twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

မွေးနေ့ပွဲကြိုတင်ပြုလုပ်ခြင်း

ကျွန်တော်၏ မွေးနေ့ပွဲလေးအား အကြောင်းကြောင်းကြောင့် ကြိုတင်ပြုလုပ်ဖြစ်သွားပါတယ်။ မွေးနေ့ပွဲကို တစ်လထဲ တူတူမွေးသော အမဘာညာနဲ့ ကျွန်တော်တို့ နှစ်ယောက်ပေါင်းလုပ်ပါမယ်.။ နက်ဖြန် တနင်္လာနေ့ မှာ ရန်ကုန်မြို့ China Town ၁၉ လမ်းတွင် မွေးနေ့ကို ခမ်းနား သိုက်မြိုက် ပျော်ရွှင်စွာ ကျင်းပမည် ဖြစ်ပါ၍ ကမ္ဘာ အရပ်ရပ်မှ မွေးနေ့ပွဲ တက်ရောက်လိုသူများအား ဖိတ်ကြားအပ်ပါသည်။ ;P နိုင်ငံတကာ မှ လာရောက် လိုသော ဘလော့ကာ ဘော်ဘော်များ အနေဖြင့် တနိုင်ငံကို အနည်းဆုံး ၅ ယောက်ရှိရုံဖြင့် လေယာဉ် စင်းလုံးငှား လာကြိုပေးပါမည်။ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပါက ဟယ်လီကော်ပတာ ဖြင့်လာရောက်ကြိုဆိုခြင်း၊ မြို့တွင်းမှ ဖြစ်ပါက မာစီးဒီး ကားဖြင့် လာကြိုပေးခြင်းများ ပြုလုပ်ပေးပါမည်။ မွေးနေ့လက်ဆောင် မပေးခြင်း အထူး လုံးဝ သည်းမခံပါ။ :)
(မှတ်ချက်။ ။ မြန်မာ့ ယဉ်ကျေးမှုနှင့် မလျော်ညီသော သရုပ်ပျက် အ၀တ်အစား ၀တ်ဆင်လာသော အမျိုးသား အမျိုးသမီးများအား အထူးလက်ခံပါသည်။ ဟိဟိ)

နိုင်ငံတကာမှ မြန်မာဘလော့ဂါများအား သွားရောက်ကြိုဆိုရန် ပြင်ဆင်ထားသော Boeing 7 လေယာဉ်ကြီး။ :)

မြန်မာနိုင်ငံအတွင်း နယ်မြို့များမှ ဘလော့ဂါများအား သွားရောက်ကြိုဆိုမည့် ဟယ်လီကော်ပတာများ ;)

မြို့တွင်းမှ သယ်ရင်း ဘလော့ဂါများအား သွားရောက် ကြိုဆိုမည့် Mercedes :)

မွေးနေ့ပွဲသို့ တက်ရောက်လိုသော ကမ္ဘာ အရပ်ရပ်မှ ဘလော့ဂါသယ်ရင်းများ မေးလ်ပို့၍ ဆက်သွယ်နိုင်ပါကြောင်း....။ မပျက်မကွက် လာရောက်ကြစေလိုကြောင်း ဖိတ်မန္တက ပြုလိုက်ရပါသည်။ :D

Read Users' Comments (14)

14 Response to "မွေးနေ့ပွဲကြိုတင်ပြုလုပ်ခြင်း"

  1. JulyDream says:
    November 11, 2007 at 11:22 AM

    ခက်တာက ရုံးက ခွင့်မပေးဘူး ဖြစ်နေတယ်။ လာကြိုမယ့် လေယာဉ်က အဆင်သင့် ရှိတာတောင် မလာဖြစ်ရတဲ့ ဒွတ်ခ။

  2. Anonymous Says:
    November 11, 2007 at 11:33 AM

    မမဒီမိုလည်း မလာနိုင်ဘူး မောင်ကလေးရေ.. TV ကနေ Live Show လွှင့်ပေးမဲ့ အစီအစဉ် မပါဘူးလား.. နောက်မှ DVD ထုတ်မှာလား.. အဝေးကသူတွေအတွက် အစီအစဉ် တစ်ခုခုလုပ်သင့်တယ်..

  3. MCT says:
    November 11, 2007 at 11:40 AM

    မာစီးဒီး မရဘူ။ မီးမီးတို့က ပရာဒိုမှ။
    ဒါပဲ။

    စာကောင်းကောင်းကျက်ပါ။
    ကံကောင်းပါစေ။
    မွေးနေ့မှာပျော်ရွှင်ပါစေ။

  4. စိုးဇေယျထွန်း says:
    November 11, 2007 at 12:11 PM

    တိုလီ မုတ်စ
    ၁၉ လမ်းမှာ မွေးနေ့ပွဲ လုပ်တယ်ဆိုတော့
    မြန်မာ ဘလော့ဂ်ကာတွေကို ဘီယာသမားတွေ ဆိုပြီး
    သက်သက်မဲ့ စောက်ကားလိုက်တာပဲကွ
    စိတ်ဆိုးသွားပြီ
    :P

  5. နှင်းပွင့်ဖြူ says:
    November 11, 2007 at 1:01 PM

    ဟဲ့ နင့် Boeing 7 က အာမခံချက်ရှိရဲ.လား.....
    ဟုတ်မှ လုပ်နော်... ငါတော့ ကြောက်တယ်... ဟဲဟဲ

    Live လေး ဘာလေးတော့ လုပ်လိုက်လေ

    မွေးနေ့မှာ ပျော်ရွင်ပါစေ.........


    နှင်းပွင့်ဖြူလေး

  6. စိုးထက် - Soe Htet ! says:
    November 11, 2007 at 8:05 PM

    ပြန်လာချင်နေတာကို ... :P

  7. This is about... says:
    November 11, 2007 at 9:19 PM

    ပြန်ရောပို.ပေးမှာလားဟင်?။ဒွတ်ခပဲ ဒီနိုင်ငံမှာ ဘလော့ဂါ ၅ယောက် ပြည့်အောင်လိုက်စုလိုက်ဦးမယ်။။လက်ဆောင်ကတော့ အာဖရိက ဆင်ပေါ့

  8. This is about... says:
    November 11, 2007 at 9:21 PM

    ပြောချင်တာပြောပြီးမွေးနေ.အတွက် ဆုတောင်းပေးဖို. မေ့လို. ဆောတီး။ အသက် ၁၂၀ ရှည်စေသောဝ်။ ကျန်းမာပါစေ ချမ်းသာပါစေ လိုအင်ဆန္ဒတလုံးတ၀နဲ. ပြည့်စုံပါစေရှင်။

  9. NayPhoneLatt says:
    November 12, 2007 at 11:00 AM

    ဟေ့ တိုလီ ... ငါ့ ကား မင်းကိုခဏငှားမယ်လို့ ပြောမိလို့လားကွ ... အဲဒီ့ကားက အိမ်မှာ အသေးသုံးအတွက်ထားတာကွ ... မင်းလိုချင်ရင်တော့ ပရာဒိုပဲ ငှားလို့ရမယ် ... ဒါပဲ

  10. သန့်ဇော်မင်း says:
    November 13, 2007 at 11:03 AM

    မနေ့ က အကြောင်းကြောင်းကြောင့် မရောက်လိုက်ဘူး..
    ဆောရီး တိုလီရေ... happy birthday !

  11. Yan says:
    November 19, 2007 at 8:59 AM

    ဟေ့ ကိုမင်းယွန်း..
    ကျွန်တော်ပြန်လာမလို့ဗျာ. နအဖက ဗီဇာပေးဘူးတဲ့
    အိအိအိ....

    :)

    Happy Birthday ပါ ကိုမင်းယွန်းလေးရေ...
    ကျန်းမာပျော်ရွှင်အောင်မြင်ပေါ့ပါးနိုင်ပါစေဗျာ...

    ခင်မင်လေးစားလျက်

    ရန်အောင်

  12. Pinkgold says:
    November 19, 2007 at 11:24 AM

    beer သောက်တဲ့အထဲ ငါမပါဘူးနော်.. အဲဒါကျတော့ မပြောဘူး... အွန့်

  13. နိုင်းနိုင်းစနေ says:
    November 21, 2007 at 5:08 PM

    ဟက်ပီဘတ်ဒေး မင်းယွန်း...
    မွေးနေ့မှာ စာမေးပွဲ ဖြေနိုင်ပါစေ..
    ဆိုင်လားတော့ မသိဘူး..
    လေယာဉ်မစီးရဲလို့ ကုန်ကြောင်းပဲ လျှောက်ခဲ့ပါတယ်...
    မွေးနေ့တိုင်း ပျော်ရွှင်ပါစေ

  14. pandora says:
    November 24, 2007 at 5:46 AM

    နောက်ကျသွားတယ် မောင်လေးဖက်တီးရေ
    မွေးနေ့မှာ ပျော်ရွှင်ပါစေ
    ကောင်းကျိုးလိုရာဆန္ဒတွေနဲ့ ပြည့်ဝပါစေလို့
    ခင်မင်စွာဖြင့်