twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

My Eve

ငါ့ကို…
စွဲစွဲလမ်းလမ်း အိပ်မက်တွေ…
မက်စေခဲ့တဲ့အတွက်
မင်းတော်တယ်….

ငါ့ကို..
မင်းရဲ့တီတီတာတာချစ်စကားတွေနဲ့
အကောင်းဆုံးလိမ်ညာခဲ့တဲ့အတွက်
မင်းတော်တယ်…

ငါ့ကို…
ရင်ခုန်သံတွေ ကပြောင်းကပြန်
ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ အတွက်..
မင်းတော်တယ်….

ငါ့…
နှလုံးသားကို ဒဏ်ရာရအောင်
အေးစက်စွာ နင်းချေသွားတဲ့ အတွက်
မင်းတော်တယ်…

ငါ့ကို…
လမ်းခွဲကြရအောင်လို့
ပေါ့ပေါ့ပါးပါး ပြောနိုင်ခဲ့တဲ့ အတွက်
မင်းတော်တယ်….

ဘာပဲဖြစ်ဖြစ်ပေါ့…
ကောင်မလေးရယ်…. (အချစ်မှာ)
မင်းငါ့ထက်… အများကြီး တော်ပါတယ်…။

Read Users' Comments (4)

4 Response to "My Eve"

  1. Chaos says:
    December 19, 2007 at 1:58 PM

    ကဗျာလေးအဖြစ်
    ပြောင်းလဲလိုက်တဲ့
    ကဗျာဆရာလေးကလဲ
    တော်တာပါပဲ

  2. လင်းဦး(စိတ်ပညာ) says:
    December 20, 2007 at 1:27 AM

    ကဗျာလေးကောင်းတယ်.. ကြိုက်တယ်ဗျာ..

  3. Anonymous Says:
    December 22, 2007 at 8:26 PM

    ကဗျာလေးကောင်းတယ်..ခံစားချက်နဲ့ တူနေတယ် အခုတော့ဟုတ်သေးဘူးကွ..ကြာရင်ပြောတာ
    အချစ်စစ်နဲ့ တွေ့ ပါစေဗျာ

  4. ပန်းခရေ says:
    January 1, 2008 at 2:10 PM

    ကဗျာလေးကောင်းတယ်........
    တော်တယ် ..ေ၇းတဲ့သူရော...
    ခံစားမှုတွေဖြစ်စေတဲ့သူရော....
    ဖတ်တဲ့ငါေ၇ာ..ဟီးးတော်တယ်
    ငါကတော့အတော်ဆုံးပေါ့
    မုတ်စရယ်......
    ဟိ
    စိန်မျောက်