twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ဝေး စာမေးပွဲပြီးပြီ ဗျို့

ဟေးဟေး စာမေးပွဲကြီး ပြီးပြီဗျာ..။ ပျော်လိုက်တာ...။ပြောမနေပါနဲ့။ အွန်လိုင်းနဲ့ ဝေးနေတဲ့ ရက်တွေမှာ.. သယ်ရင်းတွေကို လွမ်းတယ်ဗျာ..။ ဟတ်ဟတ် ပြီးတော့ ကျနော့ ကောင်မလေးကို လဲ လွမ်းတယ်...။ ဘာပဲပြောပြော.. သူငယ်တန်းကနေ သင်လာလိုက်ရတဲ့ ပညာရေးကြီး ခုမှပဲပြီးနိုင်တော့တယ်။ လူကခုမှပေါ့သွားတာပဲ။ ဘလော့စွဲတဲ့စိတ်က ဘယ်လောက်ဆိုးတယ်မှတ်လဲ စာကျက်နေရင်းတောင် ဘလော့မှာ ရေးမယ့် အကြောင်းတွေ စဉ်းစားမိသေးတယ်...ဟိ။ စာမေးပွဲတွင်း သူများတကာတွေ သေအောင် ကျက်နေတဲ့ ချိန်မှာ ကျွန်တော်မျိုး မင်းယွန်းသစ်မှာ ကဗျာသုံးပုဒ်ထွက်ပါတယ်... ဟတ်ဟတ်။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ.. တခုတော့ပေါ့သွားတာပေါ့..။ ကဲကဲ တိုလီမုတ်စ များ ဆက်ရေးပါမယ်..။ အဲပြောစရာကျန်သေးတယ်....။ မေ့သွားလို့ ကျွန်တော် စာမေးပွဲရက် အတွင်း အွန်လိုင်းပေါ်ကနေ စိတ်ပူပေးသော ဂရုစိုက်ပေးသော ကျွန်တော့်ကို စာသွားကျက်ရန် အွန်လိုင်းကနေ ဆုံးမပေးကြသော ကျွန်တော် ချစ်တဲ့ အမများ ဖြစ်ကြသော အမဘာညာ၊ မမဒီမို နဲ့ မမ မိုးချစ်သူတို့ကိုလဲ ကျေးဇူးအထူးတင်ပါတယ်..လို့..။ အားလုံး ကျွန်တော့်ရဲ့ ဘလာရီဒေါက်များလဲ မင်္ဂလာပါ.. ကျွန်တော် အရှင်လတ်လတ် ပြန်လာပါပြီ ဟီး။ :D

Read Users' Comments (2)

2 Response to "ဝေး စာမေးပွဲပြီးပြီ ဗျို့"

  1. Chaos says:
    November 29, 2007 at 4:10 PM

    တိုလီလေးပြန်လာပီဆိုတော့
    ပြေးထားမှဟ
    ပြေးပြေး
    ကင်းမြီးကောက်တွေ
    မိုးပေါ်ထောင်ပီးလာတာ သူက

  2. စိုးထက် - Soe Htet ! says:
    November 30, 2007 at 9:51 AM

    ကြိုဆိုပါတယ် ဗျို့ :D