twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ကယောင်ချောက်ခြား

အားလုံးကို စွန့်ခွာပစ်လိုက်ချိန်မှာ
ငါ့မှာ ဘာကျန်တော့မှာလဲ....
မင်းနင်းဖြတ် ဖို့ ငါ့ရင်ဘတ်ကြီး ဖြန့်ခင်းထားပြီးသားပါ...
ခပ်ကွေးကွေး ကျတဲ့ နှင်းတွေ ကြား
ငါဟာ အရူးတေးသွားကို ညီးတွားနေရမှာပေါ့...
ဆုမတောင်းတတ်တဲ့ ငါ့အဖြစ်ကို လမင်းကြီးက
ပြက်ရယ်ပြုနေတော့မှာပါပဲ.....
ငါမှာ သိမ်းထုပ်စရာ ရင်ခုန်သံက
မင်းကလွဲလို့ ဘယ်သူများရှိနိုင်သေးလို့လဲ...ပြောပါ ကောင်မလေး...
ငါက မင်းအတွက် ပျင်းရိစရာများကောင်းနေပြီလား.....???
ငါ့ခိုးခိုး ကျတဲ့ မျက်ရည်တွေက ယောင်္ကျားမဟုတ်လို့ ကျခဲ့တာ မဟုတ်ဘူး...
ငါကြောက်ရွံဆုံးက မင်းခါးသီးစွာ ဥပက္ခာပြုသွားမှာကိုပဲ...
ပရမ်းပတာ ငါဖြစ်နေပုံက ဆောင်းနေ့ခင်း အိပ်မက်လိုပါပဲ....ငါလေ.....
အနူးညွှတ်ဆုံး ဒူးထောက်တောင်း တောင်းပန် ပါ့မယ်....
မင်းစေခိုင်းရာမှန်သမျှ ငါလုပ်ပါ့မယ်....
ငါ့ကို ပျော့ညံ့တယ်လို့ ပြောချင်ပြောနိုင်ပါတယ်....။
ငါ့ကို ပြင်းထန်စွာ အပြစ်တင်နိုင်ပါတယ်....။
ငါ့ကို ဆက်ချစ်ပါလို့ မတောင်းဆို ၀ံ့ပါဘူး....
ငါ့ကို သတ်ချင်ရင်လဲ သတ်လိုက်ပါ....
ကောင်မလေးရေ...
ငါ့ကို.....
ငါ့ကိုတော့..... မုန်းတယ်လို့ တော့ မပြောလိုက်.....ပါနဲ့နော်.......။

Read Users' Comments (0)

0 Response to "ကယောင်ချောက်ခြား"