Posted in Labels: News | Thursday, March 22, 2007
Posted in Labels: poem | Wednesday, March 21, 2007
ဘာမှမထူးဆန်းပါဘူး။
မိုးခေါင်လွန်းတဲ့ ရင်ဘတ်ကြီးကို
ရွာသွန်းစေဖို့ မျှော်လင့်ချက်နဲ့
ရိုးရာတွေယုံကိုးလွန်းတဲ့
ခပ်တုံးတုံးငါ့အဖြစ်က
ဗိုက်ပူနံကား ဖားတစ်ကောင်ပေါ့။
Posted in Labels: poem | Wednesday, March 21, 2007
မသက်ဆိုင်သူများမဖတ်ရ... သူမသည်ကျွန်တော်ဥယျာဉ်ထဲ စိုက်ပျိုးခဲ့သော ပန်းပင်လေးတစ်ပင်ဖြစ်သည်။
သူမသည် ရင်ခုန်သံတွေလှုပ်ခတ်သွားစေသော ကဗျာတစ်ပုဒ်ဖြစ်သည်။
သူမသည် ကျွန်တော့်ဂစ်တာအိုလေးရဲ့ သံစဉ်သစ်ဖြစ်သည်။သူမသည် ကျွန်တော့်ကမ်းပါး၏ ရှင်းသန့်သောချောင်းငယ်လေးဖြစ်သည်။
သူမသည်ရွာသွန်းစေတတ်သော မိုးတိမ်များဖြစ်ပြီး
ကျွန်တော်သည်ကောင်းကင်ကြီးဖြစ်သည်။
သူမသည် ကျွန်တော်ဖြစ်၍ ကျွန်တော်သည်သူမဖြစ်သည်။
ထို့ကြောင့် သူမနှင့်ကျွန်တော်သည် ကျွန်တော်နှင့်သူမ တို့ဖြစ်ကြပါသည်။
အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည်
သူမကို အလွန်ချစ်နေမိပါသည်။
Posted in Labels: poem | Thursday, March 15, 2007
ချောက်...ချက်...ချောက်...ချက်....
ဆိတ်ညံနေတဲ့ ညအချိန်ရဲ့ လမွန်းတည့်ချိန်---
နရီစည်းချက်မှန်မှန် အိပ်မက်တွေက ခေါက်တုံ့ခေါက်ပြန်--
ကြံဖန်တဲ့အတွေးတစ္ဆေကလည်း
ထွက်သက်နဲ့ဝင်သက်ပြောင်းဖြစ်ပြီး
အခန်းပြင်ရဲ့ထောင့်ဘက်က မျက်လုံးတွေ မသိမသာခိုးခိုးကြည့်နေ---
အငွေ့အခိုးတွေရောပြွန်းနေတဲ့ အခန်းထဲမှာ
ဝိဥာဉ်တစ်ကောင်ရဲ့ကိုယ်တစ်ပိုင်းပုံရိပ်
(အမှတ်တမဲ့တွေ့လိုက်တယ်)
တဒိတ်ဒိတ်ခုန်နေတဲ့နှလုံး---ပြီးတော့သွေးစွန်းမယ့်ညရဲ့မျက်လုံး---
ဝါဒကငါ့ကိုလက်ကိုင်ပြုတယ်၊
ကဗျာကငါ့ကိုရေးတယ်၊အိပ်မက်ကငါ့ပြန်မက်တယ်
အတိုဆုံးအပြုံးတွေ ကုပ်ကပ်ပြီး ထွက်လာတဲ့
သူ့မျက်နှာကြီးက ညှီစော်နံနေတယ်။
ကဲ--ရေးထားတဲ့ စာသားကလဲပျောက် (ငါ့)စကားလုံးတွေ ကြောက်ကြောက်နေတယ်
ဖိနပ်မစီးတတ်တဲ့ ကံကြမ္မာကြီးက ငါ့နေ့တွေကို (ခွင့်မပြုဘဲ) ဆွဲဆွဲဆန့်တယ်။
မင်းယွန်းသစ်
Posted in Labels: ဟာသ | Wednesday, March 14, 2007
အမေရိကန်ပြည်ထောင်စုတွင် အထူးစုံစမ်းရေး တပ်ဖွဲ့ ဖွဲ့စည်းရန်သက်ဆိုင်ရာဌာနဆိုင်ရာများမှရွေးချယ်လိုက်၏။ ပထမအဖွဲ့အား CIAမှရွေးချယ်၍ တောထဲသို့စေလွှတ်ပြီး ယုန်ရှိမရှိစုံစမ်းခိုင်းလိုက်သည်။CIAသည်တောထဲရှိ တောကောင်များနှင့် သစ်ပင်များအားစုံစမ်းစစ်ဆေးပြီး ဤတောထဲတွင် ယုန်လုံးဝမရှိကြောင်းကောက်ချက်ချပြီး ထွက်ခွာသွားကြသည်။ ဒုတိယအဖွဲ့FBIသည် တောထဲသို့ဝင်သွားကြပြီး မကြာမှီ ပြန်လည်ထွက်ခွာပြီး သူတို့သည်တစုံတရာမေးမြန်းခြင်းမပြုဘဲတောတစ်တောလုံးကို မီးရှို့ပစ်လိုက်ကြသည်။ သူတို့သည်မည်သူကိုမျှမတောင်းပန်ဘဲ တိရိစ္ဆာန်များသည် ထိုသို့ဖြစ်ထိုက်သည်ဟုယူဆကြသည်။ တတိယအဖွဲ့Chicago ရဲတပ်ဖွဲ့သည်တောထဲသို့ဝင်သွားကြသည်။ များမကြာမှီပင် ၄င်းတို့သည် ၀က်ဝံတစ်ကောင်အား အတင်းရိုက်နှက်၍ ကြိုးတုပ်ပြီး ခေါ်ဆောင် လာကြသည်။ ထို့ပြင်ဝက်ဝံကကြောက်လန့်တကြားဖြင့်"ဟုတ်ကဲ့ပါခင်ဗျာ...ကျွန်တော်ယုန်ပါခင်ဗျာ"ဟုပြော၍ လိုက်ပါလာလေတော့သည်။
ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။

My TLMS by minnyoonthit is licensed under a Creative Commons Attribution 3.0 United States License.
My TLMS All Rights Reserved. Blogger Template created by Deluxe Templates
Free Blogger Templates andWordpress Theme by Skinpress

