Posted in
Labels:
ဟာသ
|
Wednesday, February 25, 2009
တနေ့သ၌ ကျွန်တော်၏ အင်တာနေရှင်နယ် ရုံးခန်းဆီသို့ ဟိုးဟိုးကျော် ဂျာနယ်မှ ဂျာနယ်လစ်မလေး တဦးသည် အင်တာဗျူးရန် အလို့ငှာ ရောက်ရှိလာလေသည်။ ကျွန်တော်၏ ကုမ္ပဏီသည် လွန်စွာမှ အောင်မြင်ကျော်ကြား လှသော တာတေကြီး သွင်းကုန် ထုတ်ကုန် လုပ်ငန်းဖြစ်ရာ နိုင်ငံတကာမှ စာနယ်ဇင်းများမှ တပတ် ၃၊ ၄ ကြိမ်မက မကြာခဏ အဗျူးခံရလေသည်။ (စကားချပ်။ ။ ကျွန်တော်သည် ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင်လည်း နံပါတ်အားဖြင့် တစ် နှစ်ပိုင်းတစ်ပိုင်း ဖြစ်လေရာ...[အချမ်းသာဆုံး ပုဂ္ဂိုလ်နှင့် ကျွန်တော်မှာ ပွိုင့်အားဖြင့်သာ ခြားပြီး ဒုတိယ လူဖြင့် ပွိုင့်အားဖြင့် သာသော အလယ်လူ ဖြစ်သောကြောင့်] ကမ္ဘာ့မီဒီယာ လောကတွင် အလေးပေး အခံရဆုံး ဟော့တ် အဖြစ်ဆုံး ပုဂ္ဂိုလ် ဖြစ်ကြောင်း ကိုယ်ဟာကိုယ် ကိုယ်ရည်သွေးလိုက်ရပေသည်) သို့နှင့် ယနေ့တွင်လည်း ဟိုးဟိုးကျော် ဂျာနယ်မှ လာရောက်ဗျူးမည်ဟု ကျွန်တော်၏ အတွင်းရေးမှူးမလေး စလူးဒေစီ၏ ကြိုတင် အပွိုင့်မန့် လုပ်ပေးထားမှုကြောင့် ယင်းဂျာနယ် လစ်မလေး မလာမှီ နာရီဝက် အလိုခန့် ကတည်းက အမွှေးနံ့သာများ ဆွတ်ဖြန်းခြင်း မျက်နှာတွင်လည်း မျက်နှာချေ အနည်းငယ် လိမ်းခြင်းများ ပြုလုပ်ပြီးနောက် ၎င်းအလာကို နာရီဝက် စောင့်နေရလေသည်။ ယင်းဂျာနယ်လစ်မလေးသည် ကျွန်တော်၏ ရုံးခန်းထဲသို့ လိမ်ကျစ်လိမ်ကျစ် ၀င်လာပြီးနောက် ကျွန်တော်အား ဦးစွာ နှုတ်ဆက်လေသည်။
“ဟုတ်ကဲ့ အန်ကယ်လ်ရှင့်၊ ဂွတ် အီးဗနီး ပါ သမီးက ဟိုးဟိုးကျော်ကပါ.. ခွစ်စတင်း ပါ..”
အနှီ ဂျာနယ်လစ်မလေးသည် ထိုင်ခုံတခုတွင် ထိုင်လိုက်ပြီးသည်နှင့် သူမ၏ စလင်းဘတ် အိတ်ထဲမှ ရီကော်ဒါလေးအား ထုတ်လိုက်သည်။ ကျွန်တော်ကတော့ အောင့်သက်သက်ဖြင့်
“အဲ... အီးဗနီး ပါ ညီမ၊ ညီမမေးချင်တာ အကို့ကို စိတ်ကြိုက်မေးလို့ရပါတယ်..”
အဟင်း.. သူ့ကို အကိုလို့ ခေါ်အောင် လမ်းကြောင်းပေး လိုက်တာပေါ့.။ ဘယ်ရမလဲ..။
“ဟုတ်ကဲ့ ဦး... သမီးမေးချင်တာပေါ့နော်...၊ ဘယ်လိုပြောမလဲ ဆိုပေါ့နော်..၊ ဦးအနေနဲ့ ဒီလုပ်ငန်းကြီးကို အခုလို အောင်မြင်အောင် ပေါ့နော်..၊ အင်း... ဘယ်လို.. ကြိုးစားခဲ့ရ တယ်ပေါ့နော်..၊ အဲဒါလေး.. ပေါ့နော်...၊ တဆိတ်လောက် ပြောပြပေးပါလား ဦး...”
တိန်... သေဟဲ့..၊ ဦးတဲ့...၊ ဟင့် .. တတ်နိုင်ဘူး.. ခေါ်ချင်သလိုခေါ်တော့..။
“အဟော်.. ဟုတ်ကဲ့ ဒီလို လုပ်ငန်းကြီး ဖြစ်လာအောင် ဘယ်လိုရုန်းကန်ခဲ့ရလဲ ဆိုတော့ ဗျာ.၊ အင်း ပြောရမယ်ဆို.. အတော်လေး ပင်ပန်း ခဲ့တယ်ပေါ့..၊ ဘယ်လိုလဲ ဆိုတော့ဗျာ.. အင်း.. အဘိုးရဲ့ ကုမ္ပဏီပေါ့..၊ အင်း သူသေတော့ ကျွန်တော် ရပြီး ဒါရိုက်တာ အော်တိုဖြစ်လာတယ်ပေါ့..၊ အင်း..အဲ.. အဲ့လို ကြိုးစားခဲ့ရပါတယ်ခင်ဗျ..”
“အယ်.. တော်တော် ကြိုးစားခဲ့ရမှာပေါ့နော်..၊ နောက်.. မေးချင်တာကတော့ ဦးအနေနဲ့ ဒီလိုပေါ့နော်..၊ အင်တာနေရှင်နယ် ဈေးကွက် ကိုပေါ့နော်..၊ ဘာတွေ အဓိက ထားပြီး ပို့လဲပေါ့နော်..၊ ပြီးတော့ အင်တာနေရှင်နယ် ဈေးကွက်ကို ဘယ်လို ထိုးဖောက်လဲပေါ့နော်.. ဟုတ်.. အဲ့ဒါလေးပေါ့..”
“အင်း.. ကျွန်တော်တို့ ဒီ.. တာတေကြီး ကုမ္ပဏီကနေ အဓိက နိုင်ဂျံကားကို ပို့တာတော့ ကျွန်တော်တို့ ငပိ ခင်ဗျ...၊ စွန့်ဦးတီထွင်ပြောရမလားတော့ မသိဘူး..၊ အင်တာနေရှင်နယ်မှာ အခုဆိုရင် ငပိကို အရေကြိုမလား၊ ငပိထောင်းမလားပေါ့နော်..၊ အဲ့လို ငပိစားသုံးသူတွေ များလာပြီပေါ့..၊ သူတို့ သုတေသန ပညာရှင်တွေ တွေ့ရှိတာကတော့ ငပိမှာ ပရိုတင်းဓာတ်တွေ အများအပြား ပါတယ် ပေါ့နော်..၊ ငပိစားရင် ထွားကျိုင်းမယ်ပေါ့..၊ ဥာဏ်ရည်မြင့်မယ်ပေါ့...၊ အိုင်ကျူပေါ့ဗျာ..၊ ဟုတ်.. သူက ကျွန်တော်တို့ လူမျိုးတွေပေါ့နော် ဥာဏ်ကောင်းတာကို အကြောင်းရင်း ရှာလိုက်တော့ ငပိကို မွေးကတည်းက စားခဲ့ကြလို့ပေါ့နော်..၊ အင်း.. အခုဆိုရင် အင်္ဂလန်မှာဆိုရင် ကလေးရှိတဲ့ အိမ်တွေကို အသက်၅နှစ် လောက် ရောက်တာနဲ့ ငပိကို နေ့တိုင်း ကျွေးဖို့ ပေါ့နော်.. သူတို့ ညွန်ကြား ကြတာတွေ ရှိတယ်ပေါ့...၊ ဟုတ်.. ဒီတော့ ကျွန်တ်ာတို့ ငပိဟာဆိုရင် စံချိန်စံညွှန်းအမှီပေါ့ ISO လက်မှတ် ရထားတယ်ပေါ့..၊ ဟုတ်.. ကျွန်တော်တို့ ဆောင်ပုဒ်လိုပေါ့.. အားရှိချင်လား..၊ တာတေကြီး ငပိကိုစား၊ ဖွံ့ဖွံ့ထွားထွား၊ ၀ံ့ဝံ့ကြွားကြွား..၊ အိုဗျ.. တာတေကြီး ငပိစိမ်းစား..”
“အော်..ခစ်ခစ်.. ဟုတ်ကဲ့ရှင့် အခုလိုပေါ့နော်..၊ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ ငပိကို စတန်းဒတ် မှီအောင် ထုတ်လုပ်ထားတာကို ကမ္ဘာ့ဈေးကွက် ၀င်အောင် ဘယ်လို ကြော်ငြာအားနဲ့ ထိုးဖောက်သလဲ ပေါ့နော်..၊ အဲ့ဒါလေး လဲ ပြောပေးပါအုံး..”
“ဟုတ်.. ဒါပေါ့.. အခုလို ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးထဲမှာပေါ့. သူများတွေနဲ့ ခေတ်နောက်ကျ မကျန်ခဲ့အောင် ကျွန်တော်တို့ ငပိနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ စွယ်စုံကျမ်း ဆိုက်ကြီးကို တည်ထောင် ထားပါတယ်..၊ ငပိဒီးယားပေါ့နော်..၊ အဲ့ဒိမှာ ငပိနဲ့ ပတ်သက်လို့ ငပိရဲ့ သဘောသဘာဝတွေ၊ ငပိမျိုးကွဲတွေ၊ ငပိကို ဘယ်လို စားသုံးတယ်ပေါ့၊ ငပိနဲ့ ပတ်သက်တဲ့ သုတေသန ပြုချက်တွေ ပေါ့နော်.၊ ဒါတွေ တင်ပြထားပါတယ်၊ ပြီးတော့ ကျွန်တော်တို့ ထုတ်ကုန် ငပိကိုလဲ အွန်လိုင်းကနေ မှာ ယူလို့ ရပါတယ်၊ ကျွန်တော်တို့ ငပိကို ကျွန်တော်တို့ ဆိုက်မှာ တင် မဟုတ်ပဲ..ပေါ့နော်..၊ ဟုတ်.. အမေဇုံလို၊ ဂူဂယ်လ် ရှော့ပင်းလို နေရာမျိုးတွေမှာပေါ့နော်..၊ အဲ့ဒိမှာလဲ ဈေးနှုန်းချိုသာစွာ ၀ယ်ယူနိုင်အောင် ကျွန်တော်တို့.. စီစဉ်ထားပါတယ်.. ခင်ဗျ.”
“အခုလိုပေါ့နော်... အီကော်နော်မစ် ခရိုက်စစ် ကြီးရှိနေတဲ့ အချိန်မှာ ဦးတို့ ကုမ္ပဏီ အနေနဲ့ကော သက်ရောက်မှု ရှိလား ရှင့်. ဘယ်လိုပြင်ဆင်ထားလဲ ဆိုတာ သိပါရစေ..”
“ဟုတ်ကဲ့ ခုနက ပြောခဲ့သလိုပဲ.. ဒီခရိုက်စစ်ကြီးကို ဖြေရှင်းဖို့ရာ ဉာဏ်ကိုသုံးဖို့လိုပါတယ်..။ ဒီတော့ ကျွန်တော်တို့ နိုင်ငံက ထွက်တဲ့ ငပိတွေ များများစားမှ သွေးတက် အဲလေ.. ဉာဏ်ရည်မြင့်မားပြီး ဖြေရှင်း နိုင်မှာ ဖြစ်လို့ သိပ်ကြီး မထိခိုက်ပါဘူး..၊ ပြီးတော့ ကျွန်တော်တို့ တာတေကြီး ကုမ္ပဏီကနေ လုပ်တာ ဒီလုပ်ငန်း တခုထဲတင် မဟုတ်ပါဘူး။ အဲ နို့ဆီဗူးခွံလဲ ရောင်းတယ် ခင်ဗျ..”
“ဟုတ်ကဲ့..ဦး..အဲ့ဒိ ထုတ်ကုန် အကြောင်းလေး ပြောပြပေးပါအုံး”
“အဲ ဒါက ထုတ်ကုန်လို့တော့ မဟုတ်ဘူးဗျ... ၊ နို့ဆီဗူးတွေကို လိုက်ဝယ်ပြီးတော့၊ နိုင်ဂံဂျားကို ပြန်ရောင်း”
“ဟိုမှာ နို့ဆီဗူးပြန်လုပ်တာလား..”
“မဟုတ်ဘူးခင်ဗျ..၊ သူတို့ဆီမှာ စရိတ်နည်း ကားတို့ လေယာဉ်တို့ ထုတ်ဖို့ မှာတာပါ..၊ အခု မစ္စတာ အိုဘားမားကလဲ အီကော်နောမစ် ကယ်ဆယ်ရေး အစီအစဉ်အရ အမေရိကန် ဖို့ဒ်ကား ကုမ္ပဏီကို ကျွန်တော်တို့ဆီက စရိတ်နည်း နို့ဆီဗူးခွံနဲ့ ကားထုတ်ကြည့်ဖို့ အကြံပြုထားတယ်ခင်ဗျ..၊”
" တလောက ကြားတာတော့ တရုတ်ပြည်ကလဲ ဒီနို့ဆီဗူးခွံတွေကို အမေရိကန် ဈေးကွက်ကို ဖြန့်ဖို့ ကမ်းလှမ်းဖူးတယ် ကြားတယ်ရှင့်၊ ဒီလိုဆို တရုတ်နဲ့ ဦးတို့ နဲ့ ဈေးကွက် ဝေစု လုရမှာပေါ့နော်.."
"အဲ ဒီကိစ္စကတော့ အမေရိကန်က လက်ခံမှာ မဟုတ်ဘူးခင်ဗျ..၊ တရုတ်က ကမ်းလှမ်းထားတဲ့ နို့ဆီဗူးခွံ နမူနာတွေကို စစ်ဆေးကြည့်တဲ့အခါ မယ်လမင်း ဓာတ်တွေ ပါနေတယ်ဆိုပြီး တင်ပို့ခွင့် မပေးပါဘူး ခင်ဗျ.."
"ဟုတ်ကဲ့ရှင်.. အခုလို စိတ်ရှည် လက်ရှည် ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဦးရှင့်..၊ ပြည်တွင်းက နိုင်ငံတကာဈေးကွက် ကို ထိုးဖောက်ဖို့ ပြင်ဆင်နေတဲ့ ကုမ္ပဏီငယ်လေးတွေကို ဘာများ ပြောချင်လဲ ရှင့်"
"ဟုတ်ကဲ့ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ ဥာဏ်ကောင်းချင်ရင် သူများတွေထက် နိုင်ငံတကာမှာ ခေါင်းတလုံးသာချင်ရင် ဗမာ့ရိုးရာ ငပိကို များများစားပါလို့ မှာချင်ပါတယ်..ပြီးတော့ စက်မှုဇုံက ကားထုတ်လုပ်ရေး ကုမ္ပဏီတွေကိုလဲ စရိတ်နည်း သက်သာတဲ့ နို့ဆီဗူးခွံတွေနဲ့ စမ်းသပ်ထုတ်ကြည့်ကြပါလို့ ပြောချင်ပါတယ်ခင်ဗျ.."
သို့နှင့် အနှီ အင်တာဗျူးမလေးအား ကျွန်ုပ်ကုမ္ပဏီထွက် ငပိစိမ်းစားများ အများအပြား ပေးလိုက်ရာ ကျွနုပ်အားလဲ ဓာတ်ပုံများ တဖျတ်ဖျတ် ရိုက်ကာ မှိုရလေသော မျက်နှာဖြင့် ကျေးဇူးတင်ကြောင်း ပြောပြီး လိမ်ကျစ်လိမ်ကျစ်နှင့် ပြန်သွားလေတော့သတည်း..။
Posted in
Labels:
ဟာသ,
အတိုအထွာ
|
Sunday, December 28, 2008
“တင်း…တင်း..တောင်”
လေဟာနယ်ထဲမှာ အိပ်မောကျနေသည်ကို ကိုယ်ရံတော် ရိုဘော့က … တေးသံသာဖြင့် လာနှိုးနေခြင်းဖြစ်၏။
“ဟေ့ ဘယ်ချိန်ရှိပြီလဲ…”
“အလင်းနှစ် ..100,000,2548,32385,1214.18442 ရှိပါပြီ”
“အင်း ငါအိပ်နေတာ နဲနဲကြာပြီပဲ။ ဆောရီးကွာ ညက ညနက်မှ အိပ်လို့။ အေး ဒီနေ့ လုပ်ရမယ့် လုပ်ငန်း ပရိုဂရမ်တွေ ရေးပေးပြီးပြီလား”
“ဟုတ်ကဲ့ ကျွန်တော် သမ္မတကြီးရဲ့ မှတ်ဥာဏ် ဦးထုပ်ထဲ ထည့်သွင်းထားပြီးပါပြီ။”
“အေး ကောင်းတယ်”
အိပ်ယာမှ အညောင်းအညာ ဖြေရင်း ထလိုက်ပြီး လေဆာသန့်စင်ခန်းသို့ ၀င်လိုက်သည်။ (လေဆာ သန့်စင်ခန်းဆိုတာ သူတို့ ရွှေ့လျား အာကာသ နိုင်ငံတော်တွင် ရေသည် သောက်သုံးရန် အတွက်သာ ဖြစ်ပြီး ချိုးရေ အတွက်ကိုတော့ လေဆာဖြင့်သာ ချိုးပြီး ပိုးမွှားများကိုပါ သန့်စင်စေသော အခန်းဖြစ်သည်)။
“ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူ ရယ် တူတူပါပဲကွယ်… အယ်အယ်…”
ရောင်ခြည်တွေ ပက်ဖျန်းနေရင်း နွေးနွေးလေးနှင့် သီချင်းလေး ငြိမ့်နေရတာ တနေ့တာလုံး အတွက် ဇိမ် အကျဆုံး အချိန်ဖြစ်သည်။ သိပ်လဲ ဇိမ်လုပ်လို့မရ ဒီနေ့ ဆောင်းရာသီအခန်းထဲကို လူတွေ ရွှေ့ပြောင်း ကြမည်ကို သွားရောက် ကြီးကြပ်ပေးရမည်။ ၎င်းတို့သည် နေစင်္ကြ၀ဠာ ပျက်သုန်းပြီးနောက် နေရပ်မှ စွန့်ခွာ လာခဲ့ကြသော လူမျိုးစုများဖြစ်ကြရာ ကမ္ဘာကို သတိရစေခြင်းအားဖြင့် ရာသီဥတုအတုများ ဧရာမ ယာဉ်ကြီးပေါ်တွင် တည်ဆောက်ထား၏။ အ၀တ်အစား များကို ဒီဇိုင်းနာ ရိုဘော့များက ၀ိုင်းဝန်း ဆင်ပေးကြပြီးသည်နှင့် ဆွဲအားမဲ့ အခန်းထဲမှ ထွက်လိုက်သည်။
“ကျွီ..”
သမ္မတစီးနင်းသော ရှည်လျားသည့် ယာဉ်ပျံတခုသည် အခန်းအ၀တွင် လာရပ်လေသည်။ ထို့နောက် မောင်းသူမဲ့ ယာဉ်မှ တံခါးပွင့်လာပြီး စီးနင်းလိုက်ပါသွားလေတော့သည်။
ဆောင်းရာသီ ခန်းမရောက်တော့ လူတွေက တဖွဲဖွဲရောက်နေပြီ။ အခန်းထဲရောက်တော့ တရားဟော ခန်းမ ခေါင်မိုးပေါ်က နှင်းတုတွေက တဖြိုက်ဖြို့က်ကျလို့…။
“သမ္မတကြီး မင်းယွန်း ရောက်လာပြီကိုး.. ဒီနေ့ အစီအစဉ်တွေကများတယ်ခင်ဗျ၊ အရင်ထိုင်ပါအုံး ကျွန်တော် တင်ပြပါ့မယ်။”
ဝန်ကြီးတဦးက သူ့ကို အရှေ့က ဦးဆောင်ပြီး သဘာပတိများ ထိုင်တော့ VIP ခုံတန်းမှ ဆွဲအားမဲ့ (ကြမ်းပြင်နှင့် လွတ်နေသော) ခုံပေါ်မှာ နေရာပေးလေသည်။ သမ္မတအပါအ၀င် ၀န်ကြီးများ အဖွဲ့ရဲ့ အားလုံး အသက်ပျမ်းမျှဟာ ၂၅နှစ်သာ ရှိသေးသည်။ အားလုံးက သွက်သွက်လက်လက်၊
“မနေ့က ကျွန်တော်တို့ အာကာသ နိုင်ငံရဲ့ ဆက်သွယ်ရေး လမ်းကြောင်း ၁ စက္ကန့်မျှ နှေးသွားတယ် ခင်ဗျ..။ ဘာကြောင့်လဲ ဆိုတာ အခုထိ အဖြေရှာလို့ မရသေးဘူး ဗျာ..”
အခုတလော သူတို့ ယာဉ်ပျံအနီး ကို ကပ်ကပ်လာသော အာကာသ သောင်းကျန်းသူများကလဲ ရှိသေးသည်။ လေဆာ ဒုံးခွင်းစနစ်ကလဲ အခုချိန်ထိ စမ်းသပ်မှု မအောင်မြင်သေးတာကြောင့် ကျူးကျော် လာမည့် အန္တရာယ်ကို စိုးရိမ်နေရသည်။ ထိုစိုးရိမ်သည့် အတိုင်းသာ ဖြစ်လာခဲ့လျှင်..။
“ပိုက်လိုင်း တလျှောက် လိုက်စစ်ပြီးပြီလား…”
“လိုက်စစ်ပြီးပါပြီ… ကျွန်တော်တို့လဲ တောင်ပိုင်းက ဆန့်ကျင်ဆန္ဒပြနေတဲ့ အဖွဲ့တွေ လက်ချက်လားလို့ စုံစမ်းကြည့်တော့ မဟုတ်ဘူး ဖြစ်နေတယ်..”
အင်း သောင်းကျန်းသူတွေ အန္တရာယ်ကလဲ စိုးရိမ်စရာပဲ။ ဒါကြောင့် ဗျူဟာ အရ အာကာသ ယာဉ် အလယ်ပိုင်း မြို့ကို ပြောင်းဖို့လုပ်နေတာ။
ယာဉ်ရဲ့ မြောက်ဝင်ရိုးစွန်းဘက်က အက်တမ်ဗုံး ထုတ်နေတဲ့ ကာရီးယိုး နိုင်ငံကိုလဲ ကြောက်ရသေးတယ်။ ဒီလူတွေက အက်တမ်ဗုံးကြီး တကားကားနဲ့ ဆီလေး ပဲလေး ပေးဖို့ ခြိမ်းခြောက်နေတာကိုး။
“ဒါနဲ့ နေပါအုံးဗျ…။ အာကာသ ယာဉ်တွေ ကို ဓါးပြထွက်ထွက် တိုက်နေတဲ့… ဆီမာလို နိုင်ငံကို အပြည်အပြည်ဆိုင်ရာ အာကာသ နိုင်ငံတွေ ပေါင်းပြီး တိုက်နေပြီဆို.. အဲ့ဒိ ကိတ်စ ကာကွယ်ရေး ၀န်ကြီးက ဘာပြောလဲ..”
အီမိုကေနှင့် ၀န်ကြီးက
“ဟုတ်ကဲ့ သမ္မတကြီး ကာကွယ်ရေး ၀န်ကြီး ဒိုးနတ်ဆိုင်ကို ခဏသွားပါတယ်.. ”
“အာ အရေးအကြောင်းဆို ဒီဝန်ကြီးက ဒိုးနတ်စားနိုင်သေးတယ်.. ဒါဆို ဒုဝန်ကြီး ခေါ်ခဲ့..”
“ဟုတ်ကဲ့..”
အီမိုဝန်ကြီးက မဆိုင်းမတွပင် ထသွားပြီး များမကြာမှီမှာပင် ဒုဝန်ကြီးကို ခေါ်လာခဲ့လေသည်။
“ဟေ့ မင်းတို့ ဌာနက လူကြီးက ဘယ်လိုဖြစ်တာတုန်း ဒီလောက် တိုက်ခိုက်ရေးလုပ်နေတဲ့ ကြားမှာ ဒိုးနတ် ဆိုင်ကို ဘာသွားလုပ်တာတုန်း”
ဒုဝန်ကြီးက မျက်နှာငယ်လေးနှင့်…
“ဟုတ်…ဟို.. သတင်းသွားယူတယ် ပြောတာပဲ..ခင်ဗျ…”
“ဘာကွ… မင်းတို့တွေ လုပ်လိုက်ရင် ဒီအတိုင်းကြီးပဲ.. ပြောတော့ အကောင်းစားဥပဒေတွေနဲ့ လုပ်တော့ သောက်တလွဲ…”
သမ္မတလဲ ဆူပူကြိမ်းမောင်းလိုက်ရာ ဒုဝန်ကြီးလဲ ဇတ် ကလေး ပုကာ ထွက်သွားလေ၏။
ထိုစဉ် ရုတ်တရက် သူအနောက်မှ လည်ပင်းကို သိုင်း၍ သေနတ်ဖြင့် ထောက်ထားလိုက်လေသည်။
“ဟာ… ရန်သူ…..”
“ဖုံး….”
အားလားလား ကြယ်တွေလတွေ မြင်သွားတာပဲ.. နောက်ကနေ ဘယ်သူမှန်း မသိဘူး.. နားရင်းအုပ်လိုက်သည်။ ၀န်ကြီးတွေ အကုန်လုံး ပြာပြာသလဲ ဖြစ်သွားကြ၏။ ဘာကြောင့်မှန်းမသိ တခန်းလုံး ပို.. ပိုအေးလာသည်။ ပြီးတော့ မြင်ကွင်းတွေက တဖြည်းဖြည်း မှုန်ဝါးလာ၏။
“ဟေ့ . အအေး လျှော့လိုက်…. ဂတ်ဂတ် ချမ်းလာပြီ…. အစ်အစ်..အား မလုပ်ပါနဲ့.. အစ်အစ်”
လည်ပင်းက အစ်သထက် အစ်လာသည်…။
ထိုစဉ်…
“၀ုန်းးးးးးးးးးးးးးးးးး”
“အောင်မြတ်လေး…ဗျ…”
အားရပါးရ ထအော်မိတော့မှ ကျွန်တော် ကွန်ပြူတာ ရှေ့မှာ အိပ်ပျော်သွားမှန်း သိတော့သည်။ ကွန်ပြူတာထဲမှ ဂိမ်းကတော့ ဖွင့်လျက်သား။ ဘယ်ချိန်ထဲက အိပ်ပျော်နေမိမှန်း မသိ။ အရေးထဲ အိပ်မက်ကောင်းတုန်း ကြောင်ရွှေဝါက ကုတ်ပေါ်တက်ဆော့ရင်း အရှိန်လွန်ကာ စီဒီစင်ကို ၀င်တိုက်မိပြီး ပြုတ်ကျသွားခြင်း ဖြစ်၏။ ကွန်ပြူတာသုံးရင်း ဖတ်ထားသော နိုင်ငံတကာ ဂျာနယ်များကလဲ ပြန့်ကျဲနေသည်။ ဟူးးး တော်ပါသေးရဲ့ အိပ်မက် ထဲမှာ မို့လို့…။ သို့နှင့် သန်းဝေနေသော မျက်လုံးများနှင့် အိပ်ယာပေါ် ခြေပစ်လက်ပစ် ၀င်အိပ် လိုက် တော့သည်။ ဒီဇင်ဘာဉာဥ့်တခုလုံးကတော့ တိတ်ဆိတ် အေးစက်လို့…။ ၀ှားးးးးးးးး။ ဆိတ်ငြိမ် နေသော ကြောင့် တိုင်ကပ်နာရီမှ အသံသည် အခန်းတခုလုံး မြည်ဟိန်း သွားလေတော့သည်။
“တင်း..တင်း..တောင်”
@@@@@@@@@@@@@@@@@@
အဟတ် ဒီဝတ္တုလေးက ဘာရယ် မဟုတ်ပါဘူး။ နေ့အိပ်မက်က ကျွန်တော့်ကို စိတ်ကူးလေး ယဉ်ကြည့်လိုက်ပါတယ် ဆိုပြီး တက်ဂ်တော့ ကျွန်တော်လဲ ပျင်းတာနဲ့ တထိုင်တည်း ထိုင်ရေးလိုက်တာ..။ ဟတ်ဟတ် ဒီဝတ္တုလေးကို ဟိုဝင်ဒီထွက် လုပ်ရင်း၊ သယ်ရင်းတွေနဲ့ စကား စမြည်ပြော ရင်းနဲ့ ရေးတာ ကြာချိန်က ၂နာရီ ဖြစ်ပါတယ်။ ကောင်းချင်မှ ကောင်းလိမ့်မယ်ဗျာ။ ဒါပေမယ့် တဂ်ကြွေးလေး တခုရှင်းသွားတာပေါ့ ဟတ်ဟတ်။ ကျွန်တော် ထပ်တဂ်ချင်သူတွေကတော့ ကိုရန်၊ ဗေဒါ၊ မီးလေးဇာ၊ မောင်မျိုးတို့ပဲ ဖြစ်ပါတယ်။ ကဲ စိတ်ကူးလေး ယဉ်ကြည့်လိုက်ပါတယ် ဆိုတဲ့ တက်ဂ်ကလေးနဲ့ ကိုယ့်စိတ်ကူးလေးတွေ ရေးပေးကြအုံးနော့။
ခင်မင်စွာဖြင့်
မင်းယွန်းသစ်
Posted in
Labels:
ဟာသ
|
Wednesday, October 29, 2008
အလုပ်ရှုပ်နေသော မိခင်အား ကလေးငယ်က
“မေမေ...”
“အင်းပြော..”
“ဖွားဖွားကြီးက သေသွားပြီး နတ်ပြည်ရောက်သွားပြီဆို ဟုတ်လား..”
“အေး.. ဟုတ်မှာပေါ့..”
“ဒါဆို သားတို့ကြီးလာရင်လဲ နတ်ပြည်ကို သွားရမှာပေါ့နော်..”
“အင်း..”
“ဟင်..ဒါဆို သားတို့ မိသားစုတွေ အကုန်လုံး အတူတူ သွားကြမယ်လေ..”
“နတ်ပြည်ဆိုတာ အကုန်လုံးတော့ ဘယ်သွားလို့ ရပါ့မလဲ...သားရဲ့”
“ဘာဖြစ်လို့လဲ..ဟင်”
မိခင်က ကလေးငယ် ထပ်အတွန့်တက်နေမည် စိုးသဖြင့် မေးခွန်းအား အလွယ်တကူ ဖြေလိုက်၏။
“ဘတ်စ်ကားကြပ်လို့ပေါ့..”
ထိုအခါ ကလေးငယ်ပြောလိုက်ပုံက
“ဟာ ဒါဆို အလွယ်လေးပဲ မေမေရ.. သားတို့ တက္ကစီ ငှားသွားကြမယ်လေ..”
Posted in
Labels:
ဟာသ
|
Saturday, October 25, 2008
မနှစ်က အဖြစ်အပျက်လေးပေါ့။ ကျွန်တော်နဲ့ သယ်ရင်းနှစ်ယောက်သား ကျောင်းက အပြန်ပေါ့။ ၄၆ လမ်းနားက စီးတီးမတ်ကို ဒိုင်ယာရီ စာအုပ်ဝင်ဝယ်တာ။ ကျွန်တော်တို့ ၂ယောက်ကလဲ တွေ့ကြပြီဆို စကား အမျှင်မပြတ်တော့ဘူး။ အိမ်ပြန်တဲ့ လမ်းကြောင်းကလဲ တူဆိုတော့ပေါ့..။ ဒါနဲ့ ကျွန်တော်တို့ ၂ယောက် စီးတီးမတ်ထဲမှာ စာအုပ်ဝင်မွှေပြီးတော့ ကျွန်တော်က ခွေဆိုင်မှာ ၀င်မွှေ မွှေချင်တိုင်းမွှေပြီး ပစ္စည်းလေးတွေ အတိုအထွာတွေ မနည်းဘူး။ ၀ယ်လို့ ပြီးပြီဆိုတော့ ငွေရှင်းမယ့်ကောင်တာမှာ လူတွေက အတော်များနေတယ်။ အော် အဲ့ဒိနေ့က စနေနေ့ထင်တယ်။ အဲ့ဒိတော့ လူတွေက ကောင်တာ သုံးလေးခု မလောက်ဘူး။ အားလုံး တန်းစီနေရတယ်။ ဒါနဲ့ ကျွန်တော်လဲ ကျွန်တော့် သူငယ်ချင်းနဲ့ နှစ်ယောက် စကားပြောရင်း ဘယ်လိုကနေ ဘယ်လိုရောက်သွားလဲ မသိဘူး ယူနီကုဒ် သုတေသနမှာ ပါတဲ့ နိုင်ငံခြားသား အကြောင်းကနေ စလိုက်တာ၊ နိုင်ငံခြားသားတွေ မြန်မာစကား တတ်ရင် မွှတ်နေတာပဲလို့ ပြောဖြစ်ကြတယ်ဗျ။ အဟတ် တိုက်ဆိုင်ချင်တော့ ကျွန်တော်တို့ တန်းစီနေတဲ့ ကောင်တာရဲ့ ကောင်တာ တခုကျော်က နိုင်ငံခြားသား ဆီကို ကျွန်တော်တို့ ၂ယောက် ပြောနေရင်း မျက်စိရောက်ရောက်သွားတယ်။ ဒါပေမယ့် ကိုယ့်ဟာကိုယ် ဆက်ပြောနေတာပါ။
ဖြစ်ချင်တော့ ကျွန်တော်တို့ ၂ယောက်စကား ဆက်ပြောနေတုန်း..။ အနောက်ကနေ
`ဟေ့ ကောင်လေးတွေ မင်းတို့ ငါ့အတင်းတွေ တုတ်နေတာမှတ်လား´
ဘုရားရေ မြန်မာသံပီပီသသကြီးနဲ့ ဘယ်သူမှတ်တယ် တခုကျော်ကောင်တာက နိုင်ငံခြားသား ဘိုးတော်ကြီးက ကျွန်တော်တို့ နှစ်ယောက်နောက်ကို ရောက်နေပါလေရော။ (အဲ့ နိုင်ငံခြားသား အဖိုးကြီးက ၀တ်ထားတာ ပလေကပ်နဲ့ အပေါ်က လည်ကတုံး အံမယ် သူ့ပုံက ဆရာလိုလို ဘာလိုလိုနဲ့ ကချင်လွယ်အိတ်ကလဲ လွယ်ထားသေး။) ပထမတော့ ကျွန်တော်တို့ ကြောင်သွားတယ်။ ပြီးမှ `အာ မဟုတ်ပါဘူးဗျ..။…´ လို့ ကပျာကယာ ငြင်းလိုက်ရတယ်။
အံမယ် ဘိုးတော်က ဒါနဲ့တင် မရပ်သေးဘူး ကျွန်တော်တို့ နားကပ်လာပြီး ဘာလုပ်တယ်မှတ်လဲ။ အံမယ်လေး ကျွန်တော်တို့ ၂ယောက်လုံးကို သူက လက်တဖက်ဆီနဲ့ ဗိုက်ခေါက်ကျောကို လိမ်ဆွဲပြီး ကလေးတွေ မုန့်ခိုးစားသလား စစ်သလို။
`မလိမ်နဲ့ မှန်မှန်ပြော…၊ ငါ့အကြောင်း အတင်းပြောနေတာ မှတ်လား´
ရော် ဒွတ်ခပါလားနော်။ အားကျွတ်ကျွတ်..
`ဟာဗျာ.. ဘာလို့ အန်ကယ့်အကြောင်း ပြောရမှာလဲဗျ.. မပြောပါဘူးဗျာ…´
အံမယ်လေး သေချာလား ထပ်မေးပြီး ထပ်ဆွဲနေသေးတယ်။ ဟင့်…။
ပြီးတော့မှ ဗိုက်ကျောကို လျော့ပေးလိုက်ပြီး မျက်မှန်ပေါ်က ကျော်ကြည့်ပြီး
`အင်း မပြောဘူးသေချာတယ်နော်..။ နောက် အတင်းမတုပ်နဲ့…´
ဗျာ……။ ကျွန်တော်တို့ ၂ယောက်စလုံး အဲ့ဒိဘိုးတော်ကို ဘာပြန်ပြောရမှန်းမသိအောင် ယောင်နနနဲ့။ ပြီးတော့ ဘိုးတော်က သွားလိုက်အုံးမယ်တဲ့….။ တဖက်ကျော်ကောင်တာကနေ ပြန်ရီပြနေလေရဲ့…။ ကျွန်တော်တို့ နှစ်ယောက်မှာ ရီရမလို ငိုရမလို အူကြောင်ကြောင်နဲ့ မအီမလည်ဖြစ်ကျန်ခဲ့လို့….။ ဟင်းနော် ..။ ငါနော်…။ ဟင်းဟင်း လူကြီးဖြစ်နေလို့…..။ ဟင်းးးးးးးးးးးးးးး။ :P
Posted in
Labels:
ဟာသ,
အတိုအထွာ
|
Monday, October 13, 2008
သီတင်းကျွတ်တော့မယ်ဗျို့ မနက်ဖြန်ဆို။ ငွေရပေါက်လမ်းလေး အဖြစ် ဟီး
မုန့်ထုပ်လေးတွေ အရင်းပြုပြီး လိုက်ကန်တော့လိုက်အုံးမယ်။ ဘလော့ကာထဲက
ကျနော့်ထက် အသက်ကြီးသူများလဲ ကန်တော့အုံးမယ်နော်။ အနော့ကို ပိုက်ပိုက်
ဒေါ်လာ ၁၀၀၊ ၂၀၀ လောက်ပို့လိုက်လဲ စိတ်ဆိုးဘူးနော်။ အဟီး။ ကန်တော့
ခံလူများ စာရင်းကို နောက်နေ့မှာ ဒီပို့စ်ကို ပြန်ပြင်ပြီးတင်မယ်နော်။ ဟီး
အခုတော့ နက်မကောင်းလို့ မေးလ်ထဲကနေ လှမ်းတင်တာ။ ကဲသီတင်းလဲကျွတ်ပြီဗျို့
ဂေါ်မစွံသေးသော အကိုအမများ စွံကြပါစေသောဝ်။ :)
ကန်တော့ခံ ဘလော့ကာ ဘိုးဘိုးဘွားဘွားများကတော့...
ဘွားဘွားနိုင်းနိုင်း
ဘွားဘွားအိမ့်
ဘိုးဘိုးရန်အောင်
ဘိုးဘိုးဂေါက်
ဘွားဘွားပန်ဒိုရာ
ဘွားဘွားခွန်မြလှိုင်
ဘိုးဘိုးတက်စ်
တို့ပဲဖြစ်ကြပါတယ်။ ဦးတော့...ဦးတော့....။ မုန့်ဖိုးလေးတွေလဲ ပေးဖို့ မမေ့နဲ့အုံးနော် ဟီးဟီး။ :P
Posted in
Labels:
ဟာသ,
တောင်ရောက်မြောက်ရောက်
|
Wednesday, September 24, 2008
ကွင်းထဲမှာ လေ့ကျင့်တော့လဲ အသေမောင်း။ လူလဲ ဖတ်ဖတ်မော ဟေ့လူ ခင်ဗျား ဖလား သိပ်လိုချင်ရင်လဲ ပြောဗျာ ကျွန်တော့်အိမ်က ပလပ်စတစ်ပစ္စည်းရောင်းတာဗျ။ ကော်ဖလားတွေ လိုသလောက် ပေးမယ်ဆိုတော့ ဆဲပါလေရော့။ :P ပြီးတော့ ကျွန်တော့်ကို ချော့မော့ပြီး “ကန်ပါ ဖက်ဖက်ရယ် အခုငါတို့ မေဂျာမှာ ကန်မယ့် သူက သိပ်မရှိဘူး မင်းကြည့်လိုက်လေ ကန်မယ့်ကောင်တွေကိုလဲ” သူပြတော့မှ ကျွန်တော် ကိုယ့်အသင်းကို ကိုယ်ပြန်သုံးသပ် ကြည့်လိုက်တော့ ရှုနာရှိုက်ကုန်း ပန်းနာသမား၊ ဆေးလိပ်သမား၊ ကွမ်းသမား၊ ဂလန်ဂလား (ကျွန်တော်တို့ မေဂျာမှာ သူ အရပ်အရှည်ဆုံးပဲ ၆ပေကျော်မယ်ထင်တယ် သူ့နာမည်ကို ပေးထားတာက ဓာတ်တိုင်တဲ့)၊ ဗိုက်ပူဗိုက်ရွှဲ အံမယ်လေး ဒါ Electronic မေဂျာက စလက်ရှင် တွေပေါ့။
အံမယ် အထင်တော့ မသေးနဲ့ ကျွန်တော်တို့ အသင်း ကန်တော့ ကွာတားအထိတက်ခဲ့တယ်။ ကြားပွဲတွေမှာ လူလောက်နေတော့ ကျွန်တော်က အေးဆေး ကွင်းဘေးမှာ နှပ်နေရုံပဲ။ ကောင်းလိုက်တာ သူများကန်တဲ့နေ့တွေ ကျရင် နိုင်ငံတကာပွဲတွေလို အဆင့်မှီမှီ ဘင်ခရာတီးပြီး အားပေးလိုက်သေးတယ်။ ဟီးဟီး ဘင်ခရာ အစစ်တော့ မဟုတ်ဘူး အဆောင်ပိုင်ရှင် အဖိုးကြီးဆီထည့်တဲ့ ငါးဂါလံကော်ပုံးကြီး မသိအောင် မလာပြီး ဒုတ်တချောင်းနဲ့ “အီးစီ..ဒုန်းဒုန်းဒုန်း.. အီးစီ..ဒုန်းဒုန်း” နဲ့ အားရပါးရ အားပေးတာပေါ့။:P ကွာတား ရောက်တဲ့နေ့ကျတော့ ဖာဂူဆန်ရူးကြီးအဲလေ ဟုတ်ကဲ့ရှင့်ကြီးက ကျွန်တော့်ကို ဒုတိယပိုင်းမှာပါဖို့ ပြောတယ်။ မြို့နယ်ကွင်းမှာ ကျောင်းက ကျွန်တော်တို့ မေဂျာက မမတွေလဲ တခဲနက် လာအားပေးကြသေးတယ်။ အဲ့ဒိနေ့က ကန်ရတာ Electrical Power (EP) အသင်းနဲ့ပေါ့။ ခြေရည်တူနေတော့ ပထမပိုင်း ပြီးခါနီးအထိ တဂိုးမှ မသွင်းနိုင်ကြသေးဘူး။ ခြေရည်တင်တူတာ မဟုတ်ဘူး တခြားသွားတူ နေတာက ဇိုးသမား တွေချည်းပဲ အားလုံး သောက်ဖော် သောက်ဖက်တွေ။ ဟီး။
အဲဒုတိယပိုင်းပွဲပြီးခါနီးတော့ EP က ထောင့်ကန်ဘော ကန်ခွင့်ရတယ်။ အဲ့ဒိမှာ အီးပီက ဒိုးကလေး ဆိုတဲ့ အကိုကြီး ကန်တယ်။ (ဒိုလေး မဟုတ်ပါ။ သူ့နာမည်က ဒိုးကလေးတဲ့လေ ဘောလုံး အခြေခံတော်တော်ကောင်းပါတယ်) ဘယ် အဲ့ဒိတုန်းက ရူနီ၊ ဒိုလေး တို့ ဘယ်နား ရောက်နေလဲ မသိဘူး။ EPL တောင် မရောက်သေးဘူး။ ကျွန်တော်တို့က မြို့နယ်ကွင်းကြီးမှာ ကျောင်းလက်ရွေးစင်အဖြစ်နဲ့ တောင် ကန်နေပြီလေ။ (ဟီးဟီး ကြံဖန် ကြွားရတာ) ။ ပြန်ဆက်အုံးရဲ့။ ဒိုးကလေး ကန်လိုက်တဲ့ ဘောလုံးဟာ တိကျစွာပဲ ဂိုးရှေ့လူအုပ်ကြားထဲ ကျပါတယ်။
အဲ့ဒိအချိန်မှာ လူအုပ်ကြားထဲက ဂလန်ဂလားကြီးနဲ့ အမြင့်ကို ခုန်ပြီး ဘောလုံးကို တိကျစွာ ခေါင်းတိုက်လိုက် သူကတော့ တခြား မဟုတ်ပါ ဘူး ကျွန်တော်တို့ အသင်း က ဓာတ်တိုင်လို့ ခေါ်တဲ့ တိုင်ကြီးပါ။
“ဂိုး.....”
“ဟာ...”
ဟိုက် သွားပြီ တိုင်ကြီး ဟုတ်တိပတ်တိ သွင်းလိုက်တာက ကိုယ့်ဂိုးကိုယ်။ ဒါမျိုးကျ တိကျလိုက်တာ တိုင်ကြီးရယ်လို့ ဟုတ်ကဲ့ရှင့်ကြီးက ငိုသံပါကြီးနဲ့ ကျွန်တော့်ဘေးမှာ ညည်းနေလေရဲ့။ ညည်းမှာပေါ့ သူရယ် အခန်းထဲက ကျွန်တော်တို့ မေဂျာက မမတွေရယ်က အီးပီက ဟာတွေနဲ့ လောင်းထားကြတာတဲ့။ ငါးပုလင်းဆိုလား ခြောက်ပုလင်းဆိုလား။ ဒါနဲ့ ပထမပိုင်းပြီး သွားရော။ အံမယ်လေး ပထမပိုင်းပြီးတော့ အီးစီက ကစားသမားတွေက အမောပြေ စီးကရက်တွေ တလှိုင်လှိုင် ထိုင်သောက် နေကြသေးတယ်။ အံ့ရော။ ဒါနဲ့ ဒုတိယပိုင်း ကျတော့ လူလဲ တယ် လူလဲတော့ ကျွန်တော် ၀င်ရတာပေါ့။ နောက်တန်း တောင်ပံနေရာ။ အဲ့ဒါမှ ကွိုင် ဒိုးကလေးဆိုတဲ့ အကိုကြီးကို မနည်းထိန်းရတယ်။ သူက ကျွန်တော် တောင်ပံနဲ့ ထိပ်တိုက်ကြီးမှာ ကစားတာ။
ဖြစ်ချင်တော့ မိုးက ရွာလာပါတယ်။ နောက်ထပ်လဲ ဂိုးမသွင်းနိုင်တော့ဘူး။ ကျွန်တော်တို့ တိုက်စစ်မှူးတွေကလဲ အားကိုး ရတယ် လျှာ တစ်တောင်လောက် ထွက်နေပြီ။ ခြေထောက်တွေက နောက်ပြန်လှည့်ချင်နေပုံနဲ့။ ဒါနဲ့ တချီတော့ အလယ်တန်းနဲ့ အရှေ့တန်းသမားတွေ တိုက်စစ်လိုက် သွားတော့ ဟိုဘက် အသင်းက လျှက်တပြတ် ကောင်တာ ထောင်ချောက် ဆင်ပြီး တရကြမ်း ဆွဲလာပါတယ်။ ဆွဲလာသူကတော့ တခြားလူ မဟုတ်ဘူး ဒိုးကလေးပါပဲ။ လှစ်လှစ် လှစ်လှစ်နဲ့ ပြေးလာလိုက်တာ။ အလယ်တန်းမှာ ဘယ်သူမှ မရှိတော့ဘူး။ နောက်တန်းမှာ သုံးယောက်ပဲ ရှိတော့တယ်။ ဒွတ်ခပဲ။ ဒါနဲ့ ကျွန်တော်လဲ ကွင်းလယ်ဘက်ကို ထွက်ပြီး ပိတ်မယ်လုပ်တော့ ဒိုးကလေးက ကျွန်တော်တချက်ခေါက်ပြီး လိမ်သွားတယ်။ (တင်းသွားပြီ) အလိမ်ခံလိုက်ရလို့ အတင်းအနောက်က ပြန်လိုက်သွားတယ်။ နောက်တန်းက နောက်တယောက်က ဒိုးကလေးကို ပိတ်တယ်။ ထပ်ခေါက်သွားပြန်တယ်။ ဒါပေမယ့် ကျွန်တော် သူ့ကို ပြန်မှီသွားတယ်။ ကွင်းပြင်က အသံတွေက ညံနေတာပဲ။
“ဖက်တီးကလေးရေ ပြေးထားဟ၊ ဟဲ့ ပြေးဟဲ့ ကောင်လေးရဲ့”
ကြီးတော်မတွေပေါ့ သူတို့ လောင်းကြေး ရှုံးမှာစိုးလို့ စွတ်အော်ခိုင်းနေတယ်။ ဒီမှာ ပြေးရတာ သေတော့မယ်။ ဟင့် ။ ကျွန်တော့်မှာ ဗိုက်ကလေး ရှေ့ပစ်ကာ ပစ်ကာ ပြေးရတာပေါ့။ ကံကောင်းချင်တော့ ဒိုးကလေးနား မှီသွားတယ် ကံဆိုးချင်တော့ စလစ်ရိုက်ပြီး ချော်လဲသွားတယ် ။ ကံကောင်းချင်တော့ ဒိုးကလေး ခြေထောက်ထဲက ဘောလုံးကို သွားကန်မိတယ်။ အဲ ကံဆိုးချင်တော့ ဘောင်းဘီကွဲသွားတယ်။ “ဗြိ...ဗြန်း” အဲဗျ ပထမ ဗြိက အပေါ်ဘောင်းဘီ နောက် တဗြန်းက အောက်က အီလတ်စတစ်ဘောင်းဘီ သွားပြီ အခွက်ရှဲပါပြီ ။ ပွဲကြည့်စင်က ၀ါးလုံးကွဲ ရီကြတယ်။ ခဏနေတော့ကျွန်တော်လဲ ဟုတ်ကဲ့ရှင့်ကြီးကို ပြောပြီး ထွက်ရပါတယ်။ ဟုတ်ကဲ့ မထွက်ရင်လဲ မရတော့ပါဘူး။ ဟတ်တတ်ကြီးကွဲနေပါပြီ။ အဲလေ ဘောင်းဘီ။
ပွဲပြီးတော့ ကျွန်တော်တို့အသင်း လှလှပပကြီး ရှုံးပါတယ်။ နှစ်ဂိုး ဂိုးမရှိနဲ့ပါ။ ရှုံးတာကို အကြောင်းပြပြီး ခေါင်ရည်သွားသောက်ပါတယ်။ ကျွန်တော်တို့ တော်တော်လေးမူးသွား ကြပါတယ်။ ပြီးတော့ သူငယ်ချင်းတစ်ယောက် အဆောင်မှာ တသင်းလုံး အိပ်လိုက်ကြရပါတယ်။ တညလုံး တသင်းလုံး နီးပါး ဥသြတွေ “တဝေါ့ဝေါ့” ဆွဲကြပါတယ်။ ခေါ်သိပ်မိသော အဆောင်မှာနေတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ တညလုံး မအိပ်ရပဲ ကျွန်တော်တို့ အန်ဖတ်များကိုသာ ရေနဲ့ တညလုံး ဆေးကျောနေခဲ့ရပါတယ်။ ချစ်လွန်းလို့ ဒီကောင်နှစ်ကောင်ကို မူးမူးနဲ့ ၀ိုင်းနမ်းကြပါတယ်။
တကယ်တော့ ဘ၀မှာ အမှတ်အရဆုံး အချိန်တွေကို ပြောပါဆိုရင် လူတိုင်းက ကျောင်းသားဘ၀ ကိုပြောပြ ကြလိမ့်မယ်။ ကျောင်းသားဘ၀ ဆိုတာ ဖြတ်သန်းရတဲ့ အမှတ်တရ တွေထဲမှာ လွတ်လပ်မှု ရှိပြီး အမှတ်ရစရာ အကောင်းဆုံး အချိန်တွေပါပဲ။ ကျောင်းသားဘ၀ဆိုတာ လူငယ်ဆန်တယ်၊ လွတ်လပ်ပွင့်လင်းတယ်၊ အပူအပင်ကင်းပါတယ်။ ကျွန်တော့်ဟာ အမှတ်ရစရာ ကျောင်းပေါင်းစုံအောင်တက်ခဲ့ဖူးတော့ ကဲခဲ့ ဆိုးခဲ့၊ ကမြင်းခဲ့တဲ့ အကြောင်းတွေကို ရေးရင် ၀တ္တု ဇာတ်လမ်းလုပ် ရေးလို့ ရတာတွေ ရှိတယ်။ အလွမ်းပြေ အမှတ်တရလေးတွေပေါ့ဗျာ..။
Posted in
Labels:
ဟာသ,
တောင်ရောက်မြောက်ရောက်
|
Wednesday, September 24, 2008
ကျွန်တော် နယ်မှာ ဂျီတီစီတက်တုန်းက ဘောလုံးခဏခဏ ကန်ကြတယ်။ ကျောင်းဆောင်တွေ အချင်းအချင်း ချိန်းပြီး ကန်ကြတာပေါ့။ ကျောင်းသားအချင်းအချင်း၊ သူငယ်ချင်းတွေ အချင်းချင်း အပျော်တမ်း လက်ဖက်ရည်တိုက်ကြေး ကန်ကြတာ။ အဲ့ဒိတုန်းက အဆောင်က သူငယ်ချင်းတွေဆို ညနေကျောင်းဆင်းတာနဲ့ ဘောလုံးကွင်း ဆီကို လွယ်အိတ်ပစ်ချပြီး တန်းပြေးတော့ တာပါပဲ။ အပြေးအလွှား ကြိုးစားကြတာ။ ကျွန်တော် မောင်မင်းယွန်းလဲ အပြေးအလွှား ကြိုးစားပါတယ်။ ကျောင်းကပြန်လာတော့ ဗိုက်ထဲက ဟာတာတာ ဖြစ်လာတာနဲ့ အ၀တ်အစားမြန်မြန်လဲ လွယ်အိတ်ကလေး ချပြီး အသည်းအသန်ပြေးတာပေါ့ ဘောလုံးကွင်းကိုတော့ မဟုတ်ဘူး လပေးစားတဲ့ ထမင်းဆိုင်ကို..။ ဟီးဟီး။
အဲ့ဒိတုန်းက ကျွန်တော်က ဘောလုံးလောကက ခေတ္တနားတဲ့ အချိန်ပေါ့။ (လူရှိန်အောင် ကြွားကြည့်တာ) တကယ်ပါ။ အထက်တန်းကျောင်းတုန်းက ကျောင်းမှာ ဆလပ်ရွက်ပါ။ အင်းစိန် အထက(၁) မှာမေးကြည့် မင်းယွန်းသစ်ကို သိလား မေးကြည့် ပြန်ဖြေကြလိမ့်မယ် “မသိဘူး” လို့။ ဟတ်ဟတ်။ စတာ။ ဘောလုံးနဲ့ ပတ်သက်ရင် ကျွန်တော်ကံမကောင်းတတ် ဘူးဗျ။ အဟုတ်တကယ်ပါပဲ။ ဘောလုံးကန်လို့ ကျွန်တော့် ညာဘက်လက် အဆစ်လွဲဖူး၊ တင်ပါးဆုံမှာ ဒဏ်ဖြစ်ဖူး၊ ဘယ်ခြေထောက် ခြေမျက်စိအောက် ဂျွိုင့် လည်သွားဖူး၊ ညခြေထောက် ခြေသန်းကြွယ်နဲ့ ခြေခလယ် တွင်တွင် ကျိုးဖူး စတဲ့ စတဲ့ ဒဏ်ရာတွေ မှတ်မှတ်ရရ ရဖူးတယ်ခင်ဗျ။
အဲ့လိုမှ မဖြစ်ဖူး ဆိုရင်တော့ အနည်းဆုံး မျက်နှာတော့ ဖူးရောင်ဖူးတယ်။ တခြားတော့ မဟုတ်ဘူး “W” လို့ခေါ်တဲ့ ဂိုးကျဉ်းကစားရင် (အုတ်ခဲလေး ၂လုံးကို ဂိုးလုပ်ပြီး ကစားရင်) ဂိုးတယ် မဂိုးဘူး ငြင်းကြရင်း ထိုးကြကြိတ်ကြရင်း ရတဲ့ ဒဏ်ရာတွေပေါ့ဗျာ။ :) ဂိုးကျယ်ကန်ရင်လဲ ကိုယ့်အသင်းရှုံးနေပလားဟေ့ဆို ဆလိုက်အတင်းလိုက်ထိုး၊ အတင်းဘော်ဒီခု၊ ခြေသလုံးဖြတ်ရိုက်၊ အင်္ကျီအတင်းဆွဲ... အဲလေ ပြောရင်း ကိုယ်ညစ်တာတွေ ပေါ်ကုန်ပါပြီ။ အဲသလိုကြောင့်ပေါ့လေ ကျွန်တော် ဘောလုံးနဲ့ ပတ်သက်ရင် ကံမကောင်းဘူးခင်ဗျ။
ကျွန်တော်တို့ ဂျီတီစီမှာ အစဉ်အလာအရ ဘောလုံးအသင်းကောင်းများကတော့ MC, MT စတဲ့ Mechnical အသင်းများဖြစ်ပြီး၊ အလယ်အလတ် အသင်းများကတော့ EP၊ EC နဲ့ စတဲ့ တခြားသော မေဂျာများ ဖြစ်ကြပါတယ်။ အဲဒိထဲမှာ ချာတူးအလန်ဆုံး အသင်းကိုပြောပါဆိုရင် Civil အသင်းပါပဲ။ ဟုတ်တယ် Civil မေဂျာမှာ ယောကျာ်းလေး ၅ယောက်လားပဲရှိတယ်။ Fustal အသင်းတစ်သင်းစာတောင် မပြည့်ရှာဖူး။ တနားချာပါပဲ။ ငှက်ငှက်။
တညနေတော့ ကျွန်တော့် အဆောင်ကို R ကြီး (Repeater) အကိုကြီး ဟုတ်ကဲ့ရှင် ရောက်လာတယ်။ အဟဲ အဲဒိသူကို ဘာကြောင့် ဟုတ်ကဲ့ရှင့်လို့ ခေါ်သလဲ ဆိုတော့ (လျှာနဲနဲ ရှည်လိုက်အုံးမယ်)။ ဒီလိုဗျ ကျောင်းမှာ ဆရာမက အတန်းထဲမှာ သူက EC ဆိုတော့ ဘာလုပ်ခိုင်းတာလဲ မသိဘူး။ သူက တရိုတသေ မတ်တပ်ရပ်ပြီး ဆရာမ ပြောတာကို နားထောင်နေတယ်။ အားလုံးလဲပြီးရော ဆရာမက သားသဘောပေါက်တယ်နော် ဆိုတော့ သူက အသံလွင်လွင်ကြီးနဲ့ “ဟုတ်ကဲ့ တီချယ်” လို့ ပြောတာပဲ။ ဒါပေမယ့် ဟုတ်ကဲ့ဆိုတာ ပီသပြီးအနောက်က တီချယ်ဆိုတဲ့ စကားလုံးကို နဲနဲအသံဖျော့ ချွဲသံလေးပါပြီး ပြောလိုက်တော့ အားလုံး ကြားလိုက်တာက “ဟုတ်ကဲ့ရှင့်” ဖြစ်သွားလေရဲ့။ လူကောင်က ခပ်ထွားထွား အသားက ငွား အဲလေ အသားက မဲ လေတော့ (အဟတ်ဟတ် မောင်မင်းယွန်းတို့ သူများ အတင်းကို အားမနာပ ပြောနေတာ :p ) အားလုံး ၀ါးကနဲပွဲကျသွားတာပေါ့။ ထိုထိုသော အကြောင်းကြောင့် ဟုတ်ကဲ့ရှင် ဖြစ်လာလေသတည်း။ ဟီးဟီး။
အဲလေ စကားပြန်ကောက်ရရင် ကျွန်တော်တို့ ကျောင်းက ဆရာတွေ ကမ္မကထ ဦးစီးပြီး မေဂျာလိုက် ဖလားပွဲ လုပ်မယ်တဲ့။ ဒီအတွက်ကြောင့် အီးစီကြီးက အားကစားဝတ်စုံဖိုးကို လိုက်ကောက်နေတာဗျ။ ပြီးတော့ ကန်မယ့်သူတွေ စာရင်း လိုက်ကောက်နေတာ။ ကျွန်တော်လဲ ၀တ်စုံလေးလဲ အမှတ်တရ လိုချင်တော့ fund ထည့်ဝင်လိုက်တယ်။ ကျောနံပါတ်ကိုတောင် ၁၈ ယူလိုက်တယ်။ ကိုးန၀င်းကျေအောင်လို့ :P။
ဒါနဲ့ ထရိန်နင်တွေ ဆင်းရတာပေါ့ တပတ်ကို နှစ်ရက် ကြီးများတောင် ဆင်းရတယ်။ ဒီကြားထဲ လူမရှိလို့ဆိုပြီး အနော့်ကို ဘောကန်မယ့် စာရင်းထဲ ထည့်ထားတယ်။ ဟင့်အင်း ဟင့်အင်းဆိုလဲ မရဘူး အင်္ကျီစာရင်းအတိုင်း စာရင်းထည့်လိုက်တာတဲ့။ တိန်.. သေပါပြီဂျာ..။ အဲ့ဒိတော့ ဖလားပွဲကြီး မတိုင်ခင် တပတ် နှစ်ပတ်လောက်ကို မြို့နယ်ကွင်းမှာ သွားသွားပြီး စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေ အိမ်မပြန်ရဘူး။ ထရိန်နင် ဆင်းနေရတယ်။ ကျွန်တော်က ကျွန်တော့်ကို အရံဘောကောက်လေးနေရာမှာ ထားလဲ ကျေနပ်ပါတယ်ဗျာ ဆိုတော့ မရဘူး ၀င်ကို ကန်ရမယ်တဲ့။ နေမကောင်းပါဘူး ဆို ဇွတ်ပဲ။
ကျွန်တော်ကန်ရမယ့် နေရာကို ချပေးတော့ နောက်တန်း ညာအလယ်နေရာ (Center Back Defender) နေရာရယ်၊ ညာတောင်ပံ (Right side Defender) နေရာရယ်၊ အလယ်တန်း ဗဟိုကွင်းလယ်သမား (Central Midfielder) နေရာရယ် ချပေးတယ်။ အံမယ်လေး ပင်ပန်းမယ့် နေရာတွေ ချည်းပဲ။ ဟုတ်ကဲ့ရှင့်ရယ် ဘီအီးတိုက်ပါမယ် ဆိုလဲ ရဘူုး တဲ့။ ဗြဲ။ ဒီလူကြီးက မန်ယူ အရူးကြီး။ သူ့ကိုယ်သူ ဖာဂူဆန်ကြီးများ မှတ်နေလား မသိဘူး။ ဟိုလူ့ဆရာလုပ် ဒီလူ့ဆရာလုပ်နဲ့။ သူကျတော့ မကန်ဘူးလား ဆိုတော့ သူ့မှာ နှလုံးရှိလို့တဲ့။ ဟွန်း အပြောကောင်းတယ် တကယ်ဆို လူတိုင်းမှာ နှလုံးရှိတာပဲ အဆန်းလုပ်လို့ နော့။
Posted in
Labels:
Nargis,
ဟာသ
|
Saturday, May 17, 2008

ရန်ကုန်ညအလှ ရှုခင်းပါခင်ဗျာ။ :P
Posted in
Labels:
ဟာသ
|
Wednesday, April 23, 2008
အောက်ဖော်ပြပါ ပို့စ်အား ကျွန်တော့် သယ်ရင်း အရင်းခေါက်ခေါက်ကြီး ဖြစ်သော ရဲဘော်ပေါက်ကရ၈၀ ၏ ဘလော့မှ ပို့စ်အား အထူးတလည် ပြန်လည် ဖော်ပြပါသည်။
ပေါက်ကရ၈၀ သင်မေးလိုရာမေး အမည်ပေါက်အတိုင်း အမှန်ဖြေသည် ။။
..
.....
မြန်မာနှိင်ငံတွင် ရှိသမျှ လမ်းတိုင်း ၊ ဂျာနယ်တိုင်း ၊ သတင်းစာတိုင်းကို ကြော်ငြာ လက်ကမ်းစာဆောင် သတင်း အဖြစ် ထည်.ပြီးသော် သကာလ
နေ.စဉ်ရက်ဆက် မအားမလပ်နှိင်အောင် ဖုံးဖြင်. တမျိုး ၊ အီးမေးနှင်. တသွယ် ၊ စာတိုက်ဖြင်. လည်းကောင်း ၊ လူကိုယ်တိုင်လာရောက် ခြင်းနှင်. အတူ ကျနော်မှာ အကြံပေးအရာ ရှိအဖြစ် ပောာကြားနေရသည် ။
.......
တနေ.တ၌ လူပါးတုန်း အလုပ်အားနေသည်ဖြစ်ရာ ကျွန်ပ် သည် မနေ.က ကျွန်ပ် ဧ။် လက်ထောက် ခုံပေါ်မှကွမ်းယာကို ယူပြီး (လက်ထောက်ဆိုသည်မှာ ကျွန်ပ် ဧ။် “ လက် ” ထောက်ထားသော ခုံ ကို ပြောခြင်းဖြစ်ပါသည် ) ကွမ်းလေး တမုံမုံ စားရင်း ၊ Internet ပေါ်မှ ကြီးကျယ်ခန်းနားသော စာကောင်း ၊ စာသန်. ၊ စာခန်. ပေါက်ကရ၈၀ ဆိုသော ဘလော.မှ ပလင်.ထုတ်ထား သော စာပေများ ကိုလေ.လာ ဖတ်ရူ ၊ ကျက်မှတ်ပြီး ကွန်ပြူတာကို ဖွင်. ဂိမ်းဆော.မည် အလုပ်တွင်.....
ကရင်... ကရင် ... ကရင် ....
ဆိုသော ကျွန်ပ်ဧ။် ဖုံး မည်လာသောကြောင်.
အမှန်တကယ်ပင် အကြွေးရှင်ဖြစ် လတံ ပာုတွက် ကာ ။ မိန်းမသံဖြင်. အသံဖျက် ပြီး မေးလျှင်မရှိကြောင်းပြောလျှင်တော် ဧ။် ပာုတွက် ကာ ...
...
မိန်းမသံဖြင်.။။
ပေါက် ........... ပဲာလို
ဖုံးခေါ်သူ ........ ဆရာပေါက်ကရနဲ. ဆွေးနွေးချင်လို.ပါ ။
ပေါက် ............ ဘယ်က အမိန်.ရှိပါလည်း ရှင် ။
ဖုံးခေါ်သူ ........ ကျနော် ဘုပါ ။ အမေရိကန် သမ္မတ ပောာင်းပါ တဲ. ။
ပေါက် ........... ခဏ ။ ဆရာကိုခေါ်ပေးပမယ် ။
.
တအောင်.လောက် ရေသွားသောက်ပြီး ယောက်ကျာ်းအသံဖြင်.
.
ပေါက် ........... ကဲမေးပါ ။ တမိနစ် ကို ဆွေးနွေးခ ၉၂ ဖြင်. ကွမ်း တယာနှုန်း ။ တနာရီလျှင် ဒီစကောင်. ကွမ်း ၃၀၀ ဖိုးနှင်. LONDON တလိပ် .
ဘု ............. ပာုတ်ကဲ. ပေးပမယ် ။ ကိုပေါက် ...
ပေါက် ........... ကဲမေးဗျာ
ဘု ............ ကျနော် သမ္မတ ပြန်ဖြစ်ချင်လို.ပါ ။
ပေါက် .......... လွယ်ပါတယ် ။ ဒါက တော. ခင်ဗျား အခု လက်ရှိသမ္မတ ဆီသွား ပြီးရင် တံခါးပိတ်ဆွေးနွေးမယ် ဆိုပြီး နှစ်ယောက်ထဲဆွေးနွေး ရင်း သူ.ကို အနားကို ကပ် ခပ်တည်တည်နဲ. နရင်းရိုက်ပြီး အာဏာသိမ်းလိုက် ...
ဘု ............. ပာား... သင်.မြတ်လိုက်တာ ... ကျနော် အာဏာ ရသွားလို. ပြည်သူတွေ ကန်.ကွက်ပြီး ကန်.ကွက်ပြီး အော်ရင်ကော
ပေါက် .......... အော်ဒါလား ။ လူ.အခွင်.အရေးလေ ... အော်ပလေ.စေပေါ. ။ အော်တဲ.သူတွေ ရဲ.နားထင် ကို သေနတ်နဲ.ပဲချိန်ထား ပြီးရင် မရပ်မနား အော် ခိုင်း အသံမထွက် ရင်ပစ်မယ်လို. ပြော ။ အော်ပလေ.စေ သူအာညောင်းနေရင်တောင် အော်ပစေ ။ နောက်ဆုံး မအော် နှိင်တော.ရင် ပစ် ပလိုက်တော. ။ ဒါ လူ.အခွင်.ရေးလေ ။ ကန်.ကွက်ရင်းအော်လို. ပစ်တာမှ မပာုတ်တာ .... မအော်တဲ.အချိန်ပစ်တာ လေ ။ တရားပါတယ် ။ နောက် အော်ရဲတော.မှာမပာုတ်ဘူး ။
ဘု ............... အင်းပာုတ်ပြီ ။ သတင်းစာတွေ ၊ ဂျာနယ်တွေ က ဖွရင်ကော
ပေါက် .......... ဒါဆိုရင် သူတို.ကို ဖွတဲ. အဲ.ဒီသတင်းကြီး ပဲကို နေ.စဉ် ဆက်ရေးခိုင်းပေါ. ။ မရေးတဲ.နေ ကျရင် ဖမ်းမယ်ပြောလိုက် ။
ဘု .............. အာ... နေ.စဉ်ပဲဆက်ရေးခိုင်းရအုန်းမယ် ။ပာုတ်လား ကိုပေါက် ။
ပေါက် ......... အမှန်ပေါ. ဗျ ။ နေ.စဉ်ဆက်ရေး ခိုင်းတော. ဒီသတင်းကြီးပဲ ဘယ်သူကနေ.စဉ် ဖတ်မှာလည်း တခြားပာာလည်းဖတ်ချင်တဲ.သူတွေ ကြီးပဲ ။ ကျနော်တောင် မှန် မကြည်. ၊ အလင်းရောင်တောင် မျက်စိဆူးလို. မကြည်.တာ ကြာပြီလေ ။
ဘု ............ အဲ.ဒါနဲ.ဘာဆိုင်လို.လည်း ။
ပေါက် ......... အော် ။ အဲ.လိုနေ.စဉ် ရေးတော. ဖတ်တဲ.သူတွေ နည်းနည်းလာမယ် ။ ပြီးတော. အရုံးပေါ်မယ် ။ ပြီးတော. မွဲပြီး အဲ.သတင်းစာတိုက်ပါ ပျောက်သွားမှာပေါ. ။ အဲ.တော.မှ ဖမ်း ။ ကဲဘယ်လောက်ကောင်းလည်း ။ အတိုက်ခံတွေ ကို ခွင်.ပြုတယ် လို.တောင် ကိုယ်.ဖက် က ပာစ်ကြွေးလို.ရသေးတယ် ။
ဘု ............ ပာုတ်ပ ... ဒါလူ.အခွင်.ရေးပဲ ။ လူ.အခွင်.အရေးတွေကိုကော ဘယ်လို မြင်.တင်ရမလည်း
ပေါက် ....... အင်း ။ လူ.အခွင်.အရေးကို အပြည်.ပေးရမယ် ။ ကုန်ကုန်ပြောမယ်ဗျာ ... သူတောင်းစားကိုတောင် သူ.တောင်းတဲ. အချိန် အနည်းဆုံး ဒေါ်လာ ၅ ဒေါ်လာ မထည်.တဲ. သူကို သူတောင်းစားက ခွက်နဲ.စိတ်ရှိလက်ရှိ လိုက်ခေါက်ခွင်.ပြုရမယ် ။
ဘု ........... ဒါဆိုစီးပွားရေး ကကော
ပေါက် ....... ခင်ဗျားတော်တော် တုံးတာပဲ ။ မရှိရင်ချီးပေါ. ပြီးရင် ရူးချင်ယောင်ဆောင်ပေါ. ။ ရှိရင် စီမံကိန်းတွေ လုပ်တယ်လို. အကြောင်းပြ ။ ပြီးရင် မရှိတော. လိုက်ချီး ။ ခင်ဗျား နှိင်ငံကို ချီးမဲ.သူတွေ အများကြီးပါဗျာ ။
ဘု ............. စီမံကိန်းတွေ ဆိုလို. ။ ဘာစီမံကိန်းတွေ လည်း လို.မေးလာရင်ကော ။
ပေါက် ........ လွယ်ပါရောလား ။ ခင်းပြီးသားလမ်းတွေ ကို ဆေးအမဲနဲ. အသစ်သုတ် ပြီးရင် လမ်းခင်းတယ်ပေါ. ။ ပြီးရင် ဘိလပ်မြေ နည်းနည်း နဲ. တံတားတွေ ခပ်တည်တည်နဲ.ဆောက်ပြပေါ .။ အဲဖွင်.ပွဲနေ.မှာ ကျိုးမကျရင်တော်ပြီလေ ။
ဘု ............ အင်း ..နောက်တက်လာမဲ.သမ္မတ ရှိလာရင်ကော....
ပေါက် ....... ရော .. ခက်ပြီ ။ ခင်ဗျား ဥပဒေ အသစ်မူကြမ်း လုပ်မယ်ဆိုပြီး အချိန်ဆွဲထား .. ပြီးရင် ထည်.ရေးပေါ. ။။ သမ္မတ လုပ်တဲ.သူက တကြိမ် တဲ.မက ခိုးဖူးရမယ် ။ မရှက်တမ်း လိမ်တတ်ရမယ် ။ ရုတ်တည်နဲ. ဘုရားလူကြီး ယောင်ယောင်နေတက်ရမယ် ဘာညာပေါ .
ဘု ............ နှို. ။ အဲ. ဥပဒေ ကို ပြည်သူက လက်မခံရင်ကော ..
ပေါက် ....... အဲ.တော.လည်း အသစ်ရေးမယ်ဆိုပြီး ခင်ဗျား အသစ် ထပ်ဆွဲပေါ. ။ ပဲာပဲာ အနည်းဆုံးတော. ခင်ဗျား မသေမချင်း ဥပဒေ အသစ် ထပ်ဆွဲခွင်. အချိန်ရမယ် ။ ဒီတော. ခင်ဗျား တသက်လုံး သမ္မတ ပဲပေါ. ။
ဘု ............ ပာာ .. လေးစားလောက်ပါတယ် ။ ကိုပေါက်ရာ ... အာပွား .. ဒါနဲ. သူတို.က ဘာပဲဖြစ်ဖြစ် ထောက်ခံမယ်ဆိုရင်ကော ..
ပေါက် ....... ကဲဗျာ ။ ဒါကတော.လွယ်ပါကော ။ ခင်ဗျား သားတွေ ၊ သမီးတွေ နဲ. ဆွေတော် ၆သောင်း ၊ မျိုးတော် ၆သောင်း တို.ကိုလွတ်တော် စစ်တပ် ရဲ. အမတ် အဖြစ်ခန်.ထားလေ ။ မိန်းမ ဖက်က အမျိုးတွေကို ပြည်သူ.အမတ်လုပ်ခိုင်းပေါ. ဗျ ။ ကုန်ကုန်ပြောမယ်ဗျာ ။ ရှိသမျှ အမျိုးတွေကို မိန်းကလေးကြီးပဲ မွေးခိုင်း ပြီးရင် ရပ်ကွက်ထဲ က လမ်းလူကြီး ပါ မကျန် အမျိုးလိုက်တော်ပြစ် ...
ဘု............. လျှပ်စစ်မီး နဲ. အစားသောက်တွေ အတွက် ကော ။။
ပေါက် ....... အင်ဗာတာ မြို.တော် ကြီးတည်ဆောက် ။ အစားသောက်ကျတော. လိုအပ်ရင် Out Of Date တံဆိပ်တွေ ကို ထပ်ပြီး နေ.တိုးပေး ။
ဘု ........... ပာင် .. မီးမလာရင်တော.မကောင်းဘူးနဲ.တူတယ် ။ ဘယ်တော.မီးလာမှာလည်းမေးရင်ကော ။။
ပေါက် ...... ဒါကလွယ်ပါတယ် ။ စက်ရုံအသစ်ကြီးဆောက်နေတယ်ပေါ.ကွာ ။ စက်ရုံဆောက်ရင်း ရုပ်ရှင်လေးဘာလေး ရိုက်ပြီး လွှင်.ပြလိုက်ပေါ. ။ အဲ.ဒဲ က မင်းသားနဲ.မင်း သမီး .. မြေး ၊ မြစ်တွေ ရတဲ.အချိန်လောက်ကျရင် ပြီးရင်တော်ပြီပေါ. ။ ပာက်ဘူးလား ။
ဘု ............ သိပ္ပံပညာ အတွက် ကိုကော ။ နိင်ငံတော် ဘားကြပ် တော်တော် ကုန်လို.ဗျ ။ တိုးတက်ဖို.လည်းလိုတယ် ။ ဘယ်လိုလုပ်ရမလဲ ..
ပေါက် ....... အခု လက်ရှိ စမ်းသပ်မူ.တွေ အတွက် ငွေ တပြားမှ ချပေးစရာ မလိုဘူး ။ ရှင်းရှင်းပြောမယ်ဗျာ ။ အပ်တောင် မထုတ်နဲ. ။ ဘယ်သူတွေ ဘာထွင်ထွင် ဂရုစိုက်မနေနဲ. ။ အောင်မြင်ပြီးသားပဲပာာ ။ ဥပမာဗျာ ။ တရုပ်က လကမ္ဘာသွားမဲ. မော်တော်ကား အသစ်ပေါ်နေပြီ ဆိုရင် သူ.ဆီက နည်းပညာ သွားခိုး ၊ ဒါမှမပာုတ် အဲ.ကားကို သွားခိုး ။ ပြီးရင် ဆေးအသစ် မူတ်ပြီး ကိုယ်.ကားပေါ. ။စက်မူဇုံ ထုတ်ပေါ. ။ ခပ်တည်တည် နဲ.ကြွားလိုက်စမ်းပါ ။
ဘု ............ ပာုတ်သားပဲ ။ မစဉ်းစားမိတာတော်တော် နာတာပဲ ။
ပေါက် ....... ကဲဘာသိချင်သေးလည်း ။
ဘု ............ ပြည်သူ.ကျန်းမာရေး အတွက်ကော ..
ပေါက် ....... ခင်ဗျားနဲ. ဆိုင်လို.လား ။ ခင်ဗျား သေတာမှ မပာုတ်တာ လွတ်ထားလိုက်စမ်းပါ ။ ကျန်းမာအောင် ကိုယ်.ဘာသာ ကိုယ် ဂရုစိုက်ပေါ. ကွ ။ ကိုယ်ဖြစ်ကိုယ်ခံ ဒါပဲ ။
ဘု .......... ပာုတ်သားပဲ ။ ကိုပေါက် ဘယ်လိုလုပ်ပြီး စဉ်းစားတွေးခေါ်မူတွေ ရင်.ကျပ်လာတာလည်း ပြောပြပါလား ဗျာ ။
ပေါက် ...... အာ။ ဒါလှို.၀ှက်ချက်ကွ ။
ဘု ........... လုပ်ပါ ။ တနှစ်စာ ကွမ်းနဲ. ဆေးလိပ် ကို ထောက်ပံပါမယ် ။
ပေါက် ...... အေးဒါဆိုရင် တော.ပြောမယ်ကွာ ... ဘယ်သူ.မှ လျှောက်မပြောနဲ.နော် ။ ငါလည်း ၁၄နှစ်မူကြမ်းကို ဖတ်ပြီးထဲ ကအတွေးခေါ် စဉ်းစားဥာဏ်တွေ ရော.အင်. ဆိုပြီး ပေးသလိုရသွားတာ ။
ဘု .......... ပာာ ကျနော်.ကိုလည်း ရောင်းပါဗျာ .. အဲ.စာအုပ်ထူကြီးကို ။
ပေါက် ...... အေးအေး ။မရောင်းဘူး အလကားပေးမယ် ။ နောက် ၂လ လောက်ကြာရင် အဲ.စာအုတ်က စာအုတ်အပောာင်းရောင်းတဲ. ကုလားဆိုင်မှာ တောင်လိုပုံနေအုန်းမှာ အဲ.ကျမှ သွားခိုး ။
ဘု .......... ဒီလောက်တောင်လား ။
ပေါက် ..... ဒီထက်တောင်ပိုသေး .. နောက်တအုတ် အသစ်ထွက်အုန်းမယ်ထင်တယ် ။ ငါကတော. အပ်တိပ် ရအုန်းမယ် ။မင်းက တော. အရင်ပာာကို လေ.လာပေါ. ။
ဘု ............. ပာုတ် ။
ပေါက် ........ ပာုတ်မလုပ်နဲ. ။ ဘာပြောစရာရှိသေးလည်း မြန်မြန် ပြောကွာကြာတယ် ။ ငါ ဒီမှာ သမ္မတ အသစ်လုပ်မလို. General နဲ. Red Alert ဆော.ရအုန်းမယ် ။ ပြီးရင် Counter Strike လည်း လေ.လာရအုန်းမယ် ။
ဘု ............. ပာင်ဘာဆိုင်လို.လည်း
ပေါက် ........ အာ ။ နိုင်ငံတော်သမ္မတသည် စစ်ရေးအမြင်ရှိရမည်တဲ့ .. နားမလည်ဘူးလား ။ လိုအပ်ရင် AOE ပါဆော.ရမှာ ။
ဘု ............. ဒါဆိုရင် .. .............
တီ... တီ.... တီ ....
ဖုံးလှိုင်းကျသွားသောကြောင်. ကျနော် စဉ်းစားမိလိုက်တယ် ။ အင်း ဒီကောင်တွေ နှိင်ငံ ဖုံးလှိုင်းခဏ ခဏ ကျနေတုံးပဲကိုး ။ အေးလေ ဖွံဖြိုးဆဲနှိင်ငံတွေ ပဲ ခွင်.လွှတ်လိုက်ပါမယ်လို. နှလုံးသွင်းရင်း သနားနေမိတော.သည် ။
PS ...... ညက မတော်တဆ အိပ်မက်မက် တဲ.အကြောင်းကို ရေးထားခြင်းပါ ။
ရေးသားသူ : ပေါက်ကရ၈၀
Posted in
Labels:
ဟာသ,
အတိုအထွာ
|
Sunday, March 23, 2008
ခေါင်းစဉ်မြင်လို့ ဘာလဲဟလို့ ထင်သွားသလား မသိဘူး။ ကျွန်တော့် ဒိုမိန်း အကြောင်းလေး ပြောပြချင်လို့ပါ။ ကျွန်တော့် ဒိုမိန်း .net လေးကို ၀ယ်ထားတာ အမှန်ဆို ၁လကျော်နေပြီဗျ။ ၀ယ်ပြီး သုံးရက်လောက်ကြာတဲ့ အခါ မှာ ပုံမှန်ဆို သုံးလို့ရတဲ့ အနေအထားမှာ ကျွန်တော် အဆင်မပြေသေးဘူး။ မပြေသေးဘူးဆိုတာ ကျွန်တော့် ဒိုမိန်း ကိုညွှန်းဖို့ DNS ဘာဘာညာညာ တွေ လုပ်ဖို့လိုသေးတယ်တဲ့။ ဒါနဲ့ ကျွန်တော်လဲ ၀ယ်ထားတဲ ဒိုမိန်း ကုမ္ပဏီကို တစ်ခေါက်ပြန်သွား ပြီး ဒါလေး လုပ်ပေးပါဆိုတော့ ဒိုမိန်းကုမ္ပဏီက အကိုတစ်ယောက်က လဲ ဘလော့ဂါဖြစ်ပေမယ့် သူက wordpress blogger ဆိုတော့ blogspot အကြောင်းကို friendly မဖြစ်ဘူးဖြစ်နေတယ်လေ။ ဒါနဲ့ hosting ညွှန်းဖို့ လိုတယ် ဘာဘာညာညာ ဆိုတော့ ကျွန်တော် မျက်စိလည်သွားတယ်။ သိတော့ဘူး။ အဲဒါနဲ့ ကျွန်တော် မဖြစ်သေးပါဘူးဆိုပြီး အွန်လိုင်းပေါ်က နိုင်ငံရပ်ခြားက ဘလော့ဂါ အကိုတွေကို တစ်ယောက်ပြီး တစ်ယောက် လိုက်မေးနေရတာပေါ့။ မျောက်တစ်ကောင် အုံးသီး ရသလို ပဲ ကျွန်တော့်အဖြစ်က ဒိုမိန်းလေး တခု ၀ယ်ထားပြီး အဆင်မပြေပဲ လူတကာ လိုက်မေးနေရတယ်ပေါ့ဗျာ။ ဒါကြောင့် ကျွန်တော်က ကျွန်တော့် ဒိုမိန်းကို မျောက်အုံးသီး ဒိုမိန်းလို့ သမုတ်လိုက်တာပေါ့။
ဒါပေမယ့် google apps မှာ တော့ အကောင့်ဖွင့်ထားလို့ ရတယ်ဗျာ။ info@minnyoonthit.net ဆိုပြီး လုပ်မယ်ပေါ့။ သူကလဲ ကလိလို့ကောင်းတယ်ဗျာ။ Admin account ထဲမှာ ဂူဂဲလ်က ပေးထားတဲ့ function ကလဲ အစုံပဲ ဒါနဲ့ ကျွန်တော်လဲ ဟိုကလိ ဒီကလိ လုပ်လိုက်တာပေါ့။ ဒါပေမယ့် မေးလ်က အမြင်သာ ရှိပြီး activate မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ Mail Server လိုနေသေးလို့ထင်တယ်။ နောက်တော့ ကျွန်တော့် ဘလော့က domain Advanced setting မှာ ကျွန်တော့်ဒိုမိန်း နာမည်ကို ထည့်တော့ အဲယာ တခု တိုးလာတယ်ဗျာ။ အဲဒိ အဲယာက ‘This address is already hosted by another blog’ ဆိုပဲ။ ချိတ်ညစ်လိုက်တာ။ ဘာဖြစ်မှန်းလဲ မသိဘူးပေါ့။ ဒါနဲ့ ဒိုမိန်း ကုမ္ပဏီကို ဖုန်းဆက် အဲ့ဒိ အကိုကို ဖုန်းဆက်မေးရတာပေါ့။ သူကလဲ ဘလော့စပေါ့ သမား မဟုတ်တော့ အဖြေရှာ မတွေ့ဘူး။
ဒါနဲ့ ကျွန်တော်လဲ ဒိုမိန်းကြီး ၀ယ်ထားပြီး ခုထိ အဆင်မပြေသေးတော့ ဘာလုပ်ရမှန်းမသိပဲ မမဘာညာကို ပြောပြလိုက်တော့မှ သူက ကျွန်တော့် ဒိုမိန်းကို ညွှန်းဖို့ ghs.google.com ကို CName မှာ ပြင်ပေးလိုက်ရုံပဲတဲ့။ ခက်တာက ကျွန်တော်ဝယ်တဲ့ ကုမ္ပဏီက ကျွန်တော့်ကို ဒိုမိန်းအတွက် ပတ်စ်ဝေါ့ မပေးဘူး ( ဒိုမိန်းတွေ အများကြီးကို အကောင့်တခုထဲနဲ့ ၀ယ်ပုံရတယ် သေချာတော့ မသိပါဘူး။) ဒါနဲ့ ကျွန်တော် အွန်လိုင်းက အကိုတွေကို မေးပြန်တော့ သူတို့က “ဟာ ဟေ့ယောင် မပေးလို့ မရဘူး ရအောင် တောင်း” ဆိုတာ တစ်မျိုး၊ “ မင်းကို ဒိုမိန်း လိမ်ရောင်း တာ” ဆိုတာ တဖုံ။ ရီရတယ်ဗျာ။ ကျွန်တော့်မှာ ဘယ်သူ့ စကားယုံလို့ ယုံရမှန်း မသိဘူးဖြစ်နေတာပေါ့။ ဒိုမိန်း အဆင်မပြေရတဲ့ ကြားထဲ ဘလော့မှာ ဒိုမိန်း ထည့် မရတဲ့ ပြဿနာကလဲ ရှိသေးတယ်။ ကျွန်တော့်မှာ ဒိုမိန်း ကုမ္ပဏီကို ၄ခေါက်လောက် သွားရတယ်။ အဖြေလဲ ရှာ မရဖြစ်နေတယ်။
အာ စိတ်ရှုပ်လာပြီ ဆိုပြီး ကျွန်တော်လဲ တော်ပါပြီ ဒီ .net ကို ၀ဲပြစ်လိုက်တော့မယ်။ အသစ်ပဲ ထပ်ဝယ်မယ်လို့ ဆုံးဖြတ်လိုက်တော့တယ်။ ဒါပေမယ့် စိတ်က မကုန်သေးဘူးဗျာ။ တခြား အလုပ်တွေ ကျောင်းအလုပ်တွေ လုပ်ရင်း ဒိုမိန်းဘက်ကို တလလောက် ပစ်ထားလိုက်တယ်။ ဒိုမိန်း ကုမ္ပဏီက အကိုကလဲ စိတ်ရှည်ပါတယ်။ တခြားလူဆို ကျွန်တော် ကတည်းကတည်း လုပ်တာနဲ့ စိတ်ရှည်တော့မှာ မဟုတ်ဘူး။ (သူ့ကို ကျွန်တော့် ဂျီတော့ခ်ထဲ အက်ဒ်ပြီး တဂျီဂျီ တနှောင်နှောင် လုပ်နေတာလေ :P ) ဒါနဲ့ တနေ့ကမှ မမဘာညာ အားတဲ့ အချိန်မှာ မမဘာညာနဲ့ အဲဒိ ဒိုမိန်း ကုမ္ပဏီကို သွားခဲ့တယ်လေ။ ဟိုရောက်တော့ ဟိုအကိုက သူ CName မှာ ghs.google.com ကို ပြင်ပေးပြီးပြီတဲ့။ ဒါနဲ့ ကျွန်တော်တို့ သုံးယောက်သား (သူတို့ ကုမ္ပဏီ မီးပြင်နေတုန်းမို့) ခေတ္တထိုင်စောင့်ရင်း မီတင်လုပ်ကြတာပေါ့။ :P ကျွန်တော့်ရဲ့ မျောက်အုံးသီး ပြဿနာကို အဖြေရှာဖို့လေ။ ဖြစ်နိုင်ခြေရှိတဲ့ ပရော်ပလမ်တွေကို သုံးယောက်သား ၀ိုင်းစဉ်းစားကြတာပေါ့။ နောက်တော့ နက်ပြန်ရတော့ အဲ့ဒိ အကိုသုံးတဲ့ စက်မှာ ကျွန်တော် ထိုင်ရင်း ကျွန်တော့် ဘလော့ထဲက ဒိုမိန်း စက်တင်မှာ ထည့်လို့ မရဘူးဆိုတာ ပြလိုက်တယ်။
အကျေ အလည် စဉ်းစားကြတာပေါ့။ ကျွန်တော်က “အကို ကျွန်တော့် ဒိုမိန်းကို ဘယ်မှာတွေ စမ်းသုံးထားသေးလဲပေါ့” အံမယ် ကျွန်တော်က သွားမေးလိုက်သေးတယ်။ သူက တောက်တီးတောက်တဲ့ ဘယ်မှာ မှ မစမ်းပါဘူးတဲ့။ ဒါဆို တခုခုတော့ မှားနေပြီပေါ့။ ကျွန်တော့်ကို မမဘာညာနဲ့ အဲ့ဒိ အကိုက “မင်း ဒိုမိန်းနဲ့ ပတ်သက်ပြီး တခြား ဘာတွေ လုပ်ထားသေးလဲ”…။ လို့မေးတော့ ကျွန်တော်က အဲ.. တနေရာတော့ ရှိတယ်ပေါ့။ ဘယ်နေရာလဲ ဆိုတော့ google apps မှာလေ။ ဒါနဲ့ ကျွန်တော်လဲ ကျွန်တော့် အကောင့် ထဲဝင်ဖို့ အလုပ်မှာ (အရေးထဲ) ပတ်စ်ဝေါ့မေ့သွားတယ်လေ။ ဟင့် ဒွတ်ခပဲ။ ဒါနဲ့ admin password ကို reset ပြန်လုပ်ရတာပေါ့။ ပြီးမှ ပြန်ဝင်ပြီး ဒိုမိန်းနဲ့ ပတ်သက်ပြီး ဘယ်နေရာတွေ ထည့်မိလဲ လိုက်ကြည့်တာပေါ့။ ( ကိုယ်ဟာကိုယ် ကလိတုန်းက ကလိပြီး ဘယ်လောက် အူကြောင်ကျားနိုင်သလဲ ကျွန်တော် တစ်ယောက်)။ နောက်ဆုံး တနေရာတော့သွားတွေ့တယ် apps က domain အတွက်လုပ်ထားတဲ့ google pages ရဲ့ home pages မှာ ကျွန်တော့် ဒိုမိန်း ကြီး သွားညွှန်းမိထားတယ်။ အားပါးပါး တွေ့ပြီ တွေ့ပြီပေါ့။ ဒါကြောင့်ကိုး ဆိုပြီး disable ပြန်လုပ်။ ပြီးတော့ ကျွန်တော့် ဘလော့ကို ပြန်သွားတယ်။ ပြီးတော့ Advanced Setting မှာ ကျွန်တော် ဒိုမိန်းလေးထည့်ပြီး save ကို လက်တုန်တုန် တုန်တုန် နဲ့ (စိတ်လှုပ်ရှားလွန်းလို့ ဟိဟိ) လုပ်လိုက်ပြီး သုံးယောက်သား ဘာအဲယာ များ ထပ်တက်လာအုံးမလဲ ဆိုပြီး မော်နီတာကို မမှိတ်မသုန် စိုက်ကြည့်နေကြလေရဲ့။ ခဏနေကြတော့ Successfully … ဆိုတဲ့ စာတန်းလဲ ပေါ်လာကော “ဝေး….” ဆိုပြီး သုံးယောက်သား အားရ၀မ်းသာ ထအော်ကြတယ်လေ။ ဟီးဟီး ဟုတ်တယ်လေ တစ်လ လုံးလုံး ဒွတ်ခပေးတဲ့ ဒိုမိန်း သူများတွေ ကို သွားစွပ်စွဲပြီး နောက်ဆုံး အဲဒိ ပြဿနာကို ကျွန်တော်ကိုယ်တိုင် လုပ်ထားတယ်ဆိုတာ သိရတော့တယ်။ ကျွန်တော် ထင်ပါတယ် ဒိုမိန်း ကုမ္ပဏီက အကိုနဲ့ မမဘာညာတို့ ပျော်တဲ့ အပျော်က “ ဝေး ဟေး တဂျီဂျီ တနောင်နောင် ရန်က လွတ်ပြီဟေ့” ဆိုတဲ့ အပျော်မျိုးဖြစ်မယ်ထင်တယ်နော်။ ဟိဟိ စိတ်ဆိုးနဲ့နော်။ သူတို့ကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို အကြံဉာဏ်တွေ တွေ ပေးခဲ့တဲ့ ကိုပီကေနဲ့ ကိုသင်္ကြန်တို့ ကိုလဲ ကျေးဇူးတင်ပါတယ်။ ခုတော့ ကျွန်တော့် ဘလော့လေး ခန့်ခန့်ညားညားနဲ့ www.minnyoonthit.net ဆိုပြီး ဘာမှ ကျော်ခွစရာ မလိုပဲ ကြည့်လို့ရပြီလေ။ ဟတ်ဟတ် မျောက်အုံးသီး ဒိုမိန်း ဆိုတာ ဒါပေါ့…. :P ။
Posted in
Labels:
ဟာသ,
တောင်ရောက်မြောက်ရောက်
|
Wednesday, January 30, 2008
မှားသွားလို့ပါ..ဟင့်
ကျွန်တော် နယ်မှာ ကျောင်းတက်တုန်းက အဆောင်မှာနေတဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်။ သူက ကျွန်တော်နဲ့ တခန်းတည်းဖော် ဆိုလဲ ဟုတ်တယ် ဒီကောင်က သူငယ်ချင်း အချင်းချင်းသာ ပွင့်ပွင့်လင်းလင်းနေတာ မိန်းကလေး ရှေ့မှာဆို တော်တော် အရှက်ကြီးတတ်တဲ့ကောင်ပဲ။ မိန်းကလေးတွေများ သူ့ကိုနောက်လိုက်ပြီလား ဟေ့ဆို အဲဒိမိန်းကလေးတွေ ရှေ့မှာ အလွဲအလွဲအချော်အချော်တွေ ဖြစ်တော့တာပဲ။ အဲ... အဲဒီလိုရှက်တတ် တတ်ကောင်ကျမှ တလွဲကြီးဖြစ်ပုံက ပြောပြမယ်။
ကျွန်တော်တို့ကျောင်းက ကျွန်တော်တို့ နေတဲ့မြို့လေးနားမှာဆိုပေမယ့် ၃မိုင်လောက် ကားစီးရတယ်။ စီးရတဲ့ကားက အဝေးပြေးကားတွေ။ သူတို့က နေ့တိုင်း အလှည့်ကျစီ ဖယ်ရီသဘောမျိုး သုံးလေးစီးဆွဲပေးတယ်။ ဆိုတော့ ကျွန်တော်တို့ ကျောင်းသားတွေက မနက်ဆို အဲဒိဖယ်ရီမှ မစီးရင် ဆိုက်ကားစီးရင် တမျှော်တခေါ်စီးရမယ့် အပြင် ဆိုက်ကားခကလဲ ကျောင်းအရောက်ဆို ၅၀၀ဗျာ။ အဲတော့ တတ်နိုင်ဘူးလေ တပတ်တခါ အိမ်ကပို့တာလေးနဲ့ ခြစ်ချုပ် နေရတာဆိုတော့။ မနက်တိုင်း ဒီဖယ်ရီကို အမှီစီးရတာပေါ့။ အဲဒါက ဖယ်ရီစီးရပုံ နိဒါန်းပျိုးပြောပြတာပါ။
ကျွန်တော့်သူငယ်ချင်းဖြစ်ပုံက တမနက် သူကျောင်းကားပေါ်တက်တော့ နောက်ဆုံးကားလဲဖြစ်နေပြီ ဆိုတော့ကားက လူအတော်ကျပ်ညပ်နေပြီလေ။ ဒါနဲ့သူလဲ ထမင်းချိုင့်လေးကိုင်ပြီး ကားပေါ်အတင်းတိုးတက်ခဲ့ရတယ်။ နောက်တန်းခုံနားမှာ ကပ်ပြီး သူမတ်တပ်ရပ် လိုက်ခဲ့တယ်ပေါ့။ သူက ချိုင့်တဖက်နဲ့မို့ ခုံပေါ်ထိုင်နေတဲ့ ကောင်မလေးက ကျောင်းသားအချင်းချင်းမို့ သူ့ချိုင့်ကို ကိုင်ပေးထားတယ်။ သူကတော့ အပေါ်တန်းကိုလဲ ကိုင်ဖို့ သိပ်မမှီတာကြောင့် ကိုယ်ကို ရှေ့ကိုင်းပြီး ကားပြတင်းပေါက် မှန်ကိုလက်နဲ့ထောက်ပြီး ကျန်တဖက်ကို ထိုင်ခုံတန်းကိုကိုင်လိုက်တယ်။ ထိုင်ခုံတန်းက ဖြစ်ချင်တော့ ဒီထိုင်ခုံမှာ လက်တန်း မပါဘူးထင်တယ်။ အဲဒါနဲ့သူလဲ မှီတဲ့ ထိုင်ခုံအောက်ဖက်ဆိုဖာကို လှမ်းကိုင်လိုက်တယ်။ ပြီးတော့ လမ်းတစ်လျှောက်လုံး သူလဲ လမ်းဘေးရှုခင်းတွေ ငေးကြည့်ရင်း တောင်တောင်အီအီ တွေးနေတာပေါ့။ ကျောင်းပေါက်ဝနားရောက်တော့မှ သတိပြန်ဝင်လာပြီး သူက ကောင်မလေး ဆီက သူ့ထမင်းချိုင့်ကို ကျေးဇူးပဲဆိုပြီး ယူလိုက်မယ် အလုပ်မှာ သူ့မျက်နှာ တခုလုံး ထူအမ်းသွားတယ်။ ပြီးတော့ တအားရှက်သွားတယ်လေ.။ ဘယ်လောက်ရှက်သွားသလဲဆို သူအဲဒိနေ့ တချိန်ပဲတက်ပြီး အဆောင်ကို တချိုးတည်းပြန်သွားလေရဲ့အကြောင်းက သူလမ်းတစ်လျှောက်လုံး ထိုင်ခုံဆိုဖာ အမှတ်နဲ့ ကိုင်ထားတာဟာ ဆိုဖာ မဟုတ်ပဲ ကောင်မလေးရဲ့ ပေါင်ဖြစ်နေလေရဲ့။ အဲကောင်မလေးက ဒီကောင့်ကို မျက်မှန်းတန်းမိ သိနေတဲ့သူ ဒီကောင် အူကြောင်ကြောင် ဆိုတာသိနေတဲ့သူ ဖြစ်လို့တော်သေးတယ်။ ပြီးတော့ ကောင်မလေးက ဒီကောင် တမင်ကိုင်တာ မဟုတ်မှန်းသိလို့ ၊ ပြီးတော့ ကျောင်းသားတွေ အများကြီးကြားထဲမှာ သူပြောလိုက်ရင် ဒီကောင် တအားရှက်သွားမှာစိုးလို့ မအော်ပဲနေတယ် ထင်ပါရဲ့။ ဒါပေမယ့် သူ့ခင်ဗျာ (ကျွန်တော့် သူငယ်ချင်း ခင်ဗျာ)မှာတော့ ချိုင့်တလုံးကြီးကို ကိုင်ထားခိုင်းပြီး မတော်တရော် သွားလုပ်မိလေခြင်း၊ သူ့ကို နှာဘူးကောင်ကြီးဟု ထင်သွားလေမလားဆိုတဲ့ သို့လော သို့လော အတွေးများနဲ့ ရှက်စိတ်တွေ မွှန်ထူပြီးတော့ဗျာ အခန်းအောင်းနေလိုက်တာ တပတ်လောက် ကို ကျောင်းမတက်တော့ဘူးလေ..။ အော် အံ့ရော.. အံ့ရော မှားသွားတာ ပြောပါတယ်။ ဟတ်ဟတ် :P
Posted in
Labels:
ဟာသ
|
Wednesday, October 24, 2007
ပထမ အလုပ်သမား ။ ။ `ခင်များသူဌေး ရဲ့ အသုဘကို သွားဦးမလား´
ဒုတိယ အလုပ်သမား ။ ။ `မသွားဘူးဗျာ…ကနေ့ ကျွန်တော် အလုပ်လုပ်လိုက်ဦးမယ်။
ကျွန်တော့်ဆောင်ပုဒ်က အလုပ်ပထမ၊ ပျော်စရာက ဒုတိယလေ´
Posted in
Labels:
ဟာသ
|
Wednesday, October 24, 2007
ဒက်တရွိုက် တရားရုံးတွင် စစ်ဆေးသော အမှုတစ်ခု၌ တရားလို မိန်းမငယ်က တရားခံသည် သူမထံမှ မဖွယ်ရာသော တောင်းဆိုမှုတစ်ခုကို ပြုလုပ်ခဲ့ပါသည်ဟု စွပ်စွဲ၏။ ယင်းတောင်းဆိုမှုကို ပြောပြပါဟု ရုံးတော်က ခိုင်းရာ ပြောရမှာ အလွန်ရှက်စရာ ကောင်းသဖြင့် ရေးပြရန် ခွင့်ပန်၏။ ရုံးတော်က ခွင့်ပြုလိုက်၏။ သူမရေးပြသောစာကို တရားသူကြီးနှင့် ရှေ့နေက ဖတ်ကြည့်၏။ ထို့နောက် စာကို ဂျူရီလူကြီးများ လက်ထဲ ထည့်လိုက်၏။ ဂျူရီလူကြီးများက တစ်ဦးပြီးတစ်ဦး ဖတ်ကြည့်ကြ၏။
နောက်ဆုံး၌ ဆွဲဆောင်မှုရှိသော အမျိုးသမီး ဂျူရီလူကြီး တစ်ဦးက ဖတ်ပြီး သူ့ဘေးရှိ ဂျူရီလူကြီး တစ်ယောက်ကို ပေး၏။ သို့သော် ထိုဂျူရီ လူကြီးက ငိုက်နေ၏။ ထို့ကြောင့် တံတောင်နှင့်တွတ်၍ စာရွက်ကို ပေးလိုက်၏။
နိုးလာသော ဂျူရီလူကြီးက စာကို အိပ်မှုန်စုံမွှား ဖတ်ကြည့်၏။ ဖတ်လို့ အပြီးမှာ သူမအား ပြုံးကြည့်ရင်း ခေါင်းငြိမ့်လိုက်၏။ စာရွက်ကိုလည်း သူ့အိတ်ကပ်ထဲ ထိုးထည့်လိုက်သော ဟူ၏။
Posted in
Labels:
ဟာသ
|
Wednesday, October 24, 2007
လေယာဉ် ပြတင်းပေါက်ဘေးမှာ ထိုင်၍ လိုက်ပါလာသူ ခရီးသည်တစ်ယောက်သည် တရွေ့ရွေ့လျားနေကြသော တိမ်စိုင်တိမ်ခဲကြီးများကို ကြည့်ရင်း အလွန်ကြည်နူးနေလေသည်။ ထိုစဉ် သူ့ပြတင်းပေါက်ရှေ့မှာ လေထီးသမားတစ်ဦးကို မြင်လိုက်ရ၏။ လေထီးသမားက
`ဘယ်လိုလဲ၊ ကျွန်တော်နဲ့ လိုက်ခဲ့မလား´
ဟုလှမ်းမေး၏။
ဒီတော့ ခရီးသည်က
`ကျေးဇူးပဲ၊ မလိုက်တော့ပါဘူး။ တိမ်တွေကို ခုလိုကြည့်နေရတာ သိပ်အရသာ ရှိတယ်´
`ကောင်းပါလေ့ဗျာ။ ကျွန်တော်က တခြား လူမဟုတ်ပါဘူး။ ခင်ဗျားစီးနေတဲ့ လေယာဉ်ပျံကြီးရဲ့ လေယာဉ်မှူးပါ။ ကဲသွားပြီ၊ တာ့တာ´
Posted in
Labels:
ဟာသ
|
Saturday, October 13, 2007
ကျွန်တော့် အသိတစ်ယောက်ပြောဖူးတာပါ။ တကယ်လား ရယ်စရာပြောတာလားတော့ မသိဘူး။ အဖြစ်က ဒီလိုပါ။ ခေတ်ကာလက လမ်းစဉ်လူငယ်တွေ လက်ထက်ပေါ့။ လူထုအစည်းအဝေးပွဲလုပ်တော့ ရပ်ကွက်ကောင်စီက နီးစပ်ရာ ကျေးရွာက လူငယ်တွေကို ခေါ်တယ်။ ပြီးတော့ အစည်းအဝေးပွဲမှာ ကြွေးကြော်သံတွေကို လိုက်အော်ဖို့ နှုတ်တိုက်သင်ပေးရတယ်။ အဲဒိခေတ်က ကျေးရွာတွေမှာ ပညာတတ်တဲ့သူက အရှားသားလား။ အဲဒိတော့ ရပ်ကွက်ကောင်စီ ဥက္ကဌက သစ္စာအဓိဌာန်တွေကို သေချာသင်ပေးနေရတယ်။ မင်းတို့ ဒီလိုဒီလိုအော်ပေါ့ ဆိုပြီးတော့လေ။ ပြီးရင် မင်းတို့ အောင်ရမည် အောင်ရမည် လို့ အကျယ်ကြီး သုံးခါအော်နော်လို့ သေချာမှာတယ်။ ပြီးတော့ မြို့နယ်က လူကြီးရောက်လာပြီး ကဲမင်းတို့တွေ အဆင့်သင့်ဖြစ်ပြီလားလို့ မေးတယ်။ အဆင့်သင့်ဖြစ်ပါပြီ ဆိုပြီး ရပ်ကွက်ဥက္ကဌက မျက်နှာရချင်တာနဲ့သူ့ လူတွေကို ဟေ့ကောင်တွေ အဓိဌာန်အော်စမ်းဆိုပြီး အော်ခိုင်းတယ်။ အဓိဌာန်ရွတ်တာ တော့ ချောနေတာပါပဲ။ ရပ်ကွက် ဥက္ကဌကလဲ သူသင်ပေးထားတာဆိုပြီး တပြုံးပြုံးနဲ့ပေါ့။ အဲအားလုံးလဲပြီးရော ရွာသားတွေက ဘာထအော်လဲဆိုတော့ အားရပါးရ ၀မ်းခေါင်းသံကြီးတွေနဲ့ “အကျယ်ကြီး အကျယ်ကြီး အကျယ်ကြီး” ဆိုပြီး သုံးခါတိတိတောင် အော်သတဲ့။ အဲဒိကျမှ ဟသောက်ကျိုးနဲ မင်းဘယ်လိုသင်ထားတာလဲ ဆိုပြီး မြို့နယ်က လူက ရယ်ချင်ပက်ကျိနဲ့ ပြောတော့ ရပ်ကွက် ဥက္ကဌ မှာ မျက်နှာကြီးနီလို့။ အံမယ် ရွာသားတွေက သူတို့ မဟုတ်သလို တာဝန်ကျေသွားပြီ ဆိုပြီး ခပ်တည်တည်နဲ့လေ။ ကျေးဇူးပြုပြီး လူကြီးမင်းတို့ကော အကျယ်ကြီး သုံးခါ အော်ချင်ကြလားခင်မျာ။ :)
Posted in
Labels:
ဟာသ
|
Sunday, September 09, 2007
ကျွန်တော်တို့ ရပ်ကွက်မှာ စာတတ်ပေတတ် လူကြီးတစ်ဦးရှိတယ်ဗျ။ သူက ကျွန်တော်တို့ရဲ့ လူငယ်ခေါင်းဆောင်ကြီးဆိုလဲ မမှားဘူးပေါ့ဗျာ။ တောအခေါ်ဆို ကာလသားခေါင်းကြီးပေါ့။ သူက ခေတ်နဲ့အညီ လဲနေထိုင်တယ်ဗျ။ ဂျာနယ်၊ စာအုပ်တွေ အဲဗျ အင်တာနက် လဲ သုံးတတ်သေးသဗျ။ သူက ကျွန်တော်တို့ လူငယ်တွေကို လမ်းထိပ်က ကွမ်းယာဆိုင်လေးမှာ တခါတလေ ညညဆို ရောက်လာတတ်ပြီး လက်ချာရိုက်တတ်တယ်။
သူကစကားပြောရင် အီးဘဏ်၊ အီးပညာရေး၊ အီးကောမက်စ်၊ အိုအီးချင်းကို ထပ်နေတာပဲ သူက ကျွန်တော်တို့ကို အမြဲပြောတယ်ဗျ။ မင်းတို့ မှတ်ထား အခုခေတ်က အီးခေတ်ကွ။ အီးခေတ်ကြီးထဲမှာ ခေတ်လူငယ်ဖြစ်ပြီး မျက်ခြေမပြတ်စေနဲ့ အီးလူသားဖြစ်အောင် လုပ်ကြကွတဲ့။ သူကိုယ်တိုင် လဲ လူကြီးပေမယ့် ခေတ်နဲ့အဆက်မပြတ်အောင်နေလို့ သူကိုယ်သူလဲ အီးလူသားလို့ မကြာခဏပြောတယ်ဗျ။ သူပြောတာက တချို့ဟာတွေက နားထောင်လို့တော့ ကောင်းသား။ ဒါပေမယ့် တခါတလေ ကြောင်တောင်တောင် ဒဿနတွေပြောတဲ့ အခါကျရင်တော့ ကျွန်တော်တို့တွေ မနားထောင်ချင်လဲ အတင်းကိုဇွတ်ပြောတာပဲ။ တနေ့ဗျာ ကျွန်တော့်တို့တတွေ အရင်ရောက်နေကြပြီး စကားစမြည် ပြောနေကြတုန်း အာစရိက ပေါက်ချလာတယ်။ အဟားဒီနေ နောက်ကျလှချည်လားလို့ နှုတ်ဆက်နေတုန်း ဗြုန်းဆို သူကအောက်ကို ငုံ့ကြည့်တယ်။ ပြီးတော့ မျက်နှာကြီးက ရှုံ့ မဲ့ပြီး“ဟ....ဟ...လုပ်ကြပါအုံး”
“ဦးဘာဖြစ်ပြန်တာလဲ”
“အား....ခွေး..ခွေး...အီးတွေ တက်...တက်နင်းမိလို့....ဝေါ့”
“ထွီ...အားဒါဆိုဒီနားမလာခဲ့နဲ့လေဗျာ...”
သူ့ခင်မျာ မိုင်းဗုံးနင်းမိထားတဲ့ စစ်သားလို ရှေ့တိုးရခက် နောက်ဆုတ်ရ ခက်ကြီးဖြစ်နေတယ်။ ဘယ်ကလေက၀ ခွေးကလဲ ဘယ်လောက်တောင် ပါထားတာလဲ မသိဘူး။ နည်းတဲ့ အပုံကြီးမဟုတ်ဘူး။ ထွီ...။ သူ့ခြေထောက်တစ်ခုလုံး ပေကျံလို့။ အဲဒါနဲ့ သူမှာဖိနပ်ကြီး ဒီအတိုင်းချွတ်ပစ်ပြီး ကွမ်းယာဆိုင်က ရေပုံးယူပြီး တဗွမ်းဗွမ်းနဲ့ အထပ်ထပ် ဆေးနေလေရဲ့ ။ ဆေးလို့ကို မဆုံးတော့ဘူးဗျာ။ ဒါနဲ့ ကျွန်တော်တို့ သူငယ်တွေလဲ တခွိခွိနဲ့ ကြိတ်ရယ်ပြီး သူရဲ့ နာမည်ကို အတည်ပြုပေးလိုက်တယ်။ ဘာတဲ့။ အီးလူသားတဲ့လေ။
Posted in
Labels:
ဟာသ
|
Monday, July 23, 2007
စာရေးဆရာ ။ ။ ပြီးခဲ့တဲ့နှစ်က တစ်နှစ်လုံး စာတွေကြီးပဲ ရေးနေရတယ်ဗျ။
မိတ်ဆွေ ။ ။ ဟုတ်လား တော်တော်ရောင်းရလား။
စာရေးဆရာ ။ ။ တော်တော်ရောင်းရတယ်ခင်ဗျ။ ပထမ တီဗွီ ၊ ရေခဲ သေတ္တာ ၊ နောက် ပရိဘောဂတွေနောက်တော့ အိမ်နဲ့ခြံ။ နောက်ဆုံး ကျွန်တော့် ဆိုင်ကယ်စုတ်လေးတောင်ပါသေး။
Posted in
Labels:
ဟာသ
|
Monday, July 23, 2007
“လူကြီးမင်းခေါ်ဆိုလိုသော လူကြီးမင်း၏ ဒါလင်ဖုန်းသည် KTV ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်”
Posted in
Labels:
ဟာသ
|
Wednesday, May 23, 2007
ဒကာမတစ်ယောက်သည် ဘုန်းတော်ကြီးကျောင်းသို့လာရာ
ဘုန်းကြီးက ။ ။ ဟဲ့ဒကာမ၊ ဘာဖြစ်လို့လာသတုံး။
ဒကာမ ။ ။ အရှင်ဘုရား လူထွက်မယ် ကြားလို့ပါဘုရား။
ဘုန်းကြီး ။ ။ ဟာ ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာကမှမရှိဘူးဟ။
တစ်နေ့က လာအပ်တဲ့ ကလေးနှစ်ယောက် ဟာဘယ်သူက
မွေးတာတုံးဟ။
ဒကာမ ။ ။ တပည့်တော်မက မွေးတာပါဘုရား။
ဘုန်းကြီး ။ ။ အိမ်း တစ်သက်လုံးမှတ်ထား၊ ဒကာမကသာ လူထွက် သဟ။
ကောက်နှုတ်ချက် (နှစ် ၉၀ အတွင်း သတင်းစာထဲက ဟာသများ စာအုပ်မှ)
Posted in
Labels:
ဟာသ
|
Wednesday, May 23, 2007
ဆရာဝန် ။ ။ ဟောဒီဆေးသောက်ပြီရင် ခင်ဗျား အသက်ဟာ ၁၀နှစ်လောက်
ပြန်ငယ်သွားလိမ့်မယ်။
လူနာ ။ ။ ဒါဖြင့်ကျွန်တော် ပင်စင်နဲ့ပိုဝေးသွားမှာပေါ့ဗျာ။
ကောက်နှုတ်ချက် (နှစ် ၉၀ အတွင်း သတင်းစာထဲက ဟာသများ စာအုပ်မှ)