twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon
Showing posts with label Reference. Show all posts
Showing posts with label Reference. Show all posts

If You Forget Me

I want you to know
one thing.

You know how this is:
if I look
at the crystal moon, at the red branch
of the slow autumn at my window,
if I touch
near the fire
the impalpable ash
or the wrinkled body of the log,
everything carries me to you,
as if everything that exists,
aromas, light, metals,
were little boats
that sail
toward those isles of yours that wait for me.

Well, now,
if little by little you stop loving me
I shall stop loving you little by little.

If suddenly
you forget me
do not look for me,
for I shall already have forgotten you.

If you think it long and mad,
the wind of banners
that passes through my life,
and you decide
to leave me at the shore
of the heart where I have roots,
remember
that on that day,
at that hour,
I shall lift my arms
and my roots will set off
to seek another land.

But
if each day,
each hour,
you feel that you are destined for me
with implacable sweetness,
if each day a flower
climbs up to your lips to seek me,
ah my love, ah my own,
in me all that fire is repeated,
in me nothing is extinguished or forgotten,
my love feeds on your love, beloved,
and as long as you live it will be in your arms
without leaving mine.

Pablo Neruda

Read Users' Comments (0)

မြန်မာ နေရှင်နယ်လိဂ်၏ စည်းမျဉ်း စည်းကမ်းများအား မတ်လ (၁၁)ရက်နေ့တွင် အတည်ပြုမည်

အောက်ဖော်ပြပါ သတင်းအား SoccerMyanmar ဆိုက်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါကြောင်း။

+++++++++++++++++++++++++++
ပရိုလိဂ်နှင့် ပတ်သက်၍ စည်းမျဉ်း စည်းကမ်းများ (Rules & Regulations) များအား မတ်လ (၁၁)ရက်နေ့တွင် ပြုလုပ်မည့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ Think Tank အစည်းအဝေးတွင် နောက်ဆုံး အတည်ပြုမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ စည်းမျဉ်းစည်းကမ်း အချက်အလက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။

(က) ပရိုလိဂ် စည်းမျဉ်းစည်းကမ်း စာအုပ်ကို မတ်လ (၁၁) ရက်နေ့ နောက်ဆုံးအကြိမ် Think Tank အစည်းအဝေးတွင် ဆွေးနွေးပြီးနောက် အတည်ပြု ရေးဆွဲပြီး အသင်းတိုင်းသို့ ဝေငှမည်။

(ခ) ကစားသမား၊ နည်းပြများကို MNL က သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်း အတိုင်း ပြည်ပမှ ခေါ်ယူခွင့် ပြုမည်။

(ဂ) ကစားသမားများကို ပြည်ပမှ အများဆုံး (၅)ဦး ခေါ်ယူတင်သွင်း ကစားခွင့် ပြုမည်။

(ဃ) အသင်းတိုင်းက ပရိုစည်းမျဉ်းနှင့် အညီ ဖွဲ့စည်းရမည် ဖြစ်ပြီး ပြိုင်ပွဲ မတိုင်မီ နှစ်ပတ်အလိုတွင် FIFA, AFC တို့မှ ကျွမ်းကျင်သူများက အသင်းများ ဖွဲ့စည်း ထားရှိမှု အသေးစိတ်ကို လာရောက် စစ်ဆေး ကြည့်ရှုမည်။

(င) ပရိုအဆင့်မီ ဖွဲ့စည်းမှသာ ပရို အသင်းအဖြစ် သတ်မှတ်မည်ဖြစ်ပြီး၊ ပြိုင်ပွဲ ၀င်ခွင့်ပေးမည်။

(စ) ပရိုအသင်း ပိုင်ရှင်များ အနေဖြင့် ပရိုအသင်းအတွက် ပဏာမ ရင်းနှီးမြှပ်နှံငွေကို ငွေစာရင်း သီးခြားဖွင့်ကာ အနည်းဆုံး ကျပ်သိန်း (၂၀၀၀) ထားရှိပေးရမည် ဖြစ်ပြီး အဆင့်မီ ရုံးခန်း၊ ကွင်း၊ လေ့ကျင့်ရေးစင်တာများနှင့် ၀န်ထမ်းဖွဲ့စည်းပုံကိုလည်း သီးခြား ထားရှိရမည်။

(ဆ) ပရိုအသင်းနှင့် အတူ လူငယ် အသင်းများကိုလည်း စီမံချက် ရှိရှိ ကြိုတင်ဖွဲ့စည်းရန် စီစဉ် ဆောင်ရွက် ထားရမည်။

(ဇ) အသင်း ပြောင်းရွှေ့ ရာတွင် Transfer Fees, Signing Fees နှင့် Player Salary, Bonus များကို သီးခြား သတ်မှတ်ပေးပြီး MNL သို့ အစီရင်ခံစာ တင်သွင်းရမည်။

(ဈ) ၀န်ကြီးဌာနများ အနေဖြင့် ကစားသမား တိုင်းကို သင့်တော်သည့် ပြောင်းရွှေ့ ကြေး သတ်မှတ်၍ ကစားသမားများ ပြောင်းကစားချင် သော အသင်းကို အနည်းဆုံး ၂နှစ်ခန့် On Loan သဘောမျိုးဖြင့် ပြောင်းရွှေ့ ခွင့် ပေးရမည် ဖြစ်ပြီး အဆင့်မြင့်တန်းမှ ကစားသမား ဖြစ်လျှင် ၀န်ကြီးဌာနသို့ Transfer Fees ကျပ် (၁၀)သိန်းစီ၊ ပထမတန်း ဆိုလျှင် (၅)သိန်းစီ ဒုတိယတန်း ဆိုလျှင် (၃)သိန်းစီ ပေးချေရမည် ဖြစ်ပြီး Signing Fees မှာ ကစားသမားနှင့် ၎င်းအား ခေါ်လိုသည့် အသင်းများ၏ သဘောတူညီ နိုင်မှု အတိုင်းဖြစ်သည်။

(ည) ၀န်ကြီးဌာနများ အနေဖြင့် မိမိတို့၏ ကစားသမား များကို ပရိုအသင်းများသို့ မဖြစ်မနေ စေလွှတ်ပေးရမည် ဖြစ်ပြီး နှစ်နှစ်ခန့် လုပ်သက်ခွင့် သဘောမျိုး လစာ ပေးချေထားရမည်။ ကစားသမားက အပြီးပြောင်းချင် ပါကလည်း ပြောင်းခွင့် ပေးရပါမည်။

(ဋ) လောလောဆယ်တွင် အေးဂျင့် မထားခိုင်းသေးဘဲ ပြည်ပမှ ခေါ်လိုသော ကစားသမား နည်းပြများနှင့် ပတ်သက်၍ MNL (MFF) မှ တဆင့် သက်ဆိုင်ရာ နိုင်ငံ/ကလပ် အသင်းသို့ Bio Data များ တောင်းခံပြီး သက်ဆိုင်ရာ ဘောလုံး အဖွဲ့အစည်းများ၏ ထောက်ခံစာ (Commence) ရှိမှသာ အပြောင်းအရွှေ့  လုပ်ခွင့်ရမည် ဖြစ်သည်။

(ဌ) ကလပ် အသင်း တစ်သင်း (လောလောဆယ် ၈သင်းအတွက်) A အဆင့် သတ်မှတ်ထားသည့် လက်ရွေးစင် ကစားသမား (၃၂)ဦးအား တစ်သင်းတွင် ၄ဦး၊ B အဆင့် သတ်မှတ်ထားသည့် လက်ရွေးစင်ဟောင်း ကစားသမား (၁၆)ဦးအား နှစ်ဦးစီ ရွေးချယ် ခေါ်ယူခွင့် ရှိပြီး ကျန်ကစားသမား များကို စိတ်ကြိုက် ညှိနှိုင်း ခေါ်ယူခွင့် ရှိပါသည်။

Link Ref :www.soccermyanmar.com

Read Users' Comments (1)comments

The wishing Tree- အာသီသသစ်ပင်

The wishing Tree

I thought of her as the wishing tree that died
and saw it lifted, root and branch, to heaven,
Trailing a shower of all that had been driven

Need by need by need into its hale
Sap-wood and bark: conin and pin and nail
Came streaming from it like a comet-tail

New-minted and dissloved. I had a vision
Of an airy branch-head rising through damp cloud,
Of turned-up faces where the tree had stood.

Seamus Heaney [From 'The Haw Latern'(1987)]

အာသီသသစ်ပင်

သူမအကြောင်း ငါတွေးနေတဲ့အခိုက်မှာ အဲဒိ အာသီသ သစ်ပင် သေဆုံးလို့..
ကောင်းကင်ဘုံကို အမြစ်နဲ့ အကိုင်းအခက်ပါ ပင့်မြှောက်သွားတာ မြင်လိုက်ရရဲ့....
မိုးရေတွေဖြိုင်ဖြိုင်ကျအောင် မောင်းနှင်ခံရ...

လိုအပ်ပြီးရင်း လိုအပ်ရင်း အဲ့ဒိဆွဲငင်ရာဆီသို့...
သစ်အကာသားနဲ့ အခေါက်၊ ဒင်္ဂါး၊ ပင်အပ်နဲ့ သံတို့ဟာ
ကြယ်တံခွန်ရဲ့ အမြီးပမာ စီးမျောလာခဲ့.....

အသစ်သွန်းဆစ်ပြီးတော့ ပျော်ဝင်...
ပေါ့ပါးတဲ့ အကိုင်းအခက်တခု စွတ်စိုစို တိမ်ထုထဲ ဖြတ်သန်းသွားတဲ့ အာရုံတခု ငါရခဲ့....
သစ်ပင် ရပ်တည်သွားတဲ့ နေရာကနေ အပေါ်ကို မော့ကြည့်နေလိုက်ကြတဲ့ မျက်နှာများ....။

(ဆရာ ကောင်းသာ ရဲ့ အာသီသ သစ်ပင်(ရှေးမတ်စ် ဟင်နီ)စာအုပ်မှ The wishing tree ကို ဆီလျှော်အောင် ထပ်မံ ဘာသာပြန်ပါသည်။)

Read Users' Comments (0)

ပန်းချီကားနီနီ

အဖေ့ပန်းချီကားထဲမှာ
မြေနီလမ်းကလေးရှိတယ်
သစ်ပင်နီနီ
ညနေနီနီ
တောင်တန်းနီနီ
လှပနေသော အနီများ။

မြေနီလမ်းကလေးကလည်း
အမြဲပြန့်ပြူးနေတာပဲ။

သစ်ပင်နီနီကလည်း
အမြဲခိုင်မတ်နေတာပဲ။

ညနေနီနီကလည်း
အမြဲမှောင်ကျမသွားဘူး။

တောင်တန်းနီနီကလည်း
အမြဲတည်တံ့နေလျက်ပါ။

ကျွန်တော်
အရှုံးများနှင့်
ပြာနှမ်းသွားတိုင်း
အဖေ့ပန်းချီကားထဲ
ဝင်သွားလိုက်တာပဲ
ပြန်ထွက်လာရင်
ကျွန်တော် အနီ။

ကျွန်တော်
ခေါင်းငိုက်စိုက်ချရသော
အမောများနှင့်
ဖြူရော်သွားတိုင်း
အဖေ့ပန်းချီကားထဲ
ဝင်ရောက်ချွေးသိပ်လိုက်တာပဲ
အဆိုးများစွာ
မြေလွတ်မြေရိုင်းမကျန်
ပေါက်ရောက်တတ်သော
လောကကြီးထဲသို့
ပြန်ရောက်လာတိုင်း
ကျွန်တော်သည် အနီ။

မလွယ်သော
လောကဓံကြိုးဝိုင်းထဲမှ
မမြင်ရသော
လက်သီးချက်များဖြင့်
ဖူးပွင့်ခဲ့ရသော ကျွန်တော်သည်
အဖေ့ရဲ့အနီ
ပန်းချီကားတစ်ချပ်ပါပဲ။

သုခမိန်လှိုင် (ပင်လယ်မှာ ပျောက်ဆုံးသွားသော အရာ စာအုပ်မှ)

Read Users' Comments (1)comments

နောက်ဆုံးဒြပ်စင်

လူနှစ်ယောက်နဲ့ကဗျာ စာအုပ်ထဲက ဆရာမောင်ပြည့်မင်းရဲ့ ကဗျာလေးကို
ကြိုက်လို့ ပြန်လည် ဖော်ပြခွင့်ပြုပါခင်ဗျာ.။ ကျွန်တော့်မှာ အကျင့်တခုက
မြို့ထဲပန်းဆိုးတန်းသွားရင်း ကဗျာစာအုပ်ကောင်းတွေ ဟောင်းဟောင်း သစ်သစ်
ဝယ်စု တတ်တဲ့ ၀ါသနာပါတယ်။ ပြီးတော့ ၀ယ်လာတဲ့ ကဗျာစာအုပ်ပါးပါးလေးကို
တပတ်လောက်ကြာအောင် ဇိမ်နဲ့ဖတ်တတ်တယ်။ ပြီးရင် ကြိုက်တဲ့ အပုဒ်လေးတွေကို
တစ်ခ် လုပ်ထားလိုက်တယ်။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ကအစ ဆရာမင်းလူ၊
ဆရာမောင်သိန်းဇော်၊ ဆရာသစ္စာနီ၊ဆရာတာရာမင်းဝေ၊ ဆရာမင်းခိုက်စိုးစန်၊
ဆရာစိုင်းဝင်းမြင့် စတဲ့ဆရာတွေ အပြင် တခြားသော နာမည် ဆရာတွေရဲ့
လက်ရာမွန်တွေကြိုက်ရင် အကုန်ဝယ်စုဖြစ်ပါတယ်။ ဒါပေမယ့်ဗျာ တခုတော့
ရယ်စရာကောင်းရဲ့ ဒီလောက် ကဗျာတွေ ဖတ်ပြီး ကျွန်တော့် ကဗျာတွေက ခပ်ချာချာ
ဖြစ်နေတာကတော့ ကျွန်တော်ညံ့လို့ပဲ ဖြစ်မှာပါ။း) ကဲ..ဖတ်ရှု
ခံစားပေးကြပါအုံး...။ ဖတ်ပြီး မူးမသွားနဲ့နော်..။း)
****************************************

နောက်ဆုံးဒြပ်စင်

သူ့အရိုးစုက ကျောပိုးသယ်လာခဲ့
ရှေ့တည့်တည့် ချိန်လျှောက်ခဲ့
နောက်လေးဆယ်ငါးဒီဂရီ
ရှစ်ဆယ်ဒီဂရီ
ငါးဆယ် ဒီဂရီ
ကိုးဆယ့်ငါး ဒီဂရီ
သူ အိမ်ကို တန်းတန်းမတ်မတ် ပြန်ချင်နေရှာပြီ။

အဝေးမှုန်လမ်းမရဲ့ လည်ပင်းမှာ
အဆင်းအတက် လှေကားထစ်များ ဆင်းတက်
ချဉ်သိုးသိုး စာရိတ္တတွေ နေရာအနှံ့ ထိုးအန်ချ
သူ့ ရိုးဂုဏ် တစ်ရပ်ကတော့
သဲကြိုးပြတ်ပြီး ကျွတ်ကျန်ခဲ့လေရဲ့။

တကယ့် ပါးလှပ်လှပ် သူ့လျှာ
နှုတ်ခမ်းထူပြာပြာတွေနဲ့ ငြိလို့
ဦးနှောက်တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်း
ခပ်ကြမ်းကြမ်း စစ်ဖြစ်လို့
အာရုံဖမ်းရေဒါတွေ မယုံနိုင်စရာ ပျက်စီးလို့
သူ့မျက်မှန်ကိုတော့ ရှပ်အင်္ကျီအိတ်ထဲ ချွတ်ထည့်
လက်နဲ့ ဖိထားနိုင်တုန်းပါပဲ။

သူ ထိန်းတွယ်စရာ တစ်စုံတစ်ရာ ရလိမ့်မယ်
ဒါမှမဟုတ်
သူ ပြိုကျသွားလိမ့်မယ်
ဒါမှ မဟုတ်
တွဲထူသူ တွေ့လိမ့်မယ်
ဒါမှမဟုတ်
သူတစ်ခုခု ဖြစ်လိမ့်မယ်
ဘယ်သူ ပြောနိုင်ပါ့မလဲ။

ဒါပေမယ့်
ခွက်ထဲက နောက်ဆုံးတစ်ပက်ကို
သူလုံးဝ ငြင်းနိုင်ခဲ့တယ်။ ။

မောင်ပြည့်မင်း
ရုပ်ရှင်တေးကဗျာ

*****************************

Read Users' Comments (0)

ကိုလံဘတ် - Christopher Columbus အပိုင်း (၁)

မြောက်အမေရိကကို အဦးဆုံးတွေ့သူများ

မြောက်အမေရိကတိုက်ကို အရင်ရှာတွေ့ခဲ့သူများမှာ ဗိုက်ကင်း(Vikings)လူမျိုးများဖြစ်သည်။ ၄င်းတို့သည် ပင်လယ်ရေကြောင်းတစ်လျှောက် လှည့်ပတ်သွားလာသော သဘောင်္သားများဖြစ်ကြသည်။ ဗိုက်ကင်းတို့သည် သဘောင်္များဖြင့် ကမ္ဘာ့ရေပြင်များပေါ်တွင် နှစ်ပေါင်းငါးထောင်မျှ လှည့်လည် သွားလာခဲ့ကြသည်။ ကြေးခေတ်တွင် လူတွေသိထားပြီးသမျှ ရေပြင်များပေါ်တွင် ဗိုက်ကင်းလှေသဘောင်္များ ရောက်ခဲ့သည် ချည်းဖြစ်သည်ဟု ယူဆကြသည်။ ကမ္ဘာ့မြောက်ပိုင်း နယ်မြေမှ ဗိုက်ကင်းများသည် ကုန်သွယ်၊ ကုန်သည်များ မဟုတ်ကြပဲ သူတို့အခြေချနေထိုင်ဖို့ နယ်မြေသစ်များ ချဲ့ထွင်သူများဖြစ်ကြသည်။ ၎င်းတို့သည် သူတစ်ပါးနယ်မြေများကို အညှာအတာ ကင်းမဲ့စွာ ကျူးကျော်သိမ်းပိုက် တတ်သူများ ဖြစ်ကြသည်။ ဗိုက်ကင်းများသည် “ကိုလံဘတ်” ကို မမွေးမီ နှစ်ရာပေါင်းများစွာကတည်းက မြောက်အမေရိကတိုက် သို့ ရောက်ခဲ့ကြလေသည်။

Vikings

ဗိုက်ကင်းလူမျိုးများထဲမှ လိဖ်အဲရစ်ဆင် (Leif Ericson) ဆိုသူသည် မြောက်အမေရိကတိုက်ပေါ်တွင် ပထမဦးဆုံးခြေချနိုင်သူ ဖြစ်ခဲ့၏။ သူ့ခရီးစဉ်တွင် သင်္ဘောတစ်စီးနှင့် ဗိုက်ကင်းလူမျိုး သုံးဆယ့်ငါးဦးသာ ပါဝင်သည်။ သူအသုံးပြုခဲ့သည့် သင်္ဘောမှာ အစဉ်အလာရှိသည့် သင်္ဘောဖြစ်သည်။ လိဖ်သည် ထိုသင်္ဘောကို ဘဂျာနီဟာဂျပ်ဆန်ဆိုသူထံမှ ၀ယ်ခဲ့သည်။ ဗိုက်ကင်း စူးစမ်းရှာဖွေရေးသမား ဘဂျာနီသည် လိဖ်ထက်စောပြီး အမေရိကတိုက်ကို တွေ့ခဲ့သူဖြစ်နိုင်သည်။ ၉၈၅ ခုနှစ်တွင် ဘဂျာနီသည် စူးစမ်းရှာဖွေရေးခရီးထွက်ခဲ့သည်။ သို့သော် သူ့ခရီးစဉ်အကြောင်းနှင့် သူရောက်ရှိခဲ့သည်ဆိုသော ဒေသများအကြောင်း ရေးမှတ်ထားသည်မှာ တိကျမှုမရှိ။ သူ၏ ပြောဆိုချက်တွေကို သမိုင်းဆရာအများစုက လက်သင့်မခံ။ မည်သို့ပင်ဖြစ်စေ မြောက်အမေရိကတိုက်ပေါ်တွင် လိဖ် ခြေချနိုင်ခဲ့သည်ဆိုသည့် အချက်မှာမူ ယုံမှားသံသယ ဖြစ်ဖွယ်မရှိချေ။

ခရစ်နှစ် ၁၀၀၃ခုနှစ်တွင် “သော်ဖင်းကာဆယ်ဖနီ” ဆိုသည့် ကူးသန်းရောင်းဝယ်ရေးသမား ဦးဆောင်ပြီး သဘောင်္သုံးစင်းပေါ်တွင် ယောက်ျားတွေ သူတို့မိသားစု များ အပြင် အိမ်မွေးတိရိစ္ဆာန်များကို သယ်ဆောင်လာကြသည်။ သူတို့သည် အရှေ့ဘက်ကမ်းခြေတစ်နေရာတွင် အခြေချပြီး လယ်ယာစိုက်ပျိုးရေး လုပ်ကြသည်။ သို့သော် အင်ဒီးယန်းလူရိုင်းများ အကြိမ်ကြိမ်တိုက်ခိုက်မှု ကိုခံခဲ့ရပြီး အင်းဒီးယန်း လူရိုင်းများမှာ အင်အား များပြားလွန်းသဖြင့်၊ ဗိုက်ကင်းစစ်သည်တော် များသည်ပင် မနိုင်လောက်အောင် ဖြစ်ရသည်။ တဖြည်းဖြည်း တိုက်ရင်းနှင့် သူတို့အင်အားနည်းလာကြသည်။ ၁၀၀၆ ခုနှစ်တွင်မူ မသေမပျောက်ကျန်နေသူများ သည် တစ်စီးတည်းသော သဘောင်္ဖြင့် ဂရင်းလန်းသို့ တပ်ဆုပ်ခဲ့ရလေသည်။

ဗိုက်ကင်းများက မြောက်အမေရိကတိုက်ကို ပစ်ပယ်ထားကြသည်မှာ ကိုလံဘတ် က ၎င်းတိုက်ကို ပြန်လည် တွေ့ရှိသည့် အလယ်ခေတ်အထိ ဖြစ်တော့၏။

အမေရိကတိုက်ကို ပြန်လည်တွေ့ရှိခြင်း

ဆယ်ငါးရာစုအရောက်တွင် အနောက် ကမ္ဘာသည် အရှေ့ဖျားဒေသ သို့ပေါက်မည့် ရေလမ်းကြောင်း တစ်ကြောင်းကို ရှာဖွေတွေ့ရှိရန် အလွန်စိတ်အားထက်သန်ကြလေပြီ။ ဝေးမြေရပ်ခြားမှ ကုန်ပစ္စည်းများသည် အနောက်ကမ္ဘာသို့ လုံလုံလောက်လောက် ရောက်မလာ။ ဤကား လွန်ခဲ့သည့် နှစ်ပေါင်း များစွာကတည်းက ပေါ်ပေါက်ခဲ့သည် ပြဿနဖြစ်၏။ သည်တစ်ကြိမ် ပြဿနာပေါ်ရာခြင်းမှာ အင်အားကြီး အုပ်စုနှစ်ခုကြောင့် ဖြစ်သည်။

တူရကီလူမျိုးများသည် အလွန်အမင်း တန်ခိုးအာဏာ ကြီးထွားလာပြီး၊ ကုန်လမ်း အတော်များများကို ပိတ်ဆို့ထားကြသည်။ တစ်ချိန်တည်းတွင် အာရပ်လူမျိုးများက မြေထဲပင်လယ်နှင့် အရှေ့ပိုင်း ပင်လယ်နီ၏ ရေကြောင်းများကို ထိန်းချုပ်ထားသည်။ အနောက်ကမ္ဘာသည် အရှေ့တိုင်းနှင့် အဆက်အသွယ် ရလိုက်တိုင်း နိုင်ငံတစ်ခုခုက အပြန်အလှန် ကူးသန်းရောင်းဝယ်မှုကို ဖြတ်ကျော်ပစ်သကဲ့သို့ ရှိနေသည်။ သည်တော့ စူးစမ်းရှာဖွေရေး သမားတွေ တစ်စခန်း ထရပြန်တော့၏။

ကမ္ဘာကြီးလုံးသည်ဆိုသည်ကို ယုံကြည်ခဲ့သည်မှာ ကိုလံဘတ် တစ်ဦးတည်းလား

Christopher Columbus

ဆယ့်ငါးရာစုအရောက်တွင် အာဖရိကတိုက်ကို ရေလမ်းဖြင့် ပတ်သွားနိုင်သည်ဆိုခြင်းကို လူများစုက မေ့လျော့နေကြပြီ ဖြစ်၏။ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်ပြီး အနောက်ဘက်သို့ သွားလျှင် တရုတ်ပြည်၊ အိန္ဒိယပြည်နှင့် အရှေ့တိုင်းအင်းဒီးဒေသများ သို့ ရောက်နိုင်သည်ဆိုသည် ဟူသည့် အယူအဆ ပေါ်ပေါက်ခဲ့သည်မှာ ကြာပြီ။ ၎င်းအယူအဆသည် မှန်ကန်၏။ သို့သော် လမ်းခရီးတွင် အမေရိက တိုက်ကြီးနှစ်တိုက်က ပိတ်ဆို့ကာဆီးနေသည် ဆိုသည့်အချက်ကို ဘယ်သူမျှ မသိကြသေး။
အနောက်ဘက်သို့ ဦးတည်ရွက်လွှင့်ခြင်းအားဖြင့် အရှေ့အရပ်သို့ ရောက်နိုင်သည် ဆိုသည့် အချက်ကို လက်ခံနိုင်ရန်မှာ ကမ္ဘာကြီ။လုံးဝန်းနေသည် ဆိုသည့်အချက်ကို ယုံကြည်မှ ဖြစ်ပေမည်။ ဂျီနိုအာမြို့သား ရေကြောင်း ကပ္ပတိန် ခရစ်စတိုဖာကိုလံဘတ်က ထိုအချက်ကိုယုံကြည်သည်။ ထိုသို့ ယုံကြည်သည်မှာ သူတစ်ဦးတည်း မဟုတ်ချေ။

Pythagoras

ကမ္ဘာကြီးလုံးဝန်းနေကြောင်းကို ဘီစီ ၅၀၀ကပင် ဂရိစာပေပညာရှင် ပိုင်သာဂိုးရပ်က အတည်ပြုခဲ့သည်။ ခရစ်နှစ် ၁၂၅၀ တွင် နော်ဝေမှ ပြုစုသည့် ကျောင်းသုံးစာအုပ်တစ်အုပ်တွင်လည်း ထိုအချက်ကို ဖော်ပြခဲ့သည်။

အရှေ့အင်ဒီး ဒေသသို့ ကိုလံဘတ်ဘာကြောင့် သွားချင်သလဲ

ကိုလံဘတ်သည် ဘ၀ရည်မှန်းချက် တစ်ခုတည်းသာ ရှိခဲ့ဟန်တူ၏။ ၎င်းရည်မှန်းချက်ကား အတ္တလန်တိတ် သမုဒ္ဒရာကို ကျော်ဖြတ်ပြီး အရှေ့အင်ဒီးဒေသသို့ သွားရောက်ရေးပင်ဖြစ်သည်။

သူ့ခရီးအောင်မြင်ရေးအတွက် သူက နက္ခတ္တပညာ၊ မြေပုံဆွဲပညာ၊ ရေကြောင်းပြ ပညာတို့ကို လေ့လာသည်။ ဗိုက်ကင်းလူမျိုးများ ရောက်သွားသည်ဟု ဆိုသော အင်္ဂလန်နှင့် အိုက်စလန်ကျွန်းသို့င် ရေလမ်းမှ သွားခဲ့သည်။
သို့သော် သူသည် အမှားကြီးမှားခဲ့သည်။ သူက ကမ္ဘာကြီးကို အမှန်တကယ်ရှိသည်ထက် သေးငယ်သည်ဟု ယူဆခဲ့ပြီး အာရှတိုက်ကိုမူ အမှန်တကယ်ရှိသည်ထက် ပိုကြီးသည်ဟု ထင်မှတ်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူက ရေကြောင်းခရီးထွက်ဖို့ သန္နိဌာန် ချထားသည်။ သူက သည်ခရီးကို မဖြစ်မနေ သွားမည်သာဖြစ်၏။ သည်ခရီးကို ထွက်ခြင်းမှာ ဘယ်နိုင်ငံအတွက်မျှ မဟုတ်သလို၊ ဘယ်ရှင်ဘုရင်အတွက်မျှ မဟုတ်။ သူ့သွေးသားအထဲကကို သွားချင်နေသဖြင့် သူ့အတွက်သူ သွားခြင်းသာ ဖြစ်၏။

Read Users' Comments (1)comments

ကိုလံဘတ် -Christopher Columbus အပိုင်း(၂)

သူ၏ သမိုင်းဝင်ခရီးစဉ်အတွက် ငွေကြေး ဘယ်ကရခဲ့သလဲ

ကိုလံဘတ်က ပေါ်တူဂီဘုရင် ဒုတိယမြောက် ဂျွန်ထံသို့ ဦးစွာသွားသည်။ ထိုခေတ် ထိုအခါက ပေါ်တူဂီလူမျိုးများသည် ရေလမ်းနှင့် ပတ်သက်၍ ဆရာကြီးများ ဖြစ်၏။ သည်တော့ သူ့ အစီအစဉ်ကို ပေါ်တူဂီများက ထောက်ခံလိမ့်မည်ဟု ကိုလံဘတ် တွက်ဆထားသည်။

သို့သော် ပေါ်တူဂီဘုရင်က အာဖရိကတိုက်ကို ကွေ့ပတ်ပြီး အိန္ဒိယသို့ အရောက်သွားမည့် သဘောင်္တပ်ဖွဲ့ တစ်ဖွဲ့ စေလွှတ်ရန် စီစဉ်ထားသည်။ ကိုလံဘတ်၏ အစီအစဉ်မှာ လက်တွေ့အားဖြင့် မဖြစ်နိုင်ဟု ယူဆသည်။ သို့ဖြင့် ကိုလံဘတ်၏ တင်ပြချက်ကို ပယ်ချလိုက်ရာ သူသည် ၁၄၈၄ ခုနှစ်တွင် ပေါ်တူဂီမှ ပြန်ခဲ့ရသည်။

ကိုလံဘတ်က စပိန်ဘုရင်မကြီး အဇ္ဖဘယ်လာ (Isabella I) ထံသို့ မျှော်လင့်တကြီး သွားပြန်သည်။ သို့သော် ပေါ်တူဂီမှာကဲ့သို့ပင် ပယ်ချခံရပြန်သည်။ သို့ဖြင့် သူ့အစ်ကိုဖြစ်သူအား အင်္ဂလန်သို့ စေလွှတ်ပြီး၊ သတ္တမမြောက် ဟင်နရီဘုရင်ကို ဆွဲဆောင်စည်းရုံးစေသည်။ အချိန်တွေသာ ကုန်သွားသည်။ အကြောင်းထူး မလာ။

၁၄၉၂ ခုနှစ်ဇန်န၀ါရီအထဲတွင် သူက ပြင်သစ်သို့ စတင်ခရီးထွက်သည်။ သို့သော် ထိုအချိန်မှာပင် စပိန်ပြည်ရှိ သူ့မိတ်ဆွေများက သည်ခရီးအောင်မြင်လျှင်၊ စပိန်ပြည် ချမ်းသာကြွယ်ဝပြီး တန်ခိုးအာဏာကြီးထွား နိုင်မည်ဖြစ်ကြောင်း တင်ပြကာ ဘုရင်မကြီးကို စည်းရုံးနိုင်ခဲ့သည်။ သို့ဖြင့် ကိုလံဘတ်အား ပြန်လည် ဆင့်ခေါ်သည်။ ၁၄၉၂ ခုနှစ်ဧပြီလ ဆယ့်ခုနှစ်ရက်နေ့တွေင် အဆိုပါ ခရီးအတွက် သဘောတူစာချုပ်တစ်ရပ်ကို ဘုရင်မကြီး အဇ္ဖဘယ်လာနှင့် ကိုလံဘတ်တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

ကိုလံဘတ်နှင့်အတူ လူအင်အား၊ သဘောင်္အင်အား ဘယ်လောက်ပါသွားသလဲ
ကိုလံဘတ်သည် ၁၄၉၂ ခုနှစ် သြဂုတ်လ သုံးရက်နေ့တွင် သူ၏အလံတင်သင်္ဘော “စန်တာမာရီယာ” ပေါ်သို့တက်သည်။ စန်တာမာရီယာနှင့်အတူ ရွက်လွှင့်မည့် “နီနာ” (Nina) နှင့် “ပင်တာ”(Pinta) သဘောင်္များလည်း အဆင်သင့် ဖြစ်နေပြီ။ ကိုလံဘတ်နှင့်အတူ ၀ါရင့်သင်္ဘောသား ရှစ်ဆယ်ကျော်လည်း လိုက်ပါကြမည်။

ကိုလံဘတ်သည် ရေကြောင်းနှင့် ပတ်သက်၍၊ သူ့ခေတ်သူ့အခါ အကောင်းဆုံးမြေပုံများ၊ အကောင်းဆုံးရေကြောင်း ပြကိရိယာများ၊ နာရီများကို ယူဆောင်သွားသည်။ သူက ထိုပစ္စည်းကိရိယာများ အကူအညီဖြင့် အာရှတိုက်ဟု သူထင်ထားသည့် ဒေသသို့ ရောက်အောင် အနောက်စူးစူးသို့ ဦးတည် ရွက်လွှင့်ခဲ့သည်။

ကင်နရီကျွန်းစုတွင် ခရီးတစ်ထောက်နားပြီးသည်နှင့် သူတို့ အဖွဲ့သည် လူသူမရောက်မပေါက်ဖူးသေးသည့် ပင်လယ်ပြင်ကြီးအထဲသို့ ရောက်သွားတော့၏။ ထိုအချိန်မှစပြီး အသစ်အဆန်းတွေချည်း ကြုံကြသည်။ သို့သော် သြဂုတ်လကုန်သွားသည်။ စက်တင်ဘာလ ကုန်သွားသည်။ အောက်တိုဘာလ ရောက်လာသည်။ သူတို့သည် ရေပြင်ကြီးအထဲမှာပဲ ရှိသေးသည်။ ကမ်းမမြင်ရ၊ လမ်းမမြင်ရ။ မျှော်ကြည့်လေရာတိုင်းတွင် တ၀ုန်ဝုန်းကြွထနေသည့် လှိုင်းလုံးကြီးတွေသာ မြင်တွေ့ကြရသည်။

ကိုလံဘတ်၏ သင်္ဘော ကပ္ပတိန်များ ဘာကြောင့် စပိန်သို့ ပြန်ချင်ကြသလဲ

အောက်တိုဘာလ ဒုတိယ သီတင်းပတ်ထဲတွင် သဘောင်္သားများ ပုန်ကန်ထကြွမှု ဖြစ်လာသည်။ နီနာနှင့် ပင်တာ သဘောင်္များမှ ကပ္ပတိန်များက ကိုလံဘတ်ထံလာပြီး စပိန်သို့ ပြန်လှည့်ရန် ပြောသည်။ သူတို့တွင် ခိုင်လုံသော အကြောင်းပြချက်တွေ ရှိသည်။ ကပ္ပတိန်နှစ်ဦးစလုံးသည် ကိုလံဘတ်ကဲ့သို့ပင် သူရသတ္တိနှင့် ပြည့်စုံသည်။ သင်္ဘောသားများ အယူသီးနေသလို ပင်လယ်တစ္ဆေများအကြောင်းကိုလည်း ယုံကြည်သူများ မဟုတ်။ သို့သော် သူတို့တွင် စားနပ်ရိက္ခာ နည်းနေပြီ။ လောလောဆယ် တိုက်ခတ်နေသည့် လေက သူတို့ကို စပိန်နှင့် ပို၍ပို၍ ဝေးအောင် တွန်းပို့နေသည်။ သည်တော့ ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်အထဲတွင် အစာငတ်သေကြမည့် အစား စပိန်သို့ အချိန်မီ ပြန်ချင်ကြသည်။

ကိုလံဘတ်က အလျှော့မပေး။ သည်ခရီးစဉ်အတွက် သူသည် တစ်သက်လုံး ပြင်ဆင်ခဲ့ရသည်။ ပြီးတော့ ကုန်းမြေတစ်ခု အနီးသို့ ရောက်နေပြီ ဆိုသည်ကို သူသိနေသည်။ သိသည် ဆိုခြင်းမှာ မျက်ရမ်းမှန်းဆ ပြောခြင်း မဟုတ်။ တစ်နေရာမှ တစ်နေရာသို့ ပျံသန်းသွားသည့် ငှက်တွေကို သူတို့ ခေါင်းပေါ်မှာ မြင်နေရသည်။

ထို့ကြောင့် ကိုလံဘတ်က နောက်ထပ် သုံးရက် အပေးအယူလုပ်သည်။ သူ၏ သင်္ဘောကပ္ပတိန်များက သဘောတူညီချက် တစ်ခုပြုလုပ်သည်။ အောက်တိုဘာ ၁၂ရက် ညနေမှာမှ ကုန်းမြေကို မမြင်ရလျှင် သင်္ဘောများကို စပိန်သို့ ပြန်လှည့်မည်ဟူ၍ သဘောတူညီချက်ရခဲ့သည်။

ကိုလံဘတ် နှင့် သူ့အဖွဲ့ ဘယ်ဒေသသို့ ရောက်သွားသလဲ

သင်္ဘောများကို အနောက်စူးစူးသို့ ဆက်ပြီး ရွက်လွှင့်ကြသည်။ အောက်တိဘာလ ဆယ်တစ်ရက်နေ့တွင် ရေပြင်ပေါ်မှ သစ်ကိုင်းများ နှင့် လူခုတ်ထားသည့် ၀ါးလုံး အချို့ကို ဆယ်ယူရရှိကြသည်။ ရှေ့တူရူတွင် ကုန်းမြေရှိနေ သည်မှာ သေချာသလောက် ဖြစ်နေပြီ။ ထိုည ဆယ်နာရီတွင် ကိုလံဘတ်က ရှေ့ဘက် ခပ်ဝေးဝေး တစ်နေရာတွင် မီးရောင်ကို မြင်ရသည်။ နောက်နေ့နံနက် နှစ်နာရီတွင် ပင်တာသင်္ဘောမှ ညဥ့်တာဝန်ကျသူက မိုးကုတ် စက်ဝိုင်းဆီတွင် ကုန်းမြေကို လှမ်းမြင်ရသည်။
နေထွက်လာသောအခါ သူတို့အဖွဲ့ကလေးသည် ကမ္ဘာသစ်၏ ကျွန်းလေးတစ်ကျွန်း အနီးသို့ ရောက်နေပြီ ဖြစ်ကြောင်း တွေ့ရသည်။ ကျွန်းပေါ်သို့ ပထမဦးဆုံးခြေချသူမှာ ကိုလံဘတ်ပင် ဖြစ်၏။

သစ်တောများ ဖုံးအုပ်နေသည့် ကမ်းစပ်များရှိသော မြောက်အမေရိကတိုက်ကို လိဖ်အဲရစ်ဆန် ရှာဖွေတွေ့ရှိခဲ့သည်မှာ နှစ်ပေါင်းငါးရာနီးပါးရှိပြီ။ ထိုတိုက်ကြီးကိုယခု ကိုလံဘတ်က ပြန်လည် တွေ့ရှိခြင်းဖြစ်၏။ သို့သော် သည်အကြောင်းကို ဘယ်သူမျှမသိ။ သူတို့စိတ်ထဲတွင် အာရှတိုက်သို့ရောက်သွားသည်ဟုပဲ ထင်နေကြသည်။

ကိုလံဘတ်က သူ ပထမဆုံးခြေချသည့်ကျွန်းကို “စန်ဆဲလ်ဗေဒို” (San Salvador) ကျွန်းဟု အမည်ပေးခဲ့သည်။ သူနှင့် တွေ့ဆုံသည့် ကျွန်းသားများအခေါ်အရတော့ “ဂွာနာဟာနီ” (Guanahani) ကျွန်းဟုခေါ်သည်။ ထိုကျွန်းကို ကျွန်ုပ်တို့ ယနေ့ခေါ်ဝေါ် နေသည်မှာ “၀က်တလင်းကျွန်း” ဖြစ်၏။

ကိုလံဘတ်သည် ထိုကျွန်းကို စပိန်နိုင်ငံအတွက် သိမ်းပိုက်လိုက်သည်။ ကျွန်းသားများကတော့ ကိုလံဘတ်၏ အဖိုးထိုက်အဖိုးတန် ၀တ်ရုံတွေကို ကြည့်ပြီး အထင်ကြီးလေးစား နေကြသည်။ သူသည် အရှေ့အင်ဒီးတစ်နေရာသို့ ရောက်သည်ဟု ယူဆသော ကိုလံဘတ်က ကျွန်းသားများကို “အင်ဒီးယန်း” များဟု ခေါ်ဝေါ်သမုတ်ခဲ့သည်။ ဤကား အမေရိကတိုက်ပေါ်မှ ကျွန်းသားလူမျိုးစုများကို ဘာကြောင့် “အင်ဒီးယန်း” များဟု ခေါ်ဝေါ်ခြင်း၏ ဇစ်မြစ် ဖြစ်ပေသည်။

ကိုလံဘတ်နှင့်အဖွဲ့သည် ဘဟားမား ကျွန်းစု အထဲမှ ကျွန်းတော်တော်များများကို တွေ့သည်။ ထို့နောက် အေတီကျွန်းသို့ ရောက်သည်။ ကိုလံဘတ်သည် စပိန်နိုင်ငံသို့ ၁၄၉၃ ခုနှစ်မတ်လ ဆယ့်ငါးရက်နေ့တွင် ပြန်ရောက်သည်။ သူ့အား သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ ဘာစီလိုနာမြို့တွင် အဇ္ဖဘယ်လာ ဘုရင်မကြီး ထံ ၀င်ရောက်ခစားပြီး သူစုဆောင်းရရှိခဲ့သည့် ပစ္စည်းများကို ဆက်သသည်။ ထူးဆန်းသော ငှက်များ၊ တိရိစ္ဆာန်များ၊ ၀ါဂွမ်းများ လှပပြီး အနုစိတ်သော သစ်ထွင်းလက်ရာများ။ စိတ်ဝင်စားစရာ အကောင်းဆုံးမှာ အင်ဒီးယန်း လူမျိုး အချို့ဖြစ်၏။ ကိုလံဘတ်သည် ရွှေတွေလည်း သယ်လာသည်။

စပိန်အာဏာရှင်များက အခွင့်အလမ်းကိုမြင်ပြီး လှုပ်ရှားမှုများ ချက်ချင်းပြုလုပ်သည်။ ကိုလံဘတ်အတွက် ခရီးသုံးခေါက်ထွက်ဖို့ ထပ်မံစီစဉ်ပေးကြသည်။ ထိုခရီးစဉ်များ၏ အကျိုးဆက်အဖြစ် ကာရစ်ဘီယံ ပင်လယ်အထဲမှ အဓိက ကျွန်းကြီးတိုင်းပေါ်တွင် အခြေချခဲ့သည်။ အမေရိကတိုက်အလယ်ပိုင်းမှ နေရာဒေသ အတော်များများနှင့် တောင်အမေရိကကို တွေ့သည်။ သူက လက်အောက်ခံ နယ်မြေပေါင်းများစွာ ထူထောင်ခဲ့သည်။ မြောက်မြားစွာသော ရွှေတွေနှင့် အင်ဒီးယန်းကျွန်များသည် စပိန်သို့ ရောက်လာသည်။

တွေ့ရှိထားသည့် ကမ္ဘာသစ်ကို ဘာကြောင့် အမေရိက ခေါ်တွင်သလဲ

စပိန်နိုင်ငံအတွက် စူးစမ်းရှာဖွေရေး ခရီးစဉ်များ ထွက်ပေးနေသည့် အီတာလျံလူမျိုး “အမေရိဂိုဗက်စ်ပူချီ” (Americo Vespucci [March 9, 1454 - February 22, 1512] )ဆိုသော ရေကြောင်း ကပ္ပတိန် တစ်ဦးရှိသည်။ သူသည် အမေရိကတိုက်သို့ သုံးကြိမ်တိတိ ရောက်ခဲ့ဖူးသည်။ ယခု သူတို့ တွေ့နေရသည့် နယ်မြေသစ်သည် အာရှတိုက်၏ အစိတ်အပိုင်း မဟုတ်ကြောင်း။ သို့သော် အရှေ့တိုင်းသွားသည့် ရေလမ်းကြောင်းတွင် ပိတ်ဆို့နေသည့် ကုန်းမြေကြီးတစ်ခု ဖြစ်ကြောင်း သိမြင်သဘောပေါက်သူ အီတလီလူမျိုး “ဗက်စ်ပူချီ” ပင်ဖြစ်၏။

သူ၏ ခရီးစဉ်များအကြောင်း ရေးသားဖော်ပြချက်များသည် ဥရောပတစ်ခွင်တွင် ပျံ့နှံ့ ကျော်ကြားခဲ့သည်။ ဗက်စ်ပူချီသည် အမေရိကတိုက်ကို စတင်တွေ့ရှိသူ မဟုတ်။ သို့သော် သူ၏ ရေးသားချက်များ၏ အောင်မြင်ကျော်ကြားမှုကြောင့် အသစ်တွေ့ရှိထားသည့် နယ်မြေအား သူ့နာမည်ကို အစွဲပြုလျှက် “အမေရိက” ဟုခေါ်တွင်ခဲ့ကြခြင်းဖြစ်၏။

ကိုးကား

Read Users' Comments (2)

ဖြေရဲရင်မေးကြည့် (ကောက်နှုတ်ချက်) –(၁)

ဖြေရဲရင်မေးကြည့်စာအုပ်လေးကို ပထမဦးဆုံး ကျွန်တော့်သူငယ်ချင်း တစ်ယောက်ဆီက ငှားဖတ်ဖူးတာပါ။ အဲဒိစာအုပ်လေးက ဆရာခင်မောင်ညို (ဘောဂဗေဒ) ရဲ့ ဘာသာပြန်စာအုပ်လေးဖြစ်ပြီး မူရင်း စာအုပ်နာမည်နဲ့ ရေးသားသူကတော့ ‘The Book of Question (GREGORY STOCK, Ph.D)’ ဖြစ်ပါတယ်။ ဒီစာအုပ်လေးကို ကျွန်တော် စမြည်းစမ်းဖူးကြည့်ကတည်းက ကြိုက်နှစ်သက်သွားလို့ အပိုင်ဝယ်ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်လေးရဲ့ မူရင်းစာအုပ်ဟာ ၁၉၈၇ခုနှစ်မှာထုတ်ဝေခဲ့ပြီး အရောင်းရဆုံး စာအုပ်တစ်အုပ်လဲ ဖြစ်ပါသတဲ့။ ဆရာခင်မောင်ညိုရဲ့ ဒီစာအုပ်နဲ့ ပတ်သက်တဲ့ အမှာစကားလေးတွေကို ကောက်နှုတ်ပြရရင်

“မေးခွန်းများ ဘယ်သူ့ကို မေးမည်နည်း။ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ မိတ်ဆွေတွေကို မေးကြည့်ပါ။ ကိုယ်သိပ် မသိသော သူကိုလည်း မေးကြည့်ပါ။ မေးဖို့ပင် အတော်ခက်သော မေးခွန်းတွေ ဖြစ်ပါသည်။ သိက္ခာအကြောင်း၊ ငွေကြေးအကြောင်း၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ အကြောင်း၊ ကာမဂုဏ် အာရုံတွေအကြောင်း အကုန်မေးထားပါသည်။”

“ကိုယ့်ကိုယ်ကိုယ် ပိုမိုနားလည်အောင် မေးသည် ဖြစ်စေ၊ အခြားသူများနှင့် ပြောစရာ စကားရအောင် စကားမရှိစကား ရှာ မေးသည်ဖြစ်စေ၊ သဘောထားတွေ၊ သီလတွေ၊ ယုံကြည်ချက်တွေကို စိန်ခေါ်ပါလိမ့်မည်။”

“တစ်ခုသတိထားစရာက အဖြေမှားဟူ၍ မရှိပါ။ အဖြေမှန်ဟူ၍ မရှိပါ။ ရိုးရိုးသားသား ဖြေသည့်အဖြေနှင့် မရိုးမသား ဖြေသည့် အဖြေဟူ၍သာ ရှိပါသည်။”

“အလွယ်တကူ ဟုတ်တယ် မဟုတ်ဘူး ဟူသော အဖြေမျိုးကို မပေးပါနှင့်၊ ဉာဏ်ကွန့်ချင်သလောက် ကွန့်၊ စဉ်းစားချင်သလောက် စဉ်းစားပါ။ မေးခွန်းမေးရ ဖြေရတာ ပျော်စရာ ဖြစ်လာပါလိမ့်မည်။”
ကဲဒါကတော့ စာအုပ်မှာပါတဲ့ ဆရာခင်မောင်ညိုရဲ့ အမှာစကား တချို့ပဲဖြစ်ပါတယ်။ ဒီစာအုပ်လေးထဲမှာ တကယ့်ကို ကပ်သီးကပ်သပ် မေးခွန်းတွေ ပါပါတယ်။ ကဲ သူငယ်ချင်းတို့ရေ ဖြေရဲရင် မေးကြည့်ဖို့ အတွက် သင့်တော်ရာ မေးခွန်းအချို့ကို ကောက်နှုတ်ဖော်ပြလိုက်ရပါတယ့်။ (ဆရာခင်မောင်ညိုရဲ့ စာအုပ်မှာ မြန်မာလို တပိုင်း အင်္ဂလိပ်လို တပိုင်း ပါပေမယ့် ကျွန်တော့်ဘလော့ဂ်မှာ ဖတ်ရတဲ့သူတွေ အတွက်တော့ ပို့စ်ရှည်ပြီး ဖတ်ရတာ မျက်စိနောက်နေမှာ စိုးလို့ အင်္ဂလိပ်လိုတပိုင်းကိုတော့ ဖြုတ်ထားခဲ့ပါတယ်။)

Question 1
အူထဲအသည်းထဲက စွဲစွဲမြဲမြဲ ချစ်ကြိုက်မိသူတစ်ဦးအတွက် မိမိမိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ ပြန်ဆုံဖို့ အလားအလာ နည်းနည်းပဲ ရှိတယ်ဆိုရင်တောင်မှ ရပ်ဝေးမြေခြားကို ထွက်သွားနိုင်မလား?

Question 2
ဆေးရုံတက်ပြီး ကလေးမွေးခဲ့စဉ်က အရောရောအမှားမှားဖြစ်လို့ အခု ၁ နှစ် အရွယ်ရှိနေတဲ့ ကလေးဟာ ကိုယ့်ကလေး မဟုတ်မှန်း သိလိုက်ရတယ်။
ကဲ ဘာလုပ်မလဲ?
မှားသွားတာကို ပြန်ပြင်ချင်တာနဲ့ ကလေးချင်း လဲမလား?

Question 3
သင့်ကို လူသတ်ခွင့် ပေးလိုက်တယ်။
သူတို့ သေသင့်တယ် ထင်ရင်
တာ့တာ နှစ်ခါပြောပြီးရင် သူတို့ သေမယ်။
သဘာဝအတိုင်း သေသွားတယ်လို့
ဘေးလူတွေက ထင်ပြီး
ဘယ်သူကမှ သင့်အပေါ် သံသယ မဖြစ်။
အဲဒိအခြေအနေမျိုးကို ရမယ်ဆိုရင်
သင့်စွမ်းအားတွေကို အသုံးပြုမှာလား?

Question 4
သင့်အသက် (၉၀) အထိ အသက်ရှည်မယ်။ လွန်ခဲ့တဲ့ အနှစ်(၆၀)ကျော်၊ အသက်(၃၀)ခန့်က ရုပ်မျိုး
(သို့မဟုတ်) စိတ်မျိုး တစ်ခုခုရမယ်။
အသက်(၃၀) ခန့်က ရုပ်ကို ယူမလား။
အသက်(၃၀)ခန့်က စိတ်ကို ယူမလား။

Question 5
လုပ်ငန်းမှာ သိပ်အောင်မြင်တယ်၊
ကိုယ်ရေးကိုယ်တာ ဘ၀မှာ လုံးဝမအောင်မြင်။
လုပ်ငန်းမှာ လုံးဝမအောင်မြင်၊
ကိုယ်ရေးကိုယ်တာ ဘ၀မှာ
အလွန်ပျော်စရာ ကောင်းတယ်။
ဘယ်ဘ၀ကို ပိုကြိုက်သလဲ။

Question 6
စိတ်ကူးယဉ် အိပ်မက်တွေထဲက အချစ်မျိုးကို
ပေးမယ့်သူတစ်ယောက်နဲ့ သင်တွေ့ဆုံခွင့်ရမယ်။
ဝမ်းနည်းစရာက သူ(၆)လအတွင်း သေမယ်။
အဲသလိုဆိုရင်ရော အဲဒိလူနဲ့ တွေ့ချင်သေး၊
ချစ်ချင်သေးသလား။ ?
တကယ်လို့ သင့်ချစ်သူက သေတော့ မသေဘူး၊
ဒါပေမယ့် သစ္စာဖောက်သွားမယ် ဆိုရင်ရော။ ?

Question 7
အာဖရိက ပူးဒူးလူရိုင်းတွေရဲ့ အရုပ်လို အရုပ်တစ်ခုရပြီး
သင်ဒုက္ခပေးနိုင်မယ့် အခွင့်အရေး ရမယ်ဆိုရင် သင်လုပ်မလား။?

Question 8
အခြားနိုင်ငံတစ်ခုကို သွားသည့်အခါ သင့်ချစ်သူက
လူစိမ်းတစ်ယောက်နှင့် တစ်ညတာ တွေ့ဆုံခဲ့ကြသည် ဆိုပါစို့။
သူတို့ ဘယ်အခါမျှ ပြန်လည်မတွေ့တော့လျှင်လည်းကောင်း၊ အခြားနည်းဖြင့်
ထိုကိစ္စကို သင်မသိနိုင်လျှင်သော် လည်းကောင်း၊ သင့်ချစ်သူ ပြန်ပြောတာကို
ကြားချင်ပါသလား။ ?
အကယ်၍ ထိုကိစ္စ၌ သင့်ချစ်သူမဟုတ်ဘဲ သင်ဖြစ်နေခဲ့လျှင်
သင်လုပ်ခဲ့တာကို ပြန်ပြောမည်လား။?

Question 9
ကမ္ဘာမှာ အငတ်ဘေးဆိုက်နေသည်။
ထိုအငတ်ဘေးကို အဆုံးသတ်ရန်အတွက်
အပြစ်မဲ့သည့် လူတစ်ယောက်ကို
သတ်ရမည်ဆိုလျှင်
သတ်ချင်ပါရဲ့လား။?

Question 10
သင်ချမ်းသာသမျှ စည်းစိမ်ဥစ္စာ၏ တစ်ဝက်ကို ပေးလျှင် သင့်ကို ဆေးတစ်မျိုး ပေးမည်။
ထိုဆေးကို သောက်လျှင် တစ်နေ့ တစ်နာရီ အိပ်ရုံမျှဖြင့် အိပ်ရေးဝ လန်းဆန်းစေမည်။
ဝယ်မလား။?

Read Users' Comments (1)comments

ဖြေရဲရင်မေးကြည့်(ကောက်နှုတ်ချက်)-(၂)

Question 11
အကယ်၍ သင်နှင့် စေ့စပ်ထားသူက
မတော်တဆ ထိခိုက်မှု ဖြစ်ကာ
ကိုယ်တစ်ပိုင်း သေသွားသည် ဆိုပါစို့၊
ရှေ့တိုးမလား? နောက်ဆုတ်မလား?

Question 12
သင်နဲ့ သိပ်ရင်းနှီးတဲ့ လူတစ်ယောက်ဟာ ဝေဒနာ အပြင်းအထန် ခံစားနေရတယ်။
ကိုယ်တစ်ပိုင်း သေနေတယ်။
တစ်လလောက်ဆိုရင် ကွယ်လွန်တော့မယ်။
သူက သူသေချင်လှပြီဆိုပြီး
အဆိပ်ကျွေးခိုင်းနေတယ်။
အဲဒိလိုဆိုရင် သင် ကျွေးမလား?
အဲဒိလူဟာ သင့်အဖေ ဖြစ်နေရင်ကော?

Question 13
ညနက်နက်မှာ သင်ရဲ့ကား ရပ်လိုက်တုန်းက ဘေးက အဖိုးတန် ကားတစ်စီးကို နည်းနည်းလေး ပွတ်တိုက်မိသွားတယ်။
ဘာဖြစ်သွားတယ်ဆိုတာ ဘယ်သူမှ မသိလိုက်ကြဘူး။
ထိခိုက်မိတာကလည်း အသေးအဖွဲပါ။
ဒါဆိုရင် အဲဒိကားကို သ မတော်တဆ ပွတ်တိုက်မိတဲ့ အကြောင်း
ကားပိုင်ရှင်ကို ပြောပြမလား။?

Question 14
သင့်ရဲ့ အိမ်ထောင် ဖက်ဟာ သင့်ထက် ပိုတော်တဲ့သူ
သင့်ထက် ပိုတော်တဲ့သူ၊ သင့်ထက် ချောမောလှပ ဆွဲဆောင်မှု ရှိတဲ့သူ
ဖြစ်စေချင်သလား?

Question 15
တခြားသူ တစ်ယောက် ရှေ့မှာ အပေါ့သွားရဲသလား?

Question 16
သင်နဲ့ သင် စွဲစွဲမြဲမြဲ ချစ်ကျွမ်းဝင်တဲ့ လူတစ်ယောက်ကို အခန်းတစ်ခန်းစီမှာ
သီခြားခွဲထာမယ်။ သင်တို့ ဘေးမှာ ခလုတ်တစ်ခုစီ တပ်ထားပေးမယ်။
တစ်နာရီအတွင်းမှာ တစ်ယောက်ယောက်က ခလုတ်မနှိပ်ရင်
နှစ်ယောက်လုံး သေသွားမယ်။
ပထမဆုံူး ခလုတ်နှိပ်တဲ့သူဟာ အခြားတစ်ယောက်ရဲ့ အသက်ကို ကယ်နိုင်ပေမယ့်
သူကတော့ ချက်ချင်း သေသွားမယ်၊ သင်ဘာလုပ်မယ် ထင်သလဲ?

Question 17
သုံးလလောက် မျက်နှာ မသစ်ရဘူး၊
သွားမတိုက် ရဘူး၊
ချွေးနံ့ ပျောက်ဆေးတောင် မသုံးရဘူး၊
ဒီအတွက် ဒေါ်လာနှစ်သောင်း ပေးမယ်ဆိုရင်
သင်လက်ခံမလား၊
ဒီအကြောင်းကို ဘယ်သူ့မှလဲ ရှင်းလင်း မပြရဘူး၊
သင့်ရဲ့ ရေရှည် အလုပ်အကိုင်ကိုလည်း
မထိခိုက်ဘူး။

Question 18
ရောဂါဆိုးကြီးတွေ အားလုံးက
ကင်းဝေး ပပျောက်စေမယ်၊
ဒီအတွက် လက်ချောင်းတစ်ချောင်း အဖြတ်ခံရမယ်ဆိုရင်
ခံမလား?

Question 19
သင်ရယ်၊ သင့်အဖေရယ်၊ သင့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေရယ်
သုံးယောက်သား တောနက်ထဲမှာ လျှောက်လည်နေကြတယ်။
ဒီလိုလည်ရင်း သင့်အဖော်နှစ်ယောက်ဟာ မြွေသိုက်နဲ့ တိုးပြီး
အဆိပ်ရှိတဲ့ မြွှေတွေ အကြိမ်ပေါင်းများစွာ ကိုက်ခဲတာကို ခံနေရတယ်၊
မြွေဆိပ်ဖြေဆေး ထိုးမပေးနိုင်ရင် အသက်ရှင်ကြမှာ မဟုတ်ဘူး၊
မြွေဆိပ် ဖြေဆေးကလည်း သင့်အိတ်ထောင်ထဲမှာ တစ်လုံးတည်း ရှိနေတယ်။
သင်ဘယ်သူ့ကို ဆေးထိုးပေးမလဲ

Question 20
ရက်ရက်ရောရော ရှိလှတဲ့ သန်းကြွယ် သူဌေးတစ်ယောက်က
သင့်ကို ရက်ရက်ရောရော ငွေပေးမယ်။ ဒါပေမယ့် သင့်အနေနဲ့ မြို့လယ်ခေါင်မှာ
ကားပေါ်က ကိုယ်လုံးတီးနဲ့ ဆင်းပြီး (၄)လမ်း လမ်းလျှောက်ရမယ်။
ပြီးမှ ကားပေါ် ပြန်တက်ရမယ်။
သင်လမ်းလျှောက်နေတဲ့အချိန်မှာ သင့်ကို
ဘယ်သူကမှ ကိုယ်ထိလက်ရောက်
စော်ကားမော်ကား မလုပ်ကြဘူးဆိုရင်
သင်လုပ်မှာလား?

Read Users' Comments (6)

ရှေးဦး မြန်မာနိုင်ငံ (၁)

ကျောက်ခေတ်

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ခန့်က ကျောက်ခေတ်လူများ နေထိုင်ခဲ့ကြဘူးသော အထောက် အထားများကို တွေ့ရသည်။ သို့ရာတွင် ယခုတိုင် သုတေသန ဆက်လက် ပြုနေဆဲ ဖြစ်၍ မည်သည့် လူမျိုးများ နေခဲ့သည်ဟု အတိအကျ မပြောနိုင်သေးပေ။
(ဤ စာအုပ်သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ မူပိုင်ဖြင့် ၁၉၆၈ခုနှစ် မေလတွင် ပုံနှိပ်ဖြန့်ချီခဲ့ခြင်း ဖြစ်သဖြင့် နောက်ပိုင်းတွင် ထပ်မံတွေ့ရှိခဲ့သော ပုံတောင် ပုံညာ ကျောက်ဖြစ် ရုပ်ကြွင်းများ အကြောင်း မပါဝင်သေးပါ…….“မင်းယွန်းသစ်”)

မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းဒေသ ဖြစ်သည့် ပြည်နှင့် သရက်ခရိုင်တို့ ၌ ကျောက်လက်နက် ကရိယာ များကို အများအပြား ရှာဖွေ တွေ့ရှိရသည်။ ထို့ပြင် ရှမ်းပြည်၌လည်း ရှေးဟောင်း ကျောက်ဂူများ အတွင်း၌ ကျောက်လက်နက် ကရိယာများ၊ လူအရိုးများ၊ ကျောက်ဂူနံရံ၌ ပန်းချီကားများကို တွေ့ရှိရသည်။ (ဤ ကိစ္စကို ရှေးဟောင်း သုတေသန ဌာနမှ ဆက်လက်၍ စူးစမ်းလျက်ရှိ၏။)

လူမျိုးများ

မြန်မာပြည်တွင် ကျောက်ခေတ်၌ နေကြသော လူသားတို့၏ အမျိုးအနွယ်ကို အတိအကျ မသိရသော်လည်း ကျောက်ခေတ်အလွန်၌ မူ ယခုကပ္ပလီကျွန်း၌ နေသော အသားမည်း နီဂရိုတို လူမျိုးများ မြန်မာနိုင်ငံကို ဖြတ်ကျော်သွားသည်ဟု ယူဆကြသည်။

ကျောက်ခေတ် အလွန်တွင် အတော်အတန် ယဉ်ကျေးသော ဆလုံနှင့် မလေးလူမျိုးများ မြန်မာပြည်သို့ ရောက်ရှိ ကြသည်။ ထိုလူမျိုးများမှာ မြန်မာနိုင်ငံသို့ အပြင်အပမှ ပထမဦးစွာ ရောက်လာကြသူများ ဖြစ်၏။

သမိုင်းသုသေသီတို့က လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော် ၃၀၀၀ ခန့်က ထိုဆလုံနှင့် မလေးလူမျိုးများသည် မြန်မာနိုင်ငံနှင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်တွင်းသို့ ၀င်ရောက်လာသည်ဟု ယူဆကြသည်။

ထပ်မံရောက်ရှိလာသူများ

မြန်မာနိုင်ငံသို့ ဆလုံနှင့် မလေးအနွယ်များ ရောက်ပြီးနောက်မှ ရောက်လာကြသူများမှာ မွန်ခမာ အနွယ်ဟု ခေါ်သော မွန်၊ ပလောင်နှင့် ၀လူမျိုးများ ဖြစ်သည်။ ထိုလူမျိုးများသည် မိမိတို့၏ ပင်ကိုယ် ယဉ်ကျေးမှုအပြင် ဆလုံနှင့် မလေးတို့၏ ယဉ်ကျေးမှုကို လည်း ခံယူကြသည်။

ဆလုံ၊ မလေးတို့သည် အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်း အပြင် တောင်ယာ လုပ်ကိုင်ပြီး ဆန်စပါး၊ ပဲ၊ ပြောင်း ကြံစသည့် သီးနှံစုံ စိုက်ပျိုးရေးများကို စိုက်ပျိုး လာကြသဖြင့် စိုက်ခင်း ပျိုးခင်းနှင့် နီးကပ်သော ဒေသများ၌ သူတို့ နေထိုင်ကြသော ရွာကလေးများ ပေါ်လာသည်။

တိဗက်-မြန်မာ

မွန်-ခမာ တို့နောက်မှ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိသူများမှာ မွန်ဂိုးလီးယန်း အနွယ်ဖြစ်သည့် တိဗက်-မြန်မာ လူမျိုးများ ဖြစ်သည်။ တိဗက်-မြန်မာ အနွယ်ထဲတွင် ပျူ၊ ကရင်နှင့် သက်* လူမျိုးသုံးမျိုး ပါသည်။

ပျူတို့သည် ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာပြီးလျှင် မြန်မာပြည် အလယ်ပိုင်းဒေသ ၌ နေထိုင်ကြသည်။ သက်တို့သည် ဧရာဝတီ နှင့် ချင်းတွင်းမြစ် မြောက်ပိုင်းဒေသတို့၌ အခြေစိုက်ကြပြီးနောက် ချင်းလူမျိုးများ ဖြစ်လာကြသည်။ ကရင်တို့ကမူ သံလွင်မြစ်အတိုင်း စုန်ဆင်းလာပြီးလျှင် ရှမ်းကုန်းမြေမြင့်ကို ဖြတ်ကျော်၍ ကယားပြည်နယ် တ၀ိုက်တွင် နေကြပုံရသည်။

မြန်မာနိုင်ငံသို့ တိဗက်-မြန်မာတို့ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ခန့် (ခရစ်နှစ် ၄၆၀ ခန့်) က ရောက်လာကြသည်ဟု ယူဆကြသည်။
*(ပျူ၊ ကရင်၊ သက်သို့ မဟုတ် ပျူ၊ ကမ်းယံ၊ သက်ဟုဆိုသော အဆိုပြုချက်များ ရှိသော်လည်း ယခုအခါတွင် ရှေးဟောင်း သုသေတန ဌာနမှ ရှိရင်းတိုင်းရင်းသားများ၏ ဇာတိ၊ ဇာစ်မြစ်နှင့် ဖြစ်ရပ်အမှန်များကိုသာလျှင် အတည်ပြု၍ ဆက်လက် စူးစမ်းရှာဖွေ နေဆဲပင် ဖြစ်ပါသည်။)

မြန်မာ

မွန်ဂိုလ်ကုန်းမြင့်အစွန်း ယခုတရုတ်ပြည်၏ အနောက်မြောက်ဖက်ရှိ ကန်စုဒေသ၌ မွန်ဂိုးလီးယန်းအနွယ်ဝင် မြန်ဟုခေါ်သော လူမျိုးများ နေခဲ့ကြသည်ဟု ဆို၏။

ထိုလူမျိုးများသည် တသီးတခြားစီ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားဖြင့် နေခဲ့ကြ၏။ ထိုလူမျိုးများသည် တရုတ်ပြည်က ၀င်ရောက် တိုက်ခိုက်ခြင်းကြောင့် ခရစ်မပေါ်မီ နှစ်ရာစု ခေတ်လောက်တွင် မိမိတို့နေရင်းဒေသကို စွန့်၍ တောင်ဖက်သို့ တရွေ့ရွေ့ ဆင်းလာခဲ့ကြသည်ဟု ယူဆရသည်။

ခရစ်ခုနှစ် ၆၅၀ လောက်တွင် ရှမ်းကုန်းမြေမြင့်ကို ဖြတ်ကျော်၍ ကျောက်ဆည် ခရိုင်တွင် အခြေစိုက်ကာ နေထိုင်ကြပြီးလျှင် မြန်မာနိုင်ငံ တောင်ပိုင်း၌ ရှိနှင့်ပြီးဖြစ်သော မွန်တို့၏ ယဉ်ကျေးမှုကို ခံယူကြသည်။ ထိုလူမျိုးများနှင့် မြန်မာနိုင်ငံ၌ ရှိပြီးဖြစ်သော လူမျိုးတို့ အချင်းချင်း ရောရှက်ကာ နောင်တွင် မြန်မာလူမျိုးဟူ၍ ပေါ်ပေါက်ခဲ့သည်ဟု ယူဆရသည်။

ရှမ်းလူမျိုးများ

တိဗက်-မြန်မာ၊ မွန်-ခမာတို့နှင့် မတူပဲ သီးခြား ဆင်းသက်လာသော အခြားလူမျိုးတစုမှာ ထိုင်းတရုတ် အနွယ် ဖြစ်သည်။ ထိုလူမျိုးမှ ရှမ်း နှင့် ယိုးဒယား လူမျိုးစု ဖြစ်လာသည်။

ခရစ်မပေါ်မီ အနှစ်၁၀၀ ခန့်တွင် ရှမ်းလူမျိုးတစုသည် ရွှေလီမြစ်ဝှမ်း၌ နေကြသည်ဟု သမိုင်း သုတေသီတို့က ဆိုသည်။ ခရစ်ခုနှစ် ၆၀၀ ခန့်တွင် နောက်ရှမ်းတသုတ် ရောက်ရှိ လာပြန်သည် ဟု ယူဆကြသည်။

အချို့သုသေတီတို့ကမူ ထိုင်းတရုတ် အနွယ်ဝင် ရှမ်းလူမျိုးစုသည် ခရစ်ခုနှစ် ၇၈တွင် တရုတ်တို့၏ စိုးမိုးခြင်းကို မခံလိုကြသဖြင့် ပုန်ကန်ကြရာမှ အရေးနိမ့်၍ ရှမ်းကုန်းမြေမြင့် မြောက်ပိုင်းသို့ ရောက်လာကြသည်ဟု ဆိုသည်။

(ထိုင်းလူမျိုးများကို အချို့သော သမိုင်းစာအုပ်များ၌ တိုင်လူမျိုးဟုလည်းခေါ်ဆိုကြသည်။ “မင်းယွန်းသစ်”)

(အထက်ပါအချက်အလက်များသည် စတုတ္ထအကြိမ်ထုတ် ကမ္ဘာ့သမိုင်းမှတ်တိုင်များ- ပထမတွဲစာအုပ်မှ ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ကြောင်း ၀န်ခံအပ်ပါသည်။)

Read Users' Comments (0)

ရှေးဦး မြန်မာနိုင်ငံ (၂)

ရှေးဦး အာဏာပိုင် နိုင်ငံများ

မြန်မာလူမျိုးများ ကျောက်ဆည်သို့ မရောက်မီကပင် မြန်မာပြည်သို့ ရှေးဦးမဆွ ရောက်နှင့်နေသော မွန်၊ ပလောင်၊ ၀အနွယ်ဝင် လူမျိုးများသည် မြန်မာနိုင်ငံ၏ တောင်ပိုင်းတွင် သုဝဏ္ဏဘုမ္မိခေါ် သထုံ ပြည်ကို လည်းကောင်း၊ သက်နှင့် အနွယ်တူသူတို့က တကောင်းပြည်ကို လည်းကောင်း၊ ပျူလူမျိုးစုတို့က သရေခေတ္တရာ ခေါ် ပြည်မြို့ကို လည်းကောင်း တည်ထောင်ကာ နေထိုင်ခဲ့ကြသည်။

သုဝဏ္ဏဘုမ္မိ

သုဝဏ္ဏဘုမ္မိခေါ် သထုံမြို့ပြည်ရှိ မွန်တို့သည် မိမိတို့၏ ပင်ကိုယ် ယဉ်ကျေးမှုအပြင် အိန္ဒိယ တောင်ပိုင်းမှ ကုန်သည်များနှင့် ဆက်သွယ်ကြရင်းနှင့် အိန္ဒိယ၏ ယဉ်ကျေးမှုကို ခံယူကြသည်။

ရှေးခေတ်တွင် သထုံမြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ပြီးလျှင် အိန္ဒိယပြည်နှင့် ပင်လယ်ရေကြောင်းမှ ကုန်စည် ကူးသန်းရောင်းဝယ်သည်။ ထိုမြို့သည် အလွန်စည်ကားသော ဆိပ်ကမ်းမြို့ဖြစ်သည်ဟု သုတေသီတို့က ဆိုကြ၏။

သုဝဏ္ဏဘုမ္မိသည် ဗုဒ္ဓဘာသာကို အိန္ဒိယမှ ရှေးဦးစွာ ရရှိခဲ့သော ဒေသဖြစ်၏။ ရှေးမဆွကပင် ထိုမြို့၌ လက်မှု အတတ်ပညာများ ထွန်းကားခဲ့သည်။

သရေခေတ္တရာ

ပြည်မြို့ကို ပျူလူမျိုးက သရေခေတ္တရာပြည် အမည်ဖြင့် တည်ထောင်ခဲ့ကြသည်။ တကောင်းမင်းဆက်မှ မဟာသမ္ဘာဝနှင့် စူဠာသမ္ဘ၀ ညီနောင်တို့သည် ခရစ်မပေါ်မီ သက္ကရာဇ် ၄၀၀ ခန့်တွင် သရေခေတ္တရာသို့ ရောက်လာကြပြီးလျှင် မင်းဆက် တည်ထောင်ခဲ့ကြသည်ဟု ဆိုသည်။

သရေခေတ္တရာသည်လည်း သထုံမြို့ကဲ့သို့ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ခဲ့သဖြင့် ကူးသန်းရောင်းဝယ်မှုအတွက် အချက်အချာစခန်း ဖြစ်ခဲ့သည်။ သရေခေတ္တရာပြည်သည် တောင်သို့လားသော် ပြည်မြို့ထိ မြောက်သို့လားသော် ရွှေဘိုခရိုင် ဟန်လင်းကြီးမြို့အထိ ဧရာဝတီမြစ်ရိုးတလျှောက် ကျယ်ပြန့်သော ပြည်ဖြစ်သည်။

သရေခေတ္တရာခေတ်တွင် မဟာသမ္ဘ၀မှအစ မင်းဆက်ပေါင်း ၂၇ဆက် ရှိခဲ့ရာ နောက်ဆုံးမင်းဆက်မှာ ခရစ်ခုနှစ် ၉၅ ၌ ကွယ်လွန်သော သုပညာမင်း ဖြစ်သည်။

ဗိဿနိုးမြို့

သရေခေတ္တရာနှင့် ခေတ်ပြိုင် ထွန်းကားခဲ့သော မြို့မှာ ယခုတောင်တွင်းကြီးနယ်ရှိ ဗိဿနိုးမြို့ပင် ဖြစ်၏။ ခရစ်မပေါ်မီ အနှစ် ၅၀၀ ခန့်ကပင် အလွန် ခမ်းနားကြီးကျယ်သော ဗိဿနိုးမြို့ကြီးကို တည်ခဲ့သည်ဟု ဒဏ္ဍာရီသဖွယ် ပြောကြ၏။

သို့ရာတွင် ယခုအခါ၌ ရှေးဟောင်း သုတေသန ဌာနက ရှာဖွေတွေ့ရှိချက်အရ အုတ်ဖြင့် ဆောက်လုပ်သော ဗိဿနိုးမြို့ကြီးကို မျက်ဝါးထင်ထင်တွေ့ရပြီး၊ ထိုမြို့ကို မြေအုတ်တို့ဖြင့် စနစ်တကျ အခိုင်အခံ့ တည်ဆောက်ထားပုံ၊ ထိုမြို့တွင် တွေ့ရှိရသော မြေအိုးမြေခွက်တို့မှာ အလွန် လက်ရာ မြောက်သည်ကို တွေ့ရသည်။

ဗိဿနိုးမြို့ ယဉ်ကျေးမှုသည် အဆင့်အတန်းမြင့်သည်။ အိန္ဒိယ ရှေးဟောင်း ယဉ်ကျေးမှုနှင့် နီးစပ်ပုံရသည်။ သို့သော် ထိုမျှ ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှု ပျောက်ကွယ် သွားပြီးနောက် ပေါ်လာသော ယဉ်ကျေးမှုလက်ရာတို့မှာ ထိုခေတ်က လက်ရာမျိုးကို မမီပဲ ဖြစ်နေသည်မှာ မတွေးတတ်စရာ ဖြစ်နေသည်။

တကောင်းပြည်

မြန်မာနိုင်ငံတွင် ရှေးအကျဆုံးဖြစ်သော အာဏာပိုင် ပြည်နယ်မှာ တကောင်းပြည်ပင်ဖြစ်သည်။ တကောင်းပြည်ကို မည်သည့်အချိန်က တည်ထောင်ခဲ့သည်ကို အတိအကျ မသိရသော်လည်း ဂေါတမဘုရား မပွင့်မီ ပဝေဏီကာလ ကပင် သာကီနွယ်ဝင် အဘိရာဇာမင်းသည် နောက်လိုက်နောက်ပါတို့ဖြင့် ရောက်လာသောအချိန်တွင် တကောင်းပြည်သည် ရှိနှင့်နေပြီးဖြစ်၏။

အဘိရာဇာသည် တကောင်းပြည်ကို သိမ်းပိုက် အုပ်စိုးခဲ့သည်။ ပထမ တကောင်းမင်းဆက်တွင် အဘိရာဇာ အပါအ၀င် မင်းဆက်ပေါင်း ၃၃ ဆက်ရှိခဲ့သည်။

အိန္ဒိယပြည်၌ ဂေါတမဘုရားပွင့်စဉ် (ခရစ် မပေါ်မီ ခြောက်ရာစုခန့်) တွင် သာဝတ္ထိပြည် ပသေနဒီ ကောသလမင်း၏ သားတော် ၀ိဋဋူပ၏ ရန်ကို ကြောက်၍ ပြေးလာသော သာကီဝင်မင်း ဓဇရာဇာသည် တကောင်းသို့ ထပ်မံရောက်လာ၏။ မူလတကောင်းမင်းဆက်မှ ဘိန္နကမင်း၏ မိဖုရား နာဂဆိန်နှင့် တွေ့ပြီးလျှင် သာကီဝင် အနွယ်ချင်း စုံဖက်၍ ဒုတိယ တကောင်းဆက် တည်ထောင်ခဲ့ရာ မင်းဆက် ၁၇ ဆက်အထိ ကြာခဲ့သည်။

ဓဇရာဇာ အုပ်စိုးသော ဒုတိယ တကောင်း မင်းဆက်နှင့်အတူ မြန်မာနိုင်ငံ အထက်ပိုင်းသို့ ဗုဒ္ဓဘာသာသည် ရောက်လာခဲ့သည်။

ယဉ်ကျေးမှု

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုသည် မွန်-ခမာ ယဉ်ကျေးမှုနှင့် တိဗက်-မြန်မာ ယဉ်ကျေးမှု နှစ်ခုနှင့်တကွ အိန္ဒိယပြည်မှ ရောက်လာသော ယဉ်ကျေးမှုပါ ရောစပ်နေသော ယဉ်ကျေးမှုဖြစ်သည်။

မြန်မာလက်မှုပညာ၊ အနုပညာတို့မှာ အထက်ပါ ယဉ်ကျေးမှု သုံးခုကို ပေါင်းစပ်ရာမှ ပေါ်ပေါက်လာဟန် ရှိသည်။ မြန်မာ တိုင်းရင်းသားတို့၏ စရိုက်မှာ ပြင်ပမှရသော ယဉ်ကျေးမှုကို ပြန်လည် တီထွင်၍ ကိုယ်ပိုင် ယဉ်ကျေးမှု ဖြစ်အောင် ဖန်တီးတတ်သည်ကို တွေ့ရ၏။

အိပ်ခ်ျဂျီဝဲလ်ကမူ ရှေးဘီစီ ၁၅၀၀ ခန့်ကပင် မြန်မာနိုင်ငံတွင် တောကြက်ကို အိမ်ကြက်အဖြစ် ယဉ်ကျေးအောင် မွေးမြူတတ်ကြသည်ဟု ဆို၏။ ကြက်ကို ယဉ်ကျေးအောင် မွေးမြူသော အတတ်သည် မြန်မာနိုင်ငံက စ၍ ဘီစီ ၁၀၀၀ ခန့်တွင် တရုတ်ပြည်သို့ ပြန့်သွားပြီးလျှင် ထိုမှတဆင့် ပါရှားနိုင်ငံကို ဖြတ်ကျော်ပြီးလျှင် ဆိုကရေးတီး၏ ခေတ် ဂရိပြည်သို့ ရောက်သွားသည်ဟု ဖော်ပြထားသည်။

(အထက်ပါအချက်အလက်များသည် စတုတ္ထအကြိမ်ထုတ် ကမ္ဘာ့သမိုင်းမှတ်တိုင်များ- ပထမတွဲစာအုပ်မှ ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ကြောင်း ၀န်ခံအပ်ပါသည်။)

Read Users' Comments (1)comments

ပြုံးရယ်မှတ်သား သူတို့စကား

တနေ့က မောင်ကောင်းထိုက် (နှီးပဒေါ) ရဲ့ ထွေလီကာလီ စာအုပ်ကို ငှားဖတ်တော့ Aphorism စာတိုလေးတွေ စုထားတဲ့ စာအုပ်ဖြစ်နေတယ်။ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ မထိတထိ၊ ခပ်ထေ့ထေ့လေး ပြောထားတဲ့ စာကြောင်းတိုလေးတွေဟာ တိုပေမယ့် ဖတ်လိုက်တာနဲ့ ကလိကလိ ဖြစ်ပြီး တချို့ဟာလေးတွေဆို နောက်ဆက်တွဲ တွေးစရာလေးတွေပါ ပါပါတယ်။ တခြား စာအုပ်တွေမှာလို အလေးအပင်ကြီးတွေ မဟုတ်ပဲ ခပ်ထေ့ထေ့ ပြောစကားတွေ ဖြစ်လို့ ပြုံးရင်း ရယ်ရင်း မှတ်သားစရာ တွေ ပါလို့ ကောင်းနိုးရာရာ ကောက်နှုတ်ချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

“တက္ကသိုလ်ပညာရဲ့ ကျေးဇူးကြောင့် ကျွန်တော် ဘာမှ မသိဘူးဆိုတာကို ကျွန်တော်သိလာတယ်”
(ရူးဒီး + ၁၉၂၆ - ၁၉၈၃ + စာရေးဆရာ၊ စီးပွားရေး ပညာရှင်)

“ညံ့တဲ့ ကျောင်းသား ကျူရှင်ယူတယ်၊ လိမ္မာတဲ့ကျောင်းသား စာစစ်တဲ့လူကို ပိုက်ဆံပေးတယ်”
(မယ်လီဟန်)

“နိုင်ငံရေးသမားတွေရဲ့ ကတိဆိုတာ ဒိန်ခဲမပါတဲ့ ကြွက်ထောင်ချောက်နဲ့ တူတယ်”
(ကရုတီယဲ)

“သူရဲကောင်းတွေ လိုနေတယ်ဆိုရင် အဲဒိနိုင်ငံဟာ ကံမကောင်းတဲ့ နိုင်ငံပဲ”
( Brecht- ဘရက်ခ် - ၁၈၅၈ - ၁၉၅၆ + ဂျာမန်စာရေးဆရာ)

“နိဗ္ဗာန် - နှိုးစက်နာရီ၊ တနင်္လာနေ့နဲ့ အထက်အရာရှိ မရှိတဲ့ နေရာ”
(ဒမီထရီ ပတ်ရှ်ကော့)

“တချို့မွေးကတည်းက ငထုံငထိုင်းအဖြစ်နဲ့ မွေးလာတယ်။ တချို့ကတော့ ပညာရှိပုံဖမ်းတော့မှ ငထုံငထိုင်း ဖြစ်တယ်ဆိုတာ ပေါ်တော့တယ်”
(အမည်မသိ)

“ပြည်သူ့ မေတ္တာက လွဲလို့ အရာခပ်သိမ်းကို ၀ယ်လို့ရတယ်”
(Merimee- မယ်ရီမင် + ၁၈၀၃ - ၁၈၇၀ + ပြင်သစ်စာရေးဆရာ)

“မုသားဟာ အမှန်တရား မဟုတ်တာကလွဲလို့ မုသားနဲ့ အမှန်တရားကြားမှာ ဘာခြားနားချက်မှ မရှိပါဘူး”
(အမည်မသိ)

“သရုပ်မှန်အနုပညာ ဖြစ်လာဖို့အတွက် ပထမဆုံး လူကို သရုပ်ဖျက်လိုက်ရတယ်”
(အမည်မသိ)

“ခင်ဗျားမှာ ပန်းသီးတစ်လုံး၊ ကျွန်တော့်မှာ ပန်းသီးတစ်လုံး ရှိတယ်။ ပန်းသီးချင်း လဲလိုက်မယ်ဆိုရင် ခင်ဗျားမှာရော ကျွန်တော့်မှာပါ ပန်းသီးတစ်လုံးစီပဲ ဖြစ်နေလိမ့်မယ်။ အဲ ခင်ဗျားမှာ အတွေးအမြင် တစ်ခု ကျွန်တော့ဆီမှာ အတွေးအမြင် တစ်ခုရှိနေပြီး အဲဒါကို ဖလှယ်လိုက်ရင်တော့ ကျွန်တော်တို့ တစ်ယောက်ဆီမှာ အတွေးအမြင် နှစ်ခုစီ ဖြစ်လာမှာပေါ့”
(ဘားနက်ရှော)

“တစ်ယောက်တည်းကိုပဲ ချစ်တဲ့ ယောက်ျားဟာ မိန်းမတစ်ယောက်တည်းကိုပဲ စိတ်ဆင်းရဲအောင် လုပ်နိုင်တယ်”
(မားလ်ကင်)

“ဉာဏ်ကောင်းတဲ့ မိန်းမဟာ သူမထုံတယ်၊ ထိုင်းတယ်ဆိုတာ သူမဟာ သူမသိတယ်။”
(အမည်မသိ)

“ကိုယ်မှားတဲ့အခါ မှားကြောင်းဝန်ခံရင် အဲဒိလူဟာ ပညာရှိ၊ အဲမှန်နေပေမယ့် မှားကြောင်း ၀န်ခံနေရင်တော့ အဲဒိလူဟာ မိန်းမရှိတဲ့လူဖြစ်ရမယ်”
(အမည်မသိ)

“အမြန်ဆုံး ချွတ်လို့ ရတာ မှန်သမျှ ဘာပဲဝတ်ဝတ် မိန်းမချောနဲ့ လိုက်တယ်”
(အမည်မသိ)

“အစားထိုးလို့ မရတာ မုဆိုးမပဲရှိတယ်”
(အမည်မသိ)

“ဆေးလိပ်သောက်ခြင်းဟာ အမွေးစား အမွေခံတွေအတွက် အကျိုးရှိတယ်”
(အမည်မသိ)

“ဖျားနာခြင်းဖြင့် ဆရာဝန်တွေကို ကူညီပါ”
(အမည်မသိ)

“ယောက်ျား အားလုံးဟာ အတူတူပဲလို့ မိန်းမတွေထင်တယ်၊ အဲဒါ သူတို့ အင်အားပဲ။ မိန်းမတွေ တစ်ယောက်နဲ့ တစ်ယောက် မတူဘူးလို့ ယောက်ျားတွေ ထင်တယ်၊ အဲဒါ သူတို့ကို ဒုက္ခပေးတာပဲ”
(ဒီလာဆဲနာ)

“အချက်သုံးချက်ကြောင့် မတ်ခ်တွိမ်းကို ကျွန်တော်ကြိုက်တယ်
တစ် - စာရေးကောင်းတယ်၊
နှစ် - ကျွန်တော့်ကို ဖြေဖျော်မှုပေးတယ်
သုံး - သူသေသွားပြီ”
(ဟဲမင်းဝေး)

“ဝေဖန်ရေး သမားဆိုတာ ကိုယ်ထမင်းစားရဖို့ အတွက် တခြားလူ ထမင်းစားချင်စိတ်ပျောက်အောင် လုပ်တဲ့သူ”
(အမည်မသိ)

“မိန်းမသာ မရှိရင် ကမ္ဘာပေါ်မှာ ရှိရှိသမျှ ပိုက်ဆံတွေ အားလုံး အဓိပ္ပါယ်ကင်းမဲ့ သွားကြလိမ့်မယ်”
(အရစ္စတိုတယ် အိုနားဆစ်)

“လူပျိုကြီးဟာ အကာအကွယ် ကင်းမဲ့တဲ့ သတ္တ၀ါ။….. ချိုမှ မရှိပဲ”
(အမည်မသိ)

Read Users' Comments (0)

အဘိုးကြီး ဟိုမိုစမ် (၁)

စာရေးသူ။ ။ ဘသန်း (ဓမ္မိက)
ကိုးကား။ ။ ယောနသံစင်ရော် (မြန်မာပြန်) စာအုပ်၏ နောက်ဆက်တွဲ(Homosan-Hans Earl Ricrikar)

အဘိုးကြီး ဟိုမိုစမ်

ဝိရိယဟူသော တောင်ကြီးသတတ်။ ထိုတောင်ထိပ်၌ သစ္စာရဲတိုက်ကြီးဟု ခေါ်တွင်သော ရဲတိုက်တစ်ခုသည်တ၀င်းဝင်း လက်လျှက်ရှိ၏။ တောင်ခြေရင်းတွင်မူ ဟိုမိုစမ် အမည်ရှိသော သူတောင်းစား အဖိုးအို တစ်ယောက်နေထိုင်လေသည်။

ဟိုမိုစမ်သည် ၀မ်းရေးသက်သက်မှ တစ်ပါး အခြားမည်သည့် အရေးကိုမျှ ဂရုမစိုက်။ ဟိုမိုစမ်သည် မည်သည့်အခါမျှ ငတ်မွတ်သည်ဟူ၍ မရှိ။ လူအများသည် အရာရာကို ဦးခေါင်းဖြင့် စဉ်းစားဆင်ခြင် ဆုံးဖြတ်လေ့မရှိဘဲ ၀မ်းခေါင်းဖြင့်သာလျှင် စဉ်းစားဆင်ခြင် ဆုံးဖြတ်လေ့ရှိကြကုန်၏။ ထို့ကြောင့်ပင် ဟိုမိုစမ်ကို လူအများက ချစ်ခင်ကြသည်။ လူ့အဖိုးတန်တစ်ယောက်ဟု သဘောထားကြလေသည်။

တောင်ကြီးသည် ၀ီရိယ ဟူသော အမည်နှင့် လိုက်ပါပေ၏။ ကြီးစွာသော လုံ့လဥဿဟဖြင့် သာလျှင် ထိုတောင်ကို တက်နိုင်၏။

ဟိုမိုစမ်နှင့် သူ့အပေါင်းအဖော်တို့သည် စာရေးသောက်ရေးအတွက်ဆိုလျှင် မည်သို့သော အလုပ်ကိုမဆို လက်မရွံ့လက်မတွန့်သူများ ဖြစ်သော်ငြားလည်း တောင်တက်ခြင်းအလုပ်ကိုမူ အားအင်ဖြုန်းတီးမှုဟု ထင်မှတ်ကြသည်။ တောင်ထိပ်ပေါ်ရှိ ရဲတိုက်ကြီးကို မရောက်ဖူး မမြင်ဖူးလျှင်လည်း ကိစ္စမရှိ၊ ရောက်ဖူးမြင်ဖူး၍လည်း ဘာမျှ အကြောင်းမထူး။ ရဲတိုက်ကြီးသည် တိုက်အိုတိုက်ပျက်ကြီး တစ်ခုတည်းသာတည်း။ သူတို့လည်း တိုက်အိုတိုက်ပျက်ကြီး များကိုမြင်ဖူးခဲ့ပေါင်း များလှပြီ။ တိုက်အို တိုက်ပျက်များဟူသည် ဘရမ်ဒီမသောက်နိုင်၍ အားအားနေ ဖဲကစားနေကြရသည့် အမယ်အိုကြီးများအဖို့သာ ဖြစ်သည်။

“ငါထမင်းအ၀စားနေရတဲ့အခါ ငါဘာလုပ်နေလို့ ငါဘာဖြစ်မလဲဆိုတာ ငါသိနေတယ်ကွ။ တောင်တက်တဲ့အလုပ်ဆိုတာ ကတော့ ဘာလို့လုပ်ဘာဖြစ်မယ်မှန်းမသိရတဲ့ အလုပ်မျိုးပါကွယ်” ဟူသော စကားများမှာ ထိုဖုန်းတောင်းယာစား လောကတွင် လူသိအများဆုံး လက်သုံးစကားများဖြစ်၏။

တစ်ညတစ်၌ ဟိုမိုစမ်သည် ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ကို မြင်မက်လေ၏။ သူတို့ သူတောင်းစား အုပ်စု၏ ခေါင်းဆောင်ရှေ့တွင် တရားစစ်ဆေးခံနေရသည်ဟု မက်ခြင်းဖြစ်၏။ အိပ်ရာမှ တုန်တုန်ယင်ယင်ဖြင့် လန့်နိုး၏။ သူလည်ကုပ်ပေါ်သို့ အချိန်မရွေး ပုဆိန်ဖျားကြီး ရောက်တော့မည်ဟု လည်းကောင်း၊ လူထုလူတောထဲ နေသူများသည် လူတို့ကို စီရင်ဆုံးဖြတ်သည့် တရားဥပဒေ လက်အောက်တွင် နေရပြီး ထိုတရားဥပဒေ၏ ယဇ်ကောင်များသာ ဖြစ်၍ လူတောထဲမှ ထွက်ခွာ၍ လူထုအထက်သို့ လှမ်းကျော်တက်နိုင် သူများသာလျှင် လူအဖြစ် ဆက်လက်နေနိုင်မည်ဟု လည်းကောင်း မြင်မက်ခဲ့သည့် နမိတ်များကို ဖတ်လျှက် အထိတ်တလန့်ဖြစ်နေရှာသည်။

“ တက်ကွ တက်ကွ” ဟို သူကိုယ်သူ ပြောနေမိ၏။ လူအုပ်အထက် ကျော်တက်ရန်လမ်းမှာ တစ်လမ်းထဲရှိ၏။ လူထုလည်း ထိုလမ်းကို မနှစ်မြို့ကြ။ ထိုလမ်းသည်ကား ၀ီရိယဟူသော တောင်ပေါ်သို့ တက်သောလမ်းပေတည်း။

“ခင်ဗျားကြီး ၀ီရိယထုတ်ရမယ်ဆိုရင် ဒီမှာပဲနေပြီး ထုတ်စမ်းပါ၊ ရိုးရိုးသားသားထမင်း ရှာစားပါ၊ ဒီမှာဆိုရင် ခင်ဗျားကို ခင်ဗျား ဘယ်ရောက်နေမှန်းသိနေတာဗျ၊ ဒီမှာ စားစရာသောက်စရာလဲ ရှိနေတာပဲ မဟုတ်လား၊ အစားအသောက်ထက် ဘယ်ဟာကများ ပိုပြီး အရေးကြီးသေးလဲ” ဟု ဟိုမိုစမ်၏ သားက အဘိုးကြီးအား အပြစ်ဆိုလေသည်။

“ဟ မင်းတို့ငါတို့ဟာ စားဖို့သောက်ဖို့အတွက်သာ လူလာဖြစ်နေကြရတာလားကွယ့်” ဟု ဟိုမိုစမ်က စဉ်းစဉ်းစားစား မေးလိုက်သည်ကို သူ့သားက ပြောင်ရယ်ရယ်လေ၏။

“တွေးတွေး၊ ဆက်ပြီးတွေးနေပေါ့ဗျာ၊ ခင်ဗျားကြီးဟာ ကြီးကြီးကျယ်ကျယ် အလုပ်အကိုင်ကြီးတွေကို လုပ်နိုင်မယ့် လူကြီးတစ်ယောက်ကိုဗျ၊ ခင်ဗျားဟို.. ဗိုက်ပူကြီး ဦးပေါ်စက် ကို သွားသတ်ပြီး သူ့ပိုက်ဆံတွေကို ဒီယူခဲ့ပါလား၊ အဲဒီလိုလုပ်တာကမှ အကျိုးရှိအုံးမယ်၊ ကျုပ်တို့လူဘ၀ ဘာဖြစ်လို့ ဘယ့်အတွက် ရလာကြလဲ ဆိုတာကို တွေးကြံဖို့ လိုတယ်ဆိုတဲ့ စကားကတော့ လွန်လွန်းသဗျာ၊ ခင်ဗျားပဲ ဆက်တွေးနေစမ်းပါ၊ ဆက်ကြံနေစမ်းပါ” ဟု
သူ့သားအား နှုတ်လှန်ထိုးလေသည်။ ဟိုမိုစမ်၏သားသည် ထိုသို့ပြောရင်း ယားယံသည့်နေရာကို ကုတ်လျှက် သရော်ပြုံးပြုံးကာ ခေါင်းတခါခါလုပ်နေ၏။ ထို့နောက် ထမင်းစာလာသဖြင့် အဘိုးကြီးထံမှ ခွာလေသည်။

တောင်ပေါ်မှ အောက်သို့ငုံ့ကြည့်သူများ၏ မျက်စိများသည် ပွင့်လင်းကုန်၏။ ထို့ကြောင့်ပင် ထိုသူတို့သည် ကျိန်စာသင့်သူများနှင့် တူ၏။

ဤစကားများသည် ရှေးရှေးအချိန်တုန်းက လူတိုင်းလိုလို သိရှိကြသည့် စကားများဖြစ်သည်။ ယခုမူ မည်သူမျှ ဤစကားများကို နားမလည်တော့ချေ။ အချည်းနှီးစကားများသာ ဖြစ်နေ၏။ ၀ီရိယ တောင်ကြီးကို တက်ရန် သန္နိဋ္ဌာန် ချပြီးသော ဟိုမိုစမ်သည်ပင် ထိုစကားစုများ၏ အဓိပ္ပါယ်ကို နားမလည်ချေ။

တောင်ပေါ်တွင်ဘာကိုများ တွေ့ရပါလိမ့်။ တခုခုတော့ ဧကန္နရှိရမှာပဲ။

ဟိုမိုစမ်သည် တွေ့ရမည့်အရာကို အမျိုးမျိုးစိတ်ကူးယဉ်ကြည့်သော်လည်း ကျေနပ်မှုမရ။ သို့သော်လည်း ဘာမျှမရှိဟု လူအများထင်သလို မူမဖြစ်နိုင်၊ တခုခုတော့ ရှိကိုရှိရမည်ဟု သူ့စိတ်ထဲ အလိုလိုကြိုတင် သိရှိနေသယောင် ဖြစ်၏။

ကျမ်းဂန်များတွင်လည်း ယခုဆို လတ္တံ့ပါအတိုင်း ပါရှိနေ၏။ ရှေးရှေးတုန်းက လူအများသည် ထိုတောင်ပေါ်သို့ တက်ဖူးကြ၏။ တောင်ပေါ်ရောက်ပြီး ပြန်လာသော ပုဂ္ဂိုလ်များကို သူတော်စင် သူတော်မွန်များဟု အများက သမုတ်ကြ၏။ ထိုပုဂ္ဂိုလ်များကို အများက ယခင်ကဲ့သို့ “မိတ်ဆွေ” ဟု မလေးမစား မခေါ်ဝံ့ကြ။ ထိုပုဂ္ဂိုလ်များသည် ဆင်းရဲဒုက္ခကင်းသူများဖြစ်၍ ကျန်အခြားလူများမူကား ဆင်းရဲဒုက္ခရှိသူချည်းဖြစ်၏။

ဟိုမိုစမ်သည် တောင်ပေါ်သို့တက်ရန်ဖြစ်နေလေပြီ။ လူထုအဆင့်မှ ခြေတစ်လှမ်းခန့်ပင်ဖြစ်ဖြစ် ကျော်လွန်သွားနိုင်ရန် စိတ်တုံးတုံးချပြီးသားဖြစ်နေ၏။

ဟိုမိုစမ်သည် တောင်သို့ချဉ်းကပ်၏။ မိုးသည် တောင်ထိပ်ကို တိမ်အိတ်စွတ်ထား၏။ အဘိုးကြီးသည် တောင်ထက်သို့ တက်လှမ်းလေပြီ။ တစ်နာရီပြီး တစ်နာရီ၊ တစ်နေ့ပြီး တစ်နေ့၊ တစ်ပတ်ပြီး တစ်ပတ်၊ တစ်နှစ်ပြီး တစ်နှစ်ချီတက်ကာနေ၏။ သို့သော်လည်း ခရီးမည်မျှတွင်လေပြီကို နောက်သို့လှည့်ကြည့်တိုင်း လှည့်ကြည့်တိုင်း ခြေတစ်လှမ်းမျှပင် ခရီးမတွင်သေးသည်ကို အထိတ်တလန့်တွေ့တွေ့နေရ၏။ ခရီးမတွင်ရုံသာမက သူ၏မူလလောက ဟောင်းနှင့် ပို၍ပို၍ နီးလာနေသည်ကိုသာ တွေ့နေရလေသည်။

အတန်ကြာလတ်သော် လောကဟောင်းသည် ပို၍ ကြည်လင်လာ၏။ အထက်သို့ရောက်လေလေ အိမ်များ၏ နံရံတံတိုင်းများ၊ လူ့နှလုံးသားများ၊ လူ့သောကများ စသည်တို့ကိုပင် ဖောက်ထွင်း၍ မြင်လေ၏။ လောကဟောင်းကို စွန့်လိုသော ဆန္ဒမှာလည်း လျော့၍လျော့၍ လာလေလေဖြစ်၏။ သို့သော်လည်း ဟိုမိုစမ်သည် မြင့်သည်ထက်မြင့်အောင် မှန်မှန်ကြီး ချီတက်နေ၏။ သူ့၌ဖြစ်ပေါ်လာမည့် အသိဉာဏ်အလင်း၏ သတ္တိအရှိန်သည် ခြေလှမ်းတိုင်းလှမ်းတိုင်း ပို၍ပို၍ တိုးလာသည်။ သူ့ကို ရည်မှန်းချက်အဆုံးဆိုသည်နှင့် နီးကပ်လာအောင် စွမ်းဆောင်သည့် အရာများကား အချိန်လည်း မဟုတ်၊ အလိုရမ္မက် ဆန္ဒရာဂလည်း မဟုတ်ဘဲ သူ့ခြေလှမ်းများသာလျှင်တည်း။ သူသည်လောကဟောင်းနှင့် ကပ်ပင်ကပ်လျှက် ရှိသော်လည်း လောကဟောင်း၏ ဒုက္ခများမှာမူ ကင်းဝေးလာ၏။ သူကဤအဖြစ်ကို သူများအားပြောပြရာ မည်သူ့မျှနားမလည်ကြ။

အဘိုးကြီး ဟိုမိုစမ် (၂)

ဟိုမိုစမ်သည် ဤသို့လည်း ဖိတ်ခေါ်သေး၏။ တောင်ပေါ်သို့ ငါ့နောက်ကိုလိုက်ခဲ့ကြကုန်လော့။ ပိုကောင်းသော ငြိမ်းချမ်းရေးကို တွေ့ရလိမ့်မည်။ ဖန်အကြည်ကို တိုးလျှိုပေါက်မြင်နိုင်သကဲ့သို့ သင်တို့၏ သောကများကိုလည်း သင်တို့ ကိုယ်တိုင် မြင်ကြရလိမ့်မည်။ သင်တို့၏ လောကသည်လည်း ပို၍ကြီးမားကျယ်ပြန့်လာခြင်း၊ ပို၍လှပ တင့်တယ်လာခြင်း၊ ပို၍သန့်ရှင်းစင်ကြယ်လာခြင်း ရှိလိမ့်မည်။

သို့သော်ကြားရသူများက သူအားလှောင်ပြောင်၍ ရယ်မောကြ၏။ ရယ်သံတို့မှာ မျောက်များ၏ တခစ်ခစ်ဟစ်သံနှင့် တူဘိ၏။ မရယ်သူအချို့အနည်းငယ်က “သင့်စကားများကို ရှင်းပြအုံးလော့၊ သင်ဘာကို ဆိုလိုသည်ကို ပြောဦးလော့” ဟုဆိုကြ၏။

“လိုက်သာလိုက်ခဲ့စမ်းပါ၊ လာပြီးကိုယ်တိုင်သာ လိုက်ကြည့်လှည့်ပါ” ဟုဟိုမိုစမ်က မောကြီးပန်းကြီး ပြောရှာ၏။

“ဘာဗျ၊ ဒီကကြည့်လို့ မမြင်ရတာတွေကို ကျုပ်တို့ကို ပြချင်တာလား၊ ကျုပ်တို့တတွေ မြင်တာထက် ခင်ဗျားက ပိုပြီးမြင်တယ်လို့ဆိုရင် ကျုပ်တို့လိုက်မှာပေါ့၊ ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ရန်သူတွေကို နှိမ်နှင်းဖို့ အကြားအမြင် တန်းခိုးဣဒ္ဓိတွေကို အလိုရှိနေတာနဲ့ အံကိုက်ပဲ၊ ဒါပေမယ့် အခုတော့ ခင်ဗျားကိုယ်တိုင်က ခင်ဗျားဟာ ကျုပ်တို့လောက်ပဲ မြင်နိုင်တယ်လို့ ပြောနေတော့ရင် ဘာဖြစ်လို့ တောင်ပေါ်ကို ကျုပ်တို့က အပင်ပန်းခံ တက်ရအုံးမှာလဲဗျ” ဟု သူ့ကို ပြန်ပြောကြ၏။

ဟိုမိုစမ်သည် ပိုမြင့်အောင် တက်လေလေ ပို၍တစ်ယောက်တည်း အထီးကျန်စိတ်မျိုးဖြစ်လာလေလေ။ သို့သော် အထီးကျန်စိတ်မျိုးပေါ်လေလေ၊ ပိုပြီးပျော်လေလေဖြစ်၏။ ဤသို့သော ဆိတ်ငြိမ်ခြင်း၊ ချမ်းသာခြင်းမျိုးကား စင်စစ်အားဖြင့် အထီးကျန်အဖြစ်မျိုးမဟုတ်။ အတွင်း အဇ္ဈတ္တ၌ ဖြစ်ပေါ်လာသော ၀ိဝေက ချမ်းသာမှုကြီး ဖြစ်၏။

“တစ်ယောက်တည်း ပျင်းရိစရာမဟုတ်ဘူးဟေ့..! မင်းတို့ကိုယ်မင်းတို့ ကျေနပ်နေရင် ပျင်းစရာမဟုတ်ဘူးကွ” ဟုအောက်ဘက်သို့ အော်ပြော၏။ ကြားရသူ အပေါင်းလည်း တစ်ဖန်ထပ်၍ ရယ်မောကြပြန်၏။

“သြော် ဒီအဘိုးကြီးတော့ စိတ်နောက်သွားရှာပြီ”
အဘိုးကြီးက အော်ခေါ်လေ သူတို့က အဝေးသို့ ပြေးကြလေလေ။ အဘိုးကြီး၏ မိတ်ဆွေများ ဖြစ်နေကြသည်ကိုပင် ရှက်စနိုးဖြစ်လာကြ၏။

ဟိုမိုစမ်သည် သူ့အား သူ့မိတ်ဆွေတို့က ဤသို့ ပြုမူကြသည်ကိုပင် စိတ်နာခြင်းမရှိ။ အဘယ့်ကြောင့်ဆိုသော် အဘိုးကြီးသည် သူတို့၏ နှလုံးဓာတ်အိမ်များကို ထိုးဖောက်မြင်လာနိုင်သည့် အခြေသို့ ရောက်နေသောကြောင့်တည်း။ အဘယ်သူ၏ နှလုံးဓာတ်အိမ်သည် ရွှေဖြင့်ပြီးသည်၊ အဘယ်သူ၏ နှလုံးဓာတ်အိမ်သည် ငွေဖြင့်ပြီးသည် အဘယ်သူ၏ နှလုံးဓာတ်အိမ်သည် ကျောက်စရစ်ခဲဖြင့် ပြီးသည်ကို သူသိ၏။

သူ၏မျက်စိများကို သေသေချာချာ စိုက်ကြည့်လိုက်လျှင် စာအုပ်များကို လှန်လှောကြည့်ရဘိသကဲ့သို့ ရှင်းလင်းနေ၏။ ဟိုမိုစမ်၌ သူကိုယ်တိုင် အံ့သြနေရသည့် အချက်တစ်ချက်သာရှိ၏။ ထိုအချက်မှာ ယခု ကြည့်မြင်နေရသည့် အရာအရာတိုင်းသည် လွယ်လွယ်နှင့် ရှင်းရှင်း အစင်းသာချည်းဖြစ်နေ၏။ ရှေးယခင်ကမူ ဤသို့ ဘယ်တုန်းအခါကမှ မမြင်ခဲ့စဖူး။ “သြော် တယ်လဲ အံ့သြစရာကောင်းပါကလား၊ ကြည့်လေတိုင်း တယ်ကလဲ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ရှိလှချည်လား၊ ကလေးကစားသလောက်ပဲ၊ တယ်လွယ်တဲ့ ကိစ္စပါလား” ဟု အဘိုးကြီးသည် ထင်မိ၏။

နှစ်များလည်း တစ်နှစ်ပြီး တစ်နှစ် ကုန်ဖန်များလှပြီ။ ဟိုမိုစမ်သည် ယခုအခါ သိပ်ပြီး အားစိုက်စရာမလိုတော့။ သူ၏ ကိုယ်တွင်းဖြစ် အင်အားများဖြင့်သာ အရှိန်ရနေလျက်သား ဖြစ်နေသည်။ တောင်ထိပ်ပေါ်သို့ရောက်ရန် သူ၏တစ်ချိန်က လွယ်လွန်းလှသည့် အာသာပြင်းပြ ဇောအကြွကိုသော်ပင် သူယခုမေ့နေလေပြီ။

ဟိုမိုစမ်သည် ယခုဆိုလျှင် အတိုင်းထက်အလွန် စိတ်ချမ်းသာနေ၏။ ငြိမ်းချမ်းနေ၏။ သို့တစေလည်း သူ၏ ယခုလောကအမြင်မှာ တခြားသူများကဲ့သို့ပင် ဖြစ်နေ၏။ တခြားသူများသည် သူ့ကို ရှက်ကိုးရှက်ကန်းဖြင့် ကြည့်၍ ကြောက်လန့်သော ကလေးသူငယ်များပမာ အိမ်ပြန်ချင်ကြကြောင်း လက်များကို မြှောက်ချီပြကြကုန်၏။

တောင်ပေါ်လမ်း၌ အဆုံးဟူသည် မရှိကြောင်းကို တစ်နေ့သောအခါ သူတွေ့ရှိလာ၏။ သို့သော် သူသည် ဤအကြောင်းကို မည်သူအားမျှ မပြောဘဲနှုတ်ပိတ်နေ၏။ အဆုံးဆိုသည်ကိုသာ မျှော်မျှော်စောစော ဖြစ်နေသူတို့အား “မင်းတို့ မျက်စိများဖြင့် မြင်နိုင်တဲ့ အဆုံးဆိုတာဟာ မရှိဘူးဟေ့” ဟု သူက အဘယ်သို့လျှင် ပြော၍ ဖြစ်ပါမည်နည်း။

သူ့အား “သစ္စာရဲတိုက်ကြီးသို့ သင်ရောက်လေပြီလား” ဟု မေးကြပြန်၏။

သစ္စာရဲတိုက်ကြီး၊ သူပြန်သတိရပြီ။ သြော်..သူတို့ စိတ်စောနေတဲ့ အဆုံးဆိုတာဟာ ဒါကိုး။ ထို့နောက် ဟိုမိုစမ်သည် ရုတ်တရက်ပင် တောင်ကြီးမှာတောင် မဟုတ်တော့ကြောင်း၊ ခံညားသော ခန်းမကြီးတစ်ခုထဲ၌ ကော်ဇောပမာ ခင်းထားသော ပန်းပြင်ကြီးသာ ဖြစ်နေကြောင်းကို မြင်ရ၏။

ဒါဖြင့်ရင် တောင်က ဘယ်မှာလဲ၊ ဘယ်ရောက်သွားသလဲ ဟု တအံ့တသြ သူ့ကိုယ်သူ မေးမိ၏။ ထိုအခါ တောင်ဟူသည် သူ့ခန္ဓာ၊ သူ့ရမ္မက်၊ သူ့အလို၊ သူ့ဒုက္ခဆင်းရဲတွေပါကလားဟု သူမြင်ပြန်၏။သူကိုယ်တိုင်ရော၊ အခြား သူ့အပေါင်းအဖော်များပါ အမြဲပင် သစ္စာရဲတိုက်ကြီး အတွင်း၌သာ တစ်သက်လုံး နေလာကြပါကလား ဟုလည်း မြင်ပြန်၏။

နေ့စဉ်နေ့တိုင်း ငါတို့အားလုံးဟာ ငါတို့ရဲ့ ဒုက္ခိတဘ၀ တစ်လျှောက်လုံးမှာ ကျောက်သဲပုံတွေကို တောင်တွေဖြစ်အောင် လုပ်လုပ်ပြီး သစ္စာရဲတိုက်ကြီးသို့ ဖုံးကာဖုံးကာ မျက်ကွယ်ပြုနေတာကိုးဟု သူမြင်ပြန်၏။

ထို့ကြောင့် ဟိုမိုစမ်သည် “တောင်ထိပ်ကို ရောက်ဖို့ တို့တောင်တက်နေတာ မဟုတ်ဘူး၊ တို့ကိုယ်တို့ အမြင့်ကို ရောက်အောင်သာ တို့လုပ်နေရမှာ၊ ဘယ်အဆုံးဆိုတာကိုမှ မရည်စူးဘဲ ပိုကြီးမားတဲ့ ငြိမ်းချမ်းမှုကိုသာ ရည်းစူးပြီး တို့ရဲ့ အလိုရမ္မက် ဆန္ဒရာဂတွေကို နည်းနည်းသွားအောင် တို့လုပ်ကြရမှာ”

ဟိုမိုစမ်သည် ဘ၀တစ်လျှောက်လုံး၌ မျက်စိများကောင်းလျက်နှင့် အကန်းတစ်ယောက်မျှသာ ဖြစ်ခဲ့ကြောင်းကို ယခုမှ သိလေသည်။ သူ့၌ နောက်ထပ်မေးစရာ မြန်းစရာ စုံစမ်းစရာဟူ၍ မရှိတော့။ သံသယဟူ၍ မြူမျှမရှိတော့။

သူသည် လူကြားထဲ လူတောထဲ၌ပင် နေငြားသော်လည်း လူတော လူအုပ်ကြီးကို ဖန်အကြည်ပမာ မြင်နေရ၏။ လူတွေက ဘာတွေကို ကြောက်လန့်နေကြ၍ ဘာတွေကို ရှိခိုးနေကြသည်ကို သူမြင်ရ၏။
သူတို့၏ နှလုံးဓာတ်အိမ်များသည် မည်ကဲ့သို့ လှုပ်ခုန်နေကြသည်၊ သူတို့၏ ဦးနှောက်များသည် မည်ကဲ့သို့ အလုပ်လုပ်နေကြသည်၊ သူတို့၏ ပါးစပ်များက ကြယ်တွေအကြောင်း အသံထွက်လျက် သူတို့ မျက်စိများကမူ မည်ကဲ့သို့ မြေသို့ စိုက်လျက် ရှိနေကြသည်၊ ဘာတွေများ ရှေ့ဝယ် မည်ကဲ့သို့ဒူးထောက်ဝပ်တွားနေကြသည်၊ သစ္စာရဲတိုက်ကြီးမှ အလင်းရောင်တစ်ချက်တလေပြက်ပြီး သူတို့၏ တွေဝေနေမှုကို ဖောက်ထွင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့မည်ကဲ့သို့ ကသောကမြော ကစဥ့်ကရဲ ပြေးကုန်ကြသည်၊ ဤသည်အားလုံးကို ဟိုမိုစမ်သည် မြင်နေရလေသည်။

သူတို့သည် ဝေးလံလှသည့် အဆုံးဆိုသည်များကို လိုချင်တတ်၍ တောင်ထိပ်သို့ မျက်ရည်စက်လက်ဖြင့် အမျှော်ကြီးမျှော်ရုံသာမျှော်နေကြ၏။ မျက်စိများလည်း ညောင်းလှလေပြီ။

ဟိုမိုစမ်က “တက်ကြ..စတက်ကြ” ဟုဆိုလေသော် “ဘာဖြစ်လို့ တက်ရမှာလဲဗျ၊ ကျုပ်တို့က မျှော်ကြည့်နေရတာကိုပဲ ကြိုက်နေကြတာ၊ ကျေနပ်နေကြတာ၊ တောင်ထိပ်ကို တစ်နေ့ကျရောက်မှာ ပေါ့ဗျာ” ဟု သူတို့က ပြန်ပြောကြ၏။

“ဟ တောင်ထိပ်ဆိုတာ မင်းတို့ အတွင်းမှာရှိတာ၊ မင်းတို့ဘေးပတ်လည်မှာ ရှိတာကွ” ဟု ဟိုမိုစမ်က ဆိုပြန်သော်၊ သူတို့က သူတို့ရဲ့ မူလ ယုံကြည်ချက်ကို တစ်ပြားသားမျှမလျှော့ဘဲ “ဘယ်ဟုတ်နိုင်ပါ့မလဲ? မိုးကောင်းကင်လို မြင့်တာဗျ၊ ခင်ဗျားကိုယ်တိုင်လဲ တက်ပြီးပြီ မဟုတ်လား။ ခင်ဗျားကိုယ်တိုင်လဲ တက်ခဲ့သေး၊ သစ္စာရဲတိုက်ကြီးဟာ ကျုပ်တို့ထဲမှာပဲ ရှိတယ်လို့ အခုပြောနေပြန်တယ်၊ တယ်လဲခက်ပါလား” ဟုဆိုကြပြန်၏။

ဟိုမိုစမ်သည် သက်ပြင်းချ၏။ သူ့စကားများသည် သူတို့ အဖို့ အချည်းအနှီး ဖြစ်နေကြောင်းကို သိရှိနေသောကြောင့်တည်း။

“သစ္စာကို တွေ့အောင် အထက်အမြင့်ကို မျှော်ရတာ မဟုတ်ဘူး၊ အောက်အနိမ့်ဘက်ကို မြင်အောင် ပြန်ကြည့်ရတာ သစ္စာဆိုတာဟာ တို့ကိုယ်တိုင် ကိုယ်စီကိုယ်ငှ ကိုယ်လွတ်ရုန်း ထွက်ချင်တဲ့စိတ်မျိုးဖြစ်လာရင် အဲဒိစိတ်မျိုးဖြစ်တဲ့ နေရာမှာ သစ္စာဆိုတာ တည်ရှိတာကွ၊ တို့ရဲ့ ဒုက္ခဆိုတဲ့ ဆင်းရဲခြင်း တောင်၊ တို့ရဲ့မောဟ ဆိုတဲ့ မိုက်မဲခြင်း တောင်ကိုသာ ကျော်လွန်အောင် တက်ရမှာ၊ စိတ်အမှောင် တစ်စတစ်စ ပါးသွားပြီး စိတ်ရောင် တစ်စတစ်စပွားလာအောင် သာတို့လုပ်ရမှာကွ၊ ဒီလိုသာ တို့ လုပ်နိုင်ရင် အားသာငမ်းငမ်းနဲ့ ခုလိုတို့မြင်တဲ့ အရာရာတိုင်းဟာ တို့ရှေ့မှာ အထင်းသား ပေါလောပေါ်လာမှာကွ” ဟူသော စကားများသည် ဟိုမိုစမ်၏ အဆုံးအမတည်း။

သို့သော် ဤစကားများကို မည်သူကမျှ မယုံကြည်ချေ။
“တောင်ပေါ်မှ အောက်သို့ငုံ့ကြည့်သူများ၏ မျက်စိများသည် ပွင့်လင်းကုန်၏။ ထိုကြောင့်ပင်လျှင် ထိုသူတို့သည် ကျိန်စာသင့်သူများနှင့် တူ၏” ဟူသော ရှေးဟောင်းစကားများကို ဟိုမိုစမ်သည် ယခုမှ ဘ၀င်ကျအောင် နားလည်ပေတော့သတည်း။

နွားနို့သောက်သူများ

စာရေးသူ ။ ။ သစ္စာနီ
ကိုးကား ။ ။ ၀တ္တုတို ၆၀ စာအုပ်မှ

နွားနို့သောက်သူများ

နွားများသည် အရောင်ကွဲသော်လည်း နွားနို့တိုင်းသည် အဖြူဖြစ်သည်။
မနက်မိုးလင်းလျှင် သို့မဟုတ် အိပ်ရာမှထလျှင် လူတို့သည် နွားနို့သောက်ကြသည်။
သို့မဟုတ် လူတစ်ချို့သည် နွားနို့သောက်ကြသည်။
နေထွက်မလာသေး။
ပိတ်ထားသော တံခါးတစ်ချပ်ရှေ့တွင် နွားနို့ပုလင်းတစ်လုံး ရှိသည်။
ဝသော ဦးမြင့်သန်း၌ ကုပ်ပိုးနှစ်ထပ်ရှိသည်။
ထိုနွားကို စလေဦးပုည မပိုင်ပါ။
စူလဟူသော ဟိန္ဒူပိုင်၏။

သူ့လက်ချောင်းမည်းမည်းများဖြင့် နို့တိုင်ကို ညှစ်ဆွဲချလိုက်သောအခါ နို့များသည် အောက်တွင် ခံထားသော သွပ်ပုံးထဲသို့ ပန်း၍ကျ၏။ ဆရာဝန်က နားကျပ် ကိုဖြုတ်လိုက်သည်။ ခင်ဗျားမှာ ဘာရောဂါမှ မရှိဘူး၊ အားနည်းနေတာပဲ၊ နွားနို့မှန်မှန်သောက်ရမယ်ဟု ပြော၏။ နေလောင်ထားသော အသားအရေနှင့် သူ့ရှေ့မှ ပိန်ကပ်ကပ် မွဲခြောက်ခြောက် လူနာ၏အမည်မှာ ဒေါ်သိန်းကြွယ်ဖြစ်ကြောင်း သူမသိပါ။ သီတာသည် မီးဖိုပေါ်မှ နွားနို့အိုးကို သံဇွန်းကြီးဖြင့် အဆက်မပြတ် မွှေနေ၏။ မလိုင်မတက်ရန် ဖြစ်၏။ မလိုင်တက်သော နွားနို့သည် ၀မ်းပျက်တတ်သဖြင့် ကလေးများနှင့် မသင့်လျော်။ နွားများသည် မြက်အပြင် တခြားအရာ အနည်းငယ်ကိုလည်း စားသုံးလေ့ရှိသည်။ မောင်ရေ ရွှေဝါရယ် နွားနို့ကုန်အောင် မသောက်နိုင်ဘူး။ ရုံးသွားရန်ပြင်နေသော ကိုအောင်ဝင်းသည် ကြောင်ကလေးတစ်ကောင်ကို ရင်ခွင်တွင် ပိုက်ထားသော ဇနီးချောအိကို လှမ်းကြည့်လိုက်သည်။ သူတို့ အိမ်ထောင်ကျခဲ့သည်မှာ ဆယ်နှစ်နီးပါးရှိပြီ။ သူတို့တွင် ကလေးမရှိ။ ကျော်ကျော်၏ အမေတွင် ကလေးရှိ၏။ နွားများတွင် ခြေထောက်လေးချောင်း ရှိ၏။ ဤ၀ါကျ အနည်းငယ်မှားယွင်းနေသည်။ နွားတစ်ကောင်တွင် ခြေလေးချောင်းရှိ၏။ စူလ နွားနို့ညစ်နေသည်။ နွားနို့သံပုံးထဲကျသံမှာ တရှဲရှဲမြည်နေသည်။ သို့မဟုတ် တရှီးရှီးမြည်နေသည်။ စားပွဲပေါ်ရှိ နွားနို့ဖန်ခွက်ရှေ့တွင် ကျော်ကျော် ထိုင်မှိုင်နေသည်။ ထိုဖန်ခွက်ကို တရုတ်ပြည်တွင် ပြုလုပ်ခဲ့သည်။ ကျောင်းကြိုကား လာတော့မည်။ “သား နွားနို့ပူပူလေး သောက်လိုက်ဦးလေ” သူ့အမေက ပြော၏။ နွားနို့တခွက်ကို နံရံတွင် ကပ်ရိုက်ထားသော စင်ကလေးပေါ်သို့ ကိုဘခိုင်တင်လိုက်သည်။ ထိုစင်ပေါ်တွင် သူ့တို့ ကိုးကွယ်သော ယောဂီကြီး၏ ရုပ်တုရှိ၏။ နို့ဆာသော နွားသားပေါက်ငယ်တစ်ကောင် ချည်တိုင်မှာ ရုန်းကန်ရင်း တဘူးဘူး အော်နေ၏။ တဗူးဗူးဟု ရေးရင်လည်း မှန်နိုင်ပါသည်။

+++

အိမ်ရှင်တို့ အိပ်ရာမှ ထလာသောအခါ ပိတ်ထားသော တံခါးရှေ့တွင် နွားနို့ပုလင်း တစ်လုံးစီ တွေ့ရ၏။ နို့သည်က ယူနေကျ ဖောက်သည်များ အိမ်ရှေ့မှာ ချပေးသွားခြင်းဖြစ်သည်။ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၄၀၀၀ကျော် လောက်က စတင်၍ အိန္ဒယလူမျိုးများသည် နွားနို့ကို သုံးစွဲလာကြသည်။ ဦးမြင့်သန်း၏ ရှေ့တွင် အငွေ့တထောင်းထောင်း ထနေသော နွားနို့တစ်ခွက်နှင့် ခေါက်ထားသော ယနေ့ထုတ် သတင်းစာတစ်စောင် ရှိသည်။ ခင်ဗျား နွားနို့ မှန်မှန်သောက်ရမယ်။ ဒေါ်သိန်းကြွယ်၏ ချွေးခံအင်္ကျီအိတ်ထဲမှ ငါးကျပ်တန်အဟောင်း တစ်ရွက်သည် စမ်းသပ်ခအဖြစ် ဆရာဝန်ထံ ခုန်ထွက်သွားလေသည်။ ဆရာဝန်ထံမှ တစ်ဆင့် အာစူလာအင်းဒရက်ထံ ရောက်သွား၏။ နွားနို့တွင် ကာဘိုဟိုက်ဒရိတ်၊ အဆီ၊ ပရိုတိန်း၊ ဓာတ်သတ္တုနှင့် ဗီတာမင်များ ပါဝင်ကြောင်း သူတို့ကောင်းကောင်းမသိ။ ဆရာဝန်က သိ၏။ ကိုဘခိုင်အိမ်မှ ကြွက်ကလေး တစ်ကောင်ကလည်းသိ၏။ သံပုံးထဲတွင် နွားနို့များ တစ်စထက်တစ်စ မြင့်တက်လာသည်။ စူလသည် အသားမည်း၏။ သို့သော် နွားနို့ကဖြူ၏။ သို့သော် ပန်းချီဆွဲသော ကိုဘခိုင်က နွားနို့သည် မဖြူဟု ပြော၏။ သီတာသည် မီးဖိုပေါ်မှ နွားနို့အိုးကို သံဇွန်းကြီးဖြင့် အဆက်မပြတ် မွှေနေ၏။ ထိုသို့ မွှေနေခြင်းမှာ လက်အားနေခြင်းကြောင့် မဟုတ်ပါ။ မလိုင်မတက်ရန် ဖြစ်၏။ နို့ဆာနေသော နွားသားပေါက်ငယ် တစ်ကောင်သည် ချည်တိုင်တွင် တဘူးဘူး အော်နေသည်။ တချို့က တဗူးဗူးဟု ကြားကြသည်။ ညနေကျရင် ရွှေဝါကို ဆေးသွားထိုးရအောင် မောင်ရုံးက စောစောပြန်ခဲ့နော်ဟု ချောအိက မှာ၏။ ရွှေဝါဆိုသည်မှာ ကြောင်ကလေး တစ်ကောင်၏ အမည်ဖြစ်သည်။ ထို့ကြောင်သည် ပိတောက်ပွင့်ကဲ့သို့ မ၀ါပါ။ ဖြူသန့်သော ကျော်ကျော်၏ ကျောင်းဝတ်စုံမှာ စိတ်အိုက်သဖြင့် ထွက်သော ချွေးနှင့် စွန်းကွက်နေသည်။ နေ့တိုင်း ၀တ္တရားမပျက် သောက်နေရသော နွားနို့ကို သူမုန်း၏။ အက္ခရာသင်္ချာကိုလည်း မုန်း၏။ သူ့နှာခေါင်းထဲတွင် စွဲနေသော နို့ညှီန့ ပျောက်လိုပျောက်ငြား ယောင်ယမ်းကာ ကျော်ကျော် သူ့နှာခေါင်းကို လက်ဖြင့် ပွတ်လိုက်၏။ ဒေါ်သိန်းကြွယ် ဘယ်လောက်ယူမလဲ။ ဒေါ်သိန်းကြွယ်သည် နို့စားနွားမွေးသော စူလထံမှ ဖောက်သည်ယူကာ ရောင်းသူဖြစ်သည်။ ဆရာဝန်သည် ရုပ်ရှင်ရုံတစ်ရုံရှေ့တွင် ရပ်ကာ ရုပ်ရှင်ကြည့်ရန် စောင့်ဆိုင်းနေသည်။ ထိုရုပ်ရှင်ကားထဲတွင် အာစူလာ အင်းဒရက်ပါ၏။ သူ့ကို ဘီယာမှန်မှန်သောက်ရမယ်ဟု ဘယ်သူ့မှမပြောပါ။ သီတာသည် နွားနို့အိုးကို မွှေနေသည်။ နှုတ်ခမ်းမွှေးတွင်ပေနေသော မလိုင်ဖတ်ကို ဦးမြင့်သန်းက လျှာဖြင့် သိမ်းသပ်လိုက်သည်။ သူသည် အိန္ဒယ၌ လေမုန်းတိုင်းမိ၍ လူနှစ်သောင်းကျော် သေကျေပျက်စီးသွားသည့် သတင်းကို နွားနို့သောက်မပျက်ဘဲ ဖတ်နိုင်သူဖြစ်၏။ ကိုဘခိုင်တို့အိမ် စင်ပေါ်မှ နွားနို့ခွက်ကို ကြွက်ကလေးတစ်ကောင် ခိုးသောက်နေသည်။ ခင်ဗျား နွားနို့မှန်မှန်သောက်ရမယ်ဟု ဆရာဝန်က သူ့ကို ပြောခဲ့သလား။ ညနေကျလျှင် ချောအိသည် ရွှေဝါကို တိရိစ္ဆာန်ကုဆရာဝန်ထံ ခေါ်ဆောင်သွားလိမ့်မည်။ ရွှေဝါသည် နွားနို့ကုန်အောင် မသောက်နိုင်သော ရောဂါရနေ၏။ ဒေါ်သိန်းကြွယ်၏ ခေါင်းပေါ်မှ တောင်းထဲတွင် နွားနို့ငါးပိဿာ ဆံ့သော ပုံးတစ်ပုံးရှိသည်။ ကျော်ကျော်သည် သူ့အမေ အလစ်တွင် သူ့ရှေ့မှ နွားနို့ခွက်ကို ဆတ်ခနဲ ကောက်ယူကာ သူ့ဘေးရှိ ပြတင်းပေါက်မှ သွန်ချလိုက်၏။
+++

ဦးမြင့်သန်းတို့အိမ်၊ သီတာတို့အိမ်၊ ချောအိတို့အိမ်၊ ကျော်ကျော်တို့အိမ်၊ ကိုဘခိုင်တို့ အိမ်။ ဒေါ်သိန်းကြွယ် သူ့ဖောက်သည်အိမ်များကို ထွက်ဝင်ကျော်လွန်လာခဲ့၏။ တိမ်ဖြူဖြူထဲမှ နေသည နွားနို့စိမ်ထားသော လိမ္မော်သီး တစ်လုံးနှင့်တူသည်။ ဦးမြင့်သန်းသည် မလိုင်စားသဖြင့် ၀မ်းမသွားပါ။ ချည်တိုင်တွင် နို့ဆာသော နွားငယ်တစ်ကောင် ရုန်းကန်နေ၏။ ပြတင်းပေါက် အပြင်ဘက်က မြက်ခင်းပေါ်တွင် နွားနို့စက်များ ပြန့်ကျဲနေသည်။ စူလသည် အသားကိုလည်းကောင်း၊ နို့ဆမ်းထားသော မြက်ကိုလည်းကောင်း မစားပါ။ ထွက်ခွာသွားသော ကျောင်းကြိုကားပေါ်၌ ပြုံးနေသော ကျော်ကျော်ပါသွားသည်။ ဒေါ်သိန်းကြွယ်သည် နွားနို့ယူကြဦးမလားဟု မအော်ဘဲ တဘူးဘူး(တဗူးဗူး) ဟုအော်ပါသည်။ နွားနို့သောက်သူများ သည် နွားနို့ပုလင်းများကို မဆေးကြောကြပါ။ ကြွက်တစ်ကောင်၏ အိပ်မက်သည် နို့ညှီနံ့နံနေသည်။ ကိုဘခိုင် ပန်းချီရေးရန် အဖြူရောင်ဆေးတောင့်ကို ညှစ်လိုက်သောအခါ အထဲမှ နွားနို့ဖြူဖြူများ ထွက်လာလေသည်။ ကမ္ဘာပေါ်တွင် နွားမသည် အာစူလာအင်းဒရက်ထက် အရင်ဖြစ်ပေါ်ခဲ့၏။ ဒေါ်သိန်းကြွယ်သည် နွားနို့အကျန်ကို အရပ်ထဲတွင် လည်ရောင်းနေသည်။ နွားနို့တိုင်းသည် အဖြူဖြစ်သော်လည်း နွားများသည် အရောင်ကွဲ၏။

နွားနို့တွင်ပရိုတိန်း ကောင်းကောင်းပါသည်။ ပရိုတိန်းဆိုသည်မှာ ဂရိဘာသာစကားဖြစ်၍ ပထမတန်းစားဟု အဓိပ္ပါယ်ရလေသည်။

Read Users' Comments (0)

သစ္စာနီ (မိမိအရေပြားမှ လမ်းလျှောက်ထွက်ခြင်း)

အမည်မဲ့(၄)

ရေခဲသေတ္တာတစ်လုံးထဲမှာ..
နို့စားနွားမတစ်ကောင်ရယ်(အရှင်လတ်လတ်)
ပင်မှည့်သီးတွေနဲ့ လိမ္မော်ပင်တစ်ပင်ရယ်
(အရှင်လတ်လတ်)
ဘယ်သူမှ မဖတ်ရသေးတဲ့ ကဗျာတွေရယ်
(သေဆုံးပြီးသား)
ရှိတယ်။

စာပွဲ ခုံတလုံးမှာ
ဘာမှ ထည့်မထားတဲ့ ဖန်ခွက်တချို့ရယ်..
(အရှင်လတ်လတ်)
ဘာမှ ထည့်မထားတဲ့ ပန်းကန်တချို့ရယ်..
(အရှင်လတ်လတ်)
ဘာမှ မထည့်မထားတဲ့ လူတချို့ရယ်
(သေဆုံးပြီးသား)
ရှိတယ်။
ဒီလိုနဲ့
ကမ္ဘာပေါ်မှာ
ပါးစပ်မပါတဲ့ ညစာစားပွဲတွေရယ်
ညစာစားပွဲ မပါတဲ့ ပါးစပ်တွေရယ်
ဖြစ်ပေါ်လာခဲ့တော့တယ်။

NAMELESS (4)

In a fridge
There's a milking cow (Alive)
An orange tree with fruits ripe
(Alive)
And poems still unread by anyone
(Dead)

On the table
There are some empty glasses
(Alive)
Some empty people (Dead)

Thus...
In this world
Dinners without mouths
Mouths without dinners
Are born.

ရေးသားသူ ။ ။သစ္စာနီ
ဘာသာပြန်။ ။ မြတ်သစ်

Read Users' Comments (0)

မောင်သိန်းဇော် ကဗျာ

ကျွန်တော်ကြိုက်တဲ့ ဆရာသိန်းဇော်ရဲ့ ကဗျာလေးပါ။ ဒီကဗျာလေးကို ဆရာတာရာမင်းဝေ “ကပ်ကြေးတစ်လက်နှင့် ကောင်းကင်တစ်ထည်” စာအုပ်မှ ကူးယူထားလိုက်ခြင်းဖြစ်ပါတယ်။ ခေါင်းစဉ်လေး မပါပါဘူး။ ဒါပေမယ့် ဖတ်ကြည့်ရင် တခုခု ခံစားမိပါလိမ့်မယ်။ ကျွန်တော်ကြိုက်တဲ့ ကဗျာတွေထဲက တစ်ပုဒ်ပေါ့။
မျက်မြင်သက်သေ မရှိတဲ့အတွက်
ပင်လယ်က
လှိုင်းကို ငြိမ်းလိုက်ပြီ။

ဒိထက်ပိုဝေးလည်း
ဒိထက်ပိုမဝေးတော့ပါဘူး။

ဆူးပြွန်း အတွေးတွေ
ဆွေးမြေ့မှုကိုသာ ဆန့်ထုတ်လို့
ငါကိုယ်တိုင်လည်း
ငါ့အသံထဲ
လွမ်းလွင့်မျောပါချိန်ပေါ့

ဒိထက်ပိုဝေးလည်း
ဒိထက်ပိုမဝေးတော့ပါဘူး။

မိုင်ထောင်သောင်း ဝေးလံ အရပ်က
ရေနံတွင်း၊ ရွှေနဲ့ စိန်ထွက်ရာ မြေကြီးတွေ…
ငါ့သီချင်းကို စုတ်ယူကြ

အဲဒိရနံ့တွေ
လှိုင်းလိုတလိပ်လိပ်တက်လာ…။

အဲဒိရနံ့တွေ
ငါ…. ရိုက်ခွဲ ပစ်လိုက်တယ်။
ဒိထက်ပိုဝေးလည်း ဒိထက်ပိုမဝေးတော့ပါဘူး
နှင်းဆီကို ချစ်တတ်အောင် သင်ကြားဖို့
စောင်းတွေက
ဆူးကို ကြိုးညှိပေးခဲ့ရတာပေါ့
တစ်ညနေခင်းလုံး
ငါ့ဆီ မှိုင်ငေးနေတဲ့ တိမ်တွေ
အလွမ်းက ကျွတ်လွတ်ဖို့
မြူဆွယ်အား ကောင်းကောင်း
ကံတရား လှပတာ လိုချင်ရဲ့။

ဒိထက်ပိုဝေးလည်း
ဒိထက်ပိုမဝေးတော့ပါဘူး။

ကိုယ့်အရိပ်တောင် မရိပ်မိနိုင်တော့တဲ့
နှင်းနဲ့ လောင်ကျွမ်းနေသူ
ဆောင်းလေ
ငါ့….ကို…ရှာ…ဆဲ။

မောင်သိန်းဇော်

Read Users' Comments (0)