မိမိကိုယ်ကို သတ်သေခြင်း
အဆီခန်းနေတဲ့ ဦးနှောက်အခန်းပျက်တစ်လုံးနဲ့...
ချဉ်စော်နံ ဒဿနတွေပေကျံနေတဲ့သူ....
ခပ်လွင့်လွင့် ပျက်ရယ်သံတွေ....
မျက်နှာကျက် အပေါ်ဘက်ကို တစွန်းတစ ထွက်လာကြတယ်..
ခြေဖ၀ါးအောက်က လူ့ယဉ်ကျေးမှုများ
ရိုးတိုးရွတ မျက်စိနောက်အောင်....
သွားလာနေကြပေါ့...
ဘာမှတွယ်တာစရာ မရှိတော့တဲ့ နာရီလက်တံတွေရှေ့မှာ..
ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းညွှတ်ကျ...
တချိန်ချိန်ခွဲရမယ့် လောကကြီးကို ဂွတ်ဘိုင်လို့ နှုတ်ဆက်ရင်း
တဖြည်းဖြည်း.....နိမ့်၍...နိမ့်၍......နိမ့်၍...............။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
December 26, 2007 at 5:14 PM
အားပါး
နာ့မောင်လေးထိချက်ကတော့
ကိုယ့်ကိုယ်ကိုတော့သတ်မသေနဲ့လေ
ခဏနေ အစိမ်းသေဆို
နာက သရဲကြောက်ပါတယ်ဆိုမှ
သူက မမ မမ ဆို ဒွတ်ခ
ဒွတ်ခ
December 27, 2007 at 9:29 AM
အာကိုယ့်ကိုကိုယ် သတ်သေတော့မလို့လား
လုပ်နဲ့ဟ...နာသရဲကြောက်တယ်....ဟီးးးးးးးးးးးး
နာ့ကို....လာခြောက်မှာလား....
ကောင်းတယ်ကဗျာက ဂွတ်ထပဲ.........
သေနဲ့နော်...............ဟိ
အားပေးနေတယ်.....ကဗျာကိုပါ..
သတ်သေဖို့မဟုတ်ဘူးနော်..အုန်းခင်...
တတ်သလောက်ပေါ့...
စိန်မမ