ပိတ်ဆို့မှုတွေကို ဖွင့်ဖို့ သော့တစ်ချောင်း
Posted in Labels: Guide | Friday, July 10, 2009
Posted in Labels: Guide | Sunday, January 25, 2009
Link : myanmarbooks.ning.com
Posted in Labels: Announcement, Guide | Sunday, November 30, 2008

'A light of dhamma' blog ကိုရေးသားတဲ့ ကျွန်တော်တို့ရဲ့ ဘုန်းဘုန်းဦးကောဝိဒ(မြိတ်) ရဲ့ လိပ်စာ ယခင် www.venkawwida.info မှ ယခု လိပ်စာအသစ် www.venkawwida.net သို့ပြောင်းလဲ လိုက်ပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဘုန်းဘုန်းဘလော့ဂ်ကို ဖတ်ရှုနေကျဖြစ်သော စာဖတ်ပရိသတ် များအနေနှင့် ယခုလိပ်စာ အသစ်နှင့် ကြည့်ရှုမှသာ ဘလော့ဂ်စာမျက်နှာများကို တခုချင်းဖတ်ရှုနိုင်မည်ဖြစ်ပါတယ်။ ဘုန်းဘုန်းဘလော့ဂ်ရဲ့ ဓမ္မရသ စာရှုသူ ပရိသတ်အပေါင်းအား သိရှိစေရန် ကျွန်တော့်ဘလော့ဂ်မှ တဆင့် ကြေငြာအပ်ပါသည်။
Posted in Labels: Guide, News | Wednesday, November 26, 2008

ဒီဘလော့ဂ်လေးကိုသိပြီးတဲ့သူတွေလဲ သိပြီးကြမှာပါ။ ဟုတ်ကဲ့မသိသေးသူများ အတွက်လဲ ကြော်ငြာပါရစေ။ မြန်မာပြည်က အာဆင်နယ်အသင်းကို ချစ်တဲ့ပရိသတ်များအတွက် ရည်ရွယ်ပါတယ်။ ဒီဆိုက်ကို တည်ထောင်သူကတော့ ကိုနိုင်လွင်ဖြစ်ပြီး နောက်ပိုင်းမှာ ကျွန်တော်နှင့် ကိုလင်းဦးတို့က ၀င်ရောက်အားဖြည့်ထားပါတယ်။ ကျွန်တော်တို့ ဘလော့ဂ်လေးမှာဆိုရင် အာဆင်နယ် အသင်းရဲ့ နောက်ဆုံးရ သတင်းများ၊ ပွဲကြိုသုံးသပ်ချက်၊ ပွဲပြီးသုံးသပ်ချက်များအပြင်၊ အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့ ဆောင်းပါးလေးတွေပါ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ အာဆင်နယ် ပရိသတ်တွေ အနေနဲ့ ဒီဘလော့ဂ်လေးဟာ Gunners များ ကွန်းခိုရာ ဘလော့ဂ်လေးတခု ဖြစ်ပါကြောင်း ကြော်ငြာပါရစေ။ မည်သူမဆို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ အာဆင်နယ်ချစ်ပရိသတ်တွေကိုလဲ ၀င်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်။ လိပ်စာကတော့ www.arsenalmmfans.co.ccဖြစ်ပါတယ်။
Posted in Labels: Guide | Thursday, October 16, 2008

မနေ့က မောင်ခအိမ်ကို လိုက်လည်ရင်း ကျွန်တော့်ကို ရုပ်ရှင်ခွေ တခွေ ငှားလိုက်သည်။ ထိုခွေနာမည်က လန်ဒန်ပုံပြင်...။ ဒီခွေထွက်တာ လွန်ခဲ့သော ၂လ ကျွန်တော် ခရီးမထွက်ခင်ကတည်းက ဖြစ်သည်။ ကျွန်တော်ရန်ကုန်ကို ပြန်ရောက်ပြီးချင်း ထိုခွေကို ကျွန်တော်တို့ ရပ်ကွက်က အခွေဆိုင်မှာ မေးကြည့်သော်လည်း ငှားရမည် မထင်၍ မ၀ယ်ထားဟုသိရသည်။ ဟုတ်တော့ဟုတ်တယ် ဇာတ်လမ်းမှာက နာမည်ကြီးမင်းသား မင်းသမီး တယောက်မှမပါ။ မျက်နှာသစ်များသာ။ ထိုကားကို ရိုက်သူက ဇာတ်ကားထဲမှာ မင်းသားအဖြစ်ပါ ပါဝင်သရုပ်ဆောင်ထားသော ဒါရိုက်တာအသစ် ဏကြီး...။
ဇာတ်လမ်းအစက လန်ဒန်ကို ကျောင်းလာတက်သော လဂွန်းဆိုသော ကျောင်းသားတယောက်...။ သူ့မှာ ကျောင်းတက်ဖို့ အပြင် တခြားသော ရည်ရွယ်ချက်တခုမှာ သူကျောင်းသားဘ၀က တိတ်တိတ်လေး ချစ်နေမိသော ကောင်မလေး တယောက်ကို ရှာဖို့....။ ပြီးတော့ သူနံဘေးမှာ အမြဲကူညီပေးတတ်တဲ့ သူငယ်ချင်းမလေး တစ်ယောက်။ သူရှာဖွေချင်သောကောင်မလေးကို ကံကောင်းစွာ ရှာဖွေတွေ့ခဲ့သည်။ ဒါပေမယ့် ကံကြမ္မာ ကျီစယ်သည်ဟု ပြောရမလား ထိုကောင်မလေးတွင် ချစ်သူရှိနှင့်နေခဲ့ပြီ။ သူကောင်မလေးနှင့် ရင်းနှီးသော အခြေအနေရောက်သည့်တိုင် သူသိမ်းထုပ်ထားသော စကားလုံးတွေကို မဖွင့်ဟခဲ့ချေ။ ထို့နောက် သူတိတ်တိတ်လေး ချစ်နေမိတဲ့ အကြောင်း မထင်မှတ်ပဲ ကောင်မလေးသိသွားသောအခါ.....။ ပြီးတော့ သူ့ချစ်သူ စပိန်ကောင်လေး…ထိုသုံးဦးရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်း…. ဘာတွေဆက်ဖြစ်ကြမလဲ….။
ဇာတ်လမ်းလေးက ရိုးစင်းပေမယ့် ရိုမန်တစ်ဖြစ်သော ဇာတ်လမ်းကောင်းလေးတခု ဖြစ်သည်။ (နိုင်ငံရပ်ခြားမှာ ကျောင်းတက်ရတဲ့ မြန်မာ ကျောင်းသားတွေရဲ့ဘ၀ တစိတ်တပိုင်းကို ခြယ်မှုန်းပြထားသည်။) ပြီးတော့ နောက်ထပ် သတိထားမိတဲ့အချက်က ကင်မရာအယူအဆ..။ ကျွန်တော်တို့ မြန်မာပြည်မှာ ကြည့်ဖူးနေကျ အချစ်ကားများနှင့် ဒီနေရာမှာ အနည်းငယ် ကွာခြားသွားသည်ဟု ကျွန်တော်မြင်ပါတယ်။ လန်ဒန်မှာရိုက်လို့ဆန်းတာတော့ မဟုတ်ပါ။ အသေးစိတ်သော ရိုက်ချက်များကို ဆိုလိုပါသည်။ အခန်းအချိန်းအပြောင်းလှသည်။ အသံပိုင်းဆိုင်ရာ အားနည်းချက်တချို့မှ လွဲ၍ (home studio သဘောမျိုးနှင့် edit လုပ်ထားသောကြောင့်ဖြစ်မည်။)။ ဇာတ်ကောင်များရဲ့ emotion ကို အသေးစိတ်ပေါ်လွင်အောင် ရိုက်ပြနိုင်သည်။ အားလုံးခြုံကြည့်ရင် ဇာတ်ကားကောင်းလေးတခုဖြစ်သည်။ ကြည့်သင့်သော quality ဇာတ်ကားကောင်းလေး တခုဟု ညွှန်းလိုက်ချင်ပါသည်။
Posted in Labels: Guide, Technology | Tuesday, September 18, 2007
ကိုယ့်ဘလော့လေးကို blogspot.com ဆိုတဲ့ ဒိုမိန်းနာမည်က ဘလော့တိုင်းမှာ သုံးနေလို့ တမျိုးတမည် ပြောင်းသုံးချင်ရင်ဖြစ်ဖြစ်။ လူရှိန်အောင် ဘလော့လိပ်စာပြောင်း ချင်တယ်ဆိုရင်ပဲဖြစ်ဖြစ်။ http://co.cc ကနေ free domain ယူလို့ရပါတယ်။ ဥပမာ ကျွန်တော်ဆိုရင် www.minnyoonthit.blogspot.com ကနေကျွန်တော့် ဘလော့ကို ကြည့်နိုင်သလို www.minnyoonthit.co.cc ဆိုပြီးလည်း ကြည့်နိုင်ပါတယ်။ သူက beta for blog ပါတဲ့ ဘလော့လိပ်စာတွေအတွက် အလကားပဲတင်း ဒိုမိန်းပါတဲ့ခင်ဗျာ။ သူ့ဒိုမိန်းကနေ report တွေကို real time ထုတ်ပေးနိုင်ပါတယ်။ ပြီးတော့ သင့်ဘလော့ကို လာရောက်လည်ပတ် သူတွေရဲ့ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ အလိုက် chart ဇယားတွေနဲ့ ကြည့်နိုင်ပါတယ်။ ဘယ်ဆိုက်တွေကနေ ကိုယ့်ဆီကို လာလည်တယ်ဆိုတာလဲ ကြည့်လို့ရပါတယ်။ blogspot.com ဒိုမိန်လေးနဲ့ သူငယ်ချင်းတွေကို ကိုယ့်ဘလော့ လိပ်စာမပေးပဲ စတန့်ထွင်ချင်တဲ့ သူများအတွက် co.ccကနေ အလကားပဲတင်း ဒိုမိန်းအကောင့်ဟာ သုံးပျော်ပါတယ်။ sign up လုပ်တာလဲ ၅ မိနစ်ထက်ပို မကြာပါဘူး။ အပျင်းပြေစမ်းသုံးကြည့်ကြပေါ့ခင်ဗျာ :D။
ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။

My TLMS by minnyoonthit is licensed under a Creative Commons Attribution 3.0 United States License.
My TLMS All Rights Reserved. Blogger Template created by Deluxe Templates
Free Blogger Templates andWordpress Theme by Skinpress

