twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon
Showing posts with label Technology. Show all posts
Showing posts with label Technology. Show all posts

အူကြောင်ကြောင် ESET antivirus


Photo Credit :www.wareground.com
လွန်ခဲ့သော ၂ပတ်လောက်က ကျွန်တော့် သူငယ်ချင်း လက်ပ်တော့မှာ ESET NOD 13 ဗိုင်းရပ်စ်သတ် ဆော့ဖ်ဝဲတွေ့လို့ ကူးလာခဲ့တယ်။ အရင် NOD Flashy Fix ပရိုဂရမ်လေး သုံးဖူးတော့ သူ့ရဲ့မူရင်းဆော့ဖ်ဝဲက ကောင်းမယ် အထင်နဲ့ ကူးလာပါတယ်။ စသုံးတုန်းက Flash Drive ထဲကို ဝင်နေကျ NoeNoeJetma တို့ autorun တို့ကို သတ်နိုင်တော့ သဘောကျမိတယ်။ ကျွန်တော့် PC က အင်တာနက် မချိတ်ထားတော့ သူ့ကို activate တော့ မလုပ်နိုင်ဘူး။ သုံးပြီးလို့ တပတ် အကြာမှာတော့ ကျွန်တော် သတိထားမိတာ သူက ဗိုင်းရပ်စ်အထင်နဲ့ တချို့ ဆော့ဖ်ဝဲတွေရဲ့ exe တွေကို အကုန်လုံး quartine ထဲ ထည့်ပစ်လိုက်တယ်။ အဲ့ဒိဆော့ဖ်ဝဲကို run လိုက်ရင် Windows cannot access ...ဘာဘာညာညာဆိုပြီး လာပြတယ်။ အစတော့ ဘာဖြစ်မှန်း မသိဘူး။ နောက်တော့ ESET က အကုန်ကစ်ပစ်တော့တာ သုံးနေကျ ဆော့ဖ်ဝဲတွေ အကုန် အလုပ်မလုပ်တော့ဘူး။ ဒါနဲ့ uninstall လုပ်လိုက်တယ်။ ဒီမှာတင် ပြီးသွားလား ဆိုတော့ မပြီးသေးဘူး။ သူ့ကို ဖြုတ်လိုက်ပြီးမှ ဆော့ဖ်ဝဲတွေ ပြန်စမ်းကြည့်တာ exe တွေပျောက်လို့ လိုက်ရှာနေတယ် (ဆရာသမားက exe တွေကို သူနဲ့အတူ အနိစ္စသဘောနဲ့ ကိစ္စချော ပစ်လိုက်တယ် ထင်ပါရဲ့)။ စိတ်လေသွားတယ်။

Openoffice, Xillisoft, Indesign, Dreamweaver, Image Ready, Ccleaner စတဲ့ဆော့ဖ်ဝဲတွေ အကုန်ထိသွားတယ်ဗျာ။ တချို့ဟာ repairing ပြန်လုပ်လို့ရ၊ တချို့ဟာ လုံးဝပြန်ဖြုတ်ပြီး အသစ်ပြန်တင်ရ၊ ခွေတွေပြန်ရှာရ၊ တချို့ဟာတွေကျတော့ ဒေါင်းလုပ်ပြန်ဆွဲ ရအုံးမယ်။ တော်တော်လေး အလုပ်ရှုပ်သွားတယ်။ နေ့တိုင်း Flash Drive သုံးနေရတော့ စက်မှာကလည်း antivirus တစ်ခုခု မတင်ထားရင် မဖြစ်ဘူးလေ။ အခုနောက်ပိုင်း အလကားပဲတင်းပါ ဆိုတဲ့ antivirus တွေကတောင် Offline activate မရတော့ဘူး။ အင်တာနက်နဲ့ချိတ်ဆက်မှ သူလိုအပ်တဲ့ System ဖိုင်တွေကို ဆွဲချတာ။ အဲ့လို ဆိုတော့ ဒီဟာတွေသုံးဖို့ ဆိုင်ကို ကျွန်တော့် System ပုံးကြီးပဲ မသွားရမလိုလို ဖြစ်နေပြီ။ ကျွန်တော်တို့က အလကားပဲတင်းတွေ သုံးနေကျသူတွေဆိုတော့ လိုင်စင်နဲ့ ပိုက်ပိုက် အများကြီး ပေးရမယ့်ဟာကို သိပ်စိတ်မဝင်စား လှဘူး။ အခုတော့ USB Security Disk လေးပဲ လောလောဆယ်သုံးနေရတယ်။ သူငယ်ချင်းတို့ရေ antivirus သုံးမယ်ဆိုရင်တော့၊ သုံးဖူးတဲ့ သူတွေကို မေးမြန်းပြီးမှ သုံးကြဖို့ အကြံပေးချင်ပါတယ်။ လောလောဆယ်တော့ ကျွန်တော်ကြုံလိုက်ရတဲ့ အဖြစ်ကြောင့် ESET ဟာ မသုံးသင့်ဘူးလို့ မှတ်ချက် ပြုပါရစေ။

Read Users' Comments (1)comments

မြန်မာယူနီကုဒ်ဖြင့်ရေးတော့မည်

ကျွန်တော် အခုတလောမှ မြန်မာယူနီကုဒ်ကို စမ်းသုံးကြည့်နေတာ အတော်လေး အဆင်ပြေနေတယ်။ အစရေးတုန်းက အရင်ကသုံးနေကြ ၀င်းမြန်မာ၊ ဇော်ဂျီတို့နဲ့ လက်ကွက် သိပ်မတူတော့ လက်ပေါက် တော်တော်ကပ် တယ်ဗျ။ အောက်ကမြင့်တို့ ပါဌ်ဆင့်တို့ ရိုက်ရတာ အစက သိပ်နားမလည်ဘူး။ ခုတော့နှစ်ရက် သုံးရက်လောက် လေ့ကျင့်လိုက်တာ အတော်ဟုတ်နေပြီလို့ ပြောရမယ်။ ဇော်ဂျီကို သံယောဇဉ် ရှိပါတယ်။ ကျွန်တော် ဘလော့ဂ်စရေး ဖြစ်သွားတာ ဇော်ဂျီ ကြောင့်ပါပဲ။ ဇော်ဂျီဖောင့်သာ မရှိရင် ကျွန်တော့် ဘလော့ဂ်လဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ သိတဲ့အတိုင်း လူက အမြဲတမ်းကြီး ဘိုလိုရေးရမယ် ဆိုရင် ဘာသာစကား အခက်အခဲရယ်၊ အပျင်းထူတာ ရယ်ကြောင့် အမြဲရေးဖြစ်မှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဇော်ဂျီကို ကြောင့် မြန်မာလို ရေးဖြစ်ခဲ့ တာပေါ့။ ဒါပေမယ့် အခုနောက်ပိုင်း ဝီကီတွေမှာ ၀င်ရေးချင်တော့ မြန်မာယူနီကုဒ်နဲ့ မရင်းနှီးတော့ ၀င်ရေးဖို့ အဆင်မပြေဘူး။ နောက်ပြီး အခုနောက်ပိုင်း ဆိုက်တော်တော် များများကလဲ မြန်မာ ယူနီကုဒ်ကို တော်တော်များ များ သုံးလာကြတယ်။ ယူနီကုဒ် အကြောင်း ဖတ်ဖူး ကြားဖူးနေတာ ကြာနေပြီဖြစ်ပေမယ့် မြန်မာယူနီကုဒ်နဲ့ ရေးတဲ့ဆိုက်တွေကို ကြည့်ဖို့ ဖောင့်ကို စက်ထဲကို ထည့်ပြီး ကြည့်တာ ကလွဲလို့ ယူနီကုဒ် ကီးဘုတ်ကို မစမ်းကြည့် ဖြစ်ဘူး။ (တခါစမ်းကြည့်ဖူး ပေမယ့် ဇော်ဂျီနဲ့ အသားကျနေ တော့ ရိုက်ကြည့် တဲ့အခါ လက်ကွက်တွေ ကပေါက်တိ ကပေါက်ချာတွေ ဖြစ်နေတာနဲ့ မသုံး ဖြစ်တော့ဘူး။)

ဒီမြန်မာ ယူနီကုဒ်ကတော့ သုံးကြည့်တော့မှ အတော်လေး သဘောကျစရာတွေ တွေ့တယ်ဗျာ။ အဲ့ဒိအချက်တွေကတော့ အသတ်ရေးမယ်ဆိုရင် 'င်' အတွက် '်' ကလဲ F ပဲ၊ ရေးချ ရှေ့ထိုး 'ပေါ်' ဆိုရင်လဲ အဲ့ဒိ ရေးချ အနောက်က ရှေ့ထိုး အသတ်အတွက်လဲ F ပါပဲ။ ရရစ် ရပင့် အတွက် ဆိုရင်လဲ J တစ်လုံးတည်းနဲ့ ပြီးပါတယ်။ ပါဌ်ဆင့် ဆိုရင်လဲ shift + F ဆိုတာနဲ့ '်' ပုံစံနဲ့ ဗျည်းတွေကိုပဲ အဲဒိနောက်မှာ ရိုက်ရင် ပါဌ်ဆင့် ဖြစ်ရောဗျာ။ ရေးတဲ့ အက္ခရာ မမှန်ရင် အသတ်တင်လို့ လုံးကြီးတင် လို့လဲ မရပြန်ဘူး။ အက္ခရာ ဥ ကို ဉ ကလေးဟန်ဆောင် ပြီး အသတ် တင်လို့ မရသလို၊ သုညကိုလဲ ဝ လုံး လုပ်ပြီး လုံးကြီး တင်လို့ မရပါဘူး။ အတော်လေး စနစ်ကျ သွားပါတယ်။ တခြား ဖောင့်တွေ ထက် အဆင်ပြေ ချောမွေ့တဲ့ အချက်တွေ အများကြီးရှိသေး တယ်။(အသေးစိတ် သိချင်ရင် ဒီမှာသွားကြည့်နိုင်ပါတယ်။) အတော့်ကို လွယ်ကူ သက်သာ တယ်ဗျ။ တခြားသူတွေတော့ သိတာ ကြာပြီ ဖြစ်ချင် ဖြစ်မယ်။ ကျွန်တော်တော့ အခုမှ စမ်းသုံးကြည့်ရင်း ကြိုက်သွားပြီ ဗျာ။ ရေးရတာ လက်ပေါက်ကပ် တယ်လို့ ပြောပြောနေတဲ့ သူငယ်ချင်း တွေနဲ့၊ မြန်မာယူနီကုဒ် လက်ကွက် မစမ်း ကြည့်ဖူး သေးတဲ့ သူငယ်ချင်း တို့ရေ သေချာ စမ်းသုံးကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တော့ မြန်မာ ယူနီကုဒ် ပြောင်းသုံး ပြီဗျိုး။

Read Users' Comments (0)

ဒုံရင်း.. ဒုံရင်း

ကျွန်တော် တယောက် ကျော်ရခွရ အဆင်ပြေအောင် ဆိုပြီး သင်္ကြန်မတိုင်ခင်လေး ကပဲ ဟိုစတင် ၀ယ်လိုက်တယ် ခင်ဗျ။ အခုပြီးခဲ့တဲ့ တပတ် အတွင်း မောင်မင်းယွန်း တတ်သလောက် မှတ်သလောက် လျှောက်ကလိပါတယ်။ ဟိုစတင်ဆိုတာ ချိုနဲ့လားပေါ့။ ဒါနဲ့ ဟိုစတင်ထဲမှာ wordpress plug in ထည့်ရတယ် ဆိုလား အဲ့ဒါနဲ့ပဲ www.wordpress.org ကိုသွား wordpress 2.7.1 ဆိုလား အဲ့ဒိဖိုင်ကို ဒေါင်းလုပ် သွားဆွဲတယ် ခင်ဗျ။ ပြီးတော့ ဟိုစတင်ရဲ့ ဘယ်နားမှာ ထည့်ရမယ်မှန်း မသိဘူး။ ရော် ဘာခက်တာ မှတ်လို့ စာတွေ လိုက်ဖတ်ကြည့်မယ်။ file manager ဆိုတဲ့ နေရာကို တွေ့တယ်။ ကဲဟုတ်ပြီ ဒီမှာ တင်ရမှာ ဖြစ်မယ်ပေါ့။ ထပ်ဝင်ကြည့်လိုက်တော့ နောက်ထပ် ဖိုင်တွေက အများကြီး public html\ အောက်မှာ ထည့်ကြည့်တယ်။ ဟုတ်ကဲ့ အဆင်မပြေပါဘူး။ နောက်တော့ www\ အောက်မှာ ဆိုလား ထည့်ကြည့်တယ် ခင်ဗျ.။ ဒါလဲ အဆင်မပြေပါဘူး။ တယ်လေ ဘယ်နှယ့်ဟာတုန်း။ ဒါနဲ့ အကူအညီရလိုရငြား ဟိုလူ့မေး ဒီလူမေး၊ အဲ တယောက်မှ ကျွန်တော်မေးတာကို နားမလည် ကြဘူး ခင်ဗျ။ အဟတ် ကိုယ့်ဟာကိုယ် ဘယ်လို မေးမိလိုက်မှန်းတောင် မသိဘူး။ မဖြေနိုင်ကြရှာဘူး။ မြန်မာလို မေးလိုက်တာပါပဲ ဟီး။ :P

ဒါနဲ့ www.mmwordpress.org က တခါက ဒေါင်းလုပ်ဆွဲထားတဲ့ how to install wordpress ဆိုတဲ့ pdf ဖိုင်လေးကို ပြန်ကြည့်မိတယ်။ သူရေးထားတာက free host အတွက်ပါ။ ဒါပေမယ့် ဟိုစတင်တွေက တခြား interface နဲ့ function တွေ တချို့ မတူပေမယ့် တော်တော်များများ အဓိက တွေတော့ တူပါတယ်။ သူ့ထဲမှာ ရေးထားတာက wordpress ကို ဟိုစတင်ထဲက Database ထဲ install လုပ်ချင်ရင် Software/Service အောက်က Fantastic installer ဆိုတဲ့ နေရာမှာ လုပ်ရတယ် ဆိုပဲ။ ဒါနဲ့ လိုက်ရှာကြည့်လိုက်တယ် တွေ့ပါတယ်။ ထပ်ဝင် ကြည့်လိုက်တော့ ဟိုက်ရှားပါး။ blog plug in ချည်းပဲ ၃ခုလောက် ရှိတယ်။ b2evolution, nucleus ဆိုလား နဲ့ wordpress တို့ကို တွေ့တယ် ကြိုက်တာထည့်၊ အောက်ဘက်မှာလဲ PHP တို့၊ CMS တို့ ဘာတို့ ညာတို့ အစုံပါတယ် ခင်ဗျ..။ ဒါနဲ့ ကျွန်တော်လဲ တခြားဟာတွေ မသိဘူး wordpress ကိုတွေ့တာနဲ့ မဆိုင်းမတွပဲ install လုပ်လိုက်တယ်။

အခုလုပ် အခုရသွားပါတယ်။ ပြီးတော့ ထုံးစံအတိုင်း .../wp-admin ဆိုပြီး ၀င်လိုက်တယ်။ ရသွားပြီ။ တယ်ဟုတ် သဟ ဆိုပြီး ၀မ်းသာအားရပေါ့။ ဒါနဲ့ blogger က widget တွေ ဟိုရွှေ့ ဒီရွှေ့၊ လုပ်လိုက်တယ်။ (ပြီးတော့ themes လှလှလေး ၂ခုလောက် hosting ထဲမှာ upload တင်လိုက်တယ်။) အားလုံး အိုကေပြီ ဆိုတော့ ဘလော့ကာ ကနေ ဟိုစတင်ဘက် ပို့စ်တွေပြောင်းမယ် ပေါ့။ မပြောင်းခင် ကျွန်တော် ပို့စ်တခုလောက် ရေးလိုက်အုံးမယ်။ အိမ်ပြောင်း လိုက်ပြီး ဘာဘာညာညာပေါ့။ ရေးတယ် ပြီးတော့ Publish လုပ်တယ်။ ၀မ်းသာ မယ်ကြံတုန်း ကျွန်တော် ခုနက ရေးထားတဲ့ မြန်မာစာတွေ အကုန် ??????????? တွေ ဖြစ်ကုန်ရောဗျာ။ အာ ဘာဖြစ်တာပါလိမ့် ဆိုပြီး ပြန်ဖျက်။ ပြီးတော့ Template ထဲက Style.CSS မှာ ဖောင့်တွေ ပြန်ထည့်။ wp setting ကို UTF လုပ်ထား မထား ပြန်စစ်၊ အားလုံး အိုကေ တယ်။ နောက် တခေါက် ပြန်ရေးကြည့်တယ်။ ဒီလိုပဲ ပေါ်နေပြန်တယ်။

တခုခုတော့ လွဲနေပြီဆိုပြီး စာတွေလိုက်ဖတ် ပြန်တော့ ဟော Database မှာ ပြဿနာ ဖြစ်တယ် ဆိုလား အဲ့ဒိမှာ သွားလုပ်ရတယ် ဆိုလား၊ ဒါနဲ့ ဒေတာဘေ့စ်ထဲ ၀င် ပြန်ပြင် မလို့၊ ပြင်စရာ နေရာ ရှာတာ မတွေ့ဘူး။ wp က install လုပ်ရင် သူ့ဟာသူ Database ဆောက်သွားတာ။ ဘယ်လို ပြင်ရမတုန်း။ ဒီလိုနဲ့ ပြန်လိုက် ပြန်သွင်းလိုက်နဲ့ အကြိမ်ကြိမ်ပဲ။ (ဒါကြောင့် အခု ရက်ပိုင်း လာလည်တဲ့သူတွေ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာ ) ဒါနဲ့ ကျွန်တော်လဲ ၀ယ်တဲ့ဆီကို ကွန်ပလိန်း ပြန်တက်၊ သူတို့လဲ ဘလော့နဲ့ မရင်းနှီးသူတွေဆိုတော့ ဒေတာဘေ့စ်ကြောင့် ဟိုစတင် ကြောင့် မဟုတ်ပါဘူးပဲ ပြောတယ်။ ဟင့်။ မဟုတ်သေးဘူးလေ ဒေတာဘေ့စ်နဲ့ ဆိုင်တာပေါ့ ရေးတုန်းက အကောင်း သိမ်းတော့မှ ????? ဒီလိုတွေ ဖြစ်နေတာ Unicode (UTF8) နဲ့ မသိမ်းလို့ပေါ့။ ဗျာ မဟုတ်ဘူးလား။ ဟုတ်သလိုလိုပဲနော်..။

ကျွန်တော်လဲ ဘာဆက်လုပ်ရမှန်း မသိဘူး။ မောင်မင်းယွန်း ဖြစ်လိုက်ရင် အဆန်းကြီးပဲ။ ဒိုမိန်းဝယ်တုန်းကလဲ ဒီလိုပဲ သူများတွေ မကြုံတဲ့ ပြဿနာ လာကြုံတယ်။ ဟော အခု ဟိုစတင် သူများ တကာတွေ ၀ယ်ပြီးသုံးတာ အဆင်ကို ချောလို့ ကျွန်တော် ၀ယ်သုံးတော့ တလွဲဖြစ်ပြီ။ ဒါနဲ့ ဘာဆက်လုပ်ရမှန်း မသိဘူး။ တော်ပါပြီ ကျော်ခွချင်လဲ ကျော်ခွပါရစေတော့ အရင် အချစ်ဟောင်း ဘလော့ကာလေးနဲ့ပဲ ပြန်ရေးတော့မယ်ဗျာ။ ဒိုမိန်းကို google dns ကို ပြန်ပွိုင့်.. ကဲ..ဒုံရင်းဒုံရင်းပဲ ကောင်းတယ်။ အီးဟီးဟီး ခြသေ့င်္ အကောင် ၃၀ လောက် ထွက်သွားတာပဲ အဖတ်တင် တယ်… ဗြဲ…။

Read Users' Comments (1)comments

google pages တွေပိတ်တော့မည်

googlepages လေးကို သုံးလာတာ ၂နှစ်ကျော်နေပြီ။ ဘာပဲ upload တင်တင် အလွယ်တကူ တင်လို့ရလို့ သဘောကျတယ်။ ကျွန်တော့် ဘလော့ဂ်ရဲ့ တန်းပလိပ် နောက်ခံပုံတွေကို တခြားမှာ မတင်ပဲ googlepages မှာပဲ တင်ထားတာ များတယ်။ သူက တက်တာလဲ မြန်တယ်။ဒီနေ့ ကျွန်တော့်သင်္ကြန်ပုံတွေ တချို့ မပေါ်ဘူးဆိုတော့ pages ထဲဝင်ကြည့်တော့ your pages will be moved to Google sites soon. ဆိုတဲ့ စာသားပေါ်လာတယ်.။ Google sites က ဖန်ရှင်စုံပေမယ့် pages လို upload တင်ဖို့ မလွယ်ပါဘူး hosting သဘောမျိုး ဆားဗစ်လဲ မပေးတော့ပါဘူး။ ပြီးတော့ url ရိုးရိုး ရှင်းရှင်းလေး မထွက်ပါဘူး။ google က ဒီ pages ဆားဗစ်ကို လာမယ့် ဇွန်လမှာ အပြီး ဖျက်သိမ်း တော့မယ် ဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။ အလွယ်တကူ သုံးလို့ရတဲ့ ဆိုက်ကလေး သုံးလို့ မရတော့ ဘူးဆိုတော့ နှမြောမိပါတော့တယ်။

About the Page Creator shut down



Google Page Creator will be shut down in June, 2009. To make the transition to Sites as smooth and easy as possible for Page Creator users, we will be doing an automatic import of Page Creator pages to Google Sites, which will include moving pages to Google Sites and redirecting visits to googlepages.com URLs to their new location on Google Sites. From now until this import begins June 1, Page Creator users who don't want to be moved to Google Sites have the option to download their content, host it on another service, and redirect their existing URL. Please note that Google Sites does not support JavaScript, some forms of HTML, or web hosting.

အပြည့်အစုံဖတ်ချင်ရင် ဒီမှာ သွားဖတ်ကြည့်ပါ။

Read Users' Comments (1)comments

co.cc က သက်တမ်းကုန်တတ်သလား

co.cc အကောင့်ကို ကျွန်တော်လုပ်ထားတာ ဘယ်သူမှ သိပ်မသုံးခင် ၂၀၀၇ ခုနှစ် လောက်ကတည်းကပါ.။ အခုနောက်ပိုင်း co.cc ဟာ ဘလော့တွေမှာ အတော်လေး အသုံးများ လာတာ တွေ့ရပါတယ်..။ အခု ကျွန်တော်လုပ်ထားတဲ့ အကောင့်လေးက တနေ့က ကုန်သွားပါတယ်..။ သူက renew လုပ်ဖို့ ပြောပါတယ်။ ပိုက်ဆံတောင်းတယ်ပေါ့။ ကျွန်တော် အံ့သြသွားတယ်.ကျွန်တော့်အတွက်က co.cc က လျှောက်ကလိထားတာ ဖြစ်ပေမယ့် တခြားသော ဘလော့တွေမှာ ဒိုမိန်း တပ်ထားတဲ့ သူတွေအတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။


သက်တမ်းကုန်သွားလို့ renew လုပ်ခိုင်းတာပါ..။

သက်တမ်းတိုးဖို့ ပိုက်ဆံတောင်းနေပါတယ်..။

ဆိုတော့ co.cc အသုံးပြုသူများ လောလောဆယ် အလကား ဆိုပေမယ့် သက်တမ်း ကုန်တတ်ပါတယ်ခင်ဗျာ..။ co.cc နဲ့ ဘလော့ ဒိုမိန်း တပ်သူများ ခင်ဗျာ.. သက်တမ်း မကုန်ခင် အလကား သုံးလို့ရမယ့် နောက်တခုကို ရှာကြည့်ကြပါအုံး..။ co.cc ဟာ တနှစ်ကျော်ရင် ပိုက်ဆံ တောင်းတဲ့ အကြောင်း အများသိစေရန် ဝေမျှလိုက်ရပါတယ်..။


Read Users' Comments (5)

Blogger နှင့် Domain ပြဿနာ

ကျွန်တော့်ရဲ့ www.minnyoonthit.net ဒိုမိန်းကို ၀ယ်ထားတာ ၁နှစ်ကျော်ပြီ နောက်တနှစ်စာတောင် ထပ်ဝယ်ပြီးပြီ။ ကျွန်တော့် ဒိုမိန်းကို ကိုဇေယျာရဲ့ Ideal Technology Co,Ltd ကနေ ၀ယ်ထားတာပါ။ အဟတ် ကျွန်တော့် ဒိုမိန်းက ၀ယ်ကတည်းက ကို ကျွန်တော်က Google Apps မှာ လျှောက်ကလိထား တော့ တခါ ပြဿနာ တက်ပါသေးတယ်။ ဒီအကြောင်းတောင် ကျွန်တော် ဒီမှာ ရေးထားပါသေးတယ်။ မျောက်အုံးသီး ဒိုမိန်းလေ ဟိဟိ။ ဒိုမိန်းနဲ့ ပတ်သက်လို့ ကွိုင်တက်တိုင်း ကိုဇေယျာဆီ နားပူ နားဆာ လုပ်လေ့ရှိပါတယ်။ :P သူမို့လို့ ကျွန်တော့်ကို စိတ်ရှည်တာ တခြား သူသာဆို ကျွန်တော် ကဂျီကကြောင် ကျတာနဲ့ စိတ်ရှည်မှာ မဟုတ်ဘူး။ ကျွန်တော်က ကလိကလဲ ကလိ အမေးအမြန်းကလဲ ထူ။ နောက်တခု ကျွန်တော့် ဒိုမိန်းကို ၀ယ်ကတည်းက မရတဲ့ ပြဿနာ တခုက ကျွန်တော့် ဘလော့ကို www.minnyoonthit.net ဆိုရင် ရပြီး minnyoonthit.net (www မပါရင်) မရပါဘူး။ အဲ့ဒိ ကိစ္စကို ကျွန်တော်က Ideal ကိုလဲ အကြိမ်ကြိမ်သွား နိုင်ဂျံကား ရောက်နေတဲ့ ကိုဇေယျာ့ကိုလဲ လုပ်ပါအုံး ဘာလို့မရတာလဲ ဘာညာပေါ့ အဟီး သွားရစ်နေတာ။ သူ့ကတော့ ကျွန်တော်မေးတိုင်း စိတ်ရှည်ရှည် ရှင်းပြရှာပါတယ်။ ဟီး အားလည်း နာတယ် ခင်လဲ ခင်တယ်။ ဒီနေ့လဲ ကျွန်တော် သတိရလို့ သူ့ကို အွန်လိုင်းတွေ့တော့ ထပ်မေးပါတယ်။ သူကလည်း စိတ်ရှည်လက်ရှည် ရှင်းပြပေးပြန်ပါတယ်။ ဟီး။ ဒါနဲ့ ကျွန်တော်လဲ တခုခုတော့ လွဲနေတာ သေချာပြီ။ ကိုဇေယျာက သူတို့ဘက်က အကုန်လုပ်ပေးပြီး သွားပြီတဲ့။ ကျွန်တော်လဲ ထပ်မေးရမှာ အားနာလာတယ်။ ဒါနဲ့ ဟိုရှာ၊ ဒီရှာ ပြီးတော့ သူငယ်ချင်းဆီကို ဖုန်းဆက်မေးတော့မှ လိပ်ပတ်လည် သွားတယ်။ သူ့သူငယ်ချင်း တယောက်နဲ့ ဖုန်းပြောတာ သူလဲ အဲ့လို ကလိဘူးတယ်။ ဒီလို အဲယာ တက်ဖူးပါတယ် ဆိုမှ သေချာ သဘောပေါက်သွားတော့တယ်။ (ဟီး ပေါက်သွားပြီနော်.. ကိုကြီး ဇေယျာ :D) အင်း နောက်ဆုံးတော့.. ဘလော့ကာ ကြောင့်ဆိုတာ သိသွားတယ် ဗျာ။ ဟုတ်တယ် blogger မှာ ဒိုမိန်းထည့်ရင် www.yourname.com ဆိုတာမျိုးပဲ ရပြီး www မပါတဲ့ ဟာတွေကို ဒီလို Error လာပြတယ်ဗျာ။



အော် ဘလော့တွေကို ကိုယ်တုံးလုံး ဒိုမိန်းတွေမှာ ဟို့စ် မလုပ်ပေးပါဘူးတဲ့။ :P (ဟီး တော်တယ်နော် ဘာသာပြန်တာ။) အဲ အနှစ်ချုပ် အနေနဲ့ ပြောရရင် ဘလော့ကာမှာ www မပါပဲ ဟို့စ်လို့ မရပါဘူး ခင်ဗျာ။ လူရှိန်အောင် လုပ်လို့ မရပါဘူး။ Wordpress မှာတော့ ရပါလိမ့်မယ်။ အဟဲ.. ဆိုတော့ ကိုကြီးဇေယျာရေ ညီလေး သိသွားပါပြီ ခင်ညာ..။ :D အဟဲ ဒိုမိန်းလေးများ ၀ယ်ချင်ရင် ကိုဇေယျာ့ဆီမှာ ၀ယ်ပါခင်ဗျာ..။ မေးချင်တာ မေးလို့ ရပါတယ်။ ကိုဇေယျာက သဘော အရမ်းကောင်းပါတယ်..။ ဟီး


Read Users' Comments (5)

Freegate Proxy တွေသုံး၍မရတော့

တနေ့က ကျွန်တော် အင်တာနက်ကို freegate နဲ့ ကျော်ခွသုံးနေတုန်း ပြဿနာ တခုတက်တယ်။ တက်တဲ့ ဥစ္စာက သုံးနေရင်းနဲ့ ကျွန်တော့် ဒိုမိန်းကော၊ တခြားဒိုမိန်းတွေတွေကော ခေါ်ထားရင်းနဲ့ ဒိုမိန်းတွေရဲ့ လိပ်စာ နောက်မှာ ဘာမှန်းမသိတဲ့ prompt link ကြီးတခု ပိုပါလာတာပဲ။ ဒီလိုဗျာ.. ကျွန်တော်က www.blogger.com လို့ခေါ်လိုက်ရင် အဲ့ဒိအတိုင်း မတက်လာပဲနဲ့ သူ့နောက်က ဒါမျိုး အပိုပါလာတယ်။ www.blogger.com/dmirror/http/www-dit-inc.us/swprompt.php ဆိုပြီး bold ပြထားတဲ့အပိုင်းကြီးက ဘယ်ဆိုက်ကို ခေါ်ခေါ် ပိုပိုပါလာတယ်။ ဘယ်လိုမှခေါ်လို့လဲ မရဘူး။ ဒါနဲ့ ကျွန်တော် ကြည့်နေကျတခြားဆိုက်တွေ ခေါ်တော့လဲ ဒီလိုပဲ နောက်က နောက်တွဲလင့်ခ်ကြီး ဘယ်က ပေါ်လာမှန်း မသိဘူး။ သုံးနေရင်းနဲ့ freegate ရဲ့ ဆိုက် dynaweb ဆိုက်ကို ရောက်သွားတယ်ဗျာ။ ကျွန်တော်လဲ ကျွန်တော် များမှား နှိပ်မိလား ဆိုပြီး freegate ထဲဝင် setting တွေလိုက်ပြင်ကြည့်တယ်။ ပြန်ဖွင့်ကြည့်လဲ ဒီနောက်တွဲ prompt ကြီးက ပေါ်နေတုန်းပဲ။ ဒါနဲ့ ထားတော့ ဆိုပြီး ရှိတဲ့ freegate ကို delete လုပ်လိုက်တယ်။ ပြီးတော့ ဒေါင်းလုပ် ပြန်ဆွဲ ပြီးတော့ ပြန် run ကြည့်တယ် ဟာ ဒါလဲ မရပြန်ဘူး။ နောက်တွဲကြီးနဲ့ error တက်နေပြန်ရော။ ဒါနဲ့ ဒီစက်ရဲ့ အိုင်ပီကိုများ မှတ်ပြီး setting ကိုပြန်ပြန်ပြောင်းနေလား လို့ အတွေးခေါင်မိသေးတယ်။ ဒါနဲ့ ကျွန်တော် နောက်တစက်ပြောင်းတယ် ပြန်လုပ်ကြည့်တယ် မရဘူး ဒါလဲ။ ဒီတဆိုင်ထဲမို့ ဖြစ်တာများလား ဆိုပြီး နောက်တနေ့တော့ ဆိုင်ပြောင်းသုံးကြည့်တယ်။ နောက်တဆိုင် ပြောင်းတော့လဲ မရပြန်ပါဘူး။ ခုနကလိုမျိုးပဲ ဘယ်ဆိုက် ခေါ်ခေါ် ခေါ်မရပြန်ဘူး။ တခုခုတော့ လွဲနေပါပြီ ဆိုပြီး ကျွန်တော်လဲ problemclean.ning.com ကိုသွား ဖိုရမ်မှာ ကျွန်တော့် အခက်အခဲကို တင်ပြတယ်။ ကူညီပေးဖို့ အကူအညီတောင်းရတယ်။

ဒါနဲ့ *0* ဆိုတဲ့ သူငယ်ချင်းက ဖိုရမ်မှာ ကျွန်တော့်ကို freegate error လိုက်ရှာပေးတယ်။ နောက်တနေ့တော့ သူရှာတွေ့တာ က error မဟုတ်ပါဘူးတဲ့။ ကျွန်တော် တို့ မြန်မာပြည် တွင်းက လူတွေအတွက် စိတ်မကောင်း စရာပါ။ freegate က တရုတ်ပြည်တွင်းကိုပဲ support လုပ်ပေးတော့မယ် ဆိုတဲ့ အကြောင်း တရုတ်ပြည် ပြင်ပတွေ အနေနဲ့ freegate ကိုသုံးလို့ရတော့မှာ မဟုတ်ဘူးတဲ့။ ပြင်ပက လူတွေသုံးနိုင်အောင် နောက်များမှ freegate shareware ထပ်ထုပ်ပေးအုံးပါမယ်ဆိုပြီး ပြောသွားပါတယ်။ freegate လေးမြန်လှ ပါချည်ရဲ့ သုံးလို့ကောင်းတုန်း ကိုရွှေပေါက်ဖော်တွေက ဘာကပ်စီးနည်း ပြန်တာလဲ မသိပါဘူးဗျာ။ အဲ့ဒိတော့ အရင်အဆက်ဟောင်းလေး တွေ ဖြစ်တဲ့ u နဲ့ freedom လေးတွေနဲ့ပဲ ပြန်နှစ်ပါးသွားရမှာပေါ့ဗျာ။ ဟွန်းးးးး။

freegate ရဲ့ မူရင်းစာကို ဖော်ပြလိုက်ပါတယ်။


"Shareware version Freegate

Thank you for using DynaWeb, the gateway to uncensored Internet.

Starting from Januarary 1, 2009, we only provide fee based or limit services to users not from China. Users fron China will still be able to use DynaWeb free of charge. For non-China users, we will release shareware version of Freegate soon. There are also free softwares that help users to gain anonomity like Tor. These softwares may help to achieve your purpose as well. Various entities expressed their interests in paying for group license for certain countries. You may check back for opportunities like this. Wish you a wonderful and uncensored day."


Read Users' Comments (0)

Double Click နှိပ်ရင် တန်းပွင့်အောင် ဘယ်လိုလုပ်မလဲ။

falshy ဆိုတဲ့ကောင်က သတ်ရင်သေပေမယ့် အခုထိ တခါတလေ ၀င်ဝင်လာတုန်းပါပဲ။ ကိုယ်ကလဲ အင်တာနက်ဆိုင်ပေါင်းစုံသုံးနေတော့ ကိုယ့် memory stick ကလဲ ဟိုထိုးဒီထိုးနဲ့ တကောင်မဟုတ် တကောင်ပါလာတတ်တာပါပဲ။ ပြီးရင် flashy fix နဲ့သတ် မဟုတ်လဲ စက်ထဲက antivirus နဲ့သတ်လိုက်ရင်သေသွားတာချည်းပါပဲ။ ဒါပေမယ့် ဒီကောင်ဝင်တဲ့ နောက်မှာ အကျိုးဆက်ကတော့ drive တွေဖွင့်လိုက်တဲ့အခါ (double click နှိပ်ရင်) ချက်ချင်းမပွင့်ပဲ search program ပွင့်လာရင် ပွင့်လာ မဟုတ်ရင်လဲ program တခုခုနဲ့ ကြည့်ဖို့ ရွေးတဲ့ box တခုပေါ်လာတော့ စိတ်အနှောင့်အယှက် ဖြစ်ရပြန်ပါရော။ ဒါပေမယ့် မပူပါနဲ့ ဒီကောင်က explorer function ကို ဖျောက်ပစ်လိုက်တာပါ။ ပြန်ပြင်တဲ့နည်းက လွယ်ပါတယ်။ (သိပြီးရင်တော့ ချောတီးနော်..)

လုပ်ရမှာက...
၁။ My Computer ကိုသွား ဒါမှမဟုတ်ဘယ်ကနေသွားသွားရတယ်။ သွားရမှာက Tools>Folder Options>


၂။ ပြီးရင် File types tab ကိုရွေး၊ ရွေးပြီးရင် သူ့အောက်မှာ ဖိုင်အမျိုးအစားတွေ ပေါ်လာလိမ့်မယ်။


၃။ Drive ကိုရွေး ပြီးရင် Advanced ကိုရွေး


၎။ Advanced ကိုနှိပ်လိုက်ရင် Edit File Types ဆိုတာ ပေါ်လာလိမ့်မယ်။( အဲ့ဒိမှာ find ဆိုတာပဲ ရှိနေရင်တော့ ကျွန်တော်တို့ double click နှိပ်လိုက်တိုင်း search ကြီးပေါ်ပေါ်လာတာ အဲဒိ တန်ဖိုးတခုထဲရှိနေလို့ပေါ့။ အမှန်က သူအလုပ်လုပ်တဲ့ open (သို့) explore ဆိုတဲ့ လုပ်ဆောင်ချက်ရှိနေမှ ခါတိုင်းလို တိုက်ရိုက်ပွင့်မှာပေါ့)

ပြီးရင်တော့ New ကိုရွေးပါ။


၅။ New ကိုရွေးလိုက်ရင် New Action ဆိုတာ ပေါ်လာပါလိမ့်မယ်။ အဲ့ဒိအခါ (အောက်ပုံကိုကြည့်ပါ) Action နေရာမှာ open၊ Application used to perform action ဆိုတဲ့နေရာမှာ လုပ်ဆောင်ဖို့ သူ့ဘေးက Browse ကိုနှိပ် C:/WINDOWS/explorer.exe ကိုရွေး ပြီးရင် ok..။



၆။ ပြီးရင် ခုနက Edit File Types နေရာကို ပြန်ရောက်ရင် find နဲ့ open ဆိုပြီး ၂ခုပေါ်လာမယ်။ အဲ့ဒိအခါ open ကိုရွေးပြီး set default ပြုလုပ်ပေးပါ။


ok နှိပ်ပြီးရင်တော့ ပြီးသွားပါပြီ။ အခုတော့ drive တွေပေါ်မှာ အရင်လို double click လုပ်ရင် ပွင့်သွားတာကို တွေ့ရပါမယ်။ အင်တာနက် ရန်သူမျိုးငါးပါး အပါအ၀င်ဖြစ်သော ဗိုင်းရပ်စ်ရန်မှ ကင်းဝေးကြပါစေ။


Read Users' Comments (2)

I Love Digsby



Cute Digsby

မနေ့ညက ကျွန်တော် facebook မှာဟိုဝင်ဒီထွက် ကလိရင်း IM Software တခုရလာတယ်။ သူ့နာမည်က Digsby တဲ့။ IM ဆိုတော့ ကျွန်တော်လဲ Messager ၊ Gtalk တို့နဲ့ဘာများကွာလဲ ဆိုပြီး ဒေါင်းလုပ်လုပ်ကြည့်တယ်ဗျ။ ဖိုင်ဆိုဒ်က 17 .7 MB ရှိတယ်။ ဒေါင်းလုပ်ပြီးတော့မှ install လုပ်ပြီးသုံးကြည့်တော့ အရင်ဆုံး အကောင့်အရင်လုပ်ရမယ်ဆိုလို့ လုပ်လိုက်တယ်။ ခဏပဲ ခုအကောင့်လုပ် ခုသုံးလို့ရတယ်။ တကယ်သုံးကြည့်တော့မှ တော်တော်ကွာတယ်ဗျာ။ Digsby က IM ဆိုတာထက် ပိုတယ် Multi service ဆော့ဖ်ဝဲတခုပဲ။ သူ့ထဲမှာ ကိုယ့်သုံးနေကျအီးမေးလ်အကောင့်တွေကိုတပြိုင်တည်း sign in ၀င်ထားလို့ရတယ်။ မေးလ်ဝင်လာသမျှကို ဘယ်မေးလ်ထဲကို စာဝင်လာတယ်ဆိုတာ alert လာပြတယ် ၊ အ၀င်စာတွေကို summarize လုပ်ပြီးကြည့်လို့ရသေးတယ်။ ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး။ တခြား IM Account တွေကိုလဲ တပြိုင်တည်းဝင်လို့ရတယ်။ ဥပမာ Yahoo နဲ့ Gtalk ကိုတပြိုင်နက်တည်း ၀င်ထားလို့ရတယ်။ (ဒီကောင်တွေကိုလဲ တပြိုင်တည်း အကောင့်တွေ အများကြီးဖွင့်ထားလို့ ရတယ်) ။ မနေ့က စမ်းကြည့်တော့ မြန်မာစာတော့ မပေါ်ဘူး ခင်ဗျ။ ဒါကတော့ ကျွန်တော်တို့ မြန်မာလိုချက်သူတွေအတွက် တော့ လိုအပ်ချက်ပေါ့။ ဒါပေမယ့် အပြစ်တင်မစောနဲ့အုံး ထပ်ပြီး ရှိသေးတယ်။ social network facebook ကိုဒီထဲက ၀င်လို့ရတယ်။ ပြီးတော့ ကျွန်တော်တို့ အခုသုံးနေတဲ့ twitter ကို အဲ့ဒိထဲကနေ အကောင့်ဝင်ပြီး update လုပ်လို့ရတယ်ဗျာ။ ကဲ ကျွန်တော်တို့ browser တွေဖွင့်၊ IM software နှစ်ခုသုံးခုဖွင့်၊ application တွေ ဗုန်းဗလောအော ဖွင့်ထားစရာ မလိုတော့ဘူးခင်ဗျ။ Digsby ဆိုတာလေး ဖွင့်ထားရုံနဲ့ memory အစားလဲသက်သာပြီး ဟိုဖွင့်ဒီဖွင့် မျက်စိနောက် စရာလဲ မလိုတော့ဘူးပေါ့ဗျာ။ ကဲ ဘယ်လောက်ချစ်စရာ ကောင်းလိုက်တဲ့ Digsby လဲ။

စမ်းသုံးချင်တယ်ဆို ဒီမှာယူဗျို့ : www.digsby.com

Read Users' Comments (0)

ဘလောဂ့်တွင်ဓာတ်ပုံထည့်ခြင်း

ဘလော့မှာ ဓာတ်ပုံထည့်တာများ လွယ်ပါတယ်လို့ ပြောလိမ့်မယ်။ ဟုတ်ကဲ့ လွယ်ပါတယ်။ upload တင်လိုက်ရုံပါပဲ။ ဒါပေမယ့် ပြည်ပက လူတွေ အတွက် လွယ်ပေမယ့် ကျွန်တော်တို့ ပြည်တွင်းက အသုံးပြုသူတွေ အတွက်တော့ မလွယ်ဘူးလို့ ပြောရပါလိမ့်မယ်ဗျ။ ကျွန်တော်တို့ အများဆုံးအသုံးပြုနေတဲ့ ပုဂံနက်က ဘလော့စပေါ့ မှန်ရင် ဘန်းထားပါတယ်။ အဲ့ဒိတော့ ပရောက်စီ ဆော့ဖ်ဝဲ၊ ဒါမှ မဟုတ် ပရောက်စီ ၀က်ဘ်ဆိုက်တွေနဲ့ ကျော်ခွရတာပေါ့။ ပရောက်စီ ဆော့ဖ်ဝဲတွေကလဲ ကွန်နက်ရှင် မကောင်းရင် သိတဲ့အတိုင်းပဲ တက်ကိုမလာဘူးလေ အဲ့ဒိတော့ ဓာတ်ပုံလေးများ တင်ချင်ရင် ခက်ပြီပေါ့။


အခုပြောမယ့် အကြောင်းအရာက အဓိက ဘလော့ဂ်ကို အခုမှ လုပ်သူတွေနဲ့ html နဲ့ နဲနဲ ဝေးတဲ့ ဘလော့ဂ် အသုံးပြုသူတွေကို ရည်ရွယ်ပါတယ်။ အရင်ဆုံး ဘလော့ဂ်မှာ ပုံတင်ဖို့ ဆိုရင် သိတဲ့အတိုင်း upload တင်ဖို့ ဖရီးပေးတဲ့ ဓာတ်ပုံဆိုက်တခု လိုပါတယ်။ ကျွန်တော့် အကြိုက်ကတော့ photobucket ပါပဲ။ သူက ဓာတ်ပုံတင်ပြီးရင် html code နဲ့ direct link တခါထဲ ထွက်ပါတယ်။ အရင်ဆုံး ဘလော့ပို့စ်မှာ ကုဒ်နဲ့ ဘယ်လို ထည့်ရေးမလဲ ဆိုတာ ပြောပြပါမယ်။
<img src='link'>
ဆိုတဲ့ ကုဒ်လေးကို ဘလော့ဂ်ပို့စ်ရေးမယ့် နေရာ ကိုယ်ပေါ်စေချင်တဲ့ နေရာမှာ ထည့်လိုက်ပါ။ စာရဲ့ အပေါ်ဆုံးမှာထည့်မှာလား။ ဒါမှ မဟုတ် စာတွေရဲ့ အလယ်မှာ ထည့်မှာလား။ မိမိ စိတ်ကြိုက် ထည့်လို့ ရပါတယ်။ အပေါ်က ပြထားတဲ့ ကုဒ်ဒင်လေးကို လိုချင်တဲ့ နေရာမှာ ချရေးလိုက်ရုံပါပဲ။ ပြီးတော့ ခုနက image hosting site ကနေ ကော်ပီကူးလာတဲ့ direct link ကို src='link' နေရာမှာ ဓာတ်ပုံlink ထည့်လိုက်ပါ။ ကဲရပါပြီ ပို့စ်တင်လိုက်တဲ့အခါမှာတော့ ပို့စ်ထဲက ဓာတ်ပုံဟာ ပြည်တွင်းကရော ပြည်ပက ပါ ကောင်းကောင်းပေါ်ပါလိမ့်မယ်။
နောက်ဆက်တွဲ အနေနဲ့ ကိုယ့်ဓာတ်ပုံဟာ 1024 ဆိုက်လောက်ကြီးဖြစ်နေတယ်ဆိုရင် အပေါ်က ကုဒ်ဒင်ထဲမှာပဲ ချုံ့ပစ်လိုက်လို့ ရပါတယ်။ ချုံ့ချင်ရင်တော့

<img src='link' width="448" height="336">

ဆိုပြီး ရေးလို့ရပါတယ်။ 448 x 336 ဟာ ပုံမှန်ဘလော့တွေအတွက် ထင်ထင်ရှားရှား မြင်နိုင်တဲ့ ဆိုဒ်ပါ။ ကိုယ့်စိတ်ကြိုက် ချိန်ညှိလဲ ရပါတယ်။ freedom တို့ ultrasurf တို့ကို ကွန်နက်ရှင်မကောင်းလို့ ဓာတ်ပုံတွေ upload မတင်နိုင်တဲ့ ဒုက္ခက ကင်းဝေးပြီပေါ့ဗျာ။

ပျော်ရွှင်စွာ ဘလော့ဂ်ရေးနိုင်ကြပါစေ
မင်းယွန်းသစ်

Read Users' Comments (0)

ဘလော့ရီဒါကြီး ကျွန်တော်

ကျွန်တော် အရင်ကဆို ဘလော့ရီဒါလုပ်ပါတယ်။ ဘလော့တခုကိုမွှေနှောက်ဖတ်လေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်က ကောမန့်အမြဲပွတ်လေ့ရှိသူတော့ မဟုတ်ပါဘူး။ အဲဆီဗုံးလေးတွေမှာတော့ အော်ခဲ့တာပေါ့..။ ခုနောက်ပိုင်းတော့ဗျာ အားလုံးလဲ သိကြတဲ့အတိုင်း (ဓာတ်ပြားဟောင်းကြီး ပြန်ဖွင့်ရအုံးမယ် ဟီး) ဘလော့တွေကို ဘန်းလိုက်တဲ့နောက်ပိုင်း ကျော်ခွကြည့်နေရပြီး ကိုနက်ရှင်ကလဲ လိပ်ဆိုတော့ ဘလော့တွေ လိုက်ဖတ်ရတာ စိတ်သွားတိုင်း ကိုယ်မပါဘူးပေါ့ဗျာ.။
အဲဂူဂဲလ်က ပေးတဲ့ google reader ကတော့ သိတာကြာပါပြီ ဒါပေမယ့် ကျွန်တော်ကလဲ ခုတလောမှ စာမေးပွဲတဖက်၊ ဟိုကိစ္စ ဒီကိစ္စတွေက ရှုပ်နေလေတော့ သေချာ မကလိဖြစ်ဘူးဗျ။ တနေ့ကမှ ဂူဂဲ ရီဒါလေးကို သေချာကလိမိတော့မှ အားပါး ဂွတ်ရှယ်ပဲ...။ သူက ၀က်ဆိုက်ဒ်တွေကို RSS Feed ပုံစံမျိုး Subscribe လုပ်ပြီး ကြည့်လို့ ရပါတယ်။ တော်တော်လေး ကောင်းတယ်ဗျာ။ ပြီးတော့ အမျိုးအစားတူတဲ့ ဆိုက်တွေကိုလဲ အုပ်စုလိုက် folder လိုက်ခွဲခြားထားနိုင်ပါတယ်။ ကျွန်တော်ဆို Myanmar Bloggers ဆိုတဲ့ အုပ်စုလေးလုပ်ပြီး အဲဒိဖိုင်အောက်မှာ ကျွန်တော် သိပ်ကြိုက်တဲ့ဘလော့လေးတွေကို Subscribe လုပ်ထားတယ်။ သူ့ရဲ့အားသာချက်လေးက ပို့စ်အသစ်လေးတွေ တက်လာပြီဆို သူကခေါင်းစဉ်လေးတွေနဲ့ စာမြည်းလေးတွေ ဖော်ပြထားတာပါပဲ။ တော်တော်လေးအသုံးဝင်ပါတယ်။ နိုင်ငံခြားကကြည့်သူတွေ အတွက်မထူးခြားပေမယ့် ကျွန်တော်တို့လို မသဒ္ဓါရေစာ အင်တာနက်လေး ကျော်ခွသုံးနေရတဲ့ ပြည်တွင်းက လူတွေဖို့ အတော်လေး အသုံးဝင်တယ်ဗျာ။ သုံးပြီးသူတွေကတော့ သိပြီးမှာပါ။ မသုံးဖူးသေးတဲ့ သယ်ရင်းများ ဂူဂဲလ်ရီဒါကို စမ်းသုံးကြည့်စေချင်တယ်ဗျာ။

ကျွန်တော်လဲ အခုဆို တကူးတက ဘလော့တွေဆီ ပို့စ်အသစ်တက်လား လိုက်ကြည့်နေစရာမလိုပဲ ဂူဂဲလ်ရီဒါလေးနဲ့ ထိုင်ရာမထပို့စ်တွေဖတ်လို့ ရပြီပေါ့။ စိမ်ပြေနပြေဖတ်ပေရော့ပဲ။ မိုက်တယ်ဗျာ။ ကျွန်တော်အခု ဘလော့ရီဒါစစ်စစ်လေးပြန်လုပ်မယ်ဗျာ။ အလျင်းသင့်သလို ကြိုက်တဲ့ဘလော့လေးတွေလဲ ထပ်ပေါင်းထည့်လိုက်အုံးမယ်။ တော်တော် အသုံးတည့်ပါတယ်။ အဲဒိဆားဗစ်လေးကကြာတော့ကြာပါပြီ။ ပြည်တွင်းက ဘ၀တူ ဘလော့ရီဒါတွေအတွက် ပိုအသုံးဝင်ပါလိမ့်မယ်..။


reader.google.com

Read Users' Comments (0)

ဝက်ဘ်ဆိုက်အညွန်း


ကိုယ့်ဘလော့လေးကို blogspot.com ဆိုတဲ့ ဒိုမိန်းနာမည်က ဘလော့တိုင်းမှာ သုံးနေလို့ တမျိုးတမည် ပြောင်းသုံးချင်ရင်ဖြစ်ဖြစ်။ လူရှိန်အောင် ဘလော့လိပ်စာပြောင်း ချင်တယ်ဆိုရင်ပဲဖြစ်ဖြစ်။ http://co.cc ကနေ free domain ယူလို့ရပါတယ်။ ဥပမာ ကျွန်တော်ဆိုရင် www.minnyoonthit.blogspot.com ကနေကျွန်တော့် ဘလော့ကို ကြည့်နိုင်သလို www.minnyoonthit.co.cc ဆိုပြီးလည်း ကြည့်နိုင်ပါတယ်။ သူက beta for blog ပါတဲ့ ဘလော့လိပ်စာတွေအတွက် အလကားပဲတင်း ဒိုမိန်းပါတဲ့ခင်ဗျာ။

သူ့ဒိုမိန်းကနေ report တွေကို real time ထုတ်ပေးနိုင်ပါတယ်။ ပြီးတော့ သင့်ဘလော့ကို လာရောက်လည်ပတ် သူတွေရဲ့ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ အလိုက် chart ဇယားတွေနဲ့ ကြည့်နိုင်ပါတယ်။ ဘယ်ဆိုက်တွေကနေ ကိုယ့်ဆီကို လာလည်တယ်ဆိုတာလဲ ကြည့်လို့ရပါတယ်။ blogspot.com ဒိုမိန်လေးနဲ့ သူငယ်ချင်းတွေကို ကိုယ့်ဘလော့ လိပ်စာမပေးပဲ စတန့်ထွင်ချင်တဲ့ သူများအတွက် co.ccကနေ အလကားပဲတင်း ဒိုမိန်းအကောင့်ဟာ သုံးပျော်ပါတယ်။ sign up လုပ်တာလဲ ၅ မိနစ်ထက်ပို မကြာပါဘူး။ အပျင်းပြေစမ်းသုံးကြည့်ကြပေါ့ခင်ဗျာ :D။

Read Users' Comments (0)

ဘယ်တော့မှ တခုထဲ မယုံစားနဲ့

ကျွန်တော့် စက်မှာ အရင်က Norton နဲ့ AVG တွဲတင်ထားတယ်။ နေ့တိုင်းလိုလို စက်ဖွင့်တိုင်း ပထမဆုံး လုပ်တာက scan computer ပဲ။ ဒါပေမယ့် ကျွန်တော့် memory က သိပ်မရှိတော့ တော်တော် လေး လေးသွားတယ်ဗျာ

တနေ့က သူငယ်ချင်း တစ်ယောက်ဆီက Kaspersky antivirus software လေးရလာတယ်။ ကျွန်တော် ဒီဆော့ဖ်ဝဲကို မြင်ဖူးနေတာကြာပါပြီ။ ဆိုက်ဘာကဖေး ဆိုင် တော်တော်များများ မှာ အဲဒါလေးကို သုံးနေကြတာကို ခဏခဏမြင်ဖူးပါတယ်။ အရင်ကဆို ကျွန်တော်က စည်းမဲ့ကမ်းမဲ့ နိုင်လွန်းတယ်။ ဘာ antivirus မှ မတင်ဘူးလေးလို့ ဆိုပြီးပေါ့။ အဲဒိ စည်းကမ်းမဲ့ သတိမမူခြင်းကြောင့်ပဲ ကျွန်တော့် ကွန်ပြူတာကို ၃ကြိမ်လောက် ၀င်းဒိုးပြန်တင်ရတယ်။ ငနဲသား ဗိုင်းရပ်စ် တွေ သမသွားလို့။ အဲဒိနောက်ပိုင်း ကျွန်တော် ဗိုင်းရပ်စ် ဆိုတာ ကို နဲနဲ သတိထားလာတယ်။ ကြောက်တော့ မကြောက်ပါဘူး။ ဘာလို့လဲဆိုတော့ အနာသိရင် ဆေးရှိမှာပဲလေ။ ကျွန်တော် အရင်ကတော့ AVG တမျိုးတည်းကို ပဲသုံးတယ်။ ဒါပေမယ့် ကျွန်တော့် Flash drive ကို ကျောင်းက စက်တွေမှာ ပြန်စစ်လိုက်ရင် ဗိုင်းရပ်စ်တွေ့ ပြီး အိမ်မှာ မတွေ့ တော့ ကျွန်တော် AVG ကိုသိပ်သဘော မတွေ့တော့ဘူးဗျ။ တချို့ ဗိုင်းရပ်စ်တွေကိုကျတော့ နိုင်တယ်။ တချို့ဟာ တွေကျတော့ သူမတွေ့ ပြန်ဘူး။ အဲဒါနဲ့ Norton Corporate version ကို ကျွန်တော့်သူငယ်ချင်းဆီက အစစ်ကြီးရလာလို့ သုံးကြည့်ပြန်ရော။ မဆိုးပါဘူး။ သူလဲ။ အကယ် ၍ flash ကို တပ်လိုက်လို့ virus ပါလာတယ်ဆိုရင် သူက Alert ပြပြီး တခါထဲ သတ်ပစ်လိုက်တယ်။ အဲဒါရှင်းတယ်ဗျ။ AVG ရဲ့ virus vault က သိပ်စိတ်မချရဘူးထင်တယ်။ ကျွန်တော်တော့ Virus Vault ဖြစ်ဖြစ် Quarantine ထဲဖြစ်ဖြစ် အကုန်ဖျက်ပစ်တာပဲ။ စိတ်မချလို့။ တလောက လဲ bit defender ကြီး သုံးကြည့်သေးတယ်။ အားပါး တအားလေးတယ်။ ကျွန်တော် ရဲ့ သူငယ်နှပ်စား စက်ကလေးနဲ့ ဘယ်လိုမှ မနိုင်ဘူး။ ဒါနဲ့ ၂ရက်ပဲ သုံးပြီး ပြန်ဖြုတ်လိုက်တယ်။ ဒီတခါတော့ kaspersky ကို ပြောင်းသုံးကြည့်နေတယ်။ စစတင်ချင်းနေ့မှ ပဲ သူကဘာပြောလဲဆိုတော့ norton နဲ့ AVG ကို ဖြုတ်ပြီးမှ သူ့ဟာကို တင်ပါတဲ့။ ကဲကွာ ဖြုတ်ဆိုတော့လဲ ဖြုတ်တာပေါ့ဆိုပြီး ဖြုတ်လိုက်တယ်။ Install လုပ်ပြီးတော့ စစ်လိုက်တော့ အောင်မြတ်လေး သကောင့်သား worm တွေ ၆၆ကောင်လောက် ၀င်နေတယ်ဗျာ ။ ဒါကြောင့် ကျွန်တော့် စက် သူငယ်နှပ်စားလေး ခင်မျာ လေးနေရှာတာပေါ့။ norton, AVG တွေနဲ့ နေ့တိုင်းစစ်နေတာတောင် ဒီကောင်တွေ ဘယ်နားသွားပုန်းနေလဲ မသိဘူး။ တော်သေးတယ်။ အဆိပ်ပြင်းတဲ့ကောင်တွေ မဟုတ်သေးလို့။ လောလောဆယ်တော့ kaspersky က မဆိုးဘူးပြောရမလားပဲ။ ဒါပေမယ့်လဲ စောင့်ကြည့်ရသေးတာပေါ့။ သူလဲ ဘယ်အချိန်အထိ စိတ်ချရမလဲလို့။ လောလောဆယ်တော့ ကောင်းတယ်လို့ ညွှန်းပါရစေ။ သူငယ်ချင်းတို့လဲ Antivirus ဆိုရင် တခုထဲကို လုံးဝ မယုံနဲ့နော် တခြားဟာ တွေလဲ ပြောင်းသုံးကြည့်အုံး။ သကောင့်သားတွေ က လွယ်တာမဟုတ်ဘူးလေ။

Read Users' Comments (0)