twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon
Showing posts with label Record. Show all posts
Showing posts with label Record. Show all posts

အကြိတ်အနယ် ကစားပြီး သရေကျသွားတဲ့ပွဲ (အပိုင်း ၂-ဓာတ်ပုံ)


ရတနာပုံ အသင်းစပွန်ဆာ ဖြင့် လာရောက် အားပေးကြမည့် မန်းပရိသတ်တွေ


အန်တီကြီးက ရတနာပုံပဲ ကြိုက်တယ်တဲ့


ရန်ကုန် ပရိသတ်တွေ


လက်မှတ် မှောင်ခိုနဲ့ ခေါင်းစည်းတွေ ရောင်းနေတာ (ကျွန်တော်တို့တောင် ဝယ်ခဲ့သေးတယ်။ တခုကို ၂၀၀ ကျပ် ပေးခဲ့ရတယ်)


မဘာညာ၊ ကိုကြီးကျော်၊ သားဖြိုး


သားဖြိုး နှင့် ကျွန်တော် (ရန်ကုန် ရတနာပုံ ချစ်ကြည်ရေး အဟတ်ဟတ်) :P


အမှန်အကန် အားပေးမယ့် ရန်ကုန်တွေ


ရန်ကုန်လားဟေ့ မောင်တို့ရေ ရန်ကုန်ဟေ့ ရန်ကုန်ဟေ့


ချန်ပီယံ ရန်ကုန်ယူနိုက်တက်


ဘိုင့်ဘိုင့် ရတနာပုံ (တောက်တီး တောက်တဲ့ ဆွဲထားပုံများ အယ်လ်ပိုင်း ရေသန့်ဘူး မှောက်နေပုံ နဲ့ တဘက်က ငိုနေတဲ့ပုံ)


ရန်ကုန်နော် ရန်ကုန် (မဘာညာ)


တိုးလို့ မပေါက်ဘူးဗျို့


မာသော အရာဝတ္တုတွေနဲ့ ရေသန့်ဘူးခွံများ ကွင်းထဲကို သယ်ဆောင်ခွင့် မပေးပါဘူး။


တဖွဲဖွဲ ရောက်လာကြတဲ့ ဘောလုံးချစ် ပရိသတ်တွေ



လုံခြုံရေးကလဲ ထူထူထပ်ထပ်











သားဖြိုး၊ ကျွန်တော်၊ ကိုကြီးကျော်၊ မဘာညာ We are yangon fans. (except of thar phyo :P)

ရတနာပုံ တဂိုးသွင်းပြီး မကြာမှီ ချေပဂိုး ပြန်ရလို့ အောင်ပွဲခံနေတဲ့ ရန်ကုန် အသင်း

အကြိတ်အနယ် ယှဉ်ပြိုင် နေစဉ်

ထောင့်ကန်ဘော ကန်ဖို့ လုပ်နေစဉ်

အရှေ့ဘက်ပွဲကြည့်စင်နှင့် မြောက်ဘက် အထူးတန်းပွဲကြည့်စင်မှ ရတနာပုံ ပရိသတ်နှင့် ရန်ကုန် ပရိသတ် ရန်ပွဲ (ဦးဇော်ဇော်တို့ အခြေအနေ ဝင်ထိန်းပြီ)

ပွဲပြီးသွားပြီဗျာ ချိတ်ညစ်တယ် နိုင်နေပြီးမှ သရေကျသွားတယ် (တချို့ဆို... တော်ပြီ ရေသန့်တောင် အယ်လ်ပိုင်း မသောက်တော့ဘူး ဆိုပဲ အဟတ်)

ရန်ကုန် ယူနိုက်တက် အသင်း ၏ သယ်ယူပို့ဆောင်ရေး ကားကြီး


ရန်ကုန်သူတွေ ခင်ည

မီထရို့ အကြိုက် ရန်ကုန်သူ လန်းလန်းလေးဗျာ...ခွိခွိ

ကားထွက်မရလို့ ချိတ်ညစ်နေတဲ့ ကိုကြီးကျော်

ဒါက ရွှေမန်းသူ ခင်ဗျ.. လျှပ်တပြက် ရိုက်ချက် ဆိုတော့ သေချာ မမြင်လိုက်ရဘူး။

ပုံတွေတင်ရတာ အတော် မောသွားပြီဗျာ ဟူး…. နောက်ပွဲတွေကျရင် စာဖတ်သူတွေ ဆီက စပွန်ဆာ ပြန်တောင်းမှပဲ ဟတ်ဟတ်..

Read Users' Comments (1)comments

ဘွဲ့အစမ်းလေ့ကျင့်ခြင်း

ဒီနေ့ ဘွဲ့နှင်းသဘင် ရီဟာဇယ် လုပ်တဲ့နေ့လေ။ ကျွန်တော် ဒီနေ့ မနက် ရန်ကုန်တက္ကသိုလ် လို့ခေါ်တဲ့ မိန်းထဲကို ရောက်ခဲ့ရတာပေါ့။ ကျွန်တော်အိမ်က ဘယ်လောက် ဂရုစိုက်လဲ ဆိုရင် ကားတောင် မပေးလိုက်တဲ့အပြင် ဘယ်သူမှတောင် မလိုက်ခဲ့ဘူးဗျ။ ဒါနဲ့ ကျောပိုးအိတ်ကလေး တလုံးလွယ်ပြီး တက္ကစီနဲ့ ဒိုးရတာပေါ့။ ဟိုရောက်တော့ ၉နာရီ ၄၅ရှိနေပြီ နံပါတ်အမဲ မဟုတ်ရင် ကျောင်းထဲဝင်လို့ မရဘူးဆိုတော့ ကျွန်တော် မောင်မင်းယွန်းမှာ လမ်းလျှောက်ခဲ့ရတာပေါ့။ တခြား အချိန်မှာဆို အဓိပတိလမ်းကြီးကို လျှောက်ရတာ ဖီးလ်ရှိပေမယ့် ဒီနေ့တော့ ပဲများလာတာဆိုတော့ အဟတ် အိုက်တယ်ဗျာ။ ဘွဲ့နှင်းသဘင်နားရောက်တော့ ကျွန်တော်က ကင်မရာရိုက်ချင်တော့ ကင်မရာမင်းန် တယောက်ကို အကူညီတောင်းပြီး ရိုက်ခိုင်းရတယ်။ သူတို့က ပိုက်ပိုက် ရမှ လုပ်ချင်တာဆိုတော့ ရိုက်တော့ ရိုက်ပေးပေမယ့် မျက်နှာက မကြည်ဘူး။ (ရူးချင်ယောင် ဆောင်ပြီး ကိုယ်လိုချင်တဲ့ ပုံကို ရိုက်ခိုင်းလိုက်တယ်။ ဟီး)

ပြီးတော့ ၉နာရီထိုး ခါနီးနေပြီဆိုတော့ ဆော်သြ နေကြတာနဲ့ ခန်းမထဲ ခပ်သုတ်သုတ် ၀င်ရတယ်။ လူတွေလဲ အတော်စုံနေပြီကိုး။ ကျွန်တော် ထိုင်ပြီး မကြာမှီတော့ အခမ်းအနားစပါတယ်။ ဆရာမ တစ်ယောက်က ဘွဲ့ယူမယ့် နေ့လုပ်ရမယ့် အစီအစဉ်ကို ရှင်းလင်းပြောပြပါတယ်။ ထို့နောက် ဆရာတစ်ယောက်ကလဲ ကိုယ်တိုင် သရုပ်ပြပါတယ်။ မှားတတ်တဲ့ အမှားတွေကို ပြောပြပါတယ်။ တခြားသူတွေတော့ ရီကြလေရဲ့။ ကျွန်တော်ကတော့ မရီပါဘူး ဒါမျိုးက စင်အတွေ့အကြုံ ခဏခဏ ရှိတဲ့ ကျွန်တော် မြင်တွေ့ကြုံဖူးနေကြ သတိပေးတာ ဟုတ်တယ်။ သတိမထားရင် စင်ပေါ်ရောက်ရင် ကမောက်ကမတွေ ဖြစ်ကုန်ရော။ အဟဲ ပြီးတော့ ကျွန်တော်က နောက်ဆုံးဘိတ်က ပြန်ရေရင် ၃ယောက်မြောက်လေ။ တခြားသူတွေ အရှေ့က လူတွေ နမူနာ တက်ယူတာကို အားရပါးရ ထိုင်ကြည့်နေရတယ်။

အဟတ်ဟတ် မမတွေများ ပြင်လာလိုက်ကြတာ ကျောင်းတုန်းက မြင်ဖူးနေကြ လူတွေတောင် သိပ်မမှတ်မိချင် ဖြစ်သွားတယ်။ ကျောင်းတုန်းက သိပ်မလှဘူး ထင်တဲ့ ကောင်မယေးတွေက ဒီလို လှလှပြင်လိုက်တော့လဲ လှသွားသလိုလိုပဲ။ အော်ဟော် မိတ်ကပ်အစွမ်း တယ်စွမ်းသကိုး။ မမဗိုက်ပူလေးတွေလဲ ဗိုက်ဖုံး အကျီင်္လေးတွေနဲ့ လာယူကြသဗျာ။ ဖက်ရှင်တွေကတော့ ဒီဇိုင်းမျိုးစုံပဲ။ အားလုံးကို ဖလန်းဖလန်းထနေကြတာပဲ။ ဟိ။ ဒါနဲ့ ကျွန်တော့်အလှည့် ရောက်လာတယ်ပေါ့။ တက်ယူရမယ့် အစီအစဉ်က လွယ်လွယ်လေး ကိုယ့်ကို ပေးထားတဲ့ ကဒ်တခုကို စင်ပေါ်တက်ရင် စင်ပေါ်က ဆရာမကို လှမ်းပေး ပြီးတာနဲ့ ကင်မရာဘက် မျက်နှာပြန်လှည့် ပြီးရင် နာမည်ခေါ်လိုက်တာနဲ့ ရှေ့ကို ဆက်လျှောက် သတ်မှတ်ထားတဲ့ နေရာကနေ ယူ ပြီးရင် ဆင်းသွား လုပ်ရမှာက ဒါပါပဲ။ ဒီနေ့ ဆင်းပြီးတော့ ကျွန်တော်တို့ ဘွဲ့နှင်းသဘင် ဟောလ်ခန်းရဲ့ ဒေါင့်ဘက်က အခန်းကို တခါထဲ ၀င်ပြီးတော့ ကိုယ်တပိုင်းပုံ ရိုက်ရပြန်တယ်။ ပြီးတော့ ပြန်ထွက်ခဲ့တယ်။ အပြင်မှာ အတန်းဖော် သူငယ်ချင်းတွေလဲ နှုတ်ဆက်လို့ မဆုံးဘူး။ ကျွန်တော်က ကျောင်းတုန်းက ကျူရှင်ပေါင်းစုံတက်တဲ့ ကောင်ဆိုတော့ သူငယ်ချင်းက ခပ်များများ ဆိုတော့။ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်ပြီးတာနဲ့ အခုရေးနေတဲ့ ဆိုင်ကို တခါထဲ ကားငှားပြန်လာခဲ့တာပဲ။ အဟတ် ပုံတွေ ပြချင်တာကိုး။ :P




အဓိပတိလမ်း





ခန်းမထဲဝင်ဖို့လုပ်နေတာလေ..။ အပြင်မှာ စောင့်တဲ့သူက စောင့်လို့..။

ဘွဲ့ရမောင် များနှင့် ဘွဲ့ရ ဖလန်းဖလန်း မမများ အဟိ :P

ဟိုဟာဒီလို လုပ်ရတယ် ဒီဟာ ဟိုလို လုပ်ရတယ်လို့ သရုပ်ပြနေတာလေ။ :)

ယင်ကောင်လို့ ခေါ်တဲ့ ကျွန်တော့်သူငယ်ချင်းနှင့် :P

အေးဗျာ.. သူငယ်ချင်းတွေထဲမှာ ယောက်ျားလေးက ကျွန်တော်ရယ် နောက်တစ်ယောက်ရယ်ပဲ ရှိတာ ဒီကောင် မယူတော့ဘူးဆိုတော့ ကျွန်တော်တစ်ယောက်တည်းရယ်..။ :)

ဂန္ဓ၀င်သစ်ပုပ်ပင် ရှေ့က ခန့်ချောချော ကျွန်တော်ပေါ့ဗျာ.. :P


အဟဲ ပြီးပါပြီပေါ့ဗျာ..။ ၂၂ရက်နေ့ကျတော့ တကယ်ကြီး ဘွဲ့ယူရမှာ ခင်ဗျ..။ အဲ့ဒိကျ ထပ်တင်ပေးအုံးမယ်နော့။ ဆီးယူပေါ့...။


Read Users' Comments (6)

ဘလော့သက်တမ်း၂နှစ်ပြည့်သွားပြီ


၂၀၀၇ခုနှစ် မတ်လ ၄ရက်နေ့က စရေးတဲ့ ကျွန်တော့် ဘလော့လေးဟာ အခုတော့ ၂နှစ်ပြည့်သွားပါပြီ။ My TLMS ၂နှစ်ပြည့် မွေးနေ့လေးပေါ့ဗျာ.။ ဘလော့ရေးလာတာ ၂နှစ်အတွင်းမှာ ဘလော့လောကကို ကျောခိုင်းသွားတဲ့ သူငယ်ချင်းများကိုလဲ လွမ်းပါတယ်။ အခုထိ ကျန်ရှိနေသေးသော ကျွန်တော်၏ သူငယ်ချင်း ဘလော့ကာ များအတွက်လဲ ဂုဏ်ယူပါတယ်။ ကျွန်တော်တော့ ဘလော့လောက လေးကနေ လောလောဆယ် ထွက်ခွာသွားဖို့ မရှိပါဘူး။ ဘလော့စွဲတဲ့ ရောဂါကလဲ နေမြင့်လေ အရူးရင့်လေ ဖြစ်နေပြီကိုး။ :) ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ တိုလီမုတ်စ ဘလော့လေးကို လာရောက်လည်ပတ် ဖတ်ရှုသူ သူငယ်ချင်းများကိုလဲ အထူးကျေးဇူးတင်ပါတယ်။ (သူတို့သာ အားမပေးဘူး ဆိုရင် ကျနော်လဲ ဆက်ရေးဖို့ ခွန်အားတွေ ရှိမှာ မဟုတ်ပါဘူး)။ ကျွန်တော့် ဘလော့လေးဟာ ထင်ရှားကျော်ကြားတဲ့ ဘလော့စာရင်းထဲမှာ မပါပါဘူး။ ကျွန်တော့်ဘလော့လေးဟာ ကိုယ်ထင်ရာ ကိုယ်ရေးနေတဲ့ ဘလော့လေး တခုသက်သက်ပါ ခင်ဗျာ..။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အိမ်လေးနဲ့ တူတဲ့ ဘလော့လေးအတွက် ဂုဏ်ယူပါတယ်။ ဆက်လဲ ရေးချင်ရာ ရေးသွားပါအုံးမယ်ခင်ဗျာ..။ Happy Birthday ပါ My TLMS ရေ...။ အားလုံးကို ကျေးဇူး..။ :)

P.S (ရေးပြီးမှ... စာကြွင်းလေး..ထပ်ရေးချင်လို့.. edit လုပ်ပြီး ပြန်ရေးလိုက်တယ်...နော်.. အောက်ပါ ကဗျာလေးက ကျနော်ဘလော့ရဲ့ ပထမဆုံးပို့စ်ပေါ့..။ အမှန်တော့ သူ့ရှေ့မှာရှိတယ်.. မကြိုက်လို့ ပြန်ဖျက်ပစ်လိုက်တာ..။ ဆိုတော့ ဒီဟာလေးက ပထမဆုံးပို့စ်ပေါ့။ မြန်မာလို မရေးတတ်ခင် တုန်းက ဓာတ်ပုံနဲ့ ကဗျာတင်ထားတာ)

ဆောင်းသင့်ခဲ့ပြီ....
နှင်းကြွေတဲ့ ခရမ်းရောင် ရပ်ဝန်းမှာ...
ငြိမ်သက်စွာ ယီးလေးခိုတော့...
မိုးခေါင်ခဲ့.. ဟောဒိ ရင်ခွင်လဲ...
အစိမ်းလိုက်ပဲ... သေဆုံးခဲ့ရတယ်...။

(ဘာကဗျာလေးမှန်း မသိဘူး.. အဟိ ဟိုတုန်းက လက်ရာလေး ဆိုပါတော့..) :)

Read Users' Comments (12)

နှစ်သစ်ကူးတဲ့ည

သူငယ်ချင်းတို့ရေ.. မနေ့က ကျွန်တော် အိပ်ယာကို နေမြင့်မှထ တယ်။ :) ပြီးတော့ ကျွန်တော် စက်မှုဇုံကို ပြေးရသေးတယ်။ အဲပြန်လာတော့ နက်ခဏတော့ သုံးရပါတယ်။ ဒါပေမယ့် အိမ်မှာ မီးလိုင်းတွေ ပြန်ဆင်မှာမို့ အိမ်ကိုပြန်ပြေးရပြန်တယ်။ ဒီလိုနဲ့ မီးလိုက်တွေ မီးသမားနဲ့ လိုက်ကူ လိုက်ဆင်ပေးလိုက်တာ ကျွန်တော့်ပို့စ်လေးတောင် မတင်နိုင်ခဲ့ဘူး ညမိုးချုပ်သွားတယ်။ ကဲ သူငယ်ချင်းတွေကို ဒီနေ့တော့ ကျွန်တော်တို့ အိမ်ရဲ့ နယူးရီးယားပါတီပွဲလေးကို ပြန်လည် ဝေမျှလိုက်ပြီနော်။
++++++++++++++++++++++++++++++++++++++++++
အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်ရဲ့ မနက်ခင်းလေး ဖြစ်ပါစေ။ သူငယ်ချင်းတို့ မနေ့က ဟက်ပီးနယူးရီးယား အော်ခဲ့ကြသေးလားဗျ။ ကျွန်တော်တို့ အိမ်မှာတော့ လူနဲနဲနဲ့ ပွဲစည်ခဲ့တယ်ခင်ဗျ။ ကျွန်တော်တို့ရဲ့ ပါတီလေးကို ည ၁၀နာရီလောက်မှာ ခြံထဲမှာ စတင် ပြင်ဆင်ကြပါတယ်။ ပြင်ဆင်တယ်ဆိုတော့ အကြီးအကျယ်တော့ မဟုတ်ဘူး လူက နည်းနည်းပဲ ရှိတာကိုး။ ကိုယ်စားပြီး ကိုယ်တွေပဲ ပြန်သိမ်းရမှာဆိုတော့ စားပွဲဝိုင်းလေး တခုခင်း၊ ပြီးတော့ မီးဖို နှစ်ဖို တည်။ တစ်ဖိုက အသားချောင်းလေးတွေ ကြော်စားဖို့၊ နောက်တဖိုက ဟော့ပေါ့ လုပ်စားဖို့ ဖြစ်ပါတယ်။


တယောက်တလှည့် ၀ိုင်းလို့ချက် (ဒီနှစ်တော့ ကျွန်တော့် အန်တီလေးက စာဖိုမှူးတာဝန်ယူ တယ် ) :)


ညီမလေးကတော့ အသားချောင်းတွေညှပ်၊ ဟော့ပေါ့လုပ်ဖို့ စီစဉ်နေတာပေါ့။


မကျက်သေးဘူးလား မသိဘူး စားချင်လိုက်တာဗျာ..။ :P (ဒီကောင်ရယ် ကျွန်တော်ရယ်ကတော့ ယောင်ဝါးပဲ ဟီး)


ဟိုလိုဒီလို ညွှန်ကြားဖို့ဆိုတာ လက်ညှိုးတချောင်းရှိရုံနဲ့ လုံလောက်တယ်။ ဘာမှ ပင်ပန်းစရာ မလိုဘူး ဟိဟိ။



မီးဖိုတဲ့သူ ဖို၊ အသားညှပ်တဲ့သူ ညှပ်၊ ကြော်တဲ့သူကကြော်၊ ဟိုလိုလို ဒီလိုလိုနဲ့ စားစရာတွေကို သာ ချောင်းနေတဲ့သူ (ဟီး ကျွန်တော်နဲ့ ကျွန်တော့် ညီပေါ့) စသည်ဖြင့် ကိုယ်စီ အလုပ်တွေ ရှုပ်နေကြရင်း နာရီဝက်လောက် ချက်ပြုတ်ပြီးတော့ အားလုံး အပြီးအစီး ၀ိုင်ပုလင်းတွေဖောက်၊ မြန်မာတပုလင်းဖောက် အားလုံး ချီးယားစ်..။ အသားချောင်းကြော်တွေကလဲ စားလို့ ကောင်းမှကောင်း၊ ကျွန်တော်တို့ ၀ိုင်းကောင်းနေတုန်း အဘွားက သူဘယ်ချိန်တုန်းက ဖွက်ထားတဲ့ ၀ိုင်ပုလင်းမှန်းမသိ ကျွန်တော်တို့ကို လာပေးသွားတယ်။ ပုလင်းပုံစံကို ကြည့်ရတာ တော်တော်လေး နှစ်ချို့နေပြီ။ သူလဲ ဂွတ်ပဲ။ ဟီး။ ဟော့ပေါ့ကိုလဲ တယောက်တလှည့်ဝိုင်းချက်လိုက်တာ အရသာ တော်တော် စုံသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အိမ်ရဲ့ အဓိက စာဖိုမှူးဖြစ်တဲ့ အန်တီတယောက်က တိုက်ကြီးမှာ နယူးရီးယား သွားလုပ်တာကိုး။ အဲ့တော့ ကျွန်တော်တို့ ကျန်တဲ့ လူငယ်တွေပဲ တတ်သလောက် မှတ် သလောက် ချက်ကြရတာပေါ့။


အငွေ့တလှိုင်းလှိုင်းနဲ့ မွှေးနေတာပဲ။ ဒါတောင် အစာပလာ တွေစုံအောင် မထည့်ရသေးဘူး။ :)


ကဲကျက်ပြီ ဂလု.. ဂလု..


သဘောင်္သီးထောင်း



မြန်မာဘီယာနဲ့ ၀ိုင် ဘာသောက်ရင်ကောင်းမလဲဟင်။


နောက်ကျတဲ့ လက် ငတ်မယ်တဲ့...


ဝူတယ်..ဂျ.. ၀ူတယ်.. (အမှန်အကန် ဟော့ပေါ့ သောက်နေတဲ့ ကျွန်တော့်ညီလေး :D)

ဒီကြားထဲ စားလို့သောက်လို့ ကောင်းတုန်း ဖုန်းမက်စိတွေ ၀င်၊ ကြိုးဖုန်းကို တဂွမ်ဂွမ်လာနဲ့ အလုပ်ကို ရှုပ်နေတာပဲ။ ဒါပေမယ့် ဘယ်ရမလဲ ဒီအချိန်ဖုန်းလာတယ် ဆိုကတည်းက ကိုယ်က ဦးအောင် ဟက်ပီးနယူး ရီးယား အော်လိုက်တယ် ဟတ်ဟတ်။ အစားနှုန်းက မြန်နေတော့ ၁၁နာရီခွဲလောက်မှာတင် အကုန်ကုန် ကုန်နေပြီ။ ဒါနဲ့ မထူးပါဘူး ဆိုပြီး အကုန်လုံး တယောက် တလှည့် ပြန်သိမ်း၊ ဂီတာတီး သီချင်းဆို ပြီးတော့ ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်နဲ့ ၁၂နာရီ အထိုးကို စောင့်နေရတယ်။ မီးကလဲ တချိန်လုံး ပျက်လိုက် လာလိုက် ဆပ်စလူးထနေသေးတယ်လေ။


ဒီ၂ယောက်ကလဲ ပုလင်းလုလို့..ဟေ့ဟေ့ လုပ်ရ၀ူးလေ...

ဒီဂျင်ဘာည အချူရောင် ညူနှင်းဂျားမှာ...:P

သားလဲ တီးအုံးမှာပေါ့...;)

ဝိုင်းတော်သားတွေ အစုံအလင်နဲ့ :D

ကဲ အားလုံးလဲ အပြီး အော်ခါနီးကျတော့ မူးနေတဲ့ ကလေးမလေးက ဟက်ပီးနယားအူးရီးလို့ အော်မယ်ဆိုတော့ တ၀ါးဝါး ရီလိုက်ရတာ။ သူ့ကို ၁၂နာရီ မထိုးခင် အသံထွက် မှန်အောင် တော်တော် နှုတ်တိုက် သင်ပေးလိုက်ရသေးတယ်။ :) ကဲ ၁၂နာရီ ထိုးပြီ.... 5, 4, 3, 2, 1 “Happy New Year...rrrrrrrrrrrrrrr” ဆိုပြီး အော်လိုက်တယ်။ အဟတ် ကျွန်တော်တို့ အိမ်က နာရီပဲ မြန်နေလို့လားတော့ မသိဘူး ကျွန်တော်တို့ အော်ပြီး မိနစ်ပိုင်းလောက်မှ တရပ်ကွက်လုံး နယူးရီးယား အော်သံတွေက အုန်းကနဲကို ညံနေတာပဲ။ အားလုံးလဲ ပြီးရော အဘွားအိမ်ရဲ့ အနောက်လမ်းက ကျွန်တော့် အိမ်ကို ဗိုက်လေးလေးနဲ့ ပြန်ခဲ့ပြီး အိမ်ရောက်တာနဲ့ တုန်းကနဲ အိပ်ပျော်သွားလေတော့ သတည်း။ ကဲ အားလုံးပဲ ၂၀၀၉ ခုနှစ်မှာ လိုအင် ဆန္ဒတလုံးတ၀ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျာ။ Happy New Year ပေါ့။ :D


Happy 2009!!!

Read Users' Comments (10)