twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ခေတ္တလေးနားပါရစေ

ကျွန်တော်ခုတလောမှာ ကျောင်းက Assignment လေးတွေရှာရဖွေရ လုပ်စရာရှိသေးလို့ တပတ်လောက်နားမယ်နော်။ ဟိုကိစ္စ ဒီကိစ္စလေးတွေလဲ ရှိသေးတော့ တပတ်လောက်ပါပဲ။ (မှတ်ချက်။ ။ ဟိုကိစ္စ ဒီကိစ္စတွင် နှလုံးသား ကိစ္စ မပါပါ။ :P) တပတ်နေရင်ပြန်လာမှာပါ။ ဆီဗုံးမှာအော်ခဲ့နော်။ ဘလော့မရေးဖြစ်သေးပေမယ့် ဆီဗုံးတော့ လာလာကြည့်မယ်။ အော်ထားခဲ့ပါနော်။ ပြန်လာရင် ဆီဗုံးလိုက်အော်ပေးမယ်။ သယ်ရင်းတို့ရေ တပတ်လောက် လွမ်းနေမယ်နော။ :D

Read Users' Comments (0)

အသွင်ပြောင်းခြင်း



ကိုယ်ပိုင် ပင်လယ်မရှိတဲ့ ငါပါ..
တနပ်စား အတွေးအခေါ်တွေ စွန်းပေနေတဲ့ ငါဟာ...
အသိခေါက်ခက် အ၀င်နက်ရပေါ့..
အလင်းနဲ့နေသူ ငါ့ကို
အလင်းမဲ့တွေ လာလာဆိုးပေးကြတော့
ငါဟာ...ညဖြစ်သွားခဲ့ရတယ်....။

Read Users' Comments (0)

မုတ်သုံကောင်

ကောင်မလေးရေ…
ငါမမက်ခဲ့ရင် ကောင်းသား
ခုတော့..
အဲဒိ ကြယ်အိပ်မက်တွေ…
ငါ့မိုးတိမ် ၀တ်ရုံထဲ ခွေခွေခေါက်ခေါက်
လာအိပ်နေကြတာများ…
ငါ့ကိုယ်ငါ ထစ်ချုန်းပြနေတာ တောင်..
ဒင်းတို့က..
သောက်ဂရု မစိုက်ကြဘူးလေ…။

Read Users' Comments (0)

သီတင်းကျွတ်ပြီဗျို့

ငယ်ငယ်တုန်းက သီတင်းကျွတ်ကို တနှစ်လုံး မျှော်လိုက်ရတာ..။ မြန်မာ့ရိုးရာ ပွဲလမ်းသဘင်ထဲမှာ ဆို သင်္ကြန်ပြီးရင် သီတင်းကျွတ်ကို အကြိုက်ဆုံးပဲ။ ဘာလို့လဲ ဆိုတော့ သီတင်းကျွတ်ရောက်ရင် ဗျောက်အိုးဖောက်ရလို့လေ။ ဘယ်သူတားတား ကျွန်တော်တို့ ကတော့ ကလေးတွေဆိုတော့ သီတင်းကျွတ်တာနဲ့ ဗျောက်အိုးဖောက်ဖို့ လောက်ပဲ ချောင်းနေကြတာလေ။ သီတင်းကျွတ် နီးလာပြီလားဟေ့ဆို မုန့်ဖိုးစုပြီ။ မုန့်ဗူးလေး တဗူးစာ နှစ်ဗူးစာလောက် ရတဲ့ထိ စုပြီးရင် အိုကေ ဘာလုပ်သလဲ ဆိုတော့ ဘိုးဘွားတွေကို လိုက်ကန်တော့တာပေါ့။ သိပ်သိတတ်လွန်းလို့ တော့ မဟုတ်ဘူး။ ဟဲဟဲ။


မုန့်ဗူး ကို အရင်း ပြုပြီး မုန့်ဖိုးရအောင် ကြံရတာပေါ့။ ကျွန်တော့မှာ က အဒေါ်တွေက များတော့ လှည့်ပတ်ပြီး ကန်တော့တာပေါ့။ သီတင်းကျွတ်ပြီဆို ဒီလိုလေး ကန်တော့လိုက်တာနဲ့ ၀င်ငွေက ရွှင်ပြီ။ ကဲ လုပ်ချင်တာလုပ်လို့ရပြီပေါ့။ ရတဲ့ မုန့်ဖိုးနဲ့ ဗျောက်အိုးတွေ ၀ယ်။ ပြီးရင် နို့ဆီခွက်ထဲ ထည့်ဖောက် ဖုံးကနဲ ဆို နို့ဆီခွက်ပါ လွင့်ထွက်သွားတာကို ကြည့်ရင်း ပျော်နေတတ်တာပေါ့။ ကိုယ့်ဟာကိုယ် ဖောက်လို့ အားမရသေးရင် ဘာလုပ်သလဲ ဆိုတော့ ကျွန်တော် ငယ်ငယ်တုန်းကဆို ကလေး ခေါင်းဆောင်လို့ ပြောရမလားပဲ။ ကျွန်တော်က ဦးဆောင်ပြီးရင် ကျွန်တော်တို့ ရပ်ကွက်ထဲက ကလေးတွေ ကြည့်မရတဲ့ ရပ်ကျော်ရွာကျော် အာကြမ်းနှုတ်ကြမ်း အဒေါ်ကြီး အိမ်ရှေ့ကို တိတ်တိတ်လေးသွား အိမ်က အမွှေးတိုင် တချောင်းနဲ့ ချိန်ကိုက်ဗျောက် လုပ်တယ်လေ။


ဗျောက်အိုးကို အမွှေးတိုင်ရဲ့ အထက်နားကနေ အောက်ဘက်နဲနဲလေးနားမှာ စနက်တံ အစကို အပ်ချည်ကြိုးလေနဲ့ ကပ်ချည်၊ ပြီးရင် အမွှေးတိုင်ကို မီးညှိ အဲဒိအိမ်ရဲ့ အိမ်ရှေ့မလှမ်းမကမ်းက မြေကြီးမှာ စိုက်ထားခဲ့တယ်။ လွတ်ရာ ကင်းရာ တချောင်ချောင်နားမှာ ကျွန်တော်တို့ ကလေးတွေက ဗျောက်အိုးသံကို နားစွင့်နေကြတာပေါ့။ အဲမကြာပါဘူး ၅ မိနစ်လောက်နေတော့ `ဗောင်း´ ဆိုတဲ့ အသံကြီးက နားဝင်ချိုလှတယ်လေ။ ပြီးရင်လဲ တရားခံ မပေါ်တဲ့ ဗျောက်အိုးကို အဲဒိအဒေါ်ကြီးက စိတ်ဆိုး မာန်ဆိုးနဲ့ အော်ဟစ် ဆဲဆိုကြိမ်းမောင်း တစ်ယောက်ထဲ ဒေါသဖြစ်နေပုံကို ကြည့်ပြီး ကျွန်တော်တို့ တွေ တခွိခွိနဲ့ ကြိတ်ရီကြတာပေါ့။


ကြောက်တတ်တဲ့ ကောင်မလေးတွေလား ကျွန်တော်တို့ ရှေ့လာပြီး ကြောက်သလို လာမလုပ်ပြနဲ့ ဗျောက်အိုး နှစ်လုံးလောက် ပစ်ဖောက်လိုက်ကော။ ဗျောက်အိုးဖောက်လို့ ၀ပြီလား ဟေ့ဆို အရက်ပုလင်း အဖုံးဖြစ်ဖြစ်၊ အအေး ပုလင်းအဖုံးဖြစ်ဖြစ် ရှာ၊ ပြီးရင် ကျွင်းသေးလေးတူး တုတ်ကလေး နှစ်ချောင်းခံ အဲဒိတုတ်နှစ်ချောင်းပေါ် ခုနက ရှာထားတဲ့ အဖုံးလေးကိုတင်၊ ဖရောင်းချက်ထည့် အောက်က ကျွင်းလေးထဲကို မီးထည့် ၊ ဖရောင်း တွေ ပွက်လဲ လာရော ရေစက်တွေနဲ့ အဲဒိခွက်ထဲ ကို ဖြန်းလိုက်ရော မီးက လူတစ်ရပ်စာလောက် တ၀ုန်းဝုန်း ထတောက်တော့ မီးတောက်တာ ကြည့်ပြီး ကျွန်တော်တို့ ကလေးတွေ တဟေးဟေး ပျော်ကြပြန်ရော။ ဟဲဟဲ အဲလို အဆော့ကောင်းလို့ သီတင်းကျွတ်တိုင်းလဲ အိမ်က ကျွန်တော့်ကို မီးဆော့ရကောင်းလား ဆိုပြီး ဖင်လှန်ဆော်ခံရတာ ခဏခဏပဲ။ ကျွန်တော် ငယ်ငယ်က အဲဒိလို ခပ်ကဲကဲ ကလေးမျိုးပါပဲ။ သိပ်လိမ္မာပြနေတဲ့ ခပ်ရွံ့ရွံ့ ကောင်လေးတစ်ယောက်တော့ မဟုတ်ခဲ့ဘူးလေ။ ;P


ဟော အသက်နဲနဲ ကြီးလာတော့ ငယ်ငယ်က အကျင့်ပျောက်သလား ဆိုတော့ မပျောက်သေးဘူး။ အခုလဲ သီတင်းကျွတ်ရောက်ပြီဆိုတော့ ကျွန်တော့်ညီဝမ်းကွဲ လေးတွေနဲ့ ကဲတုန်း။ ဟိုတနေ့က ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဗျောက်အိုး မဖောက်ရ ဘာညာ ဆိုပြီး ဓမ္မာရုံက လော်နဲ့ ကြေငြာသေးတယ်လေ။ ဘယ်ရမလဲ။ သူကြေငြာမှ ပိုဖောက်ကြတာပေါ့။ ရပ်ကွက်ထဲက ကလေးတိုင်း ဖောက်တော့ တရပ်ကွက်လုံး ဆူညံသွားတာပဲ။ ဓမ္မာရုံက ကြေငြာသံကို တောင် လွှမ်းချင်သလိုလို..။ ဟိဟိ။ မနေ့က သီတင်းကျွတ်မတိုင်ခင် ညဆိုတော့ မေမေ ၀ယ်လာတဲ့ မီးပုံးလေးတွေ လိုက်ထွန်းတယ်။ ခြံတံခါးပေါ်မှာလဲ ဖယောင်းတိုင်လေးတွေ လိုက်ထွန်းတယ်။ မီးရောင်လေးတွေ ပိုပြီး ထိန်ထိန်သာအောင်လို့ လျှပ်စစ်မီးတွေ ပိတ်လိုက်တော့မှ ပိုလှသွားတယ်ဗျ။ အော် ညနေက ဥက္ကဌ လိုက်ဆော်သြော ထားတာတောင် ဟိဟိ မီးရှူး ပစ်ဖောက်လိုက်သေးတယ်။ မရဘူးဗျာ။ ဘယ်လိုမှန်းမသိဘူး သီတင်းကျွတ်ရောက်ရင် ဗျောက်အိုး မီးရှူးလေး ဖောက်လိုက် ရမှ နေသာထိုင်သာ ရှိတာလေ။ ဘာပဲဖြစ်ဖြစ် တနှစ်မှ တစ်ခါကြုံ ရတဲ့ သီတင်းကျွတ်ကိုတော့ ဒီတိုင်း ကြီး မဖြတ်သန်းချင်ပါဘူး။ သူငယ်ချင်းတို့ကော ဘာအစီစဉ်တွေ လုပ်ထားကြလဲ…။ အတူတူပျော်ကြရအောင်လေ..။ အိုကေတယ်ဟုတ်..။





ကျွန်တော့ အိမ်ဝရံတာက ရောင်စုံမီးပုံးလေးတွေ



ဖယောင်းတိုင်လေး တွေ စီစီရီရီ :)




မီးပန်းလေးတွေ


Read Users' Comments (1)comments

တစ္ဆေတစ်ကောင်ရဲ့တေးသီသံ ( ဇာတ်သိမ်း)

(၁၁)
`ကလင်..ကလင်´
`ဟဲလို သီဟလား´
`အေးငါပါကွ..´
`……´
`အေး.. နေ့ခင်းက ကိစ္စ မင်းဘယ်လိုထင်လဲ မင်းဆီက တခုခု ကြားရမယ်လို့ ငါထင်တယ် နေခန့်´
`အေး ဟုတ်တယ် ငါအားလုံး ဆက်စပ် ပြီးသွားပြီ… သေချာတယ် စိုးကြီး ဆိုတဲ့ လူက နာနာဘာဝ တစ်ကောင်ပဲ။´
`ငါတို့ ဘယ်လိုလုပ်ကြရင် ကောင်းမလဲ ဒီကိစ္စကို ကိုနိုင်ဦးကို ပြောပြမလား´

`အာ မဖြစ်သေးဘူး..ထင်တယ်.. ငါတို့မှာ လက်ဆုပ်လက်ကိုင် ပြ စရာမရှိသေးဘူး…´
သီဟသည် ငယ်သူငယ်ချင်းလဲ ဖြစ်ရာ တစ်ယောက်စိတ်ကို တစ်ယောက် သိသဖြင့်
`အဲဒိတော့.. မင်းက သရုပ်ပေါ်အောင် လုပ်မယ်ပေါ့ ဟုတ်လား နေခန့်´
`အေး ငါလဲ အဲလိုပဲ စဉ်းစားထားတယ် မင်းဘယ်လိုလဲ´
တဖက်မှ သီဟက ဘာကို ဆိုလိုမှန်းသိ၍ ခေတ္တစဉ်းစားပြီးမှ
`အင်း..ငါလဲ သဘောတူတယ်ကွာ ငါတို့ ဘယ်လို စလှုပ်ရှားကြမလဲ။
`ဒီလိုလုပ်ကွာ´
`…..´
+++++



(၁၂)
နေ၀င်ရီသရော ချိန်မို့ အရာရာ ၀ိုးတ၀ါးသာ မြင်နေရသည်။ လျှပ်စစ်မီးများလဲ ပြတ်နေသဖြင့် အလင်းအား အလွန်နည်းနေသည်။ မြို့စွန်ရပ်ကွက်လေးမို့ အရက်ဆိုင်များ တွင်သာ လူတချို့ရှိနေကြပြီး လမ်းမပေါ်တွင်တော့ လူသူကျဲပါးနေသည်။ ထိုစဉ် လမ်းမပေါ်မှ လူငယ်နှစ်ယောက်သည် ခြံနံပါတ်များကို လိုက်ဖတ်နေ၏။

`ဘယ်လိုလဲ ဒီရပ်ကွက်ထဲမှာ နေတာ သေချာရဲ့လား´
`သေချာပါတယ်ကွ..အဲဒိခြံရဲ့ ဒီဘက်တခြံကျော်မှာ ဆောက်လက်စ တိုက်ကြီးရှိတယ်။ ဒါပေမယ့် ဆက်မဆောက်ဖြစ်လို့လား မသိဘူး။ ခြုံတွေ ပေါက်နေတယ်။´
`ခြံနံပါတ်မမှတ်ခဲ့ဘူးလားကွ..´
`လာပါကွာ ဒီလမ်းရဲ့ အကွေ့လေးဆိုရောက်ပါပြီ။ အခုငါမှတ်မိသွားပါပြီ။ ´
မကြာမှီ လမ်းချိုးလေးရဲ့ မျက်နှာချင်းဆိုင် ထောင့်တွင် လူမနေသော ဆောက်လက်စ တိုက်ကြီးနှင့် တိုက်မဆောက်ရသေးသော ခြံအလွတ်ကြီး၏ ဟိုမှာဘက်တွင် တစ်ထပ်ခွဲတိုက်ပုလေးရှိသည်။ တိုက်က နှစ်ထပ်အပြည့်လဲ မဟုတ်ပဲ အပေါ်ထပ်ကို ထပ်ခိုးပုံစံလေး ဆောက်ထားသည်။
`ငါပြောတာ ဒီခြံပဲနေခန့်ရ. လာဒီဘက် ခြံထဲက ၀င်ရအောင်´
သီဟက သူ့ကို တခြံကျော်ရှိ ဆောက်လက်စ တိုက်ရှိသော ခြံဘက်ကို ချဉ်းကပ်ခေါ်သွား၏။
`သီဟ ဖြစ်ပါ့မလား´
`ဖြစ်ပါတယ်ကွ ငါဟိုတနေ့ကပဲ.. လာစုံစမ်းထားတာ..´
`လာလာ လူပြတ်တုန်း ခြံထဲ ၀င်ရအောင်´

ခြုံနွယ်များ တောထနေသော ခြံထဲသို့ နေခန့်တို့ နှစ်ယောက် မှောင်ရိပ်ထဲသို့ တိုးဝင်သွားကြလေ၏း လရောင်ဖြင့် ဆောက်လက်စ တိုက်ကြီးသည် တစ္ဆေတစ်ကောင် ငုတ်တုတ်ထိုင်နေသည် နှင့်တူ လှသည်ဟု မဆီမဆိုင် တွေးမိသည်။ အဆောက်အဦး ၏ အောက်ထပ်သည် အခန်း သုံးခန်းနှင့် နောက်ဖေးချောင် တခန်း လေးခန်းသာ ဖွဲ့ထားပြီး ကျန်နေရာများသည် အခန်းမဖွဲ့ရသေးသော အခန်းအကျယ်ကြီး ဖြစ်သည်။ အပေါ်ထပ်သို့တက် သော လှေကားဆီသို့ လရောင်အားကိုးဖြင့် လျှောက်သွားကြ၏။ နေခန့်က လှေကားပေါ်သို့ ဦးဆောင်၍ တက်သွားသည်။ သီဟက နောက်မှလိုက်လာသည်။ လှေကား နှစ်ထစ်ခန့်တက်ပြီးသောအခါ ရုတ်တရက်
`အား..´
`သီ..သီဟ..ဘာဖြစ်တာလဲ´
`အရိုးစုကြီးကွ..´
လှေကားအောက်မှ လှေကားထစ်ပေါ်သို့ အရိုးစု တခုထိုးထွက်နေခြင်းဖြစ်သည်။
`ဘယ်မှာလဲကွ..ဓာတ်မီးနဲ့ ထိုးကြည့်ရအောင်..´
`ဟာ.. ခွေးသေ တစ်ကောင်ရဲ့ အရိုးပါလား.. သေနေတာ ကြာလို့ အရိုးဖြစ်နေတာထင်တယ်..´
နေခန့်က အပြင်ဘက် ပတ်ဝန်းကျင်ကို တချက် ကြည့်လိုက်ပြီးမှ..
`တော်သေးတယ်ကွ လမ်းမပေါ်မှာ လူပြတ်နေလို့ ….ကဲကဲ အပေါ်ထပ်ကို တက်ရအောင်..´
နေခန့်တို့သည် အပေါ်ထပ်ပြတင်းပေါက်နေရာမှ တခြံကျော်ရှိ အိမ်ဘက်သို့ မြင်နိုင်လောက်သည့် နေရာယူလိုက်သည်။
`မှန်ဘီလူး ပါတယ် မဟုတ်လား´
`ရော့ပါတယ်.´
သီဟက တဘက်က တထပ်တိုက်ပုလေးဆီကို လှမ်းကြည့်လိုက်၏။
`ငါစုံစမ်းထားသလောက် သူက နယ်ကလာပြီး ဒီမှာ သူ့ဦးလေးနဲ့ နှစ်ယောက်ထဲနေတာတဲ့´
`ဖြစ်နိုင်တယ်.. နေခန့် အခု အပေါ်ထပ် အခန်းဘက်မှာ မီးတွေတော့ လင်းနေတယ်..။ အသုံးအဆောင်တွေ ကြည့်ရတာ သူ့ အခန်းဖြစ်နိုင်တယ်..။´
`ဟော.. မင်းတလှည့် ကြည့်လိုက် သူအခန်းထဲ ၀င်လာပြီကွ´

တခြံကျော်သာ ဖြစ်သဖြင့် မှန်ပြောင်းနှင့် မကြည့်လဲ လှမ်းမြင်နေရ၏။ ဖုန်းနံပါတ်နှိပ်ကာ တနေရာရာကို ဖုန်းဆက်နေ၏။ တစုံတယောက်နှင့် တိုင်ပင်နေပုံရပြီး သူ့ဆံပင်တွေ ထိုးဖွပြီး တခုခု အကြံထုတ်နေသည်။ ခဏကြာသောအခါ ဖုန်းခွက်ကိုချလိုက်ပြီး တကိုယ်တည်း နှုတ်ခမ်းထောင့်ကို တွန့်၍ ကြောက်မက်ဖွယ် ကောက်ကျစ်ကျစ် အပြုံးမျိုး ပြုံးလိုက်၏။ ရုတ်တရက် တိုက်ခတ်လာသော လေအေးများသည် စောင့်ကြည့်နေသော သူတို့ နှစ်ယောက်အား စိမ့်တက်သွားစေသည်။ စိုးကြီးသည် ပြတင်းပေါက်မှ တဖက်အိမ်သို့ အမှတ်တမဲ့ကြည့်နေ၏။ ဒီဘက်တိုက်ကို မသင်္ကာသလို စိုက်ကြည့်နေ၏။

`ဟာ..သီ..သီဟ.. ငုံ့ငုံ့ ငါတို့ အရိပ်ကို လှမ်းမြင်သွားလား မသိဘူး..´
သူတို့ရောက် နေတဲ့ တိုက်ကြီးဘက်ကို မသင်္ကာသလို သေချာစိုက်ကြည့်နေ၏။ ပြီးတော့ အခန်းထဲမှ ပြန်ထွက်သွား၏။
`ဘယ်လို လုပ်ကြမလဲ ဒီဘက်ခြံကို ကူးလာရင်´
`မ..မသိဘူး လောလောဆယ် ငါတို့မှာ လက်နက်ဆိုလို့ ၀ါးရင်းတုတ်ပဲ ပါတာ´
`နေအုံး ဒီမှာ အုတ်ခဲကျိုးတွေတော့ ရှိတယ်ကွ´
`နေခန့်ရေ.. ဒီဘက်ကို လာတာလား မသိဘူး ဓာတ်မီးရောင် တခု တွေ့တယ်ကွ´
ဒီဘက်ခြံသို့ ဓာတ်မီးနှင့် လာနေသော အရိပ်တခုသည် ခြံထဲ သို့ တရွေ့ရွေ့တိုးလာသည်။ အပေါ်စီးမှနေ၍ သူ၏လှုပ်ရှားမှုများကို လရောင်အောက်ဝယ် အထင်းသားမြင်နေရသည်။
ဓာတ်မီးရောင်သည် ခြံဝင်းထဲ ရောက်မှ ပြန်မှိတ်သွား၏။ သီဟတို့ နှစ်ယောက်သည် ပုံမှန်မဟုတ်မှန်း ရိပ်စားမိ၍ အုတ်ပုံများ အနောက်ဘက်သို့ ၀င်ပုန်းနေလိုက်ကြသည်။ ပတ်ဝန်းကျင်တခုလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး ပုစဉ်းရင်ကွဲ၏ စူးစူးဝါးဝါး အော်သံများသာ ကြားနေသဖြင့် ၂ဦးစလုံး ကျောရိုးထဲ စိမ့်တက်သွားသည်။ အုတ်ပုံအောက်မှ အသာဝပ်ပြီး အသံကို နားစွင့်နေရ၏။ လွတ်နေသော အုတ်ခဲ နေရာများမှ အပေါ်ဘက် ပြတင်းပေါက်နှင့် လှေကားဝဆီကို မြင်နေရ၏။ မကြာမှီမှာပင်.. အုတ်နံရံများသို့ ကုတ်ခြစ်သံများ ကြားနေရသည်။

`၀ုန်း..´
ပြတင်းပေါက်ဘောင် ပေါ်မှ ခုန်တက်လာလေသာ ရုတ်တရက် အသံကြီကြောင့် ၂ဦးစလုံး တစ်ယောက်လက်ကို တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ကြသည်။ အား. …စိတ်ထဲမှသာ အော်ရဲပြီး ပါးစပ်ကို မအော်မိစေရန် ကိုယ့်လက်နှင့်ကိုယ် ပြန်ပိတ်ထားရ၏။
အလွန်ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကြီးနှင့် သတ္တ၀ါတစ်ကောင်သည် ခါးကြီးကိုင်းကာ တုတ်ခိုင်လှသော သူ့လက်ကြီးများဖြင့် ကြမ်းပြင်ကို လိုက်စမ်းနေသည်။

`ဂရူး….´

ထိုအကောင်ကြီး၏ နှာမှုတ်သံ တချက်တချက်သည် လိပ်ပြာလွင့်မတတ် ကြောက်စရာကောင်းလှသည်။ ဘုရား..ဘုရား.. လာမိတာမှားပြီလား မသိ..။
သူတို့ ပုန်းအောင်းနေသော အုတ်ပုံနားသို့ အရမ်းနီးကပ်လာသည်။ ပြီးတော့ ထိုသတ္တ၀ါသည် လေချွန်သံလိုလို ညည်းသံလိုလို အသံသည် သူတို့နှစ်ယောက်၏ အသိစိတ် တချက်တချက် လွတ်ချင်လာသည်။ ထိုအသံဖြင့် အဆက်မပြတ် ညည်းနေပြီး သူတို့ရင်ထဲမှာပင် ဘာကြောင့်မှန်း မသိ တလှပ်လှပ် တုန်လာသည်။
ထိုစဉ် နေခန့်က ရုတ်တရက် မတ်တပ်ရပ် လိုက်ပြီး လက်ထဲမှ အုတ်နီခဲဖြင့် ပစ်ပေါက်လိုက်သည်။ သူတို့ကို တွေ့သွားသောအခါ သတ္တ၀ါကြီးက စိတ်ဆိုးမာန်ဆိုးဖြင့် သူတို့ဆီသို့ လျှောက်လာသည်။

`သီဟရေ… မင်းဒီကောင်ကြီးကို ဆန့်ကျင်ဘက်က တိုက်ခိုက်..´
မထင်မှတ်ပဲ ထိုသတ္တ၀ါကြီး၏ လျှာက အဆမတန် ရှည်လျားထွက်လာပြီး နေခန့်၏ လက်ကို ဆွဲညှစ်ထား၏။
`အ…အား…သီဟရေ… လုပ်ပါအုံး..ငါ..ငါ ရုန်းလို့မရတော့ဘူး..´
သီဟ က ၀ါးရင်းတုတ်ဖြင့် ပြေးရိုက်မည်အပြုတွင် သူ့လက်ဖျံကြီးဖြင့် ဖြတ်ရိုက်လိုက်ရာ တုတ်မှကျိုးသွားပြီး လူကို သီသီလေး လွတ်သွားသည်။
စိုးကြီးတဖြစ်လဲ ထိုသတ္တ၀ါကြီးသည် သူ၏ လျှာကြီးဖြင့် ဆွဲညှစ်၍ သူ့ရှေ့သို့ နေခန့်ကို တရွတ်ဆွဲခေါ်နေ၏။
`ဒုတ်…ဇွိ….´
`အူး………..ဟူး……´
သီဟက နေခန့်ကို အာရုံစိုက်နေသော အခွင့်အရေးကို လက်လွတ်မခံပဲ ကျိုးသွားသော ၀ါးလုံး အစများဖြင့် ထို မကောင်းဆိုးဝါး စိုးကြီး၏ ကျောကုန်း အနောက်ဘက်သို့ အားကုန် ၀ါလုံး တဆုံး ထိုးစိုက်ချလိုက်လေတော့၏။
++++++
`ကလင်.. ကလင်..´
တယ်လီဖုန်းကို အိပ်မှုန်စုံမွှားဖြင့်ကောက်ကိုင် လိုက်သည်။
`ဟဲလို..´
`……..´
`ဟာ … ဟုတ်လား… မင်းအခုဘယ်မှာလဲ…´
`အေး…အခုပဲ လာမယ်…´
++++++
(၁၃)
နေခန့်တို့က ကိုနိုင်ဦး အိမ်ရှေ့ခြံတံခါးဝတွင် စောင့်နေ၏။ မိုးစင်စင်လင်းနေပြီ ဖြစ်သော်လည်း လူသွားလူလာ ရှင်းလင်းနေသေး၏။
`ဒီကိစ္စကိုနိုင်ဦးကို ခေါ်ပြီး ဘာဆက်လုပ်သင့်သလဲ ဆုံးဖြတ်မှဖြစ်မှာ..´
နေခန့်က သူတကိုယ်တည်း ညည်းသလိုလိုနှင့် သီဟကိုပြောနေခြင်းဖြစ်၏။
ခဏကြာတော့ ဂိုဒေါင် တံခါးပွင့်လာပြီး ကားတစ်စီးထွက်လာသည်။
`ကိုနိုင်ဦး ထွက်လာပြီ။´
အလုပ်သမားက ခြံတံခါးထွက်အလာတွင်
`ကိုနိုင်ဦး အခုဘယ်သွားမလို့လဲ..´
`ဟာ.. နေခန့်တို့ပါလား.. ဘာ..ဘာလုပ်မလို့လဲ..´
သူတို့ကိုတွေ့တော့ အံ့သြသွားပုံရသည်။

`အော်.. အရမ်းအရေးကြီးနေလို့ အကို့ကို လာခေါ်တာ အခုဘယ်သွားမလို့လဲ´

`လာ.လာ..ကားပေါ်တက်ကြလေကွာ..´

ကားပေါ်ရောက်တော့ နေခန့်က ကိုနိုင်ဦးကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။ ပြီးတော့ သူတို့ ဖမ်းဆီးထားသော သတ္တ၀ါရှိရာ အဆောက်အဦး ပျက်ဆီသို့ ခေါ်ဆောင်သွားတော့သည်။
+++++
`နေခန့်…´
မီးခိုလို ၀ိုးတ၀ါး အရိပ်ဖြင့် ဒီရဲကို မှုန်တိမှုန်ဝါး တွေ့ရ၏။
အသံက တိုးသွားလိုက် ကျယ်သွားလိုက်ဖြစ်နေ၏။
ပုံရိပ်ကလဲ နီးလိုက် ဝေးလိုက်ဖြစ်နေ၏။
ထို့နောက် နေခန့်ကို သတ္တ၀ါ၂ ကောင်က ချုပ်ထားတဲ့ ပုံစံမပီမပြင် မြင်နေရသည်။ ထို့နောက် အောင်ပွဲခံသည့် အနေဖြင့် လေချွန်သံကြီးကိုလဲ ကြားနေရသည်။ နေခန့် တကိုယ်လုံး သွေးများဖြင့် ပွက်အံနေသည်။
`အား….´
`နေခန့်… ဘာဖြစ်တာလဲ..´
`အာ.. ဆောရီး ငါအိပ်ပျော်သွားလို့…´
`ကိုနိုင်ဦး ဟိုရှေ့နားဆို ရောက်ပြီ..´
++++++
(၁၄)
ပြတင်းပေါက်မှ ယုယက အိမ်ရှေ့တံခါးကို လှမ်းကြည့်လိုက်၏။ မနက် ဝေလီဝေလင်းကြီး ကိုခန့် နှင့် သီဟ အိမ်ရှေ့မှာ ဘာလုပ်နေမှန်း မသိရပ်စောင့်နေ၏။ အိပ်ယာထစမို့ ချက်ချင်း သွားမဖွင့်နိုင်လို့ ကိုကို့ ကို အရင် သွားနှိုးအုံးမှပဲ ဟုတွေးလိုက်သည်။ ကိုကို့ အခန်းကို သွားဖို့ ဟန်ပြင်နေတုန်း အိမ်ရှေ့မှ ကားသံကြားသဖြင့် ပြတင်းပေါက်မှ ကြည့်လိုက်ရာ ကိုကိုနှင့် ကိုခန့် တို့ နှစ်ယောက် ခြံဝတွင် စကားရပ်ပြောနေကြပြီး မကြာမှီ သူတို့အားလုံး သည် ကိုကို့ ကားနှင့် အတူထွက်သွားကြလေသည်။
`သမီးရေ.. ယုယ´
`ရှင်ဖေဖေ..´
`ထပြီလား သမီး.. ဒီနေ့ သမီး အကို စည်သူ ကားယူသွားတော့ ဖေဖေကားနဲ့ လိုက်ခဲ့မှရမယ် ဖေဖေ့ရုံးကို အရင် သွားပြီးမှ ကျောင်းကို လိုက်ပို့ပေးမယ်.. သမီးထတော့နော်…´
`ဟုတ်..ဖေဖေ..´
ဘာကိစ္စမို့ ကိုစည်သူက ကားယူသွားတာပါလိမ့်။ သူဒီနေ့ ကျောင်းမတက် ဘူးလားမသိ။ အော် အိမ်မှာ ကိုနိုင်ဦးကို စည်သူလို့ ခေါ်တယ်လေ။ ပြီးတော့ အမှန်က ကိုကိုနဲ့ ယုယက တ၀မ်းကွဲ မောင်နှမသာ ကျောင်းကလူတွေက မောင်နှမ အရင်းဟုသာ ထင်နေကြသည်။ တကယ်တော့ ကိုစည်သူကို ငယ်ငယ်ထဲက သူတို့အိမ်မီးလောင်ပြီး မိဘလဲ မရှိတော့တာ မို့ ဦးလေးဖြစ်တဲ့ ဖေဖေက ခေါ်မွေးစားထားတာလေ။
+++++++
(၁၅)
အေးစက်သော တိုက်ခန်းကျယ်ကြီးက တိတ်ဆိတ်ငြိမ်လွန်းလှသည်။ သူတို့ လမ်းလျှောက်သံများပင် ပဲ့တင်သံ အဖြစ် ပြန်ကြားနေရသည်။ ဆိတ်ငြိမ်နေခြင်းကိုက တမျိုးခြောက်ချားစရာ ဖြစ်နေ၏။ အောက်ထပ်ရှိ မြေအောက်ခန်းလို နေရာ လေးသို့ ခေါ်ဆောင်သွား၏။ ထိုနေရာကို ညက မကောင်းဆိုးဝါးကြီးအား ချုပ်နှောင် ထားခဲ့ ရန် အခန်းရှာရင်းမှ မထင်မှတ်ပဲ တွေ့ခဲ့ခြင်းဖြစ်သည်။
မြေအောက်ခန်းထဲသို့ ၀င်သော အပေါ်ဘက် ၀င်ပေါက်တံခါးမှ အလင်းရောင်များ ဖျာကျနေသော်လည်း တခန်းလုံးတော့ လုံလောက်အောင် အလင်းမပေးနိုင်ချေ။ အခန်းထဲတွင် သစ်တိုသစ်စ များ၊ ပန်းရံ ပစ္စည်း အတိုအထွာများဖြင့် ရှုပ်ထွေး နေပြီး ကာလရှည်ကြာစွာ ပစ်ထားသဖြင့် စိမ်းရွှေရွှေ ဖုန်မှုန့် အနံ့များ ရနေ၏။

`သီဟ ဓာတ်မီးနဲ့ ထိုးကြည့်အုံး.. အားလုံး အသင့်ပြင်ထားနော်..´
သီဟက အခန်း ပတ်လည်ကို ဓာတ်မီးနှင့် ထိုးကြည့်နေ၏။
`ဟာ.. ဟိုကောင်ကြီး မရှိတော့ဘူး.. ဘယ်လိုဖြစ်တာလဲ.. သံကြိုးတွေနဲ့ သေချာချည်ထားခဲ့တာကို…´
ကိုနိုင်ဦးက ဘာမှတ်ချက်မှ မပေးပဲ အခန်းဝန်းကျင်ကို လှည့်ပတ် ကြည့်နေ၏။
`သေချာတယ် ဒီအခန်းထဲက ထွက်သွားပြီ …ဟာ.. ဒီမှာ ကြည့်ပါအုံး ကိုနိုင်ဦး..´
သီဟက အင်္ကျီအစတစ်ခုကို ကိုင်ပြီး ပြလိုက်၏။
နေခန့် စိတ်တွေ အလိုလိုနေရင်း ဘာဖြစ်လာမှန်းမသိ သီဟကို ၀င်ပူးချင်သလိုလို ဖြစ်နေသည်။ မဟုတ်သေးပါဘူး။ ငါက ဘာလို့ ၀င်ပူးရမှာလဲ။ တကိုယ်ထဲ စိတ်ထဲက ရေရွတ်မိနေ၏။ နေခန့်မှာ တရွေ့ရွေ့နှင့် သီဟနား အလိုလို ကပ်သွားမိပြီး သီဟ ပုခုံးကို ရုတ်တရက် ကိုင်လိုက်ပြီး သူ့ကိုယ်ထဲမှ တခုခု လွတ်ထွက်သွားသလို ခံစားလိုက်ရသည်။ ထိုစဉ် သီဟနှင့် ဘေးတိုက်ရပ်နေသော နိုင်ဦးမှာ တအံ့တသြ လှည့်ကြည့်လိုက်သည်။ ဘယ်လိုမှ မထင်မှတ်ထားချိန်မှာ သီဟက နိုင်ဦးကို တွန်းလှဲပစ်လိုက်သည်။ နိုင်ဦးကလဲ ပြန်၍ တိုက်ခိုက်ရာ ဗလုံးပထွေး ဖြစ်ကုန်၏။
`သီ..သီဟ.. ဘယ်လိုဖြစ်တာလဲ..´
သီဟက ထိုးကြိတ်နေရင်းမှ
`နေခန့်ရေ… သတိထား.. ငါဒီရဲကွ.. ဒီကောင်ကြီးက စည်သူပဲ..´
`ဗျာ..´
ခုနက သူ့ကိုယ်ထဲကနေ ကိုဒီရဲ ပူးကပ်လိုက်လာပုံရပြီး အခု သီဟကိုယ်ကို ၀င်ပူးလိုက်ခြင်းဖြစ်မည်။ သူတို့ နှစ်ယောက်ကို ကြည့်ရင်း နေခန့် တစ်ယောက်ဘာလုပ် ရမှန်း မသိဖြစ်နေချိန်တွင်..
`၀ုန်း…´
အပေါ်ဘက် တံခါးဆီမှ တစုံတယောက် ခုန်ချလာ၏။ ဟင်ညက မကောင်းဆိုးဝါးကြီးပဲ။ နီးစပ်ရာမှ သစ်သားတုတ်ကို ကောက်ကိုင်ကာ တိုက်ခိုက်ရန်ဟန်ပြင်နေစဉ်မှာပင် တကိုယ်လုံး အဖုအထစ်များနှင့် အတော်ပုံဆိုးပန်းဆိုး နိုင်သော မကောင်းဆိုးဝါးကြီးက သူ့လျှာဖြင့် နေခန့်လက်ထဲမှ တုတ်ကို ဖြတ်ရိုက်လိုက်သည်။ လက်နက်မဲ့ ဖြစ်သွားသော နေခန့်ဆီ တရွေ့ရွေ့တိုးလာသည်။ နေခန့်ကလဲ တဖြည်းဖြည်း နောက်သို့ ဆုတ်သွားလေ၏။ အနီးအနားရှိ လက်နက်လုပ်လို့ ရမယ့် အရာကို မျက်စိဖြင့် အမြန်ရှာ ရ၏။ ဟင် ကိုနိုင်ဦး ဆိုတဲ့လူလဲ သီဟနဲ့ တိုက်ခိုက်နေရင်း ပုံပျက်ပန်းပျက်ကြီး ဖြစ်နေပါလား။ ဟာ ဘယ်လိုဖြစ်တာလဲ.. သူ..သူလဲ မကောင်းဆိုးဝါး တစ္ဆေတစ်ကောင်ပါပဲလား။ နေခန့်က သူနှင့် ခပ်လှမ်းလှမ်းရှိ နံရံ ဆီမှ သံချည်သံချောင်းစ တခုကို လှမ်းမြင်လိုက်သဖြင့် ထိုသတ္တ၀ါအား ထိုဘက်သို့ မြှားခေါ်ရန် ရုတ်တရက် စဉ်းစားမိလိုက်သည်။ သို့သော် ထိုနေရာ သို့သွားရန် သူ့နေရာနှင့် အတော်လေး လှမ်းနေသေးသည်။ သွေးဆာနေသော မျက်လုံးဖြင့် အကောင်ကြီး၏ လျှာတန်းလန်းကြီးသည် နေခန့်ဆီသို့ ဦးတည်လာနေသည်။ သူ့လည်ပင်း ဆီသို့ မရောက်ခင်ပင် မသတီစရာ လျှာကြီးအား လက်နဲ့ ဖမ်းဆုပ်လိုက်၏။ အနားသို့ ပြေးကပ်လာပြီး သူ့လက်တံကြီးဖြင့် နေခန့် ဦးခေါင်းကို လှမ်းရိုက်ရာ ကပ်၍ ရှောင်လိုက်ပြီး သူ့ရဲ့ ကျောဘက်သို့ ပြေးထွက်သွားလိုက်၏။ တဖက်မှ ဒီရဲ ၀င်ပူးနေသော သီဟနှင့် စည်သူဆိုသော တစ္ဆေကောင်ကြီး တို့ တိုက်ပွဲမှာလည်း ပြင်းထန်လှသည်။ ထိုအကောင်က သူ့လက်ဖြင့် သီဟကို တွန်းလှဲလိုက်ရာ သီဟမှာ အနောက်ဘက်သို့ အရှိန်ဖြင့် ပစ်လဲသွားသည်။ ထိုစဉ်မှာပင် မကောင်းဆိုးဝါးက သီဟ ကိုယ်ပေါ်သို့ ခုန်အုပ်လိုက်လေတော့သည်။ မထင်မှတ်ပဲ သီဟက သူ့အပေါ်သို့ ခုန်အုပ်လာသော အကောင်ကြီး၏ မျက်လုံးကို အနီးရှိ ဘိလပ်မြေ ကိုင်သော သံလျက်ဖြင့် တအား ထိုးစိုက်လိုက်တော့၏။
`အူး……..´
ကြောက်မက်ဖွယ် အသံနက်ကြီးဖြင့် အော်ဟစ်ကာ သီဟ၏ ဘေးသို့ ပစ်လဲကျသွားသည်။ ဒီရဲ သည် အညှိုးကြီးစွာဖြင့် လဲကျနေသော အကောင်ကြီးအား ထုနှက်နေသေး၏။
`ငါသေခဲ့သလို… မင်းလဲ သေရမယ်..´
အသက်ပြင်းလှသော ထိုအကောင်ကြီးသည် ပြန်ကုန်းထလိုက်ပြီး သူ့မျက်လုံးတွင် စိုက်ဝင်နေသော သံလျက်ကို သွေးသံရဲရဲ ဖြင့် ဆွဲနှုတ်လိုက်ပြီး ဒီရဲအား ဆွဲဆုတ်ချင်လောက်အောင် ဒေါသထွက်သွား၏။
တဖက်သို့လှည့်ရှောင်သွားသော နေခန့်ကို မကောင်းဆိုးဝါး စိုးကြီးက ပြေးလာကာ နေခန့်ကို ပြေး၍ ခုန်အုပ်လိုက်သည်။ တမင် ထိုနေရာသို့ ရောက်အောင် မျှားခေါ်ထားသဖြင့် ဘေးဘက်သို့ ခုန်ရှောင်လိုက်ရာ မကောင်းဆိုးဝါးကြီးသည် အားလွန်ကာ နံရံမှ ထိုးထွက်နေသော သံချောင်းသည် ထိုအကောင်ကြီး၏ လည်ပင်းမှ နေ၍ ဦးခေါင်းထိ ထုတ်ချင်းပေါက်ထွက်သွားလေတော့၏။
`အူး……….အား……..´
တကောင်တော့ ကိစ္စချောသွားလေသည်။
`နေခန့်… ကယ်..ကယ်… အစ်..အစ်….´
သီဟကို မကောင်းဆိုးဝါးကြီးက လက်ဖြင့်ပုခုံးကို ဖြစ်ညှစ်ဆုပ်ကိုင်ကာ လည်ပင်းကို လျှာဖြင့် ညှစ်သတ်နေလေ၏။ နေခန့်လဲ ကြမ်းပြင်မှ သံလျက်ဖြင့် ထိုအကောင်ကြီး၏ နားထင်ကို အချက်ပေါင်းများစွာ ရွံ့မုန်းစွာဖြင့် အားနှင့်ထိုးစိုက် လိုက်၏။ အရုပ်ကျိုးပြတ် လဲကျသွားပြီး သီဟကို လွှတ်ချလိုက်သည်။ ပြီးတော့ မသေသေးပဲ ဆန့်ငင်ဆန့်ငင် ဖြစ်နေသေး၏။

`ဖျစ်…ဖျစ်…ဖျစ်..´

`ဟာနေခန့်ရေ ဟိုကောင်ကြီး အပြင်မှာ မီးရှို့ခဲ့တယ် ထင်တယ်.. မီးတွေလောင်နေပြီ…´
အခန်းထဲသို့ မီးခိုးလုံးများ တစတစ ၀င်လာသည်။
`နေခန့်ရေ.. ငါနေခဲ့တော့မယ်.. ငါလက်စားချေလိုက်ရတဲ့ အတွက် ငါကျေနပ်သွားပြီ။ ငါသီဟ ခန္ဓာကိုယ်ထဲက ထွက်တော့မယ် မင်းသူငယ်ချင်းကို ခေါ်သွားတော..´
မကြာမှီမှာပင် ခုနက ရီဝေနေသော သီဟ မျက်လုံးများ ပြန်လည် သတိရလာပြီး..
`… ငါ…ငါ ဘာဖြစ်သွားတာလဲ..´
ဒဏ်ရာ ရနေသော သီဟကို တွဲထူလိုက်ပြီး တံခါးပေါက်ဆီသို့ အောက်မှ အသာတွန်း၍ ပင့်တင်လိုက်၏။ နောက်မှ သူက လိုက်တက်လိုက်သည်။ အိမ်ကြီး အတွင်း၌ မီးများ တဟုန်းဟုန်းလောင်နေပေပြီ။ နေခန့် အပေါ်ထပ်သို့ တက်ပြီး စဉ်မှာပင် ပျော့စိစိ လျှာကြီး က သူ့ခြေထောက်ကို မြေအောက်ခန်းမှ နေ၍ ဆွဲရစ်ပတ်နေသေးသည်။ အလွန်အားသန်သောကြောင့် ရုန်းမရဘဲ မြေအောက်ခန်း တံခါးဝဆီကို တရွတ်တိုက်ပြန်လည် ပါနေ၏။ ထိုအခါမှာ သီဟက မြေအောက်ခန်းတံခါးဘက်သို့ အမြန်သွားကာ ဖွင့်ထားသော တံခါးကို ခြေဖြင့် တအား ဆောင့်ကန် ပိတ်ချလိုက်တော့၏။ အပြင်ဘက်တွင် တံခါးပိတ်လိုက်သော အရှိန်ကြောင့်ပင် ထိုလျှာကြီးသည် ပြတ်ထွက်သွားတော့၏။
မြေအောက်ခန်းမှ ဒီရဲ အသံ ထွက်ပေါ်လာ၏။
`နေခန့်ရေ.. မြန်မြန်ပြေး…သူတို့ ခန္ဓာတွေထဲက တစ္ဆေတွေ ထွက်လာတော့မယ်..ပြေး..ပြေး..´
သီဟကို တွဲ၍ အိမ်နောက်ဖေးဆီမှ အပြင်သို့ အမြန်ထွက်လိုက်ကြသည်။ အိမ်က အတွင်းထဲတွင် သာလောင်နေသေးပြီး အပြင်သို့ မီးမကူးသေးသဖြင့် ပတ်ဝန်းကျင် က သတိမထား မိသေးချေ။ ကားပေါ်သို့ တက်လိုက်ပြီး သီဟကို သက်သောင့်သက်သာ ဖြစ်စေရန် နောက်ခန်းတွင် လဲလျောင်းစေပြီး စိတ်ပျက်စရာ အိမ်ကြီးနှင့် ဝေးရာ ဆီသို့ အပြင်းမောင်းလေတော့၏။ တဖြည်းဖြည်းနှင့် မီးတောက်များသည် အိမ်ကြီးတခုလုံးကို ၀ါးမျိုသွားကာ မီးတောက်ကြီးသည် တစ္ဆေတစ်ကောင်၏ မျက်နှာပြင်ကြီး နှင့် တူလှစွာ ခြောက်ခြားဖွယ် ကျန်ရစ်ခဲ့လေသည်။ ဖြစ်ညှစ်ခံထားရသော ဒဏ်ရာကြောင့် သီဟ၏ လည်ပင်းရှိ အရေပြားမှာ အသားနီလန်နေသည်။ ဒဏ်ရာကြောင့် လူးလွန့်ကာ မှိန်းနေ၏။
`သီဟရေ.. ခဏလေး တောင့်ခံထားပေးပါကွာ.. နေသာရဲ့လား..´

ထိုစဉ် သီဟ၏ လည်ပင်းရှိ ဒဏ်ရာမှ သွေးကြောမျှင်များသည် လှုပ်ရှားလာပြီး မျက်နှာပြင် ပေါ်သို့ပင် ရှုပ်ထွေးတက်ကုန်သည်။ ထို့ပြင် မျက်စံတခုလုံးသည် အမည်းရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲသွားလေတော့၏။ သို့သော် သီဟ၏ အဖြစ်အပျက်များကို မူကား ကားမောင်းနေသော နေခန့် တစ်ယောက်မှာတော့ သတိမထား မိလိုက်ပါချေ……။
++++++

နောက်ဆက်တွဲ (၁)


သာယာလှပသော ပန်းခြံလေးထဲတွင် ကောင်လေးနှင့် ကောင်မလေး စုံတွဲလေးသည် အေးဆေး ညိမ်ဆိတ်စွာ ထိုင်နေကြ၏။
ကောင်လေးက ကောင်မလေး ပုခုံးကို ညင်ညင်သာသာ လေးဖက်ထား၏။ တဖက်သို့ လှည့်ငေးနေသော ကောင်မလေးကို ကြည့်ရင်း ကောင်လေး၏ စိတ်များသည် သွေးဆာသလိုလို ကျပ်တည်း ငတ်မွတ်လာသည်။ ကောင်မလေး ခင်မျာမှာတော့ လုံးဝမသိရှာပဲ ပန်းခြံထဲ သို့ သာ ဟိုဟိုဒီဒီ ငေးမောနေသည်။ တဖက်သို့ လှည့်နေသော ကောင်မလေးကို ဖက်ထားသော လက်များကို အသာ ရုတ်လိုက်ပြီး ကောင်လေး၏ ပါးစပ်မှ လျှာကြီးသည် ရှည်သထက် ရှည်ထွက်လာကာ ကောင်မလေး၏ လည်ပင်းကို ရစ်ပတ်ပြီး ဆွဲညှစ်လိုက်တော့၏။
`.အား…..အစ်…အစ်…..´
အလွန်သန်မာစွာ ဆွဲညှစ်မှုကြောင့် ကောင်မလေး၏ ဦးခေါင်း တခုလုံး နီရဲကာ နောက်ဆုံးတွင် ခေါင်းတခုလုံး ပြုတ်ထွက်သွားလေတော့၏။
++++++

နောက်ဆက်တွဲ(၂)



`ဟေ့ကောင် အတန်းထဲ မ၀င်နဲ့အုံး ငါ့ကိုခဏစောင့်အုံး အပေါ့သွားမလို့.. ´
`အေးအေးသွား…´
အပေါ့သွားချင်နေတာကို ကန်တင်းန် မှာထဲက အောင့်ထားသဖြင့် အိမ်သာကို အမြန်ပြေးရ၏။ အိမ်သာထဲသို့ ၀င်၍ ကိစ္စ ရှင်းလိုက်မှ နေသာ ထိုင်သာ ရှိသွားတော့သည်။ သို့သော် သူအခုမှ သတိထားမိသည် အိမ်သာထဲတွင် အိမ်သာနံ့မဟုတ်ပဲ ဆိုးဆိုးဝါးဝါး သွေးညှီနံ့ကြီးနံနေသည်။ အိမ်သာ တခုခုဆီမှ ရေဖွင့်သံများကြားရပြီး ဘယ်လို ကျက်သရေ မရှိသော အသံကြီးဖြင့် သီချင်းညည်းနေသည်။ တော်တော်လေး အနံ့ဆိုးဝါးနေ၍ သူမသင်္ကာဖြစ်ပြီး အိမ်သာတံခါးများကို လိုက်တွန်းဖွင့်ကြည့်နေ၏။ ရေဖွင့်သံကို သေချာနားစွင့်လိုက်တော့ တတိယမြောက်အိမ်သာမှ ဖြစ်သည်။
`အား…..´
တတိယမြောက် အိမ်သာထဲမှ သွေးများသည် အပြင်ဘက်သို့ တရဟော..ကျလာသည်။
`ဟေး…အိမ်…အိမ်သာထဲမှ ဘယ်…ဘယ်..သူ ဘာလုပ်နေလဲ..ထွက်…ထွက်ခဲ့စမ်း….´
ကြောက်ကြောက်လန့်လန့်နှင့် ထိုအိမ်သာ တံခါးရှေ့မှာ မတ်တပ်ရပ်နေမိသည်။
`ကျွီ..´
`ဘုတ်..´
ရုတ်တရက် တံခါးကြီး ပွင့်အန်လာပြီး အိမ်သာရှေ့မှ သူ့ခြေထောက်နားသို့ ဦးခေါင်းမရှိသော ခန္ဓာကြီး တခု လဲပြိုကျလာသည်။ ထို့နောက် အိမ်သာထဲတွင် သွေးများ ပေကျံနေသော ဦးခေါင်းပြတ်ကြီးအား ကိုက်နေသော ရုပ်ပျက်ဆင်းပျက် သတ္တ၀ါကြီးအား သွေးပျက်ဖွယ် မြင်တွေ့လိုက်ရလေတော့၏။
`အား…………………………………´
+++++++++++++++++

နောက်ဆက်တွဲ (နိဂုံး)


သရဲတစ္ဆေဆိုတာ တကယ်ရှိလား…
ယုံတမ်းပုံပြင်လား….
ငယ်ငယ်တုန်းက ကလေးတွေကို ကြောက်အောင်
လူကြီးတွေက ခြောက်လှန့် ကြတာဟာ အဲဒိ အခြောက်အလှန့်တွေကကော
သမာရိုးကျ…စိတ်ကူးယဉ်တွေလား…
ဒါမှမဟုတ် တကယ့်အဖြစ်အပျက်တွေကို အခြေခံသလား….
သင်တကယ်ကော သရဲ ခြောက်ခံခဲ့ဖူးပြီလား…။
အကယ်၍များ သရဲတစ္ဆေ တစ်ကောင်ကောင်ဟာ သင်တို့ ကျွန်ုပ်တို့ အနီးအနားမှာ မထင်မှတ်ပဲ ရှိနေခဲ့ရင် သင့်အနေနဲ့ ဘာလုပ်သင့်တယ်ထင်ပါသလဲ…။

ကျေးဇူးပြု၍ အထက်ပါမေးခွန်းများအား သင်ကိုယ်သင် ပြန်၍ မေးပြီး ဖြေနိုင်သလို မဖြေရင်လဲ မဖြေလို့ ရပါတယ်။ သရဲတစ္ဆေရှိသည် မရှိသည် သင့်အနေနဲ့ မသေချာပေမယ့် သရဲတစ္ဆေနဲ့ ပတ်သက်တဲ့ အကြောင်းအရာများက တော့ တမင်သက်သက် ရှိနေကြလိမ့်မယ်မဟုတ်ဘူး ဆိုတာကတော့…………….။

ပြီးပါပြီ
မင်းယွန်းသစ်

Read Users' Comments (0)

ဝေးရပ်

ပြန်တော့ပြန်ခဲ့ချင်ပေမယ့်
ခပ်ကွေးကွေး လမ်းလေးတွေနောက်
ကောက်ကောက်ပါအောင်
လျှောက်ရတာ ပျော်ဖို့ကောင်းတယ်
မေမေ….။


မှုန်တိမှုန်ဝါး နှင်းငွေ့တွေကြား…
သားကိုယ်သား.. အနွေးထည်
အဖြစ်နဲ့ ထွေးရစ် လှုံနေတယ်..။

ခေါင်မိုးစွန်းမှာ
ခိုရီတွဲနေတဲ့..
ရေမှုန်စက်တွေက..
ရယ်စရာကောင်းလောက်အောင်
လှုပ်လှုပ်လဲ့လဲ့ ခုန်ဆင်းနေကြရဲ့..။

ထိရှိုက်သံတွေ..
သီဖွဲ့နေပုံက..
ငြိမ်ငြိမ် ဆိတ်ဆိတ်..
လဲလျောင်းနေဖို့တောင်ကောင်းသေး..။
ဒါပေမယ့် တခုခု လိုနေသလို..။

အဝေးကို မျှော်ကြည့်တတ်တဲ့
စိတ်တွေက..
ပြတင်းပေါက်က..
တိတ်တခိုး ချောင်းမြောင်းနေကြတယ်..။

မေမေရေ…
သားတော့..
ဒီဆောင်းရိပ်လဲ..
ခိုဖြစ်အုံးမယ် ထင်ပါရဲ့..။



ကဗျာရှင်းလင်းချက်


`ပြန်တော့ပြန်ခဲ့ချင်ပေမယ့်
ခပ်ကွေးကွေး လမ်းလေးတွေနောက်
ကောက်ကောက်ပါအောင်
လျှောက်ရတာ ပျော်ဖို့ကောင်းတယ်
မေမေ….။´

အဝေးတစ်နေရာ မှာ ရောက်နေရှာတဲ့ သားကို အမေက လူကြုံပါးတဲ့အခါ သားက သူ့ဘ၀ လမ်းကလေး ကွေးကောက်ကောက်လေးကို လျှောက်ရတာ အဆင်ပြေနေကြောင်း ပျော်ရွှင် ကျန်းမာနေကြောင်း၊ အမေက အခွင့်သင့်ရင် ပြန်လည်ဖို့ ပြောတဲ့အခါ ပြန်လာခဲ့ပါမယ်ဆိုတဲ့ အကြောင်း စကားလက်ဆောင်ပြန်ပါးလိုက်ခြင်းပင်။

` မှုန်တိမှုန်ဝါး နှင်းငွေ့တွေကြား…
သားကိုယ်သား.. အနွေးထည်
အဖြစ်နဲ့ ထွေးရစ် လှုံနေတယ်..။´

အမေ့ရဲ့ သားဟာ နှင်းမှုန်လေးတွေ မပြတ်ကျတဲ့ ဆောင်းထန်တဲ့ မြို့လေးတစ်မြို့မှာ ရောက်ရှိနေပါတယ်။ အရင်ကလို မိမိအိမ်မှာ မေမေရဲ့ ကြင်နာယုယ မှုကြောင့် နွေးနွေးထွေးထွေး လေးရှိတတ်ပေမယ့် ခုတော့ သားဟာ အမေနဲ့ အလှမ်းကွာတဲ့ အရပ်မှာ ရောက်နေရလို့ မိမိကိုယ်ကို နွေးထွေးအောင် ပြုလုပ်နေရတယ်။

` ခေါင်မိုးစွန်းမှာ
ခိုရီတွဲနေတဲ့..
ရေမှုန်စက်တွေက..
ရယ်စရာကောင်းလောက်အောင်
လှုပ်လှုပ်လဲ့လဲ့ ခုန်ဆင်းနေကြရဲ့..။´

အားလပ်ရက်မျိုးမှာတော့ မိမိ ယခုနေထိုင်တဲ့ အိမ်ရဲ့ ခေါင်မိုးစွန်းလေးက ရေစက်မှုန်လေး တွေကို ကြည့်ပြီး အပန်းဖြေလေ့ရှိတယ်။ ရေစက်လေးတွေ တဖျောက်ဖျောက် လှုပ်လှုပ်လဲ့လဲ့ ကျဆင်းနေတာကို ငေးမောရတာ စိတ်ပြေလက်ပြောက် ရှိလှပါတယ်။

` ထိရှိုက်သံတွေ..
သီဖွဲ့နေပုံက..
ငြိမ်ငြိမ် ဆိတ်ဆိတ်..
လဲလျောင်းနေဖို့တောင်ကောင်းသေး..။
ဒါပေမယ့် တခုခု လိုနေသလို..။´

အဲဒိမြို့လေးမှာ အနုပညာတေးသွား ဒါမှမဟုတ် အလှအပ တရားတွေနဲ့ ငြိမ်ဆိမ် အေးသက်စွာ ခံစား ရှုမောစရာ ကောင်းလှပါတယ်။ အဲဒိအရာတွေကို ခံစားရတဲ့အခါ တဒင်္ဂသာ ပျော်ရွှင်ပြီး ရင်ထဲမှာတော့ တခုခု ဟာ နေသလိုပါပဲ။

` အဝေးကို မျှော်ကြည့်တတ်တဲ့
စိတ်တွေက..
ပြတင်းပေါက်က..
တိတ်တခိုး ချောင်းမြောင်းနေကြတယ်..။´

အမှန်တကယ်တော့ သားရဲ့ရင်ထဲမှာ ခံစားနေရတာက အိမ်လွမ်းဝေဒနာပါပဲ။ ဒါကို လှုပ်ရှားရုန်းကန်နေရင်းက မေ့မေ့ပျောက်ပျောက်လုပ်ဖို့ ကြိုးစားပေမယ့် တခါတခါ ပြန်ပေါ်လာပါတယ်။ မလွမ်းရအောင် စိတ်မှာ တင်းထားပေမယ့်လဲ အဲဒိ မသိစိတ်လေးတွေကပင် ပြတင်းပေါက်မှ ချောင်းကြည့်သလိုမျိုး တိတ်တခိုး လွမ်းနေ တတ်တာပါပဲ။ အိမ်ကိုလွမ်းတဲ့စိတ် အမေ့ရင်ခွင် နွေးနွေးလေးကို လွမ်းတဲ့ စိတ်ကလေးဟာ သူ့ရင်ထဲမှာ ခိုအောင်းနေပါတယ်။

`မေမေရေ…
သားတော့..
ဒီဆောင်းရိပ်လဲ..
ခိုဖြစ်အုံးမယ် ထင်ပါရဲ့..။´

တကယ်တော့မေမေရေ.. သားရင်ထဲမှာ လွမ်းနေပေမယ့် အိမ်ကို ပြန်ပြီး ကလေးတစ်ယောက်လို မေမေ့ကို ဆိုးနွဲ့ချင်ပေမယ့်လဲ သား ဘ၀အတွက် ကြိုးစားနေတယ်မေမေ။ သားတစ်ယောက် မပင်ပန်းပါဘူး။ အိမ်ကလေး အကြောင်း ပြန်စဉ်းစားမိရင်ပဲ ပျော်နေရပါပြီ။ အမေ့ဆီက သတင်းစကားကြားရရင်ပဲ အမေ ပျော်ရွှင်ကျန်းမာ နေရင်ပဲ သား ကျေနပ်ပါပြီ။ ဒီလွမ်းတဲ့စိတ်ကလေးကို ခေတ္တမြိုသိပ်ပြီး သားကြိုးစားအုံးမယ် မေမေ။ ဒါကြောင့်လဲ ဒီတစ်ဆောင်းတော့ ခိုလိုက်အုံးမယ်လို့ စဉ်းစားပြီး နောက်နှစ် နှင်းခိုးဝေတဲ့ ဆောင်းကလေး ရောက်ရင်တော့ အမေ့အိမ်လေးဆီကို သားတစ်ခေါက်ပြန်လာခဲ့ပါ အုံးမည် ဟု တကိုယ်တည်း ရေရွတ်မိနေပါတော့သည်။

ဘာကြောင့်ရှင်းလင်းရလဲ

ကဗျာဆိုတာ ကဗျာခံစားရေးဖွဲ့သူရဲ့ အသီးအပွင့်လေးတွေပါပဲ။ ခေတ်ပေါ်ကဗျာတွေမှာ စကားပြေကို ပြန်တာ တော်တော် ရှားပါတယ်။ အထူးသဖြင့် မော်ဒန်တွေမှာ လောက်လောက်လားလား ဝေဖန် စကားပြေပြန်သူ ဆိုလို့ ဆရာ ဇော်ဇော်အောင်တို့ လောက်ပဲ တွေ့မိပါတယ်။ ခေတ်ပေါ်ကဗျာ ကာရံမဲ့ကဗျာ တွေဟာ တကယ်တော့ စကားပြေပြန်ရခက်ပါတယ်။ ဘာလို့လဲဆိုတော့ ခံစားသီကုံးသူကလဲ လွတ်လပ်စွာ စည်းဘောင်ကို ကျော်ပြီး ရေးတယ်။ စာဖတ်သူကလဲ သူ့အမြင်နဲ့ သူ ကဗျာကို ခံစားပြီး အနက်ယူပါတယ်။ တခါတလေ ကဗျာရဲ့ အဓိပ္ပါယ်ကနေ ဆင့်ပွား အတွေးတွေ ရသွားတတ်သလို၊ မူလ ကဗျာဆရာရဲ့ စံသတ်မှတ်မှုကနေ လွတ်ထွက်သွားတတ်ပါတယ်။


အဲဒိအခါမှ မူလကဗျာရဲ့ အနက်ကနေ လမ်းကြောင်းပြောင်းသွားတတ်သလို၊ ကဗျာဆရာရဲ့ မူလ အနက်နဲ့ လဲ နီးစပ်ချင်နီးစပ်သွားတတ်တာပါပဲ။ အမြင်တူချင်မှတူ ကြလိမ့်မယ်။ ဒါဟာ ခေတ်ပေါ်ကဗျာတွေ၊ မော်ဒန်တွေရဲ့ လွတ်လပ်မှုပါပဲ။ ကျွန်တော်က ခေတ်ပေါ်ကဗျာတွေ ရေးဖွဲ့ပေမယ့် ကဗျာ အကြောင်း ထဲထဲဝင်ဝင်တော့ သိတဲ့သူ မဟုတ်ပါဘူး။ တချက်သတိပြုစေလိုတာက ကျွန်တော်က ကျွန်တော့်ကဗျာကို မော်ဒန်လို့ ခေါင်းစဉ် မတပ်ပါဘူး။ ခေတ်ပေါ်ကဗျာလို့ပဲ ခေါင်းစဉ်တပ်ပါရစေ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် ၀ါသနာ အရ ကဗျာလေးတွေ ရေးဖွဲ့တတ်သူ ဖြစ်ပေမယ့် ကဗျာ သုသေတီ တစ်ယောက် မဟုတ်ပါဘူး။


ဒါကြောင့် ကျွန်တော့် ကဗျာတွေက မော်ဒန် ချင်မှ မော်ဒန်မယ်၊ တခါတလေ မော်ဒန် ဖြစ်ချင်ဖြစ်မယ်။ ကျွန်တော် အာမမခံနိုင်ပါဘူး။ ကျွန်တော် ခံစားမိသလောက် ကျွန်တော် ရေးဖွဲ့တတ်သလောက် ရေးဖွဲ့ထားခြင်းသာဖြစ်ပါသည်။ မကောင်းလျှင် ကျွန်တော်ညံ့လို့ ဖြစ်ပါမည်။ ကောင်းလျှင်တော့ ခံစားချက်နဲ့ ကိုက်ညီ သွား၍ ဖြစ်ပါလိမ့်မည်။ ကျွန်တော် အပေါ်က ကဗျာကို စကားပြေပြန်ရခြင်းမှာ home sick လို့ ခေါ်တဲ့ အိမ်လွမ်းဝေဒနာ လေးကို ကျွန်တော် ထိခတ် ခံစားမိလို့ ရေးဖွဲ့ခြင်းပါ။ အကယ်၍များ အိမ်လွမ်းသူတစ်ယောက် ဖြစ်ခဲ့ရင် ဘယ်လိုများ ခံစားရမလဲ ဆိုပြီး ကျွန်တော် ပူးကပ် ခံစားယူလိုက်တာပါ။ ကျွန်တော် ကိုယ်တိုင် မခံစားရသေးပေမယ့် တခါတလေ ကျွန်တော်က အဲဒိလို အငှားခံစားချက်တွေ မထင်မှတ်ပဲ ရတတ်တယ်။ အဲဒိအခါမျိုးကျရင် စာဖြစ်ဖြစ် ကဗျာဖြစ်ဖြစ်ရေး လို့ရှိရင် စကားလုံးတွေ သွန်ကျလာတတ်ပါတယ်။ ပြီးတော့ ကျွန်တော် ခေတ်ပေါ်ကဗျာတွေ ရေးတဲ့ အခါ စကားလုံးကို တမင်သက်သက်ကြီး အဆန်းတကြယ် ဖြစ်ညှစ် မရေးပါဘူး။ ကဗျာနဲ့ ကိုက်ညီမှုရှိမယ့် စကားလုံးတွေက ရေးရင်းရေးရင်းမှ စာရွက်ပေါ်ပြုတ်ကျ လာတတ်တာပါ။ ကြွားတယ် ထင်ရင်တော့ ခွင့်လွှတ်ပါ။ ကျွန်တော် ဒီကဗျာလေးကို ဘာလို့ စကားပြေပြန်လဲ ဒီအတိုင်းကော ထားလို့မရဘူးလား။ ရပါတယ်။ စောစောက ပြောသလို ကျွန်တော့် ကဗျာဖတ်ပြီး စာဖတ်သူရဲ့ သူ့ကိုယ်ပိုင် အမြင်နဲ့ အနက် ဖွင့်ရင်လဲ ကျွန်တော့်ထက် ပိုကောင်းချင် ကောင်းသွားပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်က ဒီကဗျာလေးကို ဘယ်လို ခံစားချက် feeling လေးနဲ့ ရေးဖွဲ့ထားတယ်ဆိုတာ သိစေရုံလေးပါ။ ကျွန်တော် ကဗျာက ကောင်းပြီး စကားပြေက ညံ့နေရင်လဲ ညံ့နေပါလိမ့်မယ်။ ဒါမှမဟုတ် စကားပြေက ကောင်းပြီး ကဗျာက ညံ့ချင်ညံ့နေပါလိမ့်မယ်။ ဒါမှမဟုတ်လဲ နှစ်မျိုးစလုံး ညံ့ချင်ညံ့ကြပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ညံ့သည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ကျွန်တော်၏ ရင်တွင်းဖြစ် လက်ရာများသာ ဖြစ်ပါ၍ ဝေဖန် အပြစ်တင်လိုက ကျွန်တော့်ကိုသာ တင်နိုင်ကြပါကြောင်း..။

Read Users' Comments (2)

ရင်ခတ်သံ အမှတ်(၁)

….ပိုးကောင်လေး…
မင်းရေးတဲ့ ရောင်စုံ ပန်းပွင့်လေး..တွေ..
ငါတခုတ်တရ
သိမ်းထားတယ်လေ….

…ပိုးကောင်လေးရေ…
မင်းမသိပေမယ့်..
ငါရွတ်ပြခဲ့တဲ့ …
နှလုံးသား.. တေးသွားတွေ..
ငါ့ရင်ဘတ်နဲ့ အပြည့်ဖြစ်ခဲ့တယ်..။

ပိုးကောင်လေးရေ..
ငါ မရွံ့ကြောက်ပေမယ့်..
မင်း..မိုးတိမ်တွေ…
သွန်း..ဆက်ဖို့.. ဥပက္ခာပြုမှာ…
ငါ… စိုးနေတယ်..

…...
မပြောသင့်ပေမယ့်….
ငါ့ ဥယျာဉ်ကြီး..
လွမ်းလို့…
ကျွမ်း ခြောက်..ကန်းနေပြီ။

ပိုးကောင်လေးရေ…
ငါတို့ဟာ..
သိပ်ကွာဟ လွန်းတယ်တဲ့…
ပြောရက်လိုက်တာ..
ငါမှာတော့….
ပြိုးပျက်လိုက် ရတာ….
ငါ.. လွင်ပြင် တခုလုံး..
ရဲပြာအံ့ လို့…ပေါ့..။

ပိုးကောင်လေးရေ…
မင်းကြားနိုင်မယ်ဆို..
ငါခုထိ…ပဲ့တင်ထပ်နေသေးတယ်..
ငါလေ…
သိပ်…ချစ်….နေသေးတယ်……။
ပိုးကောင်လေးရေ.....

Read Users' Comments (0)

စစ်သူကြီး

ခရာမှုတ်သံတွေကြားတော့
ခုံးဝန်းတဲ့.. ကြယ်တွေ
စည်းနှောင်လိုက်တယ်..။

မြို့သူမြို့သားများ..
သောင်းသောင်းဖျဖျ မြှောက်ပင့်နေကြတယ်..။

အမှောင်တ၀က်၊ အလင်းတ၀က်တွေ..
မှုံကြဲ..။
ခြေပစ်လက်ပစ်..
သတ္တိရဲရဲတွေ တွားသွားနေကြရဲ့..။

နှုတ်မဆက်မိရင် အကောင်းသား..
(ခုတော့)
အလျားလိုက်… အလင်းတွေ
လာလာစွပ်ပေးနေကြသေးတယ်..။

အဓိပ္ပါယ်ကို မရှိဘူး..
ငါ့ကို အစိမ်းရောင်
လေးမြှားတွေ ဆင်ပေးပြီး
တပ်တော်ကြီးနဲ့ ချီနေရတယ်..။

မယုံနဲ့..
အဲဒါ တွန်း..ပို့...နေကြတာ….။

Read Users' Comments (0)

သုံးစားမရခြင်း..

ရှပ်…
ရှပ်…
ရှပ်..
အတွေးအခေါ်တွေ..
လမ်းထလျှောက်နေကြရဲ့..။
ခန္ဓာကြီးကတော့..
တွေဝေခြင်းတွေ ခြုံလို့ ကွေးနေတယ်..။

မရေရာခြင်းတွေ..
ဟောဒိ..
လမ်းကျောပြင်ပေါ်..
လိမ်တွန့် တွားနေကြ…

ခြေဆန့်လက်ဆန့်..
ဝါဒတွေ..
ဖာရဗရပွနဲ့ပေါ့..

မစားရ၀ခမန်း..
မျက်လုံးတွေ..
အထွေးလိုက်တောင်..
အံထုတ်လိုက်ချင်ရဲ့…။

နောက်မှီးပြတ်နေတဲ့..
ခြေထောက်ကို..
ဖိနပ်တွေက.. နိုင်လိုမင်းထက်..
ယူစီးသွားကြတယ်။

မဇ္ဈိမတရားတွေ..ဖုန်တက်နေတယ်..
ဘရက်ရှ်(brush) စုတ်လေးနဲ့..
တိုက်ဖို့တောင်.. မေ့နေခဲ့တာများ..
…….
ဘာမှသောက်သုံးမကျဘူး…။
…….
စိတ်ရှိလက်ရှိပဲ.
ကိုယ့်ကိုကိုယ်..
နံရံမှာ ဆွဲကပ်ထားလိုက်တော့မယ်..။

ကျေးဇူးပြု၍..
လာရောက်ဆုတ်ဖြဲပေးကြပါ…။

Read Users' Comments (0)

သူ့ဆောင်ပုဒ်

ပထမ အလုပ်သမား ။ ။   `ခင်များသူဌေး ရဲ့ အသုဘကို သွားဦးမလား´

ဒုတိယ အလုပ်သမား ။  ။  `မသွားဘူးဗျာ…ကနေ့ ကျွန်တော် အလုပ်လုပ်လိုက်ဦးမယ်။

                                   ကျွန်တော့်ဆောင်ပုဒ်က အလုပ်ပထမ၊ ပျော်စရာက ဒုတိယလေ´

Read Users' Comments (0)

ထီပေါက်ခြင်း

ဒက်တရွိုက် တရားရုံးတွင် စစ်ဆေးသော အမှုတစ်ခု၌ တရားလို မိန်းမငယ်က တရားခံသည် သူမထံမှ မဖွယ်ရာသော တောင်းဆိုမှုတစ်ခုကို ပြုလုပ်ခဲ့ပါသည်ဟု စွပ်စွဲ၏။ ယင်းတောင်းဆိုမှုကို ပြောပြပါဟု ရုံးတော်က ခိုင်းရာ ပြောရမှာ အလွန်ရှက်စရာ ကောင်းသဖြင့် ရေးပြရန် ခွင့်ပန်၏။ ရုံးတော်က ခွင့်ပြုလိုက်၏။ သူမရေးပြသောစာကို တရားသူကြီးနှင့် ရှေ့နေက ဖတ်ကြည့်၏။ ထို့နောက် စာကို ဂျူရီလူကြီးများ လက်ထဲ ထည့်လိုက်၏။ ဂျူရီလူကြီးများက တစ်ဦးပြီးတစ်ဦး ဖတ်ကြည့်ကြ၏။

နောက်ဆုံး၌ ဆွဲဆောင်မှုရှိသော အမျိုးသမီး ဂျူရီလူကြီး တစ်ဦးက ဖတ်ပြီး သူ့ဘေးရှိ ဂျူရီလူကြီး တစ်ယောက်ကို ပေး၏။ သို့သော် ထိုဂျူရီ လူကြီးက ငိုက်နေ၏။ ထို့ကြောင့် တံတောင်နှင့်တွတ်၍ စာရွက်ကို ပေးလိုက်၏။

နိုးလာသော ဂျူရီလူကြီးက စာကို အိပ်မှုန်စုံမွှား ဖတ်ကြည့်၏။ ဖတ်လို့ အပြီးမှာ သူမအား ပြုံးကြည့်ရင်း ခေါင်းငြိမ့်လိုက်၏။ စာရွက်ကိုလည်း သူ့အိတ်ကပ်ထဲ ထိုးထည့်လိုက်သော ဟူ၏။

Read Users' Comments (0)

သွားပေတော့ တာ့တာ

လေယာဉ် ပြတင်းပေါက်ဘေးမှာ ထိုင်၍ လိုက်ပါလာသူ ခရီးသည်တစ်ယောက်သည် တရွေ့ရွေ့လျားနေကြသော တိမ်စိုင်တိမ်ခဲကြီးများကို ကြည့်ရင်း အလွန်ကြည်နူးနေလေသည်။ ထိုစဉ် သူ့ပြတင်းပေါက်ရှေ့မှာ လေထီးသမားတစ်ဦးကို မြင်လိုက်ရ၏။ လေထီးသမားက

`ဘယ်လိုလဲ၊ ကျွန်တော်နဲ့ လိုက်ခဲ့မလား´

ဟုလှမ်းမေး၏။

ဒီတော့ ခရီးသည်က

`ကျေးဇူးပဲ၊ မလိုက်တော့ပါဘူး။ တိမ်တွေကို ခုလိုကြည့်နေရတာ သိပ်အရသာ ရှိတယ်´

`ကောင်းပါလေ့ဗျာ။ ကျွန်တော်က တခြား လူမဟုတ်ပါဘူး။ ခင်ဗျားစီးနေတဲ့ လေယာဉ်ပျံကြီးရဲ့ လေယာဉ်မှူးပါ။ ကဲသွားပြီ၊ တာ့တာ´

Read Users' Comments (0)

ပြည်တော်ပြန် ကိုကြီးကျော် နှင့် လက်မရွံ့ ဂေါက်ဂေါက်

အဟတ်မနေ့က ကိုကြီးကျော် နဲ့ ဂေါက်ဂေါက်ကို လေဆိပ်လိုက်ပို့တယ်လေ။ လိုက်ပို့ ချင်လွန်းလို့ တခါမှ အစော ကြီး မထဖူး တဲ့ ကျွန်တော် တစ်ယောက် စောစော ထပြီး မြေနီကုန်း စုရပ်ကို ပြေးရတယ်။ အဲဒိမှာ နဘလ ရယ်၊ မပင့်ရယ်၊ အစ်မ ဘာညာ ရယ်၊ စိုးဇီယျရယ်၊ ကျွန်တော်ရယ် ငါးယောက် တက္ကစီငှားပြီး လေဆိပ်ကို ပြေးရတယ်။ အန်တီညလေး တို့ ၊ မမဒီမို တို့ အတွက် မုန့်မုန့်တွေ မဘာညာနဲ့ သွားဝယ်နေလို့ နဲနဲနောက်ကျသွားတယ်။ ဒီကြားထဲ ကိုမျက်စိကလဲ ပုံပြင်ပြောသွားသေးတယ်။ လာလဲမလာဘူး။ အဲ ဟိုက လူတွေစားဖို့ ဆီးထုပ်တွေ အ၀ယ်ကောင်းတာ မပင့် ကပါ ၀ယ်လာတော့ အများကြီးဖြစ်သွားတယ်။ ဒါတွေသာ အကုန်စားရင် ချမ်းပီး မှာ သေချာတယ်။ ဟိ။

လေဆိပ်ရောက်တော့ ဂေါက်ဂေါက်တို့က ရောက်နေပြီ။ ဒီလိုလိုက်ပို့ရတော့လဲ ရင်ထဲမကောင်းဘူး။ ဟုတ်တယ်လေ။ ဆီမီနာပြီး ကတည်းက ကဲဖော်ကဲဖက် တစ်ယောက်လျော့သွားတာပေါ့။ ချိတ်မကောင်းဘူး။ ပြီးတော့ ဂေါက်ဂေါက်က ဘီယာသောက်ရင် ဘယ်တော့မှ လက်မရွံ့ဘူးလေ။ အပီသောက်တာ။ :) ။ ဂေါက်ဂေါက်က စည်းရုံးရေးကောင်းတယ်။ အနော်တို့ လူစုပြီဆို ဂေါက်ဂေါက် ဦးဆောင်လူစုတာများတယ်။ အွန်လိုင်းမှာ ဟာ အရေးကြီးတယ်။မြန်မြန်လာဆို သိတော့ ဂေါက်ဂေါက် လူစုနေပြီ။ ပြီးရင် တတိယ အစီအစဉ် လုပ်။ ပျော်ပျော်ပါးပါး သောက်ကြလေသတည်းပေါ့။ ကိုကြီးကျော်လဲ ဒီလိုပဲ။ ကျွန်တော်တောင် ပွဲတိုင်းမပါနိုင်ပေမယ့်။ သူလဲ ပွဲတိုင်းပါတယ်။ ပြီးတော့ ကိုကြီးကျော်က ကျွန်တော်နဲ့ ဟိုးအရင်တည်းက အိမ်နားနီးချင်း။ သူတို့ သွားတော့ အတူပျော်ခဲ့တဲ့ နေ့တွေ လွမ်းလာတယ် :(။ ဒါပေမယ့် မနေ့က သွားခါနီးတောင် ဂေါက်ဂေါက်က နောက်နေသေးတယ်။ အခုတော့ ကျွန်တော်တို့ အင်အားနဲနဲလျော့သွားတာပေါ့။ အမှတ်တရပုံတွေတော့ ရိုက်လာသေးတယ်။ တာတာ့ဂေါက်ဂေါက်နဲ့ ကိုကြီးကျော်ရေ။ ချင်ကာပူရောက်ရင် မလေးဘက်ကို လာလည်မယ်နော်။ :'(

ဝဲယာမှ မပင့်ကူ၊ ကျွန်တော်၊ အစ်မ ဘာညာ၊ နဘလ(ကိုနေဘုန်းလတ်)၊ စိုးဇီယျ၊ ကိုကြီးကျော်၊ ကိုဂေါက်

တွဲလက်ညီညာတဲ့ အနော်တို့ သုံးယောက် :P

ကျွန်တော်တို့ စတော်ဘယ်ရီသောက် မောင်နှမ နှစ်ယောက်( သွေးမသောက်ရဲလို့ အရောင်တူတဲ့ စတော်ဘယ်ရီပဲ သောက်တာ ဟတ်ဟတ်)၊ နောက်တစ်ယောက်ရှိသေးတယ်။ ချင်ကာပူမှာ မမဒီမိုလေ။ ဆိုက်တူဂိုက်တူရင် မောင်နှမတော်တယ်နော်။ ပေါင် ၁၆၀ နှင့်အထက် ရှိသူများ မောင်နှမတော်ချင်ရင် ဆက်သွယ်ပါ။ :P

အဲကြုံတုန်းလေဆိပ်မှာ အကောက်ခွန်အရာရှိမလေးနဲ့ လက်တွဲပြီး ရိုက်ထားပုံ။ (ဟိဟိ life size ဓာတ်ပုံလေ :P)
နဘလ ၏ မှတ်ချက်။ ။ အခွန်မဆောင်ဘဲ ဖွန်ကြောင်နေသူ။ :(


လေဆိပ်သို့ အသွားကားပေါ်မှာ ဒီလို ကျပ်ကျပ်တည်းတည်းသွားခဲ့တယ်။ ဟိဟိ ကျွန်တော်ရယ် အမ ဘာညာရယ် နဘလရယ် ပေါင်းတော့ ကားနောက်ခန်း အတော် လေးသွားတယ် ဟီးဟီး။

ဂေါက်ဂေါက်တို့ ရေ.. မလေးရောက်ရင် မေးလ်ပို့နော်။ ကျွန်တော်တို့ လွမ်းနေမယ်ဗျာ။
ဂေါက်ဂေါက်ဆိုတာ။
ကိုကြီးကျော်ဆိုတာ

Read Users' Comments (6)

အလကားယူကြပါ

ကဲသူငယ်ချင်းတို့ ဆီမှာ VCD သာရှိပြီး mp3 ပြောင်းချင်နေသလား။ ကွာလတီကောင်း ကောင်း စတူဒီယို အသံနဲ့ ပြောင်းလို့ရတယ်။ ဗီဒီယိုကနေ mp3 ပြောင်းလို့ ရပါတယ်။ Xilisoft ကိုသုံးကြည့်ကြပါလား။ (အဲလေ ငါ့ဟာ က လျက်ဆား ကြော်ငြာလိုလို ဖြစ်နေပြီ :P)
ဒီမှာ ဒေါင်းလုယူပါ။

Read Users' Comments (0)

ပရဟိတ ဂေဟာလေးပါ

ဝိတိုရိယ ပရဟိတ ဂေဟာလေးပါခင်မျာ။ ကျွန်တော့် ဆီဗုံးလေးမှာ လာအော်ထားလို့ ကြေငြာပေးလိုက်ပါတယ်။ ခင်ဗျာ။ http://vccmyanmar.org/

Read Users' Comments (0)

ကိုယ်ချင်းစာစိတ်

တကယ်လို့များ ကိုယ့်ကို မဖြစ်စေချင်တဲ့အအတိုင်း သူများကိုလည်း မဖြစ်စေချင်တဲ့ စိတ် ကိုယ်ချင်းစာစိတ်လေးများ လူတိုင်းမှာ ရှိမယ်ဆိုရင် ပဋိပက္ခဆိုတာတွေ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ ဒီလိုစိတ်မျိုးတွေသာ လူတိုင်းရဲ့ စိတ်နှလုံး ထဲမှာ ကိန်းအောင်းနေရင် ပတ်ဝန်းကျင်လောက တခုလုံးသာယာနေမှာ အမှန်ပါပဲ။ ကျွန်တော်က အမြဲတမ်း ကိုယ်နှင့်နှိုင်းပြီး လူတိုင်းကို မဟုတ်ရင်တောင် အနည်းဆုံး ကိုယ်နဲ့ နီးစပ်ရာကို တတ်နိုင်သလောက် ကူညီပေးပါတယ်။ ကျွန်တော်က သိပ်ပြီး စိတ်သဘောထား မြင့်မြတ်နေတဲ့လူတော့ မဟုတ်ပါပေမယ့် ကိုယ်စွမ်းသလောက်လေး နဲ့ပေါ့။ ပြီးတော့ ကိုယ်ကြောင့် သူတစ်ပါးထိခိုက် နစ်နာမယ့်မှာကို စိုးပါတယ်။ တကယ်ကြုံကြိုက်လာရင် စိတ်နှလုံးထဲကကို လိုလိုချင်ချင် အတတ်နိုင်ဆုံး ဖေးမပေးလေ့ရှိပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုယ် ကျွန်တော် အမွှန်းတင်သလို ဖြစ်နေရင်တော့ ခွင့်လွှတ်ပေးပါ။ ကျွန်တော့် တကယ့်စိတ်ရင်းထဲက အတိုင်းကို ပြောပြတာပါ။


ဘာအကျိုးအမြတ်မှ မမျှော်လင့်ပါဘူး။ မျှော်လင့်ရင် အဲဒိစေတနာဟာ မသန့်ရှင်းတော့ဘူးလို့ ကျွန်တော်ထင်တယ်။ ဥပမာ လမ်းမှာ မိန်းကလေး တစ်ယောက် လဲကျသွားတယ် ဆိုပါစို့။ လိုအပ်ရင် ကူညီပေးဖို့ ၀န်မလေးပါဘူး။ အဲဒိနေရာမှာ မိန်းကလေးမှ မဟုတ်ပါဘူး။ ယောက်ျားလေးလား၊ သက်ကြီးရွယ်အိုလား၊ ယုစွအဆုံး လူမျိုးကွဲလား၊ ကုလားကြီးလား၊ ကူရမှာပါပဲ။ ဘာလို့လဲ။ ကျွန်တော်လက်ခံထားတဲ့ အယူအဆမှာ လူဟာလူပါပဲ။ လူရဲ့အနှစ်သာရ ဆိုတာ လိင်၊ အသားအရောင်၊ ဘာသာအယူဝါဒ၊ လူမျိုးဆိုတာတွေပေါ်မှာ မမူတည်ပါဘူး။ လူဆိုတဲ့ ပညတ်ခေါင်းစဉ်အောက်မှာ အားလုံး သာတူညီမျှ အခွင့်အရေး ရှိနိုင်ပါတယ်။ ဒါကိုဘယ်သူမှ ကန့်သတ်ထားလို့ မရပါဘူး။ လူရယ်လို့ ဖြစ်လာရင် ပတ်ဝန်းကျင်နဲ့ နေထိုင်ရတာပါ။ ကျွန်တော်တို့ ဘာ တတ်နိုင်သလဲ။ ကျွန်တော်တို့ တတ်နိုင်သလောက်လေး ပတ်ဝန်းကျင်ကို လုပ်ပေးနိုင်ရင် တာဝန်းထမ်းဆောင်တာပါပဲ။


ကျွန်တော်ကြုံဖူးတာလေးတွေ ပြောပြပါရစေ။ ကျွန်တော် လက်ဖက်ရည်ဆိုင် တဆိုင်မှာ မုန့်ထိုင်စားနေတုန်း တောင်းရမ်းတဲ့ ကလေးတစ်ယာက် လာတောင်းတယ်။ ကလေးခင်မျာ လာတောင်းနေပုံက အလွန်ကို တုန်ရီနေပါတယ်။ ပြီးတော့ သူ့တကိုယ်လုံး စုတ်ပြတ်နေတာပါပဲ။ အချိန်က ၁၂နာရီ တော်တော်ကျော်နေပါပြီ။ အမှန်အတိုင်းပြောရရင် အဲဒိနေ့က ကျွန်တော့်မှာ ဆိုင်က စားစရာမုန့်တပွဲ နဲ့ အအေးတလုံးဖိုး အပြင်ပိုမပါတော့ပါဘူး။ အအေးက မှာပြီးနေပြီ။ ဒီကလေးကိုကြည့်ရတာ အတော်ဆာလောင်နေပုံရတယ်။ သူ့ကို ကျွန်တော်ကြည့်ပြီး ကျွန်တော့် ၀မ်းကွဲညီငယ်လေး လောက်ပဲရှိတာ တွေ့တော့ ကျွန်တော့် ရင်ထဲဆို့နင့်သွားတယ်ဗျာ။ ကျွန်တော်စားမယ့် မုန့်ပွဲကို ငေးကြည့်နေရှာတယ်။


သူ့ခင်မျာ ပိုက်ဆံထက် အခုချိန်မှာစားစရာကို ပိုပြီး မွတ်သိပ်နေပုံပါပဲ။ ဒါနဲ့.. ညီလေးမင်းတော်တော်ဗိုက်ဆာနေလားဆိုတော့ မျက်နှာငယ်လေးနဲ့ ခေါင်းညိတ်ရှာတယ်။ ကျွန်တော်လေ မုန့်ပန်းကန်ထဲက မုန့်တွေ အကုန်နှိုက်ပြီး ရော့ ညီလေး အကုန်ယူသွားပြီး ဗိုက်ဝအောင် စားဆိုတော့ သူ့လက်ခုပ်လေးနဲ့ ယူပြီး ကျွန်တော့်ကို ပြုံးပြတယ်။ သွားကလေးတွေ ကျိုးတိုးကျဲတဲ ဖြစ်နေတဲ့ အဲဒိကလေးရဲ့ အပြုံးလေးဟာ ကျွန်တော့်ကို ရှိန်းကနဲ ဖြစ်သွားစေတယ်။ မုန့်တွေကို အငမ်းမရစားပြီး ထွက်သွားတဲ့ သူ့ကျောပြင်လေးကို ခပ်လှမ်းလှမ်း အထိ လိုက်ငေးနေမိတယ်။ ကျွန်တော် အအေးမသောက်နိုင်တော့ပဲ ပိုက်ဆံရှင်းလိုက်တယ်။ အိမ်ပြန်ဖို့ စရိတ်ပဲကျန်တော့တယ်။ ဒါပေမယ့် ကျွန်တော်ပျော်တယ်။ ကျွန်တော့်လုပ်ရပ်အတွက် ကလေးတစ်ယောက် တဒင်္ဂ ဗိုက်ဝသွားစေတဲ့ အတွက် ကျွန်တော် ဗိုက်တောင် မဆာလောင်တော့ သလိုပါပဲ။ ဒီလိုအမြဲတမ်း မဟုတ်ပေမယ့် ကျွန်တော် တတ်စွမ်းသလောက် ကူညီပေးပါတယ်။ ပရဟိတ လုပ်ရအောင်လဲ ကျွန်တော် အချိန်မပေးနိုင်သေးတော့ ကျွန်တော်တတ်နိုင်သလောက် ပေါ့။ ကူညီတယ်ဆိုတာ ဆင်းရဲနေတဲ့သူတွေအပြင် တကယ်တမ်း အကူအညီလိုနေသူတွေ ကျွန်တော်တို့ အနီးအနားမှာ ရှိပါသေးတယ်။


ပြီးခဲ့တဲ့ အပတ်က အကြောင်းပါ။ ဘာမှတော့ မဟုတ်ပါဘူး။ ကျွန်တော်တက်နေတဲ့ကျောင်းက private ကွန်ပြူတာကျောင်း။ အဲဒိနေ့ကကျောင်းဆင်းတော့ ညနေစောင်းနေပြီဆိုတော့ ဆရာဆရာမတွေ ကျောင်းဝန်ထမ်းတွေကော ပြန်ကုန်ပြီ။ ညနေပိုင်း အချိန်အထိ တက်လိုက်ရတော့ လူလဲ တော်တော် နုံးသွားတယ်။ အတန်းထဲက လူတွေလဲ ပြန်ကုန်ကြပြီ။ နောက်ဆုံး ကျွန်တော်နဲ့ ခင်တဲ့ ရုံးဝန်ထမ်းလေး တံခါးပိတ်တာကို စောင့်ရင်း အတူတူပြန်ဖို့ လုပ်တော့ ကျွန်တော်တို့ အတန်းထဲက ကောင်မလေးက ကားလမ်းမ ဖလက်ဖောင်းနားမှာ တစ်ယောက်ထဲ။ မှောင်ကလဲ မှောင်နေပြီ။ ကျွန်တော်တို့ ဘက်ကို လှည့်ကြည့်ကြည့်နဲ့လေ။ ကျောင်းက လမ်းမဘေးမှာ ဆိုပေမယ့် ကားကျောသိပ် မပြတ်လှပေမယ့် လူသွားလူလာတော့ အတော် ပြတ်တယ်။ ကျွန်တော် အိမ်မြန်မြန်ပြန်ချင်ပေမယ့် အဲဒိကောင်မလေးကို တွေ့တော့ ကိုယ်ပိုင် အသိစိတ်နဲ့ သူ့အိမ်က လာကြိုတာကို စောင့်နေပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကောင်မလေးက သူ့ဟာသူ ခပ်လှမ်းလှမ်းမှာစောင့်နေတာပါ။ ပြီးတော့ သိပ်မခင်ပေမယ့် ကျွန်တော်တို့ အတန်းထဲက အတန်းဖော်ပဲလေ။ ဒီတိုင်းထားခဲ့ရင် မိန်းကလေး တစ်ယောက်ထဲ မသင့်တော်ဘူးလို့ ကျွန်တော်ယူဆမိလို့ စောင့်နေပေးလိုက်တယ်။


ဒါကို ရုံးဝန်ထမ်းလေးက သဘောမပေါက်ဘူး။ကျွန်တော့်ကို ကြောင်ချင်လို့ စောင့်နေတယ်လို့ အထင်လွဲသွားသေးတယ်။ ပြီးမှ ကျွန်တော်က မင်းလဲမပြန်နဲ့အုံးကွာ ပြီးမှ ငါနဲ့ အတူတူပြန်ဆိုပြီး ခပ်လှမ်းလှမ်းက ကျောင်းလှေခါးထစ်လေးပေါ်မှာ ထိုင်နေလိုက်တယ်။ ကျွန်တော် သူ့ကို ရှင်းပြရတယ်။
`မဟုတ်ဘူးကွာ ဒီနေရာမှာ မင်းအစ်မ ညီမလေး သာဆို လူပြတ်တဲ့ နေရာမှာ တစ်ယောက်ထဲ ထားခဲ့မလား၊ အမှန်ဆို ငါလဲ ပြန်ရင် အနေသာကြီးပဲ။ ငါနဲ့ သိပ်ခင်တာလဲ မဟုတ်ဘူး။ အေးဆေးပြန်သွားလို့ ရတာပဲ။ အဲဒါ တာဝန်သိစိတ်ကွ။ ဘယ်သူမှတော့ ငါ့ကို ဒါလုပ်ပါလို့ သတ်မှတ် မထားဘူး။ ကိုယ်ချင်းစာစိတ်လေ။ ဟော ငါကြောင်ချင်လို့ ဇာတ်လမ်းရှာချင်လို့ ဆိုရင် မင်းပြန်သွား ပိုတောင် ကောင်းသေးတယ်လို့ တွက်မှာပေါ့။ ငါတစ်ယောက်ထဲ အေးအေးဆေးဆေး ပြောလို့ရတာပေါ့။ အခုဟာက ဘယ်မှာလဲ ဟိုမှာ သူ့ဟာ သူရပ်စောင့်နေတာ ငါလဲ သူ့သွားစကားပြောတာ မဟုတ်ဘူး။ ငါတို့ ရှိသေးတယ် ဆိုရုံလောက်ပဲလေ။ ငါတို့ လုပ်ပေးနိုင်တာ သူ့အိမ်က ကားလာတဲ့ အထိ စောင့်ပေးရုံပဲ။ ဒါပဲ။ ဒါ့အပြင် ဘာမှ မျှော်ကိုးလိုလို့ မဟုတ်ဘူး။´ လို့ ရှင်းပြလိုက်တော့မှ သူလဲလက်ခံ သဘောပေါက်သွားတယ်။ ၁၀ မိနစ်လောက်ကြာတော့ အဲဒိကောင်မလေးအိမ်က လာခေါ်သွားတယ်။ ကျေးဇူးတင်ကြောင်းလဲ လာကြိုတဲ့ အန်တီကြီးက ပြောသွားသေးတယ်။


ကူညီတယ် ဆိုတာ လူတစ်ယောက် တကယ်လိုအပ်နေတဲ့ အချိန်မှာ တာဝန်သိသိ ကူညီတတ်ဖို့ပါပဲ။ ဘာအကျိုးမှ မျှော်ကိုး ဖို့ မဟုတ်ပါဘူး။ ကိုယ့်ကူညီမှုဟာ မြင်သာထင်သာ လူသိအောင် ကူညီမှ ကူညီတာမဟုတ်ပါဘူး။ လူမသိပေမယ့် ကိုယ့်စိတ်ထဲက သန့်ရှင်းစွာ ကူညီတတ်ဖို့ပါပဲ။ များတာ၊နဲတာ လူသိချင်မှ သိမယ်။ ဒါပေမယ့် ကျွန်တော်တို့ ဟာ ကျွန်တော်တို့ သိနေမယ် ကိုယ့်ရဲ့ ကိုယ်ချင်းစာ စိတ်နဲ့ ကူညီမှုဟာ တပါးသူပေါ် အကျိုးသက်ရောက် မှု ရှိသွားရင် ကျေနပ်စရာ ပဲမဟုတ်လား။ အများကြီးမဟုတ်ပါဘူး။ ကိုယ်တတ်နိုင်သလောက် မွန်မြတ်မှုနဲ့ ကိုယ်ချင်းစာ တရားလေး ရှေ့ထားပြီး ကူညီပေးခြင်းဟာ ကိုယ်နေထိုင်တဲ့ အဖွဲ့အစည်း ၀န်းကျင်ရဲ့တာဝန်ကို တစိတ်တပိုင်း ထမ်းဆောင်ပေးခြင်း ပဲဖြစ်ပါတယ်။


Read Users' Comments (0)

နေ့လေးတစ်နေ့


ကျွန်တော့် ကိုမွေးတဲ့နေ့မှာ ဘယ်နိုင်ငံရဲ့ နေ့ထူးနေ့မြတ်မှ မဟုတ်ပါဘူး။ လိုက်ရှာပြီးပြီ။ ဒါပေမယ့် ကျွန်တော့် ကိုမွေးတဲ့နေ့ဟာ ကျွန်တော့်ရဲ့ နေ့ထူးနေ့မြတ်လေးပါပဲ။ ကျွန်တော်က ကြာသပတေးသား တစ်ယောက်ပါ။ နေ့အလိုက် အကောင်တွေနဲ့ ပြောရရင် ကြွက်ပေါ့။ တရုတ်ဗေဒင်လို မွေးနှစ်ရဲ့ အကောင်နဲ့ ပြောရင် နွားနှစ်။ ဗမာလို နက္ခတ်နဲ့ ပြောရင် ဘီလူးနက္ခတ်။ ရာသီခွင်နဲ့ ပြောရရင် ဗြိ စ္ဆာ (Scorpio)။ ပြီးတော့ သိုက်ဖွား။ ကျွန်တော့်ကို နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လည် မှာ မွေးတယ်ဗျာ။ ကျွန်တော်ဒါတွေ လျှောက်ပြောနေလို့များ ဘယ်ကောင်မလေးကများ ကျွန်တော့်ကို ဗေဒင်တွက်ပေးမလဲ ဆိုပြီး ရေးတာမဟုတ်ပါဘူး။ တွက်ပေးရင်လဲ ကောင်းတာပေါ့။ ဟီးဟီ နောက်တာနော်။ ကဲကဲ သူငယ်ချင်းတွေက မွေးနေ့ သိရင် မုန့်ကျွေးမယ်ဆိုလို့ ပြောပြတာပါ။ :P မွေးနေ့ကြရင် မုန့်ကျွေးမယ် မေ့မနေနဲ့အုံးနော်။

Read Users' Comments (5)

နိုင်ငံတကာ အမျိုးသားနေ့

ကမ္ဘာပေါ်မှာ ကိုယ့်နိုင်ငံနှင့် ဆိုင်ရာ အမျိုးသားနေ့များ (national days) ရှိကြပါတယ်။ နိုင်ငံတိုင်း အတွက် အမျိုးသားနေ့ ဆိုတာ အလေးအမြတ်ထားစရာ နေ့ပါပဲ။ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတွေရဲ့ တနှစ်တာအတွင်း အမျိုးသားနေ့တွေကို ဗဟုသုတ အဖြစ် လ အလိုက် ရှာဖွေ တင်ပြလိုက်ပါတယ်ခင်ဗျာ။

January


1 Cuba: Liberation Day
1 Haiti: Independence Day
1 Sudan: National Day
4 Myanmar: Independence Day
9 Northern Mariana Islands: National Day
13 Togo: Togolais Day
26 Australia: Australia Day
31 Nauru: National Day

February


4 Sri Lanka: Independence Commemoration Day
6 New Zealand: Waitangi Day
7 Grenada: Independence Day
11 Iran: Victory of the Islamic Revolution in Iran
16 Lithuania: Independence Day
18 Gambia: National Day
23 Brunei Darussalam: Independence Day
22 St Lucia: National Day
23 Guyana: National Day
24 Estonia: Independence Day
25 Kuwait: National Day
27 Dominican Republic: Independence Day

March


1 Bosnia & Herzegovina: National Day
3 Bulgaria: National Day
3 Morocco: Fete Du Trone
6 Ghana: Independence Day
12 Mauritius: National Day
17 Ireland: St Patrick's Day
20 Tunisia: Anniversary of the Independence of the Republic of Tunisia
21 Namibia: Independence Day
25 Greece: Independence Day
26 Bangladesh: Independence Day

April


4 Senegal: Independence Day
16 Denmark: Queen's Birthday
17 Syria: National Day
18 Zimbabwe: National Day
19 Sierra Leone: Republic Day
26 Tanzania: Independence Day
27 South Africa: Freedom Day
26 Yugoslavia: Constitution Day (Federal Republic of Yugoslavia)
28 Afghanistan: Victory of the Afghan Jehad
30 The Netherlands: Official Birthday of HM Queen Beatrix

May


1 Marshall Islands: National Day
3 Poland: National Day
9 European Union: European Day
12 Israel: Independence Day
14 Paraguay: National Day
17 Norway: Constitution Day
20 Cameroon: National Day
22 Yemen: National Day
24 Eritrea: Independence Day
25 Argentina: National Day
25 Jordan: Independence Day
26 Georgia: National Day
28 Azerbaijan: National Day
28 Ethiopia: National Day
30 Croatia: Statehood Day

June


1 Western Samoa: Independence Day
2 Italy: Foundation of the Republic
4 Tonga: Emancipation Day
6 Sweden: National Day
10 Portugal: Portugal Day, Camoes Day & Day of Portuguese Communities
12 Philippines: Independence Day
12 Russia: National Day
17 Iceland: National Day
18 Seychelles: National Day
23 Luxembourg: National Day & Official Birthday of HRH the Grand Duke
25 Mozambique: Independence Day
25 Slovenia: National Day
26 Madagascar: National Day
27 Djibouti: National Day
30 Congo (Dem Rep): Independence Day

July


1 Burundi: National Day
1 Canada: Canada Day
3 Belarus: National Day
4 United States of America: Independence Day 5 Cape Verde: National Day
5 Rwanda: Independence Day
5 Venezuela: National Day 6 Comoros: National Day
6 Malawi: National Day
7 Solomon Islands: National Day
10 Bahamas: Independence Day
11 Mongolia: Anniversary of the Mongolian People's Revolution
12 Kiribati: National Day
12 Sao Tome & Principe: National Day
14 France: Bastille Day
17 Iraq: National Day
20 Colombia: National Day
21 Belgium: Accession of King Leopold I (1831)
23 Egypt: Anniversary of the Revolution of 23rd July
26 Liberia: National Day
26 Maldives: National Day
28 Peru: Independence Day
30 Vanuatu: Independence Day

August


1 Benin: National Day
1 Switzerland: Foundation of the Swiss Confederation
4 Burkina Faso: National Day
4 Cook Islands: National Day 5 Jamaica: National Day
6 Bolivia: Independence Day
9 Singapore: National Day
10 Ecuador: National Day
11 Chad: National Day
14 Pakistan: Independence Day
15 Congo (Rep): National Day
15 India: National Day
15 South Korea: National Day (Republic of Korea)
15 Liechtenstein: National Day
17 Gabon: National Day
17 Indonesia: Proclamation of Independence
20 Hungary: National Day
24 Ukraine: National Day
25 Uruguay: Independence Day
27 Moldova: National Day
31 Kyrgyzstan: National Day
31 Malaysia: National Day
31 Trinidad and Tobago: National Day

September


1 Slovakia: Constitution Day
1 Uzbekistan: National Day
2 Libya: National Day
2 Vietnam: Proclamation of Independence
3 Qatar: National Day
3 San Marino: National Foundation Day
6 Swaziland: National Day
7 Brazil: Independence Day
8 Andorra: National Day
8 The Independance Day, Republic of Macedonia
9 North Korea: National Day (Democratic People's Republic of Korea)
9 Tajikistan: National Day
15 Costa Rica: Independence Day
15 El Salvador: Independence Day
15 Guatemala: Independence Day
15 Honduras: Independence Day
15 Nicaragua: Independence Day
16 Mexico: Proclamation Day
16 Papua New Guinea: Independence Day
18 Chile: National Anniversary
19 St Kitts Nevis: Independence Day
21 Armenia: National Day
21 Belize: National Day
21 Malta: Independence Day
22 Mali: Independence Day
23 Saudi Arabia: National Day
24 Guinea Bissau: National Day
30 Botswana: National Day

October


1 China: National Day
1 Cyprus: National Day
1 Nigeria: Republic Day 1 Palau: National Day
1 Tuvalu: Independence Day
2 Guinea: National Day
3 Germany: National Day
4 Lesotho: National Day
9 Uganda: Independence Day
10 Taiwan: National Day 10 Fiji: National Day
12 Equatorial Guinea: National Day
12 Spain: National Day
19 Niue: National Day
21 Somalia: The Twenty-First of October Revolution
22 Holy See: Anniversary, Pontifical Ministry of HH Pope John Paul II
24 Zambia: Independence Day
26 Austria: National Day
27 St Vincent and the Grenadines: National Day
27 Turkmenistan: National Day
28 Czech Republic: National Day
29 Turkey: Republic Day

November


1 Algeria: Anniversary of the Revolution
1 Antigua & Barbuda: National Day
3 Dominica: National Day
3 Federated States of Micronesia: National Day
3 Panama: National Day
9 Cambodia: Independence Day
11 Angola: National Day
18 Latvia: Proclamation of Independence
18 Oman: National Day
19 Monaco: National Day
22 Lebanon: Independence Day
25 Suriname: National Day
28 Mauritania: National Day 29 Albania: National Day
30 Barbados: Independence Day

December


1 Central African Republic: National Day
1 Romania: National Day
2 Laos: National Day
2 United Arab Emirates: National Day
5 Thailand: The King's Birthday Anniversary
6 Finland: Independence Day
7 Cote d'lvoire: National Day
12 Kenya: Jamhuri Day
16 Bahrain: National Day
16 Kazakstan: National Day
17 Bhutan: National Day
18 Niger: National Day
23 Japan: Emperor's Birthday
28 Nepal: King's Birthday and National Day


ဒီဆိုက်တွေကနေ ကိုးကားထားပါတယ်။
http://www.nnsw.com.au/regional/national_days.html
http://ambassadors.net/archives/issue8/national_days1.htm
http://www.fakeisthenewreal.org/holiday/


Read Users' Comments (0)

သစ္စာနီ (မိမိအရေပြားမှ လမ်းလျှောက်ထွက်ခြင်း)

အမည်မဲ့(၄)


ရေခဲသေတ္တာတစ်လုံးထဲမှာ..
နို့စားနွားမတစ်ကောင်ရယ်(အရှင်လတ်လတ်)
ပင်မှည့်သီးတွေနဲ့ လိမ္မော်ပင်တစ်ပင်ရယ်
(အရှင်လတ်လတ်)
ဘယ်သူမှ မဖတ်ရသေးတဲ့ ကဗျာတွေရယ်
(သေဆုံးပြီးသား)
ရှိတယ်။

စာပွဲ ခုံတလုံးမှာ
ဘာမှ ထည့်မထားတဲ့ ဖန်ခွက်တချို့ရယ်..
(အရှင်လတ်လတ်)
ဘာမှ ထည့်မထားတဲ့ ပန်းကန်တချို့ရယ်..
(အရှင်လတ်လတ်)
ဘာမှ မထည့်မထားတဲ့ လူတချို့ရယ်
(သေဆုံးပြီးသား)
ရှိတယ်။
ဒီလိုနဲ့
ကမ္ဘာပေါ်မှာ
ပါးစပ်မပါတဲ့ ညစာစားပွဲတွေရယ်
ညစာစားပွဲ မပါတဲ့ ပါးစပ်တွေရယ်
ဖြစ်ပေါ်လာခဲ့တော့တယ်။


NAMELESS (4)


In a fridge
There's a milking cow (Alive)
An orange tree with fruits ripe
(Alive)
And poems still unread by anyone
(Dead)

On the table
There are some empty glasses
(Alive)
Some empty people (Dead)

Thus...
In this world
Dinners without mouths
Mouths without dinners
Are born.


ရေးသားသူ ။ ။သစ္စာနီ
ဘာသာပြန်။ ။ မြတ်သစ်

Read Users' Comments (0)

အပျင်းပြေ ရယ်စရာ အတည် သီချင်းတွေ သယ်လာပြီ

ဖြေနိုင်ဘူးလေ(ငယ်ကျွမ်းဆွေသံစဉ်)

(ငယ်သူငယ်ချင်းရေ အခုတော့ ဖြေမရပေ)
(ခုလိုချိန်မှာ ဖြေကြရတာ မှားတာမဆန်းပါပေ)

မေးခွန်းလှလှ လေးတွေ ဆရာတွေက မေးတတ်ပလေ
(တို့ကတော့ မဖြေနိုင်ပေ)

စာရွက်လေးပေါ်မှာ ဗလာကြီး ထားခဲ့တာတွေ
(ရလိမ့်မယ်လေ အမှတ်တွေ)
ဘယ်ဟာ ဖြစ်ဖြစ် ဖြေမရ….ပေ။

ဒီလို စာမျိုး တစ်ရာမကတောင် တွေ့ပါရစေ။
ဒီလို စာပေါင်း ထောင်သောင်းမက တွေ့ပါရစေ။
သိန်းသန်းကုဋေ ညစဉ် ရက်ဆက် ဦးနှောက် ပျက်ရစေ
အသင်္ချေ အသင်္ချာစာ များ ဖြေခိုင်းပါဦးလေ
ဘယ်က ဖြစ်ဖြစ်ဖြေ ခိုင်းလေ ဒို့ ဖြေမရပေ…။


စာမေးပွဲနီးတော့ ဒီသီချင်းလေး နားထောင်ပြီး ပြုံးနိုင်ကြပါစေ ခင်ညာ။ ဟီးဟီး :D

Read Users' Comments (2)

တောင်ရောက်မြောက်ရောက်(၃)

ဆောရီးပါခင်ဗျာ
နယ်က အဆောင်မှာနေတုန်းက လူက အတော်ပေါင်းစုံတယ်ဗျ။ ကျွန်တော့် အဆောင်မှာက တွံတေး၊ ကွမ်းခြံကုန်းက လူတွေ များတယ်။ ကျွန်တော်တို့ ကျောင်းသားအများစုကတော့ စားရေးသောက်ရေး အတွက်ကို ထမင်းဆိုင်မှာ လပေး ပေးစားတာများတယ်။ ဒါကိုလဲ အိမ်က တစ်လ တစ်ခါ ဆပလိုင်းချက်ဝင်ပြီး သူတို့ ကိုယ်တိုင် ထမင်းလခ ငွေသွင်းပေးသွားလို့ နို့မဟုတ်ရင်လား ကျွန်တော်တို့ သုံးတာနဲ့ တလလုံး ထမင်း ငတ်နေရမှာ။ အဲ ကျွန်တော့် အဆောင်မှာတော့ လပေးစားတဲ့သူတွေ ရှိပေမယ့် တချို့က ကိုယ့်ထမင်း ဟင်းကို ချက်စားကြတယ်လေ။




တခါတလေ ညသန်းခေါင်ယံ ဗိုက်ဆာရင် သူတို့ဆီက ပဲ ဂျီတိုက်ပြီး ကပ်စားရတယ်။ ဒါတောင် တချို့က သဒ္ဓါတရားခေါင်းပါးစွာနဲ့ ရှိတဲ့ ဟင်းတွေ ဖွက်ထားတတ်သေးတယ်။ အဆောင်က သူငယ်ချင်းတစ်ယောက်ဆို သိပ်ကပ်စေးနဲတာ သူအိမ်က ထည့်ပေးလိုက်တဲ့ ဟင်းတွေကလဲ ပုလင်းကြီး ပုလင်းငယ်တွေနဲ့ အခြောက်အခြမ်းတွေကို စုံနေတာပဲ။ တခါတလေ အဲဒိလို ညဘက်ဆာလာကြလို့ ထမင်း နဲ့ ဟင်းလိုက်ကပ်တောင်း တော့ တခြားသူငယ်ချင်းတွေက ရှိတဲ့ ဟင်းအကုန်ပေးကြပါတယ်။ အဲ ဒီကောင်ကျတော့ ကပ်စီးနဲပုံပြောပါတယ်။ သူရဲ့ ဟင်းတွေထည့် ထားတဲ့ ပုလင်းကြီး ပုလင်းငယ်တွေကို ခရီးဆောင် အိတ်ထဲမှ သော့ခတ်ထားတယ်လေ။ ဘယ်တော့မှ မကျွေးဘူး။ ဒါနဲ့ ဘယ်ရမလဲ အဆောင်ကလူတွေက လဲ သူလစ်တာနဲ့ သူသော့ကို ဖွင့်ပြီး ဟင်းတွေ နှိုက်နှိုက်စားကြတာပေါ့။ ဟီးဟီး ကျွန်တော်လဲ ပါတယ်။ တခါက ကျွန်တော်နဲ့ သူငယ်ချင်းတွေ နှိုက်စားတုန်း ကျွန်တော်က ပုစွန်ဆားသိပ်ထားတဲ့ အချဉ်ကို စားကောင်းကောင်းနဲ့ မသထာရေစာ စားလိုက်တာ။ အားပါးပါး လက်လွန်သွားလို့ သွေးတိုးရောဂါ ရှိတဲ့ ကျွန်တော် နားထင်တွေ တဒိန်းဒိန်းနဲ့ သွေးတွေတက်လာတယ်။ ဘုရား ဘုရား သေတော့မှာပဲဆိုပြီး ဆေးခန်းပြေးတာ စားရတာနဲ့ မတန်ဘူး ဆေးဖိုးဝါးခ သုံးထောင် ပေးလိုက်ရတယ်။ (အော် မင်းယွန်းသစ်တို့ ငတ်ကြီးကျပုံပြောပါတယ်။ :P)
အော်လိုရင်းတောင်ပျောက်သွားပြီ။ အော်အဲဒိလို အဆောင်မှာ ကိုယ့်ဟာကိုယ် ချက်စားတဲ့သူများတော့ ကျွန်တော်က ဦးဆောင်ပြီး (အမှန်က ကျွန်တော် ဘာမှ ချက်တတ်တာလဲ မဟုတ်ပဲနဲ့) အသုတ်စုံလုပ်စား ရအောင်ဆိုပြီး ၀ယ်ကြခြမ်းကြတယ်လေ။ ကျွန်တော်က ဘာမှ မချက်တတ်တော့ အ၀ယ်တော်လုပ်ရတာပေါ့။ သူတို့က လိုတဲ့ ပစ္စည်းစာရင်းပေးပြီးတော့ သွားဝယ်ရတာပေါ့။ အဲအားလုံးလဲ ၀ယ်ပြီးရော အသုပ်အတွက် ခေါက်ဆွဲကြာဇံ ပြုတ်သူပြုတ် အစုံ သုတ်အတွက် လိုမယ့် ထမင်းလားဘာလား မသိဘူး လုပ်ပေါ့။ အဲ ကျွန်တော်ကတော့ ရောင်ဝါးလေ။ ဟတ်ဟတ် ။ အဲ အဆောင်မှာ ကျွန်တော် ထမင်း တောင်းမစားတဲ့ အကောင် တစ်ကောင်ရှိတယ်။ ဒိကောင့်ဆီကဆို ဘယ်သူမှ ထမင်းဟင်း ကပ်မစားချင်ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကောင်က တအားညစ်ပတ်လို့။ အဲအခု သူ့ကို တခြားဟာ တွေလုပ်ရင် ညစ်တီးညစ်ပတ်ကိုင်မှာစိုးလို့ ဟင်းခါးချက်ခိုင်းထားတာပေါ့။ ဟင်းခါးဆိုတော့ အထွေအထူးတော့ မဟုတ်ပါဘူး။ ဂေါ်ဖီထုပ်နဲ့ ငရုတ်ကောင်းလေးနဲ့ပါပဲ။
ကျွန်တော်က တခြားလူတွေ ကြာဇံ ခေါက်ဆွဲလုပ်တာတွေ ငေးနေတာနဲ့ အဲဒိကောင့်ဆီ မကြည့်ဖြစ်လိုက်ဘူး။ ဒီဘက်ကလူတွေ လဲပြီးရော ဟင်းခါးချက်နေတဲ့ ကောင်ကို ဟေ့ကောင် ပြီးပြီလားဆိုတော့ မပြီးသေးဘူး အခုမှ တည်တုန်းဆိုတော့ ပြီးမှ သတိသွားရပြီး။ အားလုံး သူ့ ချက်နေတဲ့ ဆီကိုသွားကြတယ်။ မနက်က အားလုံးသတိထားမိတာက ဒီကောင် လက်သည်းတွေ အရှည်ကြီး ပြီး တော့ လက်သည်းထဲမှာ ဂျီးတွေနဲ့ ။ ဝေါ့....။ ဟေ့ကောင် မင်းလက်သည်းပြစမ်း ဆိုတော့ ဒီကောင်က စပ်ဖြီးဖြီးလုပ်နေတယ်။ အားလုံးက ပြဆိုတော့မှာ သူ့လက်ကိုပြပြီး ဟဲဟဲ မညှပ်ရသေးဘူးကွာ မနက်က မအားတာနဲ့ အခု ဂေါ်ဖီ ရေဆေးပြီး နယ်လိုက်တာ လက်သည်းလဲ ပြောင်သွားတယ်။ အာဒီကောင်ဆိုပြီး အဲဒိညစ်တီးညစ်ပတ်ကောင်ကို ၀ိုင်းပြီး နရင်းတီးကြလေရဲ့။ အဲဒိအိုးကိုလဲ သွန်ပစ်လိုက်ကြဖို့ ပြောကြတယ်။
အဲဒိအချိန်မှာ အဆောင်က သူငယ်ချင်း က ကျောင်းက ဆရာ တစ်ယောက်ကိုခေါ်လာတယ်။ ဆရာက ကျွန်တော်တို့ ၀ိုင်းအုံနေတဲ့ နေရာကို ရောက်လာပြီး ဟ အရည်သောက်လဲ ပါတာလား။ ဂေါ်ဖီဟင်းခါးကိုး ကောင်းတယ် ကောင်းတယ်။ လာလာ ဆရာ ဆိုပြီး အဆောင်ပေါ်ခေါ်ပြီး အသုတ်ကို သပ်သပ်ရပ်ရပ် ထည့်ပေးတာပေါ့။ ဆရာကလဲ စားနေတုန်း ဟေ့ ဟင်းခါးရှိတယ်မှတ်လား ဟင်းခါးလေးနဲ့မှ ကောင်းတာကွ။ ထည့်ထည့်ဆိုပြီး ပြောတော့။ ကျွန်တော်တို့ မှာ ဆရာ စားနေတုန်းမို့ ဘယ်လို ပြောရမှန်းမသိဘူး။ ဆရာက တောင်းဆိုနေတော့ အားနာပါးနာ ပန်းကန်လုံးလေးနဲ့ ခပ်လာတယ်။ ဆရာက ဟေ့ မင်းတို့ လက်ရာဘယ်ဆိုးလို့လဲ။ ကောင်းတယ်ကွ ဆိုပြီး ချီးကျူးတော့။ ကျွန်တော်တို့က အသံတိတ်နဲ့ ဟိုကောင့်ကို ၀ိုင်းဆဲကြတာပေါ့။ ဆရာလဲ စကားစမြည်ပြောပြီး ပြန်သွားတော့မှ အားလုံး စိတ်ထဲက ကြိတ်ပြီး ပြောနေကြလေရဲ့။ ဆောရီးပါဆရာရယ် ဟုသာ...။ :)

Read Users' Comments (1)comments

ပြဇာတ်

မိုးစက်လေးများ တဖျောက်ဖျောက် ရွာသွန်းနေ၏။ မိုးသားများ မီးခိုးရောင် သန်းနေပြီး ပတ်ဝန်းကျင်တခုလုံး မှိုင်းညှို့လွန်းလှသည်။ လေယူရာ တိမ်းနေသော သစ်ပင် သစ်ရွက် များက စိမ်းရင့်ရောင် ယိမ်းနွဲ့နေကြသည်။ တံစက်မြိတ် အစွန်းဆီမှ သီးခိုနေသော ရေပေါက်လေးများက လေးတွဲစွာ ကျဆင်းနေ၏။ လေးဘက် လေးတန် အကာအရံမဲ့နေသော ဇရပ်လေးထဲသို့ မိုးသက်လေများ ဥဒဟို တိုးဝင်တိုက်ခတ်နေကြသည်။ အလေ့ကျ ပေါက်ရောက်နေသော မြက်ပင်လေးများသည် သဘာဝ မြေသြဇာဓာတ်ကြောင့် ရှင်သန် နေကြပြီး စွတ်စွတ်စိုနေကြသည်။ ရေစီးကြောင်းများက ၄င်းတို့ကို တိုးဝေ့ စီးဆင်း သွားကြသည်။

အခိုက်အတန့် အချိန်များသည် သတ္တလောကကြီးအား ပွတ်တိုက်စားသွားပြန်သည်။ နမိတ်ပုံရိပ်များက တနေရာပြီး တနေရာ ဖြိုးဖြိုးဖျတ်ဖျတ် ပေါ်ပေါက်လာ၏။ အရိပ်တခုက အလွန် လှိုက်မောစွာ ရယ်မောနေ၏။ သို့သော် သူ့မျက်လုံးတွေက မလုံခြုံခြင်းများ ပြည့်လျှမ်းနေပုံက ဖုံးဖိနိုင်စွမ်းတော့ မရှိပေ။ ၀မ်းသာလွန်းလို့လား၊ ၀မ်းနည်းလွန်း၍ ဖြေမဆည်နိုင် ရယ်မောနေခြင်းလား ဝေခွဲရခက်လွန်းလှသည်။ နောက်ပုံရိပ်တခုက တော်တော်လေး တော်တော်လေး ကြေကွဲစရာကောင်းလှသည်။ နာကျင်စွာ ခံစားရခက်နေဟန်ဖြင့် မြေပြင်ပေါ်တွင် တွန့်လိမ်ခေါက်ကွေး နေရရှာသည်။ ပိန်ချုံးနေသော သူ့မျက်နှာပြင်သည် ဦးခေါင်းခွံနှင့် ချပ်ရပ်စွာ ကပ်နေပြီး အရိုးပေါ်အရေတင် နေ၏။ ကျုံလှီနေသော သူ့နံရိုးများကို အရိုးပြိုင်းပြိုင်း သူ့လက်ဖြင့် ဖိရင်း ဝေဒနာကို ရှုံ့မဲ့စွာ ခံစားနေရရှာသည်။ ထိုအရိပ်လဲ ၀ိုးတ၀ါးပျောက်ကွယ်သွားပြန်သည်။
နောက်ထပ် နေရာများမှ ထပ်၍ ပေါ်လာပြန်သည်။ ပုံရိပ်တခုက ကဏ္ဌာမငြိမ် စွာဖြင့် ဟိုမှ ဒီိသို့ လမ်းလျှောက်နေပြန်သည်။ သေချာသတိထားမိလျှင် လက်ထဲရှိ ဗူးလေးတဗူးအား ပိုက်ရင်း မရပ်မနား ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြန်သည်။ ထိုသို့ လျှောက်ရလွန်း၍ လည်း သူ့ပုံစံက အလွန်မောဟိုက်နေသည့် ပုံပေါ်နေသည်။ မကြာမှီမှာပင် ရိပ်ခနဲ ပျောက်သွားပြန်သည်။ နောက် ပုံရိပ် ၂ ခုက တပြိုင်တည်း ပေါ်ပေါက်လာပြန်၏။ ထိုပုံရိပ် ၂ခု သည် ယောက်ျားနှင့် မိန်းမ သဏ္ဌာန်တို့ဖြစ်ကြပြီး ၄င်းတို့သည် မိမွေးတိုင်း ဖမွေးတိုင်း ပုံစံများနှင့် ဖြစ်၏။ သို့သော် သူတို့၏ ခန္ဓာကိုယ် အနှံ့အပြား နီးပါးတွင် မသတီစရာ လောက်လန်းကောင်များ တွယ်ကပ်နေပြီး သူတို့ ကိုယ် သူတို့ ပြန်၍ ရွံရှာနေကြ၏။ စက်ဆုပ်ဖွယ် ခန္ဓာပေါ်မှ လောက်လန်းများကို ခွာချလိုက်တိုင်း ခန္ဓာအဆွေး အမြည့်များက ပဲ့ကွာကျ ကုန်သဖြင့် သူတို့ ပုံစံများက ရုပ်ပျက်ဆင်းပျက် နိုင်လွန်းလှသည်။ ထိုအရိပ်နှစ်ခု ပျောက်ကွယ်သွားပြီးနောက် ခပ်လှမ်းလှမ်းဆီမှ အစုအဖွဲ့လိုက် အရိပ်များသည် မြေပြင်ထက်ဆီသို့ တဦးပေါ်လိုက် တဦးပျောက်လိုက် ဖြင့် တလှည့်စီ ထွက်ပေါ်နေကြပြီး အကူအညီများ အလုအယက် အော်ဟစ် တောင်းခံနေသည့် ဟန်ရှိကြသည်။ များ မကြာမှီမှာပင် ထိုအရိပ်များလဲ မှုန်ဝါးပျောက်ကွယ် သွားကြပြန်သည်။
ဇရပ်ထဲမှ နေ၍ ပုံရိပ်များ ထပ် ပေါ်လာလေအုံးမလား ဆိုပြီး အချိန်အတန်ကြာ စောင့်ကြည့် သော်လည်း ထပ်မံ မပေါ်လာတော့ ပဲ သူ၏ တယောအိုလေးအား မေးတင်ကာ ဘိုးတံလေးဖြင့် ကြိုးများကို ထိခတ်လိုက်သည်။ ဆွဲဆွဲငင်ငင် တီးခတ်လိုက်သော တယောသံဆွေးလေးက အုတ်ဂူဖြူဖြူများကြား ပျံ့နှံ့ တိုးဝေ့သွားသည်။ ၀န်းကျင်တခုလုံးလဲ မိုးများ စဲသွားပြီး ကောင်းကင်တွင်လဲ တိမ်မဲများ ဖယ်ခွာ၍ အဖြူရောင် တိမ်တိုက်များ လွင့်မျောလာသည်။ မိုးသက်လေများ တိုက်ခတ်နေမှုကြောင့် အစိမ်းရောင် သစ်ပင် များပေါ်တွင် တင်ကျန်နေခဲ့သော ရေစက်လေးများက ဖွားကနဲ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ကြသည်။ ထိုမှတဖန်ပင် အဖြူရောင် အုတ်ဂူလေးများ စီရီနေသော သင်္ချိုင်းလေးသည် ပြန်လည် ငြိမ်ဆိတ်သွားပြန်တော့သည်။

Read Users' Comments (0)

တစ္ဆေတစ်ကောင်ရဲ့ တေးသီသံ(၃)

(၆)
“နေခန့် ဒါကိုနိုင်ဦးလေ ငါတို့ မေဂျာ ဖိုင်နယ်က ”
ကိုနိုင်ဦးက နှုတ်ဆက်သည့် အနေဖြင့် ပြုံးပြသည်။ ထိုအပြုံးမျိုး သူရင်းနှီးပြီးသား ဖြစ်သည်။ ထိုအပြုံးသည် ချိုယုယနှင့် အနဲငယ် ဆင်တူသည်။ အဘယ့်ကြောင့် ဆိုသော် ကိုနိုင်ဦးသည် ချိုယုယ၏ အစ်ကို ဖြစ်ကြောင်း သီဟ မိတ်မဆက်ပေးလဲ ကျွန်တော် ကောင်းစွာသိပါသည်။


“ကျွန်တော် လူချင်းမသိပေမယ့် အစ်ကို့ အကြောင်းကြား…အဲ မြင်ဖူးနေတာ ကြာပါပြီ”
သီဟက ဆက်ပြီး ကိုနိုင်ဦးဘေးမှ သူငယ်ချင်းအား
“ဒါက ကိုစိုးကြီးကွ သူတို့က တို့ကျောင်းရဲ့ ဘောလုံးလက်ရွေးစင်တွေလေ။”
ကိုစိုးကြီးကို တနေရာရာတွင် တရင်းတနှီး မြင်ဖူးသလို ရှိသည်။
“ဒါက ”
သီဟ စကား မစခင်ပင်
“ ဒါက ကို ကရင်မလေ ”
ကိုကရင်မ က ကွမ်းများ ဗလုံးဗထွေးနှင့် သူ့ကို ရယ်ပြသည်။ ကိုကရင်မ ၏ နာမည် အရင်းကို တော့ ကျွန်တော် မသိပါ။ သို့သော် ဆရာကန်တော့ ပွဲ ဘာပွဲညာပွဲ လုပ်တိုင်း တက်ကြွှစွာ ပါဝင်ကူညီတတ်သော ကရင် လူမျိုး တစ်ယောက် ဖြစ်ပြီး သူ့ကို တကျောင်းလုံး ဆရာမများက အစ မူရင်းနာမည်ပျောက်ကာ ကရင်မဟု ခေါ်ကြလေသည်။

***
(၇)
အ၀တ်လဲခန်းထဲသို့ နေခန့်စောရောက်နေသဖြင့် ဗီဒိုထဲသို့ ပါလာသော အထုပ်အပိုးများထည့်ကာ အားကစား အင်္ကျီကို လဲလှယ်နေသည်။ အ၀တ်လဲ ခန်းထဲတွင်ရှိသော မီးချောင်းအားလုံးပေါင်း ၄ ချောင်း ရှိသော်လည်း တချောင်းမှာ ကျွမ်းနေပြီး တချောင်းသည် မှိန်ဖျော့နေကာ ကျန်၂ချောင်းသာ ကောင်းကောင်းလင်းသည်။ ထိုကြောင့် အ၀တ်လဲခန်းတခုလုံးသို့ အလင်းလုံလောက်စွာ မရဘဲ အနဲငယ် မှောင်ပိန်းပိန်းဖြစ်နေသည်။ ရုတ်တရက် ခြေသံများကြားရပြီး လူ၂ယောက် စကားပြောလာသည်။ အခန်းထဲသို့ ၀င်လာသော အခါ သူ့ကို တွေ့သွားပြီး တိတ်ဆိတ်သွားသည်။ ကိုကရင်မနှင့် ကိုစိုးကြီးဆိုသော သူဖြစ်သည်။ ကိုကရင်မက
“ဟား ငါ့ညီစောလှချည်လား၊ ကိုယ်က ဘယ်သူ့မှ မရောက် သေးဘူးထင်တာ”
“ခုနလေးကပဲ ရောက်တာ အစ်ကိုရ…ဟီး”
နေခန့်က ကိုစိုးကြီးအား လှမ်းရယ်ပြသော်လည်း သူက ကိုကရင်မလို မဟုတ်ပဲ ခပ်တည်တည်ဖြင့် နေနေသဖြင့် သူတောင် နဲနဲ ကြောင်အအဖြစ်သွားသည်။
“ကျွန်တော် ကွင်းထဲ သွေးပူလေ့ကျင့်ခန်း သွားလုပ်လိုက်အုံးမယ်”
“အေး အကိုတို့လဲ ခဏနေ လာခဲ့မယ်ကွ”
အ၀တ်လဲခန်းထဲမှ ထွက်လာခဲ့ပြီး ပွဲကြည့် စင် အောက်ဘက် တွင် အကြောလျော့ လေ့ကျင့်ခန်း လုပ်နေ၏။ ပွဲကြည့်စင် ရှေ့တွင် ကာရံထားသော စတီး တန်းပေါ်သို့ ခြေထောက် တစ်ဖက်တင်ကာ ခြေသလုံးနှင့် ပေါင်ကြောများ ဖြေလျော့နေသည်။ ပြီးမှ ရုတ်တရက် သတိရသွားသည်။ အ၀တ်လဲခန်းထဲတွင် ဒူးစွပ် မေ့ကျန်ခဲ့ခြင်းပင်။ အထဲ ၀င်ယူမှဆိုပြီး အ၀တ်လဲခန်းထဲသို့ ပြန်ဆင်းခဲ့ပြန်သည်။ အ၀တ်လဲခန်းသို့ မရောက်မှီ ရန်ဖြစ်နေသော အသံများကို အတိုင်းသား ကြားနေရသည်။
“ဟာ… မင်းဒီလိုလုပ်မရဘူးကွ”
“ဟဟ လုပ်တော့ ဘာဖြစ်လဲ”
“မင်း အကြောင်းငါ အကုန်ပြန်ပြောလိုက်မယ် အားလုံးကို”
“ပြောလေကွာ မင်းက ဘာလုပ်နိုင်မှာ မို့လဲ”
အခြေအနေက တဖြည်းဖြည်း တင်းမာလာသည်။ သို့သော် ဒီအချိန်မှာ သူဝင်ဆွဲ လျှင် ပိုရှုပ်ကုန်လိမ့်မည်။ သူတို့ ၂ ဦးသည် ဗီဒိုများ အဆုံးရှိ အခန်းထောင့်ချိုးလေးတွင် ရန်ဖြစ်နေခြင်း ဖြစ်ပြီး အသံသာ ကြားနေရပြီး ကိုကရင်မကို သာ ကိုယ်တပိုင်း အစွန်လေးကို မြင်နေရသည်။ ထို့ပြင် မှိန်ဖျော့ဖျော့ အလင်းအားကြောင့် ၀ိုးတ၀ါးသာ မြင်နေရသည်။ ကိုနိုင်ဦးတို့ မြန်မြန်လာမှ ဒီပြဿနာကို ရှင်းလို့ရမည်။ သူလဲ မဖြေရှင်းပေးတတ်ပဲ တခါးဝ အကွယ်လေးမှသာ အသာ အခြေအနေ ရပ်ကြည့်နေရ၏။ အခြေအနေ ဆိုးလာမှ ၀င်ဖျန်ဖြေမည်ဟု ဆုံးဖြတ်ထားသည်။
“အေး လောလောဆယ် ငါလုပ်နိုင်တာ ဒါပဲ”
ကိုကရင်မက ပြောပြောဆိုဆိုနှင့် ထိုးလိုက်ပုံရသည်။ အခြေအနေ မဟန်တော့ သဖြင့် ၀င်ဆွဲရန်အခန်းထဲ သို့ ခြေလှမ်းပြင်လိုက်စဉ်
“အစ် အစ်”
ထူးဆန်းစွာ ပင် ကိုကရင်မ ၏ လည်ပင်း တွင် လျှာကဲ့သို့ အရာကြီး က တွန့်လိပ်ခွေကာ ရစ်ပတ်နေသည်။ သူ့လည်ပင်းက လျှာကို အားနှင့် ဆွဲဖယ်မရန် ကြိုးစားသော်လည်း လျှာ သည် တင်းသည်ထက် တင်းလာပြီး ကိုကရင်မ၏ ဦးခေါင်းတစ်ခုလုံး သည် ညိုပုပ်လာကာ လည်ပင်းလဲ သိမ်လာပြီး တခဏချင်းမှာပင် ဦးခေါင်းကြီးသည် ပြတ်ထွက်သွားသည်။ လည်ပင်း ပြတ်ကြီးမှ သွေးများ ပန်းထွက်လာပြီး ခန္ဓာကိုယ်ကြီးသည် ဒယီးဒယိုင်ဖြင့် နောက်သို့ လဲကျသွား၏။
“၀ုန်း”
ထိုစဉ် အခန်း၏ မှောင်ရိပ်ထဲမှ ရုပ်ပျက်ဆင်းပျက် သတ္တ၀ါကြီးသည် ထွက်လာပြီး လျှာတွင် ဦးခေါင်းပြတ်ကြီး တန်းလန်းနှင့်။ သတ္တ၀ါကြီးက မျက်လုံးပြူးဖြင့် အခန်းဝကို ကြည့်လိုက်သည်။ အခန်းဝတွင် အံ့သြလွန်း၍ ကြက်သေသေနေသော နေခန့်သည် ထိုသတ္တ၀ါကြီးအား မြင်တော့မှ ထွက်ပြေးရန် သတိရပြီး အ၀တ်လဲခန်းထဲမှ ခြေကုန်သုတ်ပြေးခဲ့သည်။ လုပ်ကြပါအုံး။ ပြေးပြေးနေခန့်ရေ။ ကြောက်ကြောက်နှင့် သူဇွတ်ပြေးနေရင်း ဘယ်လိုလမ်းမပေါ်သို့ ရောက်မှန်းမသိ ရောက်လာသည်။
“ဟေ့ နေခန့် နေပါအုံး”
ကိုနိုင်ဦး အသံကို ကြားတော့မှ သူအသိဝင်လာပြီး လှည့်ကြည့်လိုက်သည်။
“ငါတို့ ကိုတောင်မမြင်ဘူး ဘယ်လိုဖြစ်တာလဲ။ သွေးပူလေ့ကျင့်ခန်းလုပ်နေ…. ဟာ နေခန့် မင်းမျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေပါလား။ ဘာဖြစ်ခဲ့တာလဲ”

နေခန့်အခုထိ ကြောက်စိတ်မပြေသေး၍ ဘာမှမပြောနိုင်ပဲ ကိုနိုင်ဦးအား မျက်လုံးအပြူး သားနှင့်သာ စိုက်ကြည့် နေနိုင်တော့သည်။ ကိုနိုင်ဦးဘေးတွင် သီဟပါပါလာသည်။
“ဟို..ဟို”
သီဟက
“နေခန့် ရော့ မင်းရေ အရင်သောက်အုံး မင်းတော်တော် ထိတ်လန့်စရာ မြင်ခဲ့ပုံရတယ်”
ရေကို တဗူးလုံးကုန်အောက်သောက်လိုက် ပြီးမှ
“ကို…ကရင်မ သေပြီ… ကို…ကို စိုးကြီး လျှာကြီးနဲ့ ညှစ်သတ်..သတ်….”
“ဘာ…”
သူ့ရှေ့မှ သီဟတို့ ပုံရိပ်များသည် ဒယိမ်းဒယိုင်ဖြစ်လာကာ မိုက်ခနဲဖြစ်ပြီး တလောကလုံး အမှောင်တိဖုံးသွားတော့သည်။
“နေခန့်…နေခန့်………….”
“………”
++++
“နေခန့် ….နေခန့်”
သူ့ကို တစုံတဦးက ခေါ်နေသလိုလို ကြားရ၍ မျက်လုံးကို အတင်း ဖွင့်ပြီး ကြည့်လိုက်သည်။
`မင်းဘယ်လို နေသေးလဲ…´
မျက်လုံးကို အားယူကာ ကြည့်လိုက်သည်။ေ၀၀ါးနေရာမှ ကိုနိုင်ဦး က သူ့ကို ပွေ့ထားသည်။
`ကျွန်တော်…. ဟို…. ကိုကရင်မ ကို သွားသွား… ကြည့်ပေးကြပါဦး….ဗျာ… သေပြီလားမသိဘူး။´
သီဟက
`လာ…လာ ငါတို့ အတူတူသွား ကြကြည့်မယ်ကွာ.. အခု မင်းစိတ်ကို ခဏလောက် ငြိမ်ငြိမ်လေး ထားလိုက်…´
ကိုနိုင်ဦးက တစုံတခု တွေးတောနေဟန်ဖြင့်
`ငါတို့ ခပ်သုတ်သုတ်သွားရအောင်…ဒါပေမယ့် ငါရှေ့က အရင်သွားနှင့်မယ်… သီဟနဲ့ မင်း ဖြည်းဖြည်းချင်းသာ လိုက်လာခဲ့ …´
နေခန့်က အနည်းငယ်သက်သာ လာသဖြင့်
`ကျွန်တော်ပါလိုက်ခဲ့မယ် ဗျာ။ ကဲပါဗျာ အတူတူ မြန်မြန်သွားကြရအောင်´
ကိုနိုင်ဦးက တကိုယ်တည်းပြောရင်း သူတို့ အကုန်လုံး အားကစား ကွင်း၏ အ၀တ်လဲခန်းဆီသို့ အပြေးအလွှား သွားကြသည်။ အ၀တ်လဲ ခန်းထဲ သို့ လှမ်း အ၀င်တွင် အံ့သြစရာ မြင်ကွင်းမြင်လိုက်ရသည်။ အကြောင်းမှာ ကိုစိုးကြီးသည် ကိုကရင်မနှင့် အေးဆေးစွာ စကား ထိုင်ပြောနေကြခြင်း ဖြစ်သည်။ အံ့သြနေသော သီဟ တို့ ၂ ဦးသည် ကိုစိုးကြီးတို့ ၂ ယောက်က တစ်လှည့် သူ့ကို တလှည့် ကြည့်နေကြသည်။
ကိုစိုးကြီးက လှမ်း၍ မေးလိုက်သည်။
`ဘာဖြစ်လာတာလဲကွ…´
ပြီးတော့ ကိုနိုင်ဦးက သေချာအောင်လို့
`နေခန့် မင်း.. အိပ်ရေးတွေ သိပ်ပျက်လို့ များ ကယောင်ချောက်ချားတွေ ဖြစ်နေတာလား။´
`ဟာ….ကျွန်တော်…မဟုတ်´
ကိုနိုင်ဦးကို သူဘယ်လို ရှင်းပြရမည်မှန်းမသိတော့ပေ။ သူအမြင်မှားခြင်းလဲ မဟုတ်ဘဲ ခုနက ခေါင်းပြတ်ပြီး သေဆုံးသွားသော ကိုကရင်မသည် ယခုတော့ ကိုစိုးကြီးနှင့်ထိုင်ကာ အေးအေးလူလူ စကားထိုင်ပြောနေသဖြင့် သူရူးချင်သလိုလိုဖြစ်သွားသည်။ သူတို့ပဲ မှားသလား။ ငါပဲမှားနေတာလား။
`ညီဒီနေ့… မင်းထရိန်နင် မဆင်းနဲ့အုံးကွာ… သီဟ မင်းသူ့ကိုအိမ်လိုက်ပို့ လိုက်…အနားယူပါစေအုံး။… တနင်္ဂနွေနေ့မှ ကန်မှာ ဆိုတော့ ၃ရက်တောင်လို ပါသေးတယ်။ အိပ်ရေးတွေ သိပ်ပျက်တယ်ထင်တယ်ကွာ။ ငါတောင်စိတ်ပူတယ်´
သီဟက သူ့ကို ဇဝေဇ၀ါ မျက်လုံးဖြင့်ကြည့်သည်။ သူတို့ ကို ဘယ်လိုရှင်းပြရမှန်းမသိပေ။ အနည်းဆုံးတော့ သူ့ကို ရူးကြောင်ကြောင် အကောင်ဟု ထင်သွားကြပြီဟု သူထင်သည်။ စိတ်ပျက်စရာကောင်းသော နေ့ တစ်နေ့ ဖြစ်သည်။
++++
(၈)
ကုတင်ပေါ်ကို ခြေပစ်လက်ပစ်လှဲချလိုက်သည်။ ပြီးတော့ သက်ပြင်းရှည်ကြီး ချလိုက်၏။ နေ့ခင်းက ရူးရူးကြောင်ကြောင် အဖြစ်အပျက်ကြောင့် ညစာစားပြီးသည်နှင့် သူ့အခန်း ပေါ်သို့ တက်လာခြင်းဖြစ်သည်။ သူမျက်စိမှားတာလားဟု ပြန်စဉ်းစားကြည့်နေသည်။ သေချာ တွေးကြည့်သည့်အခါ သူလုံးဝမမှားဘူးဟု ထင်နေပြန်သည်။ မျက်စိနဲ့ တပ်အပ် ခေါင်းပြတ်သွားသည်ကို မြင်ခဲ့ပါလျက် နောက်တစ်ခေါက် သူပြန်တွေ့သော အချိန်တွင် အကောင်းပကတိ ချို့ယွင်းချက် မရှိဖြစ်နေခြင်းက ထူးဆန်းလွန်းလှသည်။ ထိုစဉ် သူ့အခန်းတံခါး အသာလေးဟလာသည်။
“သား..နေမကောင်းဘူးလား”
“ဗျာ သားနေကောင်းပါတယ် မေမေ”
“မှန်းစမ်း..”
ပြောပြောဆိုဆိုနှင့် မေမေက သူ့နဖူးကို လာစမ်းသည်။
“သားဘာမှမဖြစ်ပါဘူး..မေမေရဲ့ သားဒီနေ့..ဘောလုံးကန်ဖို့ ထရိန်နင်ဆင်းလာလို့ နဲနဲပင်ပန်းသွားတာပါ။”
“အေးအေး..သိပ်ပင်ပင်ပန်းပန်းကြီး မလုပ်နဲ့နော် ဒါဆို စောစောအိပ်တော့..”
“ဟုတ်…”
မေမေ အခန်းဝနားသို့ ထွက်ခါနီး သူက ရုတ်တရက် လှမ်းခေါ်လိုက်သည်။
“မေမေ…”
“ဘာလဲသား..”
သူတခုခုပြောပြချင်နေသည်။ ဒါပေမယ့် ဘယ်လိုအစပြုပြီး ပြောရမှာလဲ။ သက်သေကလဲ မရှိနဲ့ သူ့ကို လူကြီးတွေ တမျိုးမြင်သွားနိုင်တယ်။ မပြောတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြန်၏။
“အော် ဘာမှ မဟုတ်ပါဘူး…မနက်ကျရင် သားကို ၆ နာရီခွဲလောက်နှိုးပေးပါလို့ ပြောမလို့ပါ”
“အေးအေး မေမေလာနှိုးမယ် အိပ်တော့ အိပ်တော့”
ခါတိုင်းမေမေတို့နှင့် အတူတီဗွီကြည့်ပြီးမှ အိပ်လေ့ရှိသော သူ့ကို မေမေက စိတ်ပူ၍ လာမေးခြင်းဖြစ်သည်။ မေမေပိတ်သွားသော တံခါးကို ငေးကြည့်နေရင်း အရိပ်တခု ၀ိုးတ၀ါး ပေါ်လာသဖြင့် နေခန့် ထိတ်လန့်သွား၏။
“နေခန့် မင်းကျောင်းမှာ တခုခုများ ဖြစ်လာသလား”
“ဟုတ်..ဟုတ်တယ်ဗျာ.. တော်တော် သွေးပျက်ဖို့ကောင်းတယ်”
သူဒီနေ့ အဖြစ်အပျက်ကို ဒီရဲကို ပြန်ပြောပြလိုက်သည်။ သူက တွေးတွေးဆဆ အသံဖြင့်
“ သတိတော့ထားကွာ အန္တရာယ်က နီးကပ်လာနေပြီ..”
“ဗျာ…ဘယ်လို အန္တရာယ်မျိုးလဲ ပြော..ပြောပြပါအုံးဗျာ။”
“စိတ်မကောင်းပါဘူးကွာ… လောလောဆယ်တော့ ငါဒီလောက်ပဲ ပြောပြနိုင်သေးတယ်… ဒိထက်ပိုပြီး ပြောလို့မရသေးဘူး..စိတ်တော့ မပူပါနဲ့ ငါမင်းကို အကြံဥာဏ်ပေးမှာပါ.. ဂွတ်နိုက် နေခန့်”
“ဟေ့..နေအုံးလေ”
သူတားမလို့ ကြံစည် စဉ်မှာပင် အရိပ်သည် မှုံဝါး ပျောက်ကွယ် သွား၏။
++++
နေခင်းက အဖြစ်ကို ခေါင်းထဲမှာ စွဲနေ၍ အိပ်တော့ အိပ်မက်မက်ပြန်သည်။ အိပ်မက်ထဲတွင် ကိုစိုးကြီးသည် သူ့ဦးခေါင်းခွံကြီးအား ဖွင့်ပြီး သူ့ဦးနှောက်များကို လျှာကြီးဖြင့် မသတီစရာ စားနေသည်။ သို့သော် သူကတော့ ဘေးက ရပ်ကြည့်နေသူ အဖြစ်ဖြင့် သူ့အလောင်းကောင်ကြီးကို ပြန်မြင်နေရသည်။ ကိုစိုးကြီးဟု သိသော်လည်း တကယ်တမ်းကျတော့ ကိုစိုးကြီးဆိုသူနှင့် လုံးဝ မတူသော ရုပ်ပျက်ဆင်းပျက် သတ္တ၀ါ တစ်ကောင်ဖြစ်နေလေ၏။ သူကြည့်နေစဉ် အတွင်းမှာပင် ထူးဆန်းစွာ သီချင်းညည်းသံလိုလို ကြားလိုက်ရပြီး ရုတ်တရက် သူလည်ပင်း နောက်မှ လျှာကြီးတခုက လာရစ်ပတ်လေသည်။ လှည့်ကြည့်ရန်ကြိုးစားသော်လည်း လျှာကြီးက လည်ပင်းကို တင်းမာသထက် တင်းမာအောင် ရစ်ပတ်လာလေသည်။ ထိုလျှာကြီးကြောင့် တဖြည်းဖြည်း အသက်ရှုကြပ်လာသည်။ သူရင်းနှီးသော အငွေ့အသက် တခု ရနေသည်။ နောက်လှည့် ကြည့်ရန်ကြိုးစားသော်လည်း ဘယ်သူမှန်းမသိဖြစ်နေ၏။ လည်ပင်းလည်း တင်းသထက် တင်းလာ၍ အသံကုန်ဟစ်ပြီး အော်လိုက်မိသည်။
“အား”
သူ့ရင်ဘတ် ပေါ်တွင် ရစ်ထွေးနေသော စောင်ကို ဖယ်ခွာလိုက်သည်။ မွန်းကျပ်နေသော ခံစားချက်ကြောင့် ပြတင်းပေါက်ကို ဖွင့်လိုက်ပြီ။း လေကို တ၀ကြီး ရှုရှိုက်လိုက်သည်။ စောစောအိပ်ရာ ၀င်သော်လည်း အိပ်မက်ဆိုးများကြောင့် အိပ်ရေး မ၀သလို ဖြစ်နေ၏။ မနက်ခင်း နေရောင် ၏ အလင်းများသည် အခန်းထဲသို့ ဖြာကျနေ၏။ မိုးစင်စင် လင်းနေပေပြီ။
+++
(၉)
`ကိုခန့် မနေ့က.. ဘောလုံးကွင်းနားမှာ မူးလဲလို့ဆို… အခုသက်သာသွားပြီလား…´
ချိုယုယက စိုးရိမ်တကြီးမေးလိုက်သော်လည်း နေခန့် မျက်နှာ အနဲငယ် ပျက်သွား၏။
`အင်း သက်သာသွားပါပြီ ယုယကို ဘယ်သူပြောလဲ´
`သြော်မေ့နေပြီလား.. ကိုကိုပြန်ပြောပြတာပေါ့´
`ဘာတွေပြောပြလို့လဲ´
ချိုယုယက မျက်လုံးဝိုင်းလေးဖြင့် အူကြောင်ကြောင်ကြည့်ကာ
`ဟင်..ဒါပဲလေ…ဘာမှ ထပ်မပြောပါဘူး ဘာဖြစ်လို့လဲ´
ဟူးတော်သေးတာပေါ့။ သူကယောင်ချောက်ချား တွေပြောသည့်ကိစ္စ ကိုနိုင်ဦး ထိန်ချန်ထားလို့။ မဟုတ်ရင် သူ့ကို သူရဲဘောကြောင်သူ ထင်သွားအုံးမယ်။
`ကျေးဇူးပါပဲ´
နေခန့် နှုတ်မှ ရုတ်တရက် ထွက်သွားမိသည်။
`အမ် ဘာကို ကျေးဇူးတင်တာလဲ ကိုက´
`အဲ… ဘာမှမဟုတ်ပါဘူး.. အော်ကိုနိုင်ဦး တို့သာ မရှိရင် ကိုယ်တစ်ယောက်ထဲ လဲနေမှာ ဘယ်သူမှ သိမှာ မဟုတ်ဘူး ဒါကြောင့် ကျေးဇူးတင်တာလို့ ယောက်ဖကို´
`အောင်မယ် ပိုင်စိုးပိုင်နင်း ယုကိုကို ကို ယောက်ဖတဲ့ အင်းဟယ်´
ယုယက နေခန့် လက်မောင်းကို ဆွဲဆိတ်လိုက်သည်။
`အားနာတယ်..အားနာတယ်´
`ဟော့တော့ ပြောလေကဲလေ ပါလား ဘာအားနာတာလဲ´
`ရွှေယောက်ဖကိုပါ အဟတ်စတာပါကွာ ဘောလုံးပွဲနေ့ကျရင် လာအားပေးနော်..´
`…..´
`ဘာဖြစ်လို့လဲ မလာချင်ဘူးလား´
`ယုယ လိုက်တော့ အားပေးချင်တယ်…ယုယ ကိုကို ကော ကိုခန့်ကော ကန်မှာ ဆိုတော့ လိုက်ကြည့်ချင်ပါတယ်… ဒါပေမယ့် ယုယတို့ ရူပဗေဒက သူငယ်ချင်းတွေကိုလဲ နိုင်စေချင်တယ်။ လိုက်ကြည့်ရင် ဘယ်ဘက်အားပေး ရမှန်းမသိပဲ ဗျာများနေမှာ စိုးတယ်´

`ဟာ မရဘူးကွာ လာအားပေးရမယ် ဘယ်အသင်း အားပေးပေးပေါ့ ယုယ လာအားပေးတော့ ကန်ရတာ အားရှိတာပေါ့။´

`အပိုတွေ မပြောနဲ့ လာခဲ့ပါ့မယ်..။´
`ဟေး.. ဒါမှ ပေါ့ကွ´
အားရပါးရ ထအော်သော နေခန့်ကြောင့် ကန်တင်းရှိ တခြားဝိုင်းမှ လူများက ပြုံးစိစိနှင့် လှမ်းကြည့်ကြသည်။ ချိုယုယက နှုတ်ခမ်းလေးစူကာ စိတ်ကောက်သွားသည်။ အော် ကိုယ့်ချစ်သူဆိုတော့ စိတ်ဆိုးနေလဲ လှတာပါပဲ။ မနည်းပြန်ချော့ရပြန်၏။
++++
(၁၀)
မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ မို့ ကွင်းလုံးပြည့်နီးပါး လာအားပေးသူ ကျောင်းသား ကျောင်းသူများဖြင့် ပြည့်နေသည်။ ဖွင့်ပွဲပွဲစဉ်လဲ ဖြစ်ပြီး သိပ္ပံ မေဂျာ၏ အဓိက ပြိုင်ဘက်များဖြစ်သော ရူပဗေ အသင်းနှင့် ဓာတုဗေဒ အသင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်ရာ အကြိတ်အနယ် ရှိလှမည့် ပွဲမို့ လာရောက်အားပေးကြခြင်းဖြစ်သည်။ ကျောင်းက ပါမောက္ခချုပ်ကြီး ၏ စီစဉ်ပေးမှုဖြင့် မြို့နယ် ကွင်းမှာ ကန်ကြခြင်းဖြစ်ရာ ပွဲကြည့်စင်များဖြင့် တင့်တင့်တယ်တယ် ရှိရာ ကျောင်းပွဲနှင့် မတူပဲ မြို့နယ်ပွဲကဲ့သို့ ပင် လူစည်ကားလှသည်။
ထိုအချိန်၌ အ၀တ်လဲခန်းအတွင်းတွင်
`ဟိုဘက် တိုက်စစ်က မင်းမင်းကို ကပ်ကစား သိလား ဒီကောင်က မြို့နယ် လက်ရွေးစင် ဆိုတော့ တော်တော် ကန်တတ်တယ်။ နောက်တန်းက ဇော်ဇော်တို့က သူ့ကို သတိထား´
အသင်းခေါင်းဆောင် မှာ နေသည်ကို အားလုံးနားထောင်နေကြသည်။ နေခန့်ကတော့ တခြားသို့သာ အာရုံရောက်နေ၏။ ကရင်မကို ဒီနေ့မတွေ့မိ၍ မေးကြည့်ရာ နေမကောင်းဘူး ဆိုပြီး လာမကန်တော့ကြောင်းပြောကြသည်။ ကိုစိုးကြီးမျက်လုံးတွေက အ၀တ်လဲခန်း၏ အလင်းရောင် မှိန်မှိန်အောက်တွင် အစိမ်းရောင် သန်းနေသလို ထင်ရ၏။ နေခန့် တစ်ယောက်ချင်း လိုက်ကြည့်တော့ အသင်းသားအားလုံး၏ မျက်လုံးတိုင်းလိုလို စိမ်းနေသဖြင့် အလင်းရောင်ကြောင့် ဖြစ်မည်ဟု ဖြေသိမ့်လိုက်ပြီး ဘာကြောင့်မှန်းမသိ ဒီထဲမှာ နေရတာ စိတ်ကျဉ်းကျပ်လာသည်။
ပရိသတ်များ အမှန်တကယ် မျှော်လင့်ထားသည့် အတိုင်းပင် ပွဲက မြိုင်မြိုင်ဆိုင်ဆိုင် နှင့် အကြိတ်အနယ်ရှိလှသည်။ အလယ်တန်းတောင်ပံတွင် ကစားသော နေခန့်က အကြိမ်ကြိမ် ထိုးဖောက်သော်လည်း တဖက်အသင်းမှ ခံစစ်ကောင်း နေ၍ ထင်သလောက်တိုး မပေါက်ဘဲ ဖြစ်နေ၏။ နောက်ဆုံး တွင် ပရိယာယ်သုံးကာ အရောင်ပြသာ တောင်ပံဘက် ထွက်ကစားပြီး အလယ်တန်းမှ သီဟနှင့် နေရာလဲကစားလိုက်သည်။ နောက်ချန်တိုက်စစ်မှူး နေရာပြောင်းကစားသဖြင့် တိုက်စစ်မှူးများဖြစ်သော နိုင်ဦးနှင့် စိုးကြီး တို့နှင့် တွဲကစားရ၏။ ပထမပိုင်း တပိုင်းလုံး အကြိတ်အနယ် ရှိလှပြီး တဖက်နှင့် တဖက် ဂိုးမသွင်းနိုင်ကြပေ။ ဒုတိယပိုင်း တွင်လဲ ဘောလုံးက နှစ်သင်းလုံး ခြေရည်တူနေ၍ ကွင်းလယ်တွင်သာ အချိန်ကုန်နေပြန်သည်။ ဒုတိယပိုင်းပွဲပြီးခါနီး၌ ဓာတုဗေဒ အသင်းမှ အလယ်တန်းကစား သမားတစ်ယောက်ကို ဂိုးစည်းအတွင်းတွင် ခပ်ကြမ်းကြမ်း ဖျက်ထုတ်သဖြင့် ဒိုင်လူကြီးက ပယ်နယ်တီ ပေး၏။ ထိုပယ်နယ်တီကို စိုးကြီးက သူကန်မည်ဆို၍ ပေးကန်လိုက်သည်။ ရူပဗေဒမှ ဂိုးသမားသည် မြို့နယ် လက်ရွေးစင် အဖြစ်လဲ ဖမ်းဖူးသော အတွေ့အကြုံရှိ ကစားသမားတစ်ယောက်ဖြစ်သည်။ ပွဲပြီးခါနီး နောက်ဆုံးအခွင့်အရေးမို့ အားလုံး စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ၏။ စိုးကြီးက ဘောလုံးကို တည်၍ ညာခြေ ဖြင့် ကန်ရန် ဟန်ပြင်လိုက်သည်။ ဂိုးသမားကလည်း အသင့် အနေအထား နေရာယူထား၏။ နေခန့်မှ အကယ်၍ ပယ်နယ်တီ ဘောလုံးပြန်လျှံထွက်လာလျှင် ကန်ဖို့ စိုးကြီးနှင့် ဘီးကုတ်စက်ဝိုင်းထိပ် ဂိုက်အနည်းငယ် အကွာတွင် ရပ်နေရသည်။ မကြာမှီ ဒိုင်လူကြီးက ၀ီစီမှုတ်လိုက်၏။ ထိုစဉ် အသင့်နေရာယူထားသော ဂိုးသမား၏ မျက်နှာသည် မထင်မှတ်ပဲ ဖြူလျော်သွားသည်ကို နေခန့် သတိထားမိလိုက်၏။ ၀ီစီသံကြားပြီးသည်နှင့် စိုးကြီးက ဂိုးသမား၏ ညာဘက်အောက်ထောင့်သို့ ကပ်သွင်းလိုက်သည်။ ဂိုးသွားသည်။ ကွင်းထဲရှိ ဓာတုဗေဒအားပေးသူများ က ဂိုးဟုထအော်ကြလေသည်။ ဂိုးဝင်သွားပြီးသည်နှင့် ဂိုးသမားသည် အရုပ်ကြိုးပြတ် ပစ်လဲသွားတော့သည်။
`ဟေ့..ဟေ့.. လုပ်ကြပါအုံး ဂိုးသမား ဘာဖြစ်သွားတာလဲ မသိဘူး..´
ကစားသမားများ ဂိုးသမားဆီသို့ ၀ိုင်းအုံပြေးသွားကြသည်။ သို့သော် မတ်တပ်ရပ်ကာ မလှုပ်မယှက် ဖြစ်နေသူက နေခန့်ဖြစ်သည်။ သူသေချာသိလိုက်တာက ဂိုးသမားခင်မျာ တခုခုသွေးပျက်ဖွယ်မြင် လိုက်ရ၍ဖြစ်နိုင်သည်။ စိုးကြီးဆိုသော သူသည် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လေတော့သည်။

Read Users' Comments (0)

အားလပ်ရက်

လက်ဆုပ်လက်ကိုင်...
ပြစရာမရှိဘူး...
ခန်းမခြောက်ကပ်ထဲ..
အဲဒိ ပိုးစားနေတဲ့ ကုလားထိုင်ပေါ်..
အိတွဲစွာ အလျားလိုက်ထိုင်...


တရုတ်ကပ်မှန်တွေ ကြားထဲက...
ပြင်ပလောက..
ရုပ်ရှင်ပြသလိုပဲ ပေါ်လိုက်ပျောက်လိုက်နဲ့....။
အင်ဂျင်ရုန်းသံတွေ တချက်တချက် ဖြတ်သွား..။
ပြတင်းပေါက်က တိုးတိုးလာတဲ့
ရယ်သံသဲ့သဲ့တွေက တစပြင်လိုပဲ။

ပြုတ်ကျလုနီး စကားလုံးတွေက
ကြိုးတန်းပေါ်က တွဲရစ်ခိုနေတယ်။
နံရံ သုံးဖက်လုံးက ...
ပင်းအနေကြ..။

ဟိုခုန် ဒီကူးအတွေးတွေ ၀ရံတာက
တချက်ချက် လွတ်ထွက်သွားပေါ့။
သတိထားမိချိန် ၀န်းကျင်တခုလုံး...
တပတ်လည်သွားကြပြန်ပြီ...။

အား... ပျင်းဖို့ ကောင်းလိုက်တာ....။

Read Users' Comments (1)comments

တိုက်မိခြင်း

တခုခုနဲ့ လာထိမိတယ်...
`ချွင်´ ကနဲ မြည်သွားရဲ့...
အသံများ ညံစီသွားတယ်..။
အဓိပ္ပါယ်များ သွန်းချလာလိုက်တာ...
ရှိစုမဲ့ ခွက်စုတ်လေးတောင် လျှံကုန်ပြီ။
ထိစပ်မိတဲ့ နေရာတိုင်း
အလင်းတွေ တဖျတ်ဖျတ်လူးသွား...
အမှတ်မထင်ပဲ..
ဘ၀ကြီး တခုလုံး
ပေါက်ကွဲထွက်..... သွားတယ်..။


`ဘောင်း´

Read Users' Comments (0)

မကြာမှီမျှော်

မကြာမှီ ရက်ပိုင်းအတွင်း သရဲခြောက်တော့မည် ဖြစ်ပါ၍ စောင့်မျှော်ပေးကြပါ။

Read Users' Comments (0)

ဒီလိုအော်ကြပါ

ကျွန်တော့် အသိတစ်ယောက်ပြောဖူးတာပါ။ တကယ်လား ရယ်စရာပြောတာလားတော့ မသိဘူး။ အဖြစ်က ဒီလိုပါ။ ခေတ်ကာလက လမ်းစဉ်လူငယ်တွေ လက်ထက်ပေါ့။ လူထုအစည်းအဝေးပွဲလုပ်တော့ ရပ်ကွက်ကောင်စီက နီးစပ်ရာ ကျေးရွာက လူငယ်တွေကို ခေါ်တယ်။ ပြီးတော့ အစည်းအဝေးပွဲမှာ ကြွေးကြော်သံတွေကို လိုက်အော်ဖို့ နှုတ်တိုက်သင်ပေးရတယ်။ အဲဒိခေတ်က ကျေးရွာတွေမှာ ပညာတတ်တဲ့သူက အရှားသားလား။ အဲဒိတော့ ရပ်ကွက်ကောင်စီ ဥက္ကဌက သစ္စာအဓိဌာန်တွေကို သေချာသင်ပေးနေရတယ်။ မင်းတို့ ဒီလိုဒီလိုအော်ပေါ့ ဆိုပြီးတော့လေ။ ပြီးရင် မင်းတို့ အောင်ရမည် အောင်ရမည် လို့ အကျယ်ကြီး သုံးခါအော်နော်လို့ သေချာမှာတယ်။ ပြီးတော့ မြို့နယ်က လူကြီးရောက်လာပြီး ကဲမင်းတို့တွေ အဆင့်သင့်ဖြစ်ပြီလားလို့ မေးတယ်။ အဆင့်သင့်ဖြစ်ပါပြီ ဆိုပြီး ရပ်ကွက်ဥက္ကဌက မျက်နှာရချင်တာနဲ့သူ့ လူတွေကို ဟေ့ကောင်တွေ အဓိဌာန်အော်စမ်းဆိုပြီး အော်ခိုင်းတယ်။ အဓိဌာန်ရွတ်တာ တော့ ချောနေတာပါပဲ။ ရပ်ကွက် ဥက္ကဌကလဲ သူသင်ပေးထားတာဆိုပြီး တပြုံးပြုံးနဲ့ပေါ့။ အဲအားလုံးလဲပြီးရော ရွာသားတွေက ဘာထအော်လဲဆိုတော့ အားရပါးရ ၀မ်းခေါင်းသံကြီးတွေနဲ့ “အကျယ်ကြီး အကျယ်ကြီး အကျယ်ကြီး” ဆိုပြီး သုံးခါတိတိတောင် အော်သတဲ့။ အဲဒိကျမှ ဟသောက်ကျိုးနဲ မင်းဘယ်လိုသင်ထားတာလဲ ဆိုပြီး မြို့နယ်က လူက ရယ်ချင်ပက်ကျိနဲ့ ပြောတော့ ရပ်ကွက် ဥက္ကဌ မှာ မျက်နှာကြီးနီလို့။ အံမယ် ရွာသားတွေက သူတို့ မဟုတ်သလို တာဝန်ကျေသွားပြီ ဆိုပြီး ခပ်တည်တည်နဲ့လေ။ ကျေးဇူးပြုပြီး လူကြီးမင်းတို့ကော အကျယ်ကြီး သုံးခါ အော်ချင်ကြလားခင်မျာ။ :)

Read Users' Comments (0)

မြို့ပြ

ဟောဒိမှာ..
အငမ်းမရတဲ့...
နီယွန်လူသားတွေ...
ညလက်တံတွေအောက်...
တိုးမပေါက်ခဲ့ဘူး..။်


ရိုးစင်းလွန်းတဲ့ အဆီပြန်လမ်းမတွေထဲ..
ဆင်းလိုက်တက်လိုက်...
လှိမ့်ခွေ နေကြရဲ့...။

ရောင်းတန်းဝင်...
အနီရောင်... ငှက်တွေကလဲ..
တက်မက်မှုတွေ..
ရီခိုးဝေစွာ လွှတ်ချပစ်ခဲ့...။

မျက်လုံးတွေက..
ပန်းစည်းတခုလို အထွေးလိုက် ယှက်တင်နေကြတယ်။

ငါက စည်းနှောင်ခဲ့တဲ့..
တနင်္ဂနွေ လက်ပဲ။

ယဇ်တောင်ပံတွေ..
ဖျက်ကနဲ ဖြန့်ထုတ် ခဲ့တာ
ပျံ့ရဲနီစွတ်လွန်းတယ်။

အရေပြားတွန့်လိပ်ပေါ်က..
လှည့်ဖြားမှုတွေ..
ကပ်ညှိဂျီးတင်..။
ငါ့ကိုယ်ငါ.. မနည်း
လျှော်ဖွတ် ခဲ့ရရဲ့..။

Read Users' Comments (0)

သတိရရဲ့လား

အော် မတွေ့ရတာ ကြာတော့ သူငယ်ချင်းတို့ ကိုယ့်ကို မေ့သွားကြပြီလားဗျ။ ပြီးခဲ့တဲ့ တပတ်ကတော့ ကျွန်တော် အိမ်မှာ မိုးအေးအေးနဲ့ ကွေးနေတယ်လေ။ ဘယ်မှလဲ မသွားဖြစ်ဘူး။ အင်တာနက် ကလဲ ကိုယ့်ရည်းစား မျှော်သလိုမျှော်နေ ရတော့ ၀င်မရေးဖြစ်ဘူး။ ဒါပေမယ့် ကျွန်တော် အိမ်မှာတော့ အလကားမနေပါဘူး။ လက်စသတ်ရမယ့် ၀တ္တုလေးတွေ ထိုင်ရေးဖြစ်တယ်။ အိုကေပဲ။ ကဲဘလောက် ရီဒါလဲ ပြန်လုပ်လိုက်အုံးမယ်ဗျာ။ အားလုံး ပြန်ဆုံကြရလို့ ၀မ်းသာတယ်ဗျာ။ လည်လည်လဲ လာကြအုံးနော။ see ya later. :)

Read Users' Comments (0)

အင်တာနက်ပြန်လည်ရရှိခြင်း

ဝေးးးးးးးးး အင်တာနက် ပြန်ရပြီဟေ့....။ အင်တာနက်နဲ့ အဆက်ပြတ်နေတာ သုံးပတ်လောက် ရှိသွားပြီဗျာ။ အင်တာနက် မရှိတော့မှ ကျွန်တော့်ကိုယ် ကျွန်တော်သိသွားတယ်။ ကျွန်တော် အင်တာနက် စွဲနေပါလားလို့။ စာမေးပွဲကလဲ လောလောဆယ် ရွေ့ထားတော့ အိမ်မှာ တငုတ်တုတ်တုတ်နဲ့ဗျာ။ ပျင်းရိခြောက်ကပ်နေတာပဲ။ ဟိုလိုလို ဒီလိုလိုနဲ့ ယားကျိကျိ ဖြစ်နေတယ်ဗျာ။ အိမ်မှာလဲ အိပ်လိုက် စားလိုက်နဲ့ အရင်ထဲက ၀ရတဲ့ ကြားထဲ ပိုပြီး ၀ိတ်တွေတက် လာပြီ။ အလုပ်အကိုင် မယ်မယ်ရရ မရှိဘဲ တနေ့တနေ့ အင်တာနက် ကို ကိုယ့်ရည်းစား ကို လွမ်းသလို တသသနဲ့ လွမ်းနေရတာ။ ပြီးခဲ့တဲ့ သုံးရက်လောက်ထဲက ညဘက်ရတယ်ဆိုတော့ ညဘက် အိပ်ရေးတွေ အပျက်ခံပြီး သုံးလိုက်ရတာ။ အခု မျက်တွင်းတွေတောင် ကျလာပြီ။ ကဲအခုပြန်ရပြီဆိုတော့ ပျော်လိုက်တာ ဖြစ်နိုင်ရင် အားရပါးရတောင် ထအော်ချင်တယ်။ ဟေးးးးးးးး ပျော်လိုက်တာဟေ့....။ :D

Read Users' Comments (0)

မီးခိုးရောင် စုတ်ချက်ကြမ်း

ရိုးပြတ်တွေတောထနေတဲ့
ငါတို့ရင်ဘတ်တွေ…
ခုတ်ထွင်ရှင်းလင်းပေးမယ့်သူ မရှိ…။
ပေါက်ပြဲနေတဲ့…
ငါတို့လက်တွေနဲ့ ဆူးတွေကို ဆန့်ကျင်ရင်း….
မျိုးစေ့သစ် စိုက်ပျိုးကြမယ်။

ချို့တဲ့တဲ့ သားငယ်တွေကို ရင်နဲ့ ထွေးပိုက်..
ငါတို့ တာဝန်မကျေမှုများ…
ဟောဒိရှေ့မှာတင်
တလွှာလိုက် တထပ်ချင်းပြတယ်။

အ၀တ်တထည် ကိုယ်တခုနဲ့
ရက်သတ္တပတ်ပေါင်းများစွာ…
လက်ပြကျန်ရစ်ခဲ့တယ်…။

ရေငတ်နေတဲ့ ကန္တာရလယ်
ငါတို့ဟာ သက္ကရာဇ်ပူပူတွေပေါ်…
နင်းဖြတ်လျှောက်…
အတော်တောင် ခရီးပေါက်နေခဲ့ပေါ့..။

ငါတို့ မွတ်သိပ်တဲ့..
ငြိမ်းအေးခြင်းရသတွေဟာ…
သေချင်းဆိုး တောအုပ်တွေရဲ့
လုယက်ခြင်းကို ခံနေရတယ်။

အက်ကွဲဆူဝေနေတဲ့ လွင်ပြင်ကို
ငါတို့ စီးဖြတ်ရအုံးမယ်..။
တကယ့်ကို ငြီးငွေ့လွန်းလို့
မျက်ခွံတွေတောင် မပိတ်ချင်တော့ပါဘူး။

တကယ်ဆိုငါတို့မှာ ဘာမှမရှိဘူး..
ငါတို့ပင်လယ်ကြီးကို ငါတို့ ချစ်မြတ်နိုးတယ်။
ခုတော့ မျက်စိရှေ့မှာတင် ရိုက်ချိုးခံနေရတယ်။
ငါတို့ ရင်ဘတ်တွေလဲ ပွင့်အန်ရဲအောင်
နာကျင်နေပါပြီ။

အမေရေ…
အမေ လင်းလက်ဖို့ မဖြစ်နိုင်တော့တဲ့
ဟောဒိ ညအမှောင်မှာ
အာရုဏ်မရောက်ခင်…
သားတို့ရဲ့ ရှိစုမဲ့ အလင်းလေးတွေနဲ့
ထွန်းညှိပါရစေ…။

အို…အဲဒိမှာ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျနေကြရဲ့…
ငါတို့ရဲ့ ဆိုနင့်ခြင်းတွေက..
သွက်သွက်ခါအောင်
ခါး….သီး….တတ်….ခဲ့….ပြီလေ။

Read Users' Comments (0)