခဲ့သူကော တိုးတိုးတိတ်တိတ်လေး လာကြည့်သွားသူတွေကော ကျေးဇူးပါ..။ ကဲဘလော့ရီဒါများဖတ်ဖို့ ကျွန်တော်နှလုံးသားဖြင့် အဆင်သင့် ပြုလုပ်ထားသော စာပေအဟာရများကို ဆက်လက်ပြီးလွတ်လပ်စွာ သုံးဆောင်နိုင်ကြပါပြီဆိုတဲ့ အကြောင်းသတင်းကောင်းလေးပါးပါရစေ။ (ဟီး ဘယ်သူအားပေးလဲတော့သိဘူး ကိုယ့်ဟာကိုယ်တော့ သိပ်ဟုတ်နေတာပဲ :P )

Read Users' Comments (0)

သူငယ်ချင်းတစ်ယောက်အကြောင်း

သူငယ်ချင်းအကြောင်းကို သယ်ရင်း အိုကိဆုက ထပ်တက်ပါတယ်..။ သူငယ်ချင်း ဆိုရင် ကျွန်တော်က အပေါင်းအသင်းမင်တတ်တဲ့သူဆိုတော့ ကျွန်တော့်သက်တမ်းတလျှောက်မှာ ခင်ရတဲ့ သူငယ်ချင်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်က လူတိုင်းနဲ့တည့်အောင်ပေါင်းတော့ အပေါင်းအသင်းများတာ မဆန်းပါဘူး။ ပေါင်းကြည့်ရင် သိပါလိမ့်မယ်.. :D ။


ကျွန်တော့် ဘ၀မှာ အခင်ရဆုံး အခုထိလဲခင်တုန်းခင်ဆဲ သူငယ်ချင်းတစ်ယောက်ရှိပါတယ်..။ အမှန်တော့ သူငယ်ချင်းဆိုတာထက် ညီအကိုလို မိတ်ဆွေကောင်းတစ်ယောက်လို ဆိုပိုမှန်လိမ့်မယ်ထင်ပါတယ်..။ ကျွန်တော်သူ့ကို ဒီပလိုမာသင်တန်း တစ်ခုမှာသိခဲ့တာပါ..။ ပေါင်းမိပုံကလဲ ရီရတယ် ကျွန်တော့်လို အူကြောင်ကြောင် ပေါက်ကရလုပ်တဲ့လူမျိုးမို့ ပေါင်းမိတာပါ..။ မိန်းထဲမှာတက်ရတဲ့ ဒီပလိုမာသင်တန်းမှာတုန်းက ဘယ်လောက်ထိ ပေါက်ကရနိုင်လဲဆိုရင် ဇင်ယော်မောင်မောင်က နိုင်ငံတော်ကားတစ်ခုကို လာရိုက်တယ်..။ မင်းသမီးက သက်မွန်မြင့်ထင်တယ်.။ မင်းသားတွေက လူမင်း ထင်တယ်..။ အဲဒိမှာ ကျွန်တော်တို့ ၂ယောက်က ဇာတ်ကားရိုက်နေတဲ့ နားမှာ သွားအုံကြည့်နေတဲ့ အတန်းလစ်လာတဲ့ PhD ကျောင်းသား ဆရာမ ပေါက်စတွေနားကို သွားပြီး PhD ကျောင်းသားများ ရုပ်ရှင်အကြောင်း စာတမ်းတင်ပါမယ် ဘာညာဆိုပြီး ပေါက်ကရသွားအော်တယ်..။ ဟီး။ အတန်းထဲမှာလဲ နှစ်ယောက်သား နပန်းလုံးလိုလုံး မကြီးမငယ်နဲ့ အတန်းထဲမှာ ရုပ်ရှင် ဖွက်တိုင်းဆော့လိုဆော့။ ပေါက်ကရလုပ်တဲ့ နေရာမှာ အတွဲတော်တော်ညီတယ်..။ အဲသူက ပေါက်ကရသာလုပ်နေပေမယ့် တကယ့်လူတော် တစ်ယောက်ဖြစ်ပါတယ်။ (ကျွန်တော့်လို ငပျင်းတော့ မဟုတ်ဘူး :P) သူတော်တာက ပေါင်းသင်းဆက်ဆံရေးရယ်၊ ပြီးတော့ သိုင်းပေါင်းစုံကစားတတ်တယ်..။ တကယ်ပြောတာပါ..။ သူက ကရာတေး ခါးပတ်နက်၊ အာခိဒို ခါးပတ်နက်(နည်းပြ)၊ မြန်မာ့လက်ဝှေ့၊ အားပါးအကုန်တတ်တယ်။ တတ်တဲ့ဟာတိုင်း ပါချီပါချက် မဟုတ်ဘူး။ တကယ်ကို ကျွမ်းကျင်တာ..။ တကယ်တမ်း အတွင်းသိမှ သူ့ကောင်းကွက်တွေသိတာ.. မသိတဲ့လူဆိုရင် ခပ်ကြောင်ကြောင်ကောင်ပဲ။ စာအုပ်စာပေနှံ့စပ်တာလဲ စာအုပ်တွေကို ၀ါးစားသလား မှတ်ရတယ်။ စာမျက်နှာက အစ အကုန် အလွတ်ရနေတယ်..။


ကျွန်တော်တို့ သင်တန်းပြီးသွားပေမယ့် ဆက်ပေါင်းဖြစ်ခဲ့တယ်..။ ကျွန်တော့် စိတ်လေ ဂလေရိုက်တဲ့ ချိန်တွေမှာဆို သူက အမြဲအားပေးတယ်..။ သူနဲ့စကားတခါ ပြောလိုက်ရရင် တက်ကြွလာတယ်..။ ကျွန်တော့်ထက် အသက် ပိုကြီးပေမယ့် လူငယ်ဆိုရင် လူငယ်လိုပေါင်းတတ်ပြီး လူကြီးဆိုရင်လဲ တကယ့်ဒိတ်ဒိတ်ကြဲ အဖိုးကြီးများကိုလဲ ပေါင်းပါတယ်။ (သူပေါင်းတဲ့ အဖိုးကြီးများထဲမှာ စာရေးဆရာ ကြီးတွေလဲပါပါတယ်။) ကျွန်တော်သူနဲ့ ပတ်သက်လို့ မှတ်မှတ်ရရ အရှိဆုံးက သူလက်ဝှေ့ ပွဲမှာ လက်ဝှေ့ထိုးပြီး ပွဲပြီးတဲ့ချိန်မှာ သူပွဲကြည့်စင်ပေါ်မှာ တင်းထားသမျှ ကျွန်တော့် ကိုလဲတွေ့ကော တကိုယ်လုံး ပစ်လှဲပြီးဟိုက်သွားတယ်။ နောက်တကြိမ်က သူထောင်ကျလောက်တဲ့ ငွေကြေးကိစ္စဖြစ်တော့ ကျွန်တော့်လက်ကို ဆုပ်ပြီးပြောတဲ့ စကား ကျွန်တော်ခုထိ မမေ့သေးဘူး။ ဟေ့ရောင် ငါတခုခုဖြစ်သွားရင် ငါ့အမေနဲ့ ငါ့ညီလေးကို မင်းကိုစောင့်ရှောက်ပေးဖို့ အပ်ခဲ့မယ်ကွာတဲ့။ ကျွန်တော် ကြားကြားချင်း အရမ်းစိတ်ထိခိုက်သွားတယ်။ ကျွန်တော်သူ ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းခဲ့တယ်။ တော်သေးတယ် သူကိစ္စ အကျယ်အကျယ် ဖြစ်မသွားလိုက်ဘူး။ လောကမှာ အပေါင်းအသင်း မိတ်ဆွေမရှားပါဘူး ဒါပေမယ့် မိတ်ကောင်းဆွေကောင်းကတော့ တကယ်ရှားပါတယ်။ ကျွန်တော်ပေါင်းလာတဲ့ထဲမှာ ကိုယ်ကယုံကြည်ရတဲ့ လူတွေက နောက်ပိုင်းကျတော့ နောက်ကျော ဒါးနဲ့ထိုးသွားတဲ့လူတွေ မနည်းဘူး။ ကျွန်တော်သိသော ကျွန်တော်ခင်သော သူငယ်ချင်းကတော့ သူအစားကောင်းစားရရင် မမေ့ဘူး။ သူစာအုပ်ကောင်းတခုတွေ့ရင် စာအုပ်ကြိုက်တတ်တဲ့ ၀ါသနာတူကျွန်တော့်ဆီ ဖုန်းဆက်အကြောင်းကြားနေကျ။ ကျွန်တော်လိုချင်တဲ့ စာအုပ်ဆို မရမက လိုက်ရှာပေးနေကျ၊ ကျွန်တော် မဟုတ်တာတွေလုပ်နေရင် ဆူပူသတိပေးနေကျ သူငယ်ချင်းဟာ ကျွန်တော့်ဘ၀မှာ အခင်မင်ရဆုံးနဲ့ အားအကိုးဆုံး သူ့အတွက်ဆို ဘာမဆို လုပ်ပေးဖို့ ဆုံးဖြတ်ထားလောက်အောင် ကျွန်တော့် အပေါ်အကောင်းဆုံးသူငယ်ချင်း ဖြစ်ပါကြောင်း....။

Read Users' Comments (0)

အချစ်အကြောင်း

ကျွန်တော့်ကို အချစ်နဲ့ပတ်သက်တဲ့ အကြောင်းကို ကိုဝေနဲ့ သယ်ရင်းဆု တို့တက်လာပါတယ်။ ကြွေးကျန်များ ရှင်းမယ်ရှင်းမယ်နဲ့ ခုမှစာမေးပွဲပြီးတော့ (ဒါတောင် အပြင်ကျောင်းက စာမေးပွဲဖြေနေရသေးတယ် ယတိပြတ်ပြီးသေးတာဟုတ်ဘူး) တက်ကြွေးတွေက မနည်းမနောပါပဲ။ ခုဒီပို့စ်ရေးမလို့ လုပ်တုန်း ဆီဗုံးမှာကိုပီကေက တက်ထားတယ် လာပြောပြန်တော့ အားပါးပါးတက်ကြွေးတွေ မြန်မြန်ရှင်းမှ ဖြစ်တော့မှာပဲဆိုပြီး ရေးတာပါ...။ ကဲအစက ပြန်ကောက်ရရင် ကိုဝေတက်တဲ့ အချစ်အကြောင်းက အချစ်ဟောင်းသို့ အိတ်ဖွင့်ပေးစာဆိုပဲ။ ဒါသက်သက်ကျပ်တာလို့ ထင်တယ်...ဟတ်ဟတ်။ သယ်ရင်းဆု တက်တဲ့အကြောင်းကတော့ အချစ်အကြောင်းလို့ ခေါင်းစဉ်တက်ထားပါတယ်..။ အဲဒိတော့ ကိုဝေရဲ့ အချစ်ဟောင်း အိတ်ဖွင့်ပေးစာနဲ့ သယ်ရင်းအိုကိဆုရဲ့ အချစ်အကြောင်းကို ပေါင်းရေးလိုက်ပါတယ်..။ ကဲကဝေရေ... နားလည်ပေးပါကွာ..ရေးပြီနော်..။ :)


အချစ်အကြောင်းကို စပြောရင် ကျွန်တော်ဘာသိလဲ ဆိုရင် ကျွန်တော်အချစ်နဲ့ ပတ်သက်လို့ ရင်ခုန်ခဲ့ဖူးတဲ့ ကောင်မလေးမျိုး လက်ချိုးရေတွက်လို့ရ သလောက်ပဲရှိပါတယ်။ ပြီးတော့ကျွန်တော်ဆိုတဲ့ ကောင်က one side သာများပါတယ်.။ ပြီးတော့ ပိုးဟပ် (သို့) ချိန်ပါလေ..ဟတ်ဟတ်။ တခြားနေရာမှာသာ ခြေသွက်လက်သွက်ရှိချင်ရှိမယ် အချစ်နဲ့ပတ်သက်လာရင် ကျွန်တော်သူငယ်နှပ်စားပါပဲလို့ အတိအလင်း ၀န်ခံပါရစေ။ ကျွန်တော်က ကျွန်တော့်အချိန်တွေ တော်တော်များများကို သူငယ်ချင်းတွေနဲ့ ပျော်ပါးလျှောက်သွားရင်း ကုန်ဆုံးပစ်တာသာ များပါတယ်..။ ငယ်ငယ်ကလေးကတည်းက ပေါင်းလာတဲ့ ကောင်တွေရှိပါတယ်..။ ဒီကောင်တွေ ကိုးတန်း ဆယ်တန်းလောက်ထဲက စွံနေကြတဲ့ အချိန်မှာ ကျွန်တော်က သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့လို့ကောင်းတုန်း၊ ရပ်ကွက်ထဲက ချာတိတ်တွေနဲ့ ကိုးတန်း ဆယ်တန်းအရွယ် ကြီးကောင်ကြီးမား အထိဂေါ်လီရိုက်ကောင်းတုန်း၊ ကျောက်ဒိုးပြစ်တုန်း၊ မိုးရေတွေထဲမှာ ပေတလူးနေအောင် ဘောလုံးကန်ကောင်းတုန်းပါပဲ။ တက္ကသိုလ်တက်တော့လဲ အချိုးပြောင်းမလာပါဘူး။ ဒီတိုင်းပါပဲ။ ဂိမ်းဆော့တယ်..။ ဘောလုံး ပိုက်ဆံကြေးချိန်းကန်တယ်..။ ကျောင်းမှာသူများတကာတွေ အတွဲတွေနဲ့ အတန်းလစ်ပြီး ကန်တင်းမှာ လာကြူနေကြတဲ့အချိန်မှာ ကျွန်တော်မျိုးကြီးမှာတော့ ဂစ်တာတစ်လုံးနဲ့ ဒေါင်ဒေါင်ဒင်ဒင်ခေါက်လို့ကောင်းနေတယ်လေ..။ ကျွန်တော်က လုပ်ချင်တာလုပ်နေရရင် ပျော်နေတတ်တဲ့ ကလေးစိတ်မကုန်သေးတဲ့ ကောင်မျိုးပါ။ ကျွန်တော် မချစ်ခဲ့ဖူးဘူးလားဆိုတော့ ချစ်ခဲ့ဖူးပါတယ်..။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပထမဆုံးချစ်ကြည့်တဲ့ အခါမှာပဲ ကျွန်တော့်ကို ဒဏ်ရာတွေ တပွေ့တပိုက်ရလိုက်တယ်..။ အားပါး ကျွန်တော် အချစ်ဆိုတာကြီးကို ကြောက်သွားတယ်ဗျာ..။ တကယ်ပါ..။ (အဟတ် ဒီနေရာမှာ ကိုဝေရေးခိုင်းတာနဲ့ နဲနဲတိုက်ဆိုင်သွားမယ်ထင်တယ်နော်..။) အဲဒါကြောင့်ပြောတာပေါ့ ကျွန်တော့်အတွက် အချစ်ဟောင်းဆိုတာ ဘာမှရေးစရာ မရှိပါဘူးဆို..။ :) အဟတ် ဒါပေမယ့် ဒါပေမယ့်ပေါ့ဗျာ..။ ကျွန်တော် ၂၂နှစ်ပြည့်လုပြည့်ခါနီးလေးမှာပဲ ဘုရားသခင် ပေးတဲ့ မွေးနေ့လက်ဆောင် ဧဒင်သူလေး တစ်ယောက်ရလိုက်တယ် ဆိုရင်ယုံမလား။ ကျွန်တော့်ဘ၀မှာ နောက်ကျမှတွေ့ခဲ့ရပေမယ့် တကယ်ရင်ဘတ်ထဲက ချစ်ရတဲ့ ကောင်မလေးတစ်ယောက်ပါဗျာ..။ ပိုတယ်လို့တော့ မထင်ပါနဲ့ ကျွန်တော် အဲဒိကောင်မလေးကို ဘယ်လောက်ချစ်လဲဆိုရင် တနေ့ မတွေ့လိုက်ရရင် မနေနိုင်လောက်အောင် ကို တုန်နေအောင် ချစ်တယ်ဗျာ..။ ကျွန်တော့်ဘ၀မှာ ပထမဦးဆုံး ကျွန်တော်တောင်းတဲ့ အဖြေ ကျွန်တော် လိုချင်တောင့်တတဲ့ အဖြေကို ပေးတဲ့ ချစ်စရာအလွန်ကောင်းတဲ့ ကောင်မလေးပဲဖြစ်ပါတယ်..။ ကျွန်တော် အဲဒိကောင်မလေးကို ချစ်မိတဲ့နေ့က စပြီး ကျွန်တော့် အိပ်ယာက နိုးလာသလိုပဲ အားလုံးလန်းဆန်းတက်ကြွလာတယ်..။ ဘ၀မှာနေထိုင်ရတာ အဓိပ္ပါယ်ရှိသွားတယ်..တကယ်ပါဗျာ..။ ဘာလုပ်လုပ် ကောင်မလေးအငွေ့အသက်တွေ လွှမ်းနေတယ်...။ ပျော်လိုက်တာ..။ ကျွန်တော့်လောက် ချစ်တဲ့သူ မရှိသလို သူ့လောက်ကျွန်တော့် ကိုချစ်တဲ့သူ မရှိသေးဘူးထင်တယ်..။ တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်ကတောင် အပျောက်မခံနိုင်ကြပါဘူး။ ပြောရင်ယုံမလား ကျွန်တော့်နဲ့ ကျွန်တော့်ကောင်မလေးက အဝေးဆုံးမှာ ရှိပေမယ့် ရင်ခုန်သံက နီးကြပါတယ်..။ အော် ကျွန်မသားလေး ဒီအရွယ်ထိ ရည်းစားမထားသေးဘူးလို့ ပြောပြောတတ်တဲ့ မေမေတစ်ယောက်သိရင် ဘာပြောမလဲတော့ မသိပါဘူး။ ဟီး သယ်ရင်းအိုကီဆုပြောသလိုပဲ ကျေးဇူးပြု၍ မေမေ့ကိုတော့ ပြန်မတိုင်ကြနဲ့အုံးနော်.. ဟတ်ဟတ်..။ ချစ်တယ်...ကောင်မလေးရယ်.... အဲလေ...ဘရိတ်အုပ်တော့မှပဲ..။
အချစ်အကြောင်းကတော့ ဒီမျှလောက်ပဲပေါ့နော်..။ နောက်မှ ကြုံရင် ထပ်ပြောပြမယ်သိလား... :D

Read Users' Comments (0)

နံရိုး တချောင်း၊ ဧဒင်သူနှင့် ကျွန်တော်၏ နိုဝင်ဘာ ကဗျာ…

ပြည်တွင်းဖြစ် နှလုံးသားနဲ့
နီဟွန်ရောက် ကောင်မလေးကို ချစ်တယ်…
မိုင်ပေါင်း ၂၉၇၂ မိုင်နဲ့ ၂နာရီခွဲခြားနေပေမယ့်
ကျွန်တော်တို့ ရဲ့ ရင်ခုန်သံက အနီးဆုံးမှာ ရှိတယ်..
ကျွန်တော် သူ့ကို ချစ်တဲ့ အကြောင်း
ခါကာဘိုရာဇီတောင်ကြီး သက်သေပြုနိုင်သလို…
သူ ကျွန်တော့်ကို ချစ်တဲ့ အကြောင်း…
ဖူဂျီတောင်ကြီးက သက်သေပြုပေးလိမ့်မယ်…
ရန်ကုန်မှာ သာတဲ့လဟာ တိုကျိုမှာ သာတဲ့လ နဲ့
အတူတူပဲမို့….ကျွန်တော်တို့၂ယောက် ရဲ့…
အချစ်တွေက တိုက်ရိုက် အချိုးညီကြတယ်…

ချစ်စရာကောင်းတဲ့ သူအပြုံးလေးတွေနဲ့
တစ်ညတာအိပ်ဆက်ခဲ့ရပြီး
မနက်မိုးလင်းလာရင် မျက်စိဖွင့်လိုက်တာနဲ့
အရင်တွေ့ရတဲ့ သူရဲ့ရဲကျဲပုံရေးလေးကို
မြင်ယောင်ရင်း ငါ့စိတ်တွေက
တို့နှစ်ယောက်ချိန်းတွေ့နေကျ
ကောင်ကင်ကြီးပေါ်ကို လွင့်မျောသွားခဲ့တယ်။
ငါတို့တွေရဲ့ဘယ်တော့မှ မပြောမဲ့
စကားလုံးသေတွေထဲမှာ…
မုန်းတယ်နဲ့ ဆာယိုနာယာတွေလဲ..ပါရဲ့….။

ရာဇ၀င်ထဲက
ကလီယိုပတ်ထရာ၊ မဏိစန္နာတို့ လှမလှ
မသိပေမယ့်…
ကျွန်တော့် ကောင်မလေး ချစ်စရာကောင်းလောက်အောင်
လှတဲ့ အကြောင်းကို တော့
ကျွန်တော်သိတယ်….။

ရင်ဘတ်တခုထဲနဲ့ သွန်းဆစ်ကြတဲ့ အိမ်လေးဟာ…
ဆောက်လက်စပေမယ့်…
အကြွင်းမဲ့ ခိုင်ခန့် တည်တယ်….
နှစ်ယောက်ထဲရှိတဲ့ ကမ္ဘာဟာ.. ငြိမ်ဆိတ်..
ထွန်းအံ့လို့ပေါ့…

တို့နှစ်ယောက်လျှောက်မယ့် လမ်းထဲမနာလိုသူတွေ
ပိတ်ပင်တားဆီးပြီး
မီးပင်လယ်ကြီးဖြန့်ခင်းထားပါစေ
ငါတို့ရွက်တွေ လွှင့်လို့လှော်ခတ်ကြမယ်။
တစ်ကယ်လို့ ငါတို့ လျှောက်မဲ့လမ်းထဲဆူတွေခင်း
ထားခဲ့ရင်တောင် ငါတို့ လက်တွေတွဲရင်း
ရဲရဲကြီး နင်းဖြတ်လျှောက်သွားကြမယ်…။

ဘယ်တော့မှ မပြယ်တဲ့အချစ်တွေနဲ့ ငါတို့ ၂ယောက်ဟာ..
နေ့နဲ့ညလိုပေါင်းမှ တနေ့ဖြစ်လာရတယ်….။
ငါတို့ရဲ့ အချစ်တွေက တောင်တန်းကြီး ပမာ
တည်ခန့်နေတယ်…။
ဘာအရောင်မှ မပါတဲ့ ငါတို့ နှလုံးအိမ်ထဲက
စစ်မှန်တဲ့ ချစ်ခြင်းတွေနဲ့ ငါတို့ နေ့သစ်တွေ
ခြယ်မှုန်းနေကြတယ်..။

ငါတို့ ရင်ထဲက ရင်ခုန်သံတွေက စကားလုံးတွေထက်..
ပိုခဲ့တာမို့ ……
ချစ်သူရေ…..
ချစ်တယ်ဆိုတာ….ထက် ပို၍ချစ်……….တယ်….။


(ဒီကဗျာလေးက ကျွန်တော် နှင့် ကျွန်တော့် ကောင်မလေးရဲ့ အွန်လိုင်းဗားရှင်း ကဗျာလေးပါ...:) )

Read Users' Comments (0)

အောက်တန်းကျသောသူ

ကျွန်တော် ဒီကိစ္စကို ဘလော့ပေါ်မှာ အချိန်ကုန်ခံပြီး မရေးဘူးလို့ ဆုံးဖြတ်ထားပါတယ်...။ ခုတော့ မရေးလို့ မဖြစ်တော့ဘူးဗျာ..။ ၀မ်းနည်းစရာကောင်းတာက မမဘာညာ တစ်ယောက် ဘလော့ကို ဖျက်ပြစ်မလို့တဲ့...။ ကျွန်တော့် ကြားကြားခြင်း တအားအံ့သြသွားတယ်ဗျာ...။ ဒီလောက်ဖြစ်သွားလိမ့်မယ် မထင်ဘူး။ အခုတလောကမှ ဘယ်က ကလေက၀ ကောင်မှန်းမသိ မဘာညာ ဘလော့က ဆီဗုံးကို ခဏခဏတိုက်ခိုက်ပါတယ်..။ ဆီဗုံးပေါ်မှာ မကြာခဏ ဆဲရေးတိုင်းထွာလိုက် မကြားဝံ့မနာသာတွေ လာရေးလိုက်။ မဟုတ်က ဟုတ်က ပုံတွေ လင့်ခ်ပေးသွားလိုက်လုပ်နေပါတယ်..။ တချို့သော မိန်းကလေး ဘလော့ကာများဆီကိုလဲ သွားရေးပါတယ်..။ တော်တော် အောက်တန်းကျပြီး ယုတ်မာ တဲ့ မျိုးမစစ်ကောင်ဖြစ်ပါတယ်..။ အင်တာနက်မှာ လူမမြင်ရဘူးဆိုပြီး ထင်တိုင်းလုပ်လို့ရမယ် လို့ထင်သော ခပ်ညံ့ညံ့ အတွေးနဲ့ ကောင်ဖြစ်ပါတယ်..။ အေး မင်းတို့လို အောက်တန်းစား တွေထင်တိုင်းလုပ်ဖို့ အင်တာနက်ဖြစ်လာတာ မဟုတ်ဘူး သိလား..။ ငါတို့ဘလော့ရေးနေတာ မင်းထက် အများကြီး သာတဲ့ အတွေးအခေါ်ရှိလို့ရေးနေတာ..။ မင်းမကျေနပ်လို့ ငါ့လာဆဲကွာ မင်းလုပ်နိုင်တာ ဆီဗုံးမှာ လာအော်ရုံပဲပေါ့.။ မင်းအော်လို့ သေသွားကွာ.. သောက်ဂရုစိုက်စရာ အကြောင်း မဟုတ်ဘူး..။ ပုဆိုးခြုံကြားထဲက လက်သီးပုန်းပြတဲ့ကောင်ပါကွာ..။ မင်းကို မင်းအမေက ဒီလို အောက်တန်းကျဖို့ပဲ မွေးထားပုံရတယ်..။ ဟုတ်မှာပေါ့.. အောက်တန်းစား အသိုင်းအ၀ိုင်းက လာတဲ့ကောင် အောက်တန်းစား အတွေးမျိုးပဲရှိမှာပေါ့..။ အင်တာနက်ကို မဟုတ်တာတွေ လုပ်ရုံလောက်ပဲ တတ်ပုံရတယ် ဟားဟား ဟား ရီရတယ်ကွာ..။ တော်တော် ဥာဏ်တိမ်တဲ့ကောင်ပဲ....။ အေး မင်းသတ္တိရှိရင် မေးလ်ပို့လိုက်ကွာ...။ ဂျီတော့ထဲက ပြောမယ်..။ ဒီထက်မှ မင်းက သွေးရှိသေးတယ်ဆို လာခဲ့ရတယ် ဟေ့ရောင် ငါရန်ကုန်မှာ နေတယ်..။ မင်းကြိုက်တဲ့နေရာပြော ငါလာခဲ့မယ်...။
(ငါ ဒီပို့စ်ရေးရတာတောင် ငါ့ဘလော့ ညစ်ပတ်သေးတယ်)

မှတ်ချက်။ ။ ဘလော့လာဖတ်သူများ အားလုံး ဒီပို့စ် အတွက် ကျနော် တောင်းပန်ပါတယ်.. နားလည်ပေးကြပါ..။

Read Users' Comments (3)

ထွက်နေပါပြီ..

ရေးရတာတောင် နဲနဲနောက်ကျနေပြီလား မသိ။ ဘလောက်ကာတိုင်း ဖတ်သင့်တဲ့ ဘလောက်တိုင်း ဂျာနယ် အတွဲ ၃ ထွက်ပြီနော်...။ သိပြီး သူများကော မသိသေးသူများပါ.. တစရ အကုန်ဖွတဲ့ ဘလောက်တိုင်းမှာ နောင်များ မှာ ပါချင်ရင်ဖြင့် မိမိ၏ အတွင်းရေး များအား ကိုယ်ပေါင်ကိုယ်လှန်ထောင်းခြင်းအားဖြင့် မောင်ပွတ်ဆီသို့ သတင်းပေးပို့ နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ဟိဟိ။
ဖတ်ချင်ရင် ဒီမှာဗျို့

Read Users' Comments (0)

ရန်ကုန်ဆောင်း

ပြတင်းပေါက် ဘောင်တွေ ကြားထဲက..
တိုးခတ်လာတဲ့ လေအေးတွေက..
အခန်းပြင်တခုလုံးကို စိမ့်နေစေတယ်...
နှင်းခိုးတွေ ပေကျံနေတဲ့..
မှန်တံခါးချပ်တွေကို ကျော်လွန်ဖို့..
စိတ်ကူးတွေက တွန့်ဆုတ်နေကြတယ်...။
မျက်နှာကျက် မီးချောင်းပေါ်က
အလင်းဖွေးတွေက ငုတ်တုတ်ထိုင်နေတဲ့ ကိုယ်ပေါ်
(အလိုက်ကန်းဆိုးမဲ့စွာ)
သွန်းလောင်းနေကြတယ်..။
ဝန်းကျင်တခုလုံး လုံခြုံအောင် ကွေးနေချိန်မှာ...
ကိုယ်ကတော့ လက်ဖျားအေးလေးတွေနဲ့..
ချစ်သူဓာတ်ပုံကို ထုတ်ထုတ် ကြည့်တာ..
အကြိမ်ပေါင်း ၆၀၀ မကတော့ဘူး..။
ဝရံတာဘက်ထွက်ပြီး... လရိပ်ခိုနေလိုက်ရဲ့....
သစ်ပင်ရဲ့ လက်တံဖားတွေ ပေါ်က...
ကျတဲ့ နှင်းစက်တွေက ခေါင်မိုးစွန်းပေါ်....
သံစဉ်တခုအလား တီးခတ်နေကြတယ်....။
အိမ်ရှေ့လမ်းမ ရှည်ရှည်ကတော့...
ဘာသိဘာသာပါပဲ..။
ဒီလိုနဲ့....
အေးလွန်းတဲ့ ဆောင်းဒဏ်ကြောင့်..
ဟပ်ချိုးတချက် ချေရင်း..
အခန်းပြင်ထဲ ခပ်ကုပ်ကုပ်နဲ့ ပြန်ကျုံ့ဝင်ခဲ့ရ.....

အိပ်မောကျသံတွေကြားထဲ...
ငုတ်တုတ်ထိုင်ရင်း...
အလွမ်းတွေကို စောင်ထူထူ ပြန်ပတ်ထားရင်းနဲ့ပေါ့.....။

Read Users' Comments (1)comments

ဝေး စာမေးပွဲပြီးပြီ ဗျို့

ဟေးဟေး စာမေးပွဲကြီး ပြီးပြီဗျာ..။ ပျော်လိုက်တာ...။ပြောမနေပါနဲ့။ အွန်လိုင်းနဲ့ ဝေးနေတဲ့ ရက်တွေမှာ.. သယ်ရင်းတွေကို လွမ်းတယ်ဗျာ..။ ဟတ်ဟတ် ပြီးတော့ ကျနော့ ကောင်မလေးကို လဲ လွမ်းတယ်...။ ဘာပဲပြောပြော.. သူငယ်တန်းကနေ သင်လာလိုက်ရတဲ့ ပညာရေးကြီး ခုမှပဲပြီးနိုင်တော့တယ်။ လူကခုမှပေါ့သွားတာပဲ။ ဘလော့စွဲတဲ့စိတ်က ဘယ်လောက်ဆိုးတယ်မှတ်လဲ စာကျက်နေရင်းတောင် ဘလော့မှာ ရေးမယ့် အကြောင်းတွေ စဉ်းစားမိသေးတယ်...ဟိ။ စာမေးပွဲတွင်း သူများတကာတွေ သေအောင် ကျက်နေတဲ့ ချိန်မှာ ကျွန်တော်မျိုး မင်းယွန်းသစ်မှာ ကဗျာသုံးပုဒ်ထွက်ပါတယ်... ဟတ်ဟတ်။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ.. တခုတော့ပေါ့သွားတာပေါ့..။ ကဲကဲ တိုလီမုတ်စ များ ဆက်ရေးပါမယ်..။ အဲပြောစရာကျန်သေးတယ်....။ မေ့သွားလို့ ကျွန်တော် စာမေးပွဲရက် အတွင်း အွန်လိုင်းပေါ်ကနေ စိတ်ပူပေးသော ဂရုစိုက်ပေးသော ကျွန်တော့်ကို စာသွားကျက်ရန် အွန်လိုင်းကနေ ဆုံးမပေးကြသော ကျွန်တော် ချစ်တဲ့ အမများ ဖြစ်ကြသော အမဘာညာ၊ မမဒီမို နဲ့ မမ မိုးချစ်သူတို့ကိုလဲ ကျေးဇူးအထူးတင်ပါတယ်..လို့..။ အားလုံး ကျွန်တော့်ရဲ့ ဘလာရီဒေါက်များလဲ မင်္ဂလာပါ.. ကျွန်တော် အရှင်လတ်လတ် ပြန်လာပါပြီ ဟီး။ :D

Read Users' Comments (2)

ဖြောင့်ချက်

အကယ်၍ အချစ်က မင်းကို
ပြစ်ဒဏ်ပေးရင် မင်းဘာလုပ်မလဲ။

အဲဒိပြစ်ဒဏ်အတွက် ဘာမှ စောဒက မတက်ပဲ ခံလိုက်ပါ့မယ်။

အကယ်၍ အချစ်က မင်းကို ငြီးငွေ့သွားလို့...
ပစ်ပယ်သွားခဲ့ရင် မင်းဘာလုပ်မလဲ။

သူရဲ့ငြီးငွေ့ရမှု အတွက် ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုလို့ ခံယူပါ့မယ်။

အကယ်၍ အချစ်က မင်းကို မုန်းသွားရင် မင်း ဘာလုပ်မလဲ..။

သူစိတ်ကျေနပ်စေဖို့ ကျွန်တော် အမုန်းခံလိုက်ပါ့မယ်။

အကယ်၍ အချစ်က မင်းရဲ့အဝေးကို
ထွက်ခွာသွားရင် မင်းဘာလုပ်မလဲ..။

သူပျော်မယ်ဆိုရင် အဲဒိစွန့်ခွာမှုအတွက် ကျွန်တော် ခံယူပါ့မယ်။

အကယ်၍ အချစ်က သူ့ကို မချစ်ခိုင်းတော့ရင် မင်းဘာလုပ်မလဲ။

ကျွန်တော် ငြင်းပါ့မယ်..။

မင်းရဲ့ ငြင်းဆန်မှုကို အချစ်က လက်မခံရင် မင်းဘာလုပ်မလဲ..။

ကျွန်တော်..........
............သေလိုက်ပါ့မယ်...............။
..................................................

Read Users' Comments (0)

မဖြေနိုင်ခြင်း

အိပ်ရေးကပျက် ပြူးပြဲကျက်ထားတဲ့..
စာတွေ တကယ်ချရေးတော့
ဘာတစ်ခုမှ ထွက်မလာဘူး.....
သူများတကာ တွေ တစ်နှစ်စာကို..
တစ်ရက်ထဲနဲ့ ကျက်တဲ့ ..
အွန်လိုင်း ကျောင်းတော်သားကြီး...
ကျွန်တော်ပေါ့...
ကျီးမနိုးပွဲမှာ.. ငါကျက်ထားတဲ့..
ခေါင်းထဲက စာတွေ...
ဘယ်ကောင် ....
နောက်တီးနောက်တောက်..ခိုးယူသွားလဲ...
ကဲ....ပြောစမ်း.....။

Read Users' Comments (1)comments

နိုဝင်ဘာလွမ်းတေး

ပြတင်းပေါက်ကို ဖွင့်ကြည့်တော့
မြူနှင်းတွေက တိုးတိုးတိတ်တိတ် လွင့်ကျနေတယ်...
ကောင်းကင်ကြီးထဲက. ၀ိုးတ၀ါးနဲ့ ကြယ်လေးတွေ ...
မှိတ်တုပ်လေးတွေနဲ့ အိပ်မောကျနေကြပေါ့....
ဘယ်ချိန်ဆုံရမယ်မှန်း မသိတဲ့ ကောင်မလေးကို...
တွေးကြည့်ရင်း... ဆောင်းလေတွေက အေးစက်စွာ...
ငါ့ရင်ခွင်ကို ရက်စက်စွာ ထိုးခွင်းနေတယ်....
စံတော်ချိန် မတူတဲ့ညတွေထဲ ငါလွမ်းနေတဲ့ ချိန်မှာ ...
မင်းဘာလုပ်နေမှာလဲ...ကောင်မလေးရေ...
အကယ်၍များ ဝေးခဲ့ကြရင်.... ငါ့ကိုချစ်နေအုံးမှာလား...
အကယ်၍များ ငါ့ထက် မင်းအနီးနားမှာ ဂရုစိုက်ပေးမယ့်...
မင်းကို ချစ်တဲ့သူများ ရှိနေခဲ့ရင်.....
ငါ့ကို မေ့ပြီး ချစ်လိုက်နိုင်ပါတယ်.....ကောင်မလေးရေ...
အထီးကျန်ခြင်း တွေ ပေကျံနေတဲ့....
ညလက်တံတွေအောက်... ငါ့ ရင်ခုန်သံတွေ..
ကျီးတီးကြောင်တောင် နိုင်လွန်းတယ်...
ငါ့ဟာ အချစ်ကလွဲပြီး မင်းကို ပေးဆပ်စရာ မရှိသေးသူပါ....
ကောင်မလေးရေ...
မင်းမချစ်တော့ဘူးဆိုရင်လဲ ငါ့ကို မငဲ့ပါနဲ့
လွတ်လပ်စွာ မင်းထွက်သွားနိုင်ပါတယ်....
ငါလေ မင်းကိုချစ်နေရရုံလေးနဲ့တင်...
ကျေ.....နပ်.......နေပါ့မယ်.............။

Read Users' Comments (1)comments

ဆေးပေါင်းခတဲ့ည

ကျွန်တော်တို့အိမ်မှာ တန်ဆောင်မုန်းလပြည့် နေတိုင်း ဆေးပေါင်းခတဲ့ည ဆိုပြီး မယ်ဇလီဖူးသုပ်သုပ်စားကြတယ်။ ဘယ်လောက် အိပ်မောကြနေပစေ တစ်ယောက် စောင့်ပြီ လိုက်နှိုးပေး ရတယ် ည၁၂နာရီထိုးရင်...။ ပြီးရင် ညနေ ထဲက အသင့်လုပ်ထားတဲ့ မယ်ဇလီဖူး သုံးရေလောက် ပြုတ်ထားတာကို ဇလုံထဲမှာ ပုဇွန်ခြောက် နိုင်းဂျင်း(ခပ်များများ)ရယ်၊ငံပြာရည် အချိုမှုန့်၊ ကြက်သွန်နီ ပါးပါးလှီးထားတာတွေကို ရောမွှေပြီးနယ်ပြီးရင် ထမင်းကိုလဲ ဇလုံတခုထဲမှာ ထမင်းတွေပါထည့်ပြီး တယောက်တဇွန်း လုစားကြတယ်ဗျ။ မနေ့ညကလဲ သုပ်စားကြတယ်လေ.။ လက်မနှေးတမ်း လုစားကြတာပျော်ဖို့ ကောင်းတယ်။ စားကြပါအုံးသယ်ရင်းတို့လဲ သပ်သပ် ရပ်ရပ် တော့ မဟုတ်ဘူးဗျ သုပ်ထားပုံက ဟီး အိမ်က လူတွေချည်း လုစားကြတော့ ဘယ်လာ အလှစား ဖြစ်တော့ မလဲ အဟဲ အ၀စားပေါ့ဗျာ...။ :)

Read Users' Comments (0)

၂၂ နှစ်နဲ့ ၁ရက်သား ကျွန်တော်

မွေးနေ့အတွက် မှတ်မှတ်ရရ လာဆုတောင်းပေးကြလို့ ကျေးဇူးတင်ပါတယ်။ စာမေးပွဲအတွင်း မရေးဘူးဆိုပေမယ့် မနေနိုင် မထိုင်နိုင် ရေးလိုက်ပြန်ပါပြီ။ ကျွန်တော့် မွေးနေ့တုန်းက မနက်စောစောထပြီး မေမေ့ခြေထောက်ကို ဦးခိုက်ကန်တော့ ပါတယ်။ မေမေမွေးဖွားပေးခဲ့လို့ လူဖြစ်လာတဲ့ ကျွန်တော်ဟာ သူငယ်ချင်းတွေသိတဲ့ မင်းယွန်းသစ် ဆိုတာ ဖြစ်လာရပါတယ်။ အချိန်တွေကုန်တာ မြန်လွန်းတယ်ဗျာ...။ ကျွန်တော်က နာရီတွေကို မမုန်းပေမယ့်။ အချိန်သည် လူ၏ တန်ဖိုးဆိုတဲ့ စကားတော့ သဘောမကျပါဘူး။ လူ့တန်ဖိုး ဆိုတာ ဘယ်လို အရာကို မှတ်ကျောက်တင်မှန်း ၂၂ နှစ်သား ကျွန်တော် နားမလည်သေးပေမယ့်။ အချိန်တွေဟာ တကယ်တမ်း မရှိတဲ့ ပညတ်ချက်တွေပါပဲ။

အချိန်တွေက နှမြောနေဖို့ မလိုပါဘူး။ ကျွန်တော်တို့ မနှမြောလဲ သူဟာသူနေနေတာပါပဲ။ ကျွန်တော်တို့ ကုန်သွားတဲ့ အချိန်တွေပေါ်သုံးသပ်အုံးမလား။ အဲဒိလို မျိုးအလုပ်က ကျွန်တော့် အတွက်တော့ သိပ်ပျင်းစရာကောင်းနေတာ အမှန်ပဲ။ အရင်က မှားခဲ့တယ် မှန်ခဲ့တယ် ဒါပေမယ့် ဒါတွေက ပြီးခဲ့တဲ့ ကိစ္စ ပဲ။ ဘာမှ လွမ်းနေစရာ မလိုပါဘူး။ ကျွန်တော်တော့ လွမ်းမနေဘူးဗျာ..။ ဘာလို့လဲ ဆိုတော့ ပြန်ပြင်လို့မှ မရတာ..။ မနေ့က ကျွန်တော်နဲ့ ဒီနေ့ ကျွန်တော်တောင် တူချင်မှ တူလိမ့်မှာပေါ့။ စက္ကန့်တိုင်းတောင် မတူပါဘူး။ အခု စက္ကန့်က ကျွန်တော်ဟာ နောက်စက္ကန့်က ကျွန်တော်နဲ့ ကွဲပြားသွားချင်သွားပါလိမ့်မယ်။ ၂၂ နှစ်ပြည့်ပြီးတဲ့ အချိန်တွေမှာ ကျွန်တော် ဘာတွေ ဖြစ်ထွန်းခဲ့လဲ မေးရင်. ဘာမှ မဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ ၂၂ နှစ်မှာ ကျွန်တော် ဒီလိုပဲ နေသာသလို နေခဲ့တာပဲ။ မင်းက လူတော် တစ်ယောက်ဖြစ်ခဲ့လားလို့မေးရင် ဟင့်အင်းလို့ ကျွန်တော် ဖြေရလိမ့်မယ်။ လူတော် တစ်ယောက် လုပ်ရတာ မခက်ပေမယ့် လူတော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ညီအောင် လူချီးမွမ်းခံရအောင် နေရတာ တကယ်တော့ ပင်ပန်းပါတယ်...။ အသက်ကသာ ကြီးလာတာ ကျွန်တော်က ကလေးမဟုတ်တော့ပေမယ့် ကလေး ကြီး ဖြစ်နေသေးတယ်။ ကျွန်တော် လောက အကြောင်း မသိသေးဘူး။ ဟင့်အင်း မသိချင်ပါဘူး။ ကျွန်တော်အိမ်မှာတောင် စိတ်ညစ်စရာ တွေပြောနေရင် အဲဒိ စကားဝိုင်းက ထထွက်ခဲ့တယ်။

ကျွန်တော် စိတ်ညစ်ရတာကို မကြိုက်ဘူး။ ကျွန်တော်တို့ နေထိုင်ရတဲ့ ဘ၀တိုလေးဟာ အမှောင်ထဲ စမ်းတ၀ါးဝါး လျှောက်နေရသလိုပါပဲ။ ဘယ်နေရာမှာ ချောက်ထဲ ပြုတ်ကျသေမယ် မပြောတတ်သေးပါဘူး။ ချောက်ထဲ ပြုတ်ကျမသေသေခင် အမှောင်ထဲမှာ ပျော်ပျော်နေမယ်ဗျာ..။ ကျွန်တော်တို့ လာရောက် တည်းခိုနေတဲ့ လူ့လောကကြီးဟာ ဟိုတယ်အကြီးစားကြီးပါပဲ။ သူ့ ရဲ့ ၀န်ဆောင်မှုက တခါတလေ ကောင်းချင်ကောင်းမယ်။ တခါတလေကျတော့လဲ စိတ်ပျက်စရာ ကောင်းလောက်အောင် ၀န်ဆောင်မှုညံ့နေလိမ့်မယ်။ ကိစ္စ မရှိပါဘူး။ ၀န်ဆောင်မှု မကောင်းတော့တဲ့အခါ သူကောင်းတုန်းကလိုပဲ ဖြည့်တွေးပေးနိုင်ပါတယ်..။ ပြီးတော့လဲ ကိုယ်အပိုင်နေရတာမှ မဟုတ်တာ.။ အချိန်တန်ရင် ထွက်သွားရမှာပဲ။ ကျွန်တော်တို့ ဘယ်နေရာကို မှ တရားသေ မဆုပ်ကိုင် ထားနိုင်ကြပါဘူး။ တချိန်ချိန်မှာ လွှတ်ပစ်ရမှာပါပဲ။ အဲဒိတော့ ဘယ်တော့မှ ပုံစံခွက်ထဲ အသွင်းမခံတဲ့ ကျွန်တော့်စိတ်ဟာ ဒီပုံတိုင်းပဲ နေသာသလိုနေအုံးမှာပါ..။ ကျွန်တော် မပျော်တော့တဲ့ နေ့ ကျွန်တော့် ဘ၀ကို စိတ်ကုန်တဲ့နေ့ဟာ ကျွန်တော်သေတဲ့နေ့ပဲ ဖြစ်လိမ့်မယ်..ထင်တယ်။ ခုတော့ အချိန်တိုင်းပျော်နေသေးတယ်...။ ကဲ၂၂ နှစ်ပြည့်တော့ ဘာလုပ်မလဲလို့ မေးရင် အဖြေက ရှင်းရှင်းလေးပါ..။ ၂၃ နှစ်ပြည့်တာကို သွားရင်းလာရင်း စောင့်ရုံပေါ့..။ ပြီးတော့လဲ ပြီးသွားပါလိမ့်မယ်...။ :)

Read Users' Comments (0)

မွေးနေ့ပွဲကြိုတင်ပြုလုပ်ခြင်း

ကျွန်တော်၏ မွေးနေ့ပွဲလေးအား အကြောင်းကြောင်းကြောင့် ကြိုတင်ပြုလုပ်ဖြစ်သွားပါတယ်။ မွေးနေ့ပွဲကို တစ်လထဲ တူတူမွေးသော အမဘာညာနဲ့ ကျွန်တော်တို့ နှစ်ယောက်ပေါင်းလုပ်ပါမယ်.။ နက်ဖြန် တနင်္လာနေ့ မှာ ရန်ကုန်မြို့ China Town ၁၉ လမ်းတွင် မွေးနေ့ကို ခမ်းနား သိုက်မြိုက် ပျော်ရွှင်စွာ ကျင်းပမည် ဖြစ်ပါ၍ ကမ္ဘာ အရပ်ရပ်မှ မွေးနေ့ပွဲ တက်ရောက်လိုသူများအား ဖိတ်ကြားအပ်ပါသည်။ ;P နိုင်ငံတကာ မှ လာရောက် လိုသော ဘလော့ကာ ဘော်ဘော်များ အနေဖြင့် တနိုင်ငံကို အနည်းဆုံး ၅ ယောက်ရှိရုံဖြင့် လေယာဉ် စင်းလုံးငှား လာကြိုပေးပါမည်။ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပါက ဟယ်လီကော်ပတာ ဖြင့်လာရောက်ကြိုဆိုခြင်း၊ မြို့တွင်းမှ ဖြစ်ပါက မာစီးဒီး ကားဖြင့် လာကြိုပေးခြင်းများ ပြုလုပ်ပေးပါမည်။ မွေးနေ့လက်ဆောင် မပေးခြင်း အထူး လုံးဝ သည်းမခံပါ။ :)
(မှတ်ချက်။ ။ မြန်မာ့ ယဉ်ကျေးမှုနှင့် မလျော်ညီသော သရုပ်ပျက် အ၀တ်အစား ၀တ်ဆင်လာသော အမျိုးသား အမျိုးသမီးများအား အထူးလက်ခံပါသည်။ ဟိဟိ)

နိုင်ငံတကာမှ မြန်မာဘလော့ဂါများအား သွားရောက်ကြိုဆိုရန် ပြင်ဆင်ထားသော Boeing 7 လေယာဉ်ကြီး။ :)

မြန်မာနိုင်ငံအတွင်း နယ်မြို့များမှ ဘလော့ဂါများအား သွားရောက်ကြိုဆိုမည့် ဟယ်လီကော်ပတာများ ;)

မြို့တွင်းမှ သယ်ရင်း ဘလော့ဂါများအား သွားရောက် ကြိုဆိုမည့် Mercedes :)

မွေးနေ့ပွဲသို့ တက်ရောက်လိုသော ကမ္ဘာ အရပ်ရပ်မှ ဘလော့ဂါသယ်ရင်းများ မေးလ်ပို့၍ ဆက်သွယ်နိုင်ပါကြောင်း....။ မပျက်မကွက် လာရောက်ကြစေလိုကြောင်း ဖိတ်မန္တက ပြုလိုက်ရပါသည်။ :D

Read Users' Comments (14)