twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon
Showing posts with label Free. Show all posts
Showing posts with label Free. Show all posts

I Love Digsby



Cute Digsby

မနေ့ညက ကျွန်တော် facebook မှာဟိုဝင်ဒီထွက် ကလိရင်း IM Software တခုရလာတယ်။ သူ့နာမည်က Digsby တဲ့။ IM ဆိုတော့ ကျွန်တော်လဲ Messager ၊ Gtalk တို့နဲ့ဘာများကွာလဲ ဆိုပြီး ဒေါင်းလုပ်လုပ်ကြည့်တယ်ဗျ။ ဖိုင်ဆိုဒ်က 17 .7 MB ရှိတယ်။ ဒေါင်းလုပ်ပြီးတော့မှ install လုပ်ပြီးသုံးကြည့်တော့ အရင်ဆုံး အကောင့်အရင်လုပ်ရမယ်ဆိုလို့ လုပ်လိုက်တယ်။ ခဏပဲ ခုအကောင့်လုပ် ခုသုံးလို့ရတယ်။ တကယ်သုံးကြည့်တော့မှ တော်တော်ကွာတယ်ဗျာ။ Digsby က IM ဆိုတာထက် ပိုတယ် Multi service ဆော့ဖ်ဝဲတခုပဲ။ သူ့ထဲမှာ ကိုယ့်သုံးနေကျအီးမေးလ်အကောင့်တွေကိုတပြိုင်တည်း sign in ၀င်ထားလို့ရတယ်။ မေးလ်ဝင်လာသမျှကို ဘယ်မေးလ်ထဲကို စာဝင်လာတယ်ဆိုတာ alert လာပြတယ် ၊ အ၀င်စာတွေကို summarize လုပ်ပြီးကြည့်လို့ရသေးတယ်။ ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး။ တခြား IM Account တွေကိုလဲ တပြိုင်တည်းဝင်လို့ရတယ်။ ဥပမာ Yahoo နဲ့ Gtalk ကိုတပြိုင်နက်တည်း ၀င်ထားလို့ရတယ်။ (ဒီကောင်တွေကိုလဲ တပြိုင်တည်း အကောင့်တွေ အများကြီးဖွင့်ထားလို့ ရတယ်) ။ မနေ့က စမ်းကြည့်တော့ မြန်မာစာတော့ မပေါ်ဘူး ခင်ဗျ။ ဒါကတော့ ကျွန်တော်တို့ မြန်မာလိုချက်သူတွေအတွက် တော့ လိုအပ်ချက်ပေါ့။ ဒါပေမယ့် အပြစ်တင်မစောနဲ့အုံး ထပ်ပြီး ရှိသေးတယ်။ social network facebook ကိုဒီထဲက ၀င်လို့ရတယ်။ ပြီးတော့ ကျွန်တော်တို့ အခုသုံးနေတဲ့ twitter ကို အဲ့ဒိထဲကနေ အကောင့်ဝင်ပြီး update လုပ်လို့ရတယ်ဗျာ။ ကဲ ကျွန်တော်တို့ browser တွေဖွင့်၊ IM software နှစ်ခုသုံးခုဖွင့်၊ application တွေ ဗုန်းဗလောအော ဖွင့်ထားစရာ မလိုတော့ဘူးခင်ဗျ။ Digsby ဆိုတာလေး ဖွင့်ထားရုံနဲ့ memory အစားလဲသက်သာပြီး ဟိုဖွင့်ဒီဖွင့် မျက်စိနောက် စရာလဲ မလိုတော့ဘူးပေါ့ဗျာ။ ကဲ ဘယ်လောက်ချစ်စရာ ကောင်းလိုက်တဲ့ Digsby လဲ။

စမ်းသုံးချင်တယ်ဆို ဒီမှာယူဗျို့ : www.digsby.com

Read Users' Comments (0)

အီးကဒ်... အီးကဒ်



ကိုခက ကျွန်တော့်ဆီက ကဗျာလေးတွေ တောင်းထားတာ ကြာပြီ..။ သူချစ်သူများနေ့ အတွက် အီးကဒ် လုပ်ချင်လို့တဲ့..။ ဟဲဟဲ ကျွန်တော်ကတော့ အီးကဒ်ပေးစရာ မရှိပေမယ့် ပေးချင်တဲ့သူတွေ ပေးနိုင်ဖို့ ကျွန်တော့် ခံစားမှု ကဗျာစုလေးနဲ့ ကိုခရဲ့ ဒီဇိုင်းလှလှလေးနဲ့ ဖန်တီး ထားတဲ့ အီးကဒ်လေးကို မျှဝေလိုက်ပါတယ်..။
ချစ်တဲ့သူများ နောင်နှစ်ပေါင်းများစွာထိ ချစ်နိုင်ကြပါစေခင်ဗျာ..။

Read Users' Comments (0)

အလကားယူကြပါ

ကဲသူငယ်ချင်းတို့ ဆီမှာ VCD သာရှိပြီး mp3 ပြောင်းချင်နေသလား။ ကွာလတီကောင်း ကောင်း စတူဒီယို အသံနဲ့ ပြောင်းလို့ရတယ်။ ဗီဒီယိုကနေ mp3 ပြောင်းလို့ ရပါတယ်။ Xilisoft ကိုသုံးကြည့်ကြပါလား။ (အဲလေ ငါ့ဟာ က လျက်ဆား ကြော်ငြာလိုလို ဖြစ်နေပြီ :P)
ဒီမှာ ဒေါင်းလုယူပါ။

Read Users' Comments (0)