twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ကျွမ်း

ကောင်မလေးရေ.....
အရိပ်ပြလို့ အကောင်မထင်တဲ့....ငါပါ
အလင်းတွေပျိုးကျဲ ဧဒင်ဥယျာဉ်ထဲမှာ
အစွမ်းကုန် လင်းချင်းချင်ခဲ့သူပါ။
တကယ်တော့ ငါဟာဆောင်းရာသီ
နတ်သမီးလေးကို စောင့်မျှော်နေရတဲ့..
စွတ်စိုစို မိုးနံနက်ခင်းလေးတစ်ခုရယ်ပါ။
ရင်ကွဲပက်လက် နရီသံမပျက်တပျက်နဲ့
ငါ့ဆီကို မင်း..ပျံသန်းလာနိုင်ပါ့မလား?
ယုံပါ...ကောင်မလေးရယ်..
တကယ်လို့များလိုချင်ခဲ့ရင်
ငါ့ရင်ခွင်တစ်ခုလုံးခုတ်ချသွားပါ...။
မင်းမနှစ်မြို့ခဲ့ရင်လဲ...
ငါ့ကိုယ်ငါသွန်းဖြိုးပစ်လိုက်ပါ့မယ်။
ငါဟာကျွမ်းလောင်နေသူတစ်ယောက်ပါ...
ကျေးဇူးပြု၍....
ကောင်မလေးရေ....
ငါ့ကိုကယ်ပါ...။

Read Users' Comments (0)

ဝန်ခံချက်
ယခုဖော်ပြခဲ့သောပုံများသည် လေ့လာသူတစ်ဦး ရေးသားသော သမိုင်းဝင်ပုံရိပ်များစာအုပ်(၁၈၅၅-၁၉၂၅) မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။

Read Users' Comments (0)

ရှေးရှေးတုန်းကတို့မြန်မာ



ကိုလိုနီခေတ်တွင်အနောက်တိုင်းယဉ်ကျေးမှုများ၊လူနေမှုပုံစံများ ထိုးဖောက်
ဝင်ရောက် ခဲ့သည့်တိုင် မြန်မာ့ယဉ်ကျေးမှုပုံစံ ၀တ်စားဆင်ယင်မှုကို ဟန်ဟန်ပါပါဆင်မြန်းထားသော ရှေးခေတ် အထက်တန်းလွှာ သူဌေးသားနှစ်ဦးတို့အား ရံခြွေတော်နှစ်ဦးနှင့်အတူ မြင်တွေ့ရပုံ။





ရှေးခေတ်ကမြန်မာအထက်တန်းလွှာမိသားစု







ပိုးထည်တောင်ရှည်ပုဆိုးနှင့် သားမွေးအနားသပ်ဝတ်ရုံတော်ကို သပ်ရပ်စွာဆင်မြန်းပြီး ခံ့ညားထည်ဝါစွာဖြင့် နန်းတွင်းတွင် အခစားဝင် ရသော ရှေးခေတ်မြန်မာအရာရှိတစ်ဦး၏ ဇာတိမာန်အပြည့်ပါသောဟန်ပန်။







အရင်တုန်းကဆူးလေတ၀ိုက်



၁၉၀၀ ပြည့်နှစ်က ရန်ကုန်မြို့ မဟာဗန္ဓုလလမ်း

Read Users' Comments (1)comments

ရှေးရှေးတုန်းကတို့မြန်မာ




မြန်မာ့ရှေးခေတ်ကဖက်ရှင်





ရန်ကုန်မြို့ကုန်သည်လမ်းရဲ့ ၁၈၆၉ ခုနှစ်ကမြင်ကွင်း

Read Users' Comments (0)

တောင်ရောက်မြောက်ရောက်(၂)

အပြေးကောင်းတဲ့ကျွန်တော်

UFL တက်တုန်းကပေါ့ဗျာ။ ညနေခင်းတက်တာအဲဒီတုန်းက ခေတ်ကောင်းသေးတော့ free ပဲကြိုက်တာဝတ်ဆိုတော့ ၀တ်ကြတာပေါ့။ ကောင်မလေးတွေလဲ လှမှလှ။ ဟိဟိ။ ကျွန်တော်တက်ပြီး ဒုတိယနေ့မှာ ပေါ့။ ကျွန်တော်အရင် ၁၀တန်းတုန်းက ကောင်မလေးတစ်ယောက်ကိုတွေ့ရော။ သူကလဲဒီမှာတက်တာတဲ့။ ဒါပေမယ့်သူက ကျွန်တော်နဲ့မေဂျာမတူဘူးလေ။ အဲဒါနဲ့ပြန်ရင် အတူတူပြန်မယ်ဘာညာပြောပြီး ကျွန်တော်လဲ အတန်းတက်တာပေါ့။ ပြန်တော့လဲအတူတူပြန်မလို့ဘဲ။ ဖြစ်ချင်တော့ ကျွန်တော့်ဦးလေးက အဲဒီနေ့က လမ်းကြုံလို့ကျွန်တော့်ကို လာခေါ်ကော။
ကျွန်တော်ကလဲ ဘာလုပ်ရမှန်းမသိဘူး။ အစကတော့ လမ်းလျှောက်ပြီးလှည်းတန်းမှာ တစ်ခုခုသွားစားကြမယ်ပေါ့။ ည ၈ နာရီလောက်ရှိပြီလေ။
ဦးလေးလာကြိုတော့ ကျွန်တော်အူအူကြောင်ကြောင်နဲ့အဲဒီကောင်မလေးကို နှုတ်ဆက်လိုက်ပြီး ကားပေါ်တက်ရတော့တာပေါ့။ လူကတော့ အောင့်သက်သက်နဲ့ပေါ့။ ဒါကိုဦးလေးက ရိပ်မိသွားတယ်။ ဟေ့ကောင်ခုနက စကားပြောနေတာ မင်းကောင်မလေးလားတဲ့။ ဟုတ်တော့ဟုတ်တယ်
ဒါပေမယ့်မဟုတ်သေးဘူးလို့ပြောတော့ ဟာ့ငါ့ကောင်ညံ့လှချည်လား။ သူဘယ်ပြန်မှာလဲ ကားနဲ့လိုက်ပို့ပေးလိုက်ပေါ့ဟ။ ဟဲဟဲ အဲလောက်ထိသိတတ်
တဲ့ကျွန်တော်ဦးလေး။ ဒါနဲ့ သွားငါကားကိုမင်းနောက်က ဖြည်းဖြည်းမောင်းလာခဲ့မယ်ဆိုပြီး။ ကျွန်တော်လဲ ကောင်မလေးနောက်ပြေးလိုက်သွားတယ်။
ကောင်မလေးကလဲ ခြေလှမ်းက သွက်လိုက်တာ တော်တော်ဝေးသွားပြီ။ UFL က နေလျှောက်တာ ခဏလေးနဲ့ ရန်ကုန်တက္ကသိုလ်ကျော်သွားတယ်။
ဟောတွေ့ပြီဗျ။ ခပ်လှမ်းမှာခပ်သုတ်သုတ်လျှောက်နေတဲ့ကောင်မလေး။ လူတွေကလဲ ကျောင်းဆင်းချိန်ဆိုတော့ အများကြီးပဲ။ ပြေးပြေးကျွန်တော်ပြေး
လိုက်တာပေါ့။ အဟင့်ကံဆိုးချင်တော့ မြောင်းသေးသေးလေးကိုသတိမထားမိခဲ့ဘူး။ ဘောင်းဘီကြီးတကားကားနဲ့ကျွန်တော်လေ ကျွန်တော် မြောင်းထဲကို
ခြေထောက်ကျွံပြီး လားလား မှောက်ရက်ကြီး ဘိုင်းကနဲပဲဗျာ။ လူတွေဝိုင်းရီလိုက်ကြတာ။ ကောင်မလေးတွေက ဟေ့ဟေ့အဲဒါ ငါ့ပိုက်ဆံဆိုပြီးလှမ်းနောက် သေးတယ်။ အားကျွတ်ကျွတ်နာလိုက်တာ။ရှက်ရှက်နဲ့ကျွန်တော် နောက်ကြောင်းပြန်ပြေးတာပေါ့။ ပြေးထားဟေ့ပြေးထား။ကျွန်တော်ရှက်ရှက်နဲ့ပြန်ပြေးတာ။UFLနားထိပြန်ရောက်သွားတယ်။ ဟောဟဲဟောဟဲ။ကျွန်တော်ဘယ်တွေ လျှောက်ပြေးနေမှန်းမသိဘူး။ နောက်ဆုံးကျွန်တော့်ဦးလေးကားပြန်လှည့်လာပြီး
ဟေ့ကောင် ဘာလို့တစ်ယောက်ထဲစွတ်ပြေးနေတာလဲ။ မင်းပြေးတာ ငါ့ကားကိုတောင်ကျော်သွားလို့မနဲလိုက်ခေါ်ရတယ်။ လို့ပြောတော့မှကျွန်တော် ကားနောက်ခန်းမှာ ပက်လက်ကြီးလှန်ပြီး အာ ဦးအိမ်ကိုသာမြန်မြန်မောင်းတော့ဗျာဆိုပြီး။ လွယ်အိတ်ထဲခေါင်းကြီးသွင်းထားရင်းပြောလိုက်တယ်။အာဗျာ ခုပြန်တွေးတောင်ရှက်လာပြီ။ ဘယ်သူမှပြန်မပြောနဲ့နော်။











Read Users' Comments (0)

လူမထွက်ဘူး

ဒကာမတစ်ယောက်သည် ဘုန်းတော်ကြီးကျောင်းသို့လာရာ

ဘုန်းကြီးက ။ ။ ဟဲ့ဒကာမ၊ ဘာဖြစ်လို့လာသတုံး။

ဒကာမ ။ ။ အရှင်ဘုရား လူထွက်မယ် ကြားလို့ပါဘုရား။

ဘုန်းကြီး ။ ။ ဟာ ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာကမှမရှိဘူးဟ။
တစ်နေ့က လာအပ်တဲ့ ကလေးနှစ်ယောက် ဟာဘယ်သူက
မွေးတာတုံးဟ။
ဒကာမ ။ ။ တပည့်တော်မက မွေးတာပါဘုရား။

ဘုန်းကြီး ။ ။ အိမ်း တစ်သက်လုံးမှတ်ထား၊ ဒကာမကသာ လူထွက် သဟ။



ကောက်နှုတ်ချက် (နှစ် ၉၀ အတွင်း သတင်းစာထဲက ဟာသများ စာအုပ်မှ)

Read Users' Comments (1)comments

ဟာ..ဒါတော့ဘယ်ဖြစ်မလဲ



ဆရာဝန် ။ ။ ဟောဒီဆေးသောက်ပြီရင် ခင်ဗျား အသက်ဟာ ၁၀နှစ်လောက်
ပြန်ငယ်သွားလိမ့်မယ်။

လူနာ ။ ။ ဒါဖြင့်ကျွန်တော် ပင်စင်နဲ့ပိုဝေးသွားမှာပေါ့ဗျာ။



ကောက်နှုတ်ချက် (နှစ် ၉၀ အတွင်း သတင်းစာထဲက ဟာသများ စာအုပ်မှ)

Read Users' Comments (0)

ဒါကဒီလိုရှိပါတယ်။



မောင်ခွေးသည် အိမ်စာစာအုပ်ကို ဆရာအားပေးလိုက်ရာ ဆရာက
မောင်ခွေး၏ စာအုပ်ကို သေသေချာချာ ကြည့်ပြီးနောက်


"ဟေ့ မောင်ခွေး။ ဒီဟာ မင်းရေးတာလား။ မင့်အဖေလက်ရေးနဲ့တူနေပါလား။
မင်းဘာပြောချင်သေးသလဲ။"

မောင်ခွေးသည်အတန်ငယ်တွေနေပြီးနောက်

"သြော် ကျွန်တော်ရေးတာပါဆရာ၊ နို့ပေမယ့် ဖေ့ဖေ့ဖောင်တိန်နဲ့ရေးလို့ ဖေ့ဖေ့
လက်ရေးဖြစ်နေတာပါ။"



ကောက်နှုတ်ချက် (နှစ် ၉၀ အတွင်း သတင်းစာထဲက ဟာသများ စာအုပ်မှ)

Read Users' Comments (0)

တရားဟောကောင်းလို့



အရက်မသောက်ရန် လှည့်လည်ဟောသော သုစရိက ဆရာက တရားပွဲတွင်
"မိတ်ဆွေတို့စဉ်းစားပါ။ ဒီရွာက ရှိသမျှ ပစ္စည်းတွေဘယ်သွားစုသလဲ။
စိမ်ရေဆိုင်ရှင်၊ အရက်ဆိုင်ရှင်ဆီမှာ စုတယ်မဟုတ်လား။"

"အရက်ဆိုင်ရှင်က အ၀တ်အကောင်းဆုံး ၀တ်နိုင်တယ်။ အစားအကောင်းဆုံးစားရတယ်။
မော်တော်ကားစီးရတယ်။ ဒါဘယ်ကရတဲ့ပိုက်ဆံတွေလဲ။ ခင်ဗျားတို့ပိုက်ဆံတွေချည်းပဲ
မဟုတ်လား။"

နောက်တစ်နှစ်ကြာသောအခါ တရားဟော ဆရာအိမ်သို့ လင်မယား ၂ယောက်လာကြလေ၏။
ဆရာ ။ ။ ဘာကိစ္စလဲ။

လာလည်သူ ။ ။ ကျွန်မတို့ရွာမှာ ဆရာ လာတရားဟောတဲ့အတွက်ဝမ်းသာလို့ ကျေးဇူးဆပ်ရအောင်ပါ။


ဆရာ ။ ။ အခု-အရက်မသောက်ကြတော့ဘူးလား။

လာလည်သူ ။ ။ ဆရာဟောတာနဲ့ ကျွန်မဒီနှစ် အရက်လိုင်စင်ဆွဲလိုက်တယ်။
ဆရာဟောတဲ့အတိုင်း သိပ်မြတ်တာပဲ ဆရာရေ။


ကောက်နှုတ်ချက် (နှစ် ၉၀ အတွင်း သတင်းစာထဲက ဟာသများ စာအုပ်မှ)


Read Users' Comments (0)

တောင်ရောက်မြောက်ရောက်

ဥာဏ်ကြီးရှင်များ
မှတ်မှတ်ရရ နယ်မှာကျောင်းတက်တုန်းက အဆောင်မှာနေရင်း ဂစ်တာတီးဖို့
သီချင်းစာအုပ်လိုလို့ သွားဝယ်တယ်။ သူငယ်ချင်းနှစ်ယောက် ပေါင်းမှ ၁၀၀ပဲ
ရှိတယ်။ အဖြစ်ဆိုးတယ်ဗျာ အိမ်ကလဲပိုက်ဆံမပို့ပေးသေးတော့ ငတ်နေရတဲ့
အချိန်ပေါ့။ အဲဒီမှာ သီချင်းစာအုပ်ကလဲဝယ်ချင်၊ ပိုက်ဆံကလဲမရှိတာနဲ့ ကျန်ရာ
မရတုန်းစက်ဘီးစီးရင်း သီချင်းစာအုပ်သည်ကိုတွေ့ရော။ အံမယ် ဒီစာအုပ်သည်
က လုပ်ငန်းခွဲနဲ့ဗျာ သူက စာအုပ်လဲရောင်းသလို ကြွေဗေဒင်လဲ တွက်သဗျ။
အဲဒါနဲ့ သူငယ်ချင်းနှစ်ယောက်တိုင်ပင်ပြီး တစ်ယောက်က ဗေဒင်မေးမယ်ပေါ့
ဗေဒင်က တစ်ခါဟော ၅၀ ခင်ဗျာ့။ စာအုပ်ကတစ်အုပ်ကို ၅၀။ ဒါပေမယ့်ဗျာ
ကျွန်တော်တို့ က စာအုပ်တစ်အုပ်လုံးမလိုချင်ဘူး။ ကြိုက်တဲ့သီချင်း လေးတွေ
ပဲရွေးယူချင်တာဆိုတော့ ကြိုက်တဲ့သီချင်းက တစ်အုပ်မှာ မှ သုံးလေးပုဒ်လောက်
ပဲပါတော့။ ၀ယ်ရင် လေးအုပ်လောက်ဝယ်မှ အကုန်ရမှာကိုး။ အဲဒီတော့ တွက်ခြေ
မကိုက်ဘူးလေ။ ဒါကြောင့် ကျွန်တော့်သူငယ်ချင်းကို ဗေဒင်မေးခိုင်းထားလိုက်တယ်။
ငနဲသားကလဲ မေးလိုက်တာ၅၀ဖိုး တောင်မကဖူး။ အပိုတွေလျှောက်မေးနေတာ။
အမှန်တော့ ကျွန်တော်တို့က အချိန်းအချက်လုပ်ထားတာလေ။ ကဲသူတို့နှစ်ယောက်
လေပစ်နေတုန်းကျွန်တော်က စာအုပ်တွေကို ဟိုလှန်ဒီလှန်လုပ်ပြီး ကြိုက်တဲ့ အပုဒ်
တွေကို ကျွန်တော်ဘာလုပ်တယ်ထင်လဲ။ အဟီး အလွတ် ထိုင်ကျက်ပစ်လိုက်တာ။
၅ပုဒ်လောက်ရသွားတယ်။ ပြီးပြီရသွားပြီဆိုတော့။ ဟဲဟဲ ဟေ့ကောင်ပြန်မယ်ကွာ။
သီချင်းတွေကလဲ အသစ်မရှိပါဘူးကွာ ငါတို့ဆီမှာရှိပြီးသားတွေကွ။ သြော် ဦးလေး
အသစ်ထွက်ရင် ချန်ထားပေးဦးနော်။ လို့ပြောပြီးခပ်တည်တည်နဲ့ ပြန်ပြေးခဲ့ကြရော။
ကဲတွေ့ပြီမဟုတ်လား ရွှေဥာဏ်တော်စူးရောက်ကြပုံကို။အ ဟီး။

Read Users' Comments (0)

ကောင်မလေးသို့...

ငါမပြောခဲ့ပေမယ့်
ငါ့စိတ်ကူးထဲ အကြိမ်ပေါင်းများစွာ
နင့်ကိုချစ်ခဲ့တယ်။
ငါအလေးထားမှုတွေ
နင်သတိမထားခဲ့တာ
ငါအံ့သြရတယ်...။
ကမ်းပါးခြောက်ကပ်ထဲ
ငါလှမ်းမျှော်နေရတယ်။
နင်ဟာငါ့ကို ဖြတ်တိုက်ဖို့
အရမ်းဝေးလွန်းနေတယ်။
ငါ့ကျွန်းပေါ်မှာ
မီးရှို့ပြီး အလံလွှင့်ပေးထား
တာတောင်
နင်က....လှိုင်းငြိမ်လွန်းတယ်။
ငါဟာစိတ်ပေါ့သွပ်သူပဲ။
ဒါကိုနင်သိလား...။
နင့်ဆီက..
ငါလိုချင်တာတစ်ခုပဲ
အများကြီးမဟုတ်ဘူး။
ပန်းနုရောင်ပန်းတစ်ပွင့်စာ
မင်းနှုတ်ခမ်းက
နင့်ကိုငါချစ်ပါတယ်
ဆိုတဲ့စကား..။
ငါကြားခွင့်ရှိလား...?။
ငါလေ....
ငါလေ..
ငါ...
ငါ ဘာပြောချင်နေတယ်ဆိုတာ
နင်သိနေတယ်မဟုတ်လား...?။

Read Users' Comments (0)

ဆိုရိုးစကား

အနည်းငယ်မိုက်မဲသောသူများသည် ရည်းစားထားကြသည်။
ထို့ထက် မိုက်မဲသူတို့သည် အိမ်ထောင်ပြုကြသည်။
အလွန်မိုက်မဲသော သူများကား တစ်ကိုယ်တည်း အရိုးထုတ်သူများဖြစ်ကြလေသတည်း။

Read Users' Comments (1)comments

တံခါး

တချက်ချက်...ပြတ်ပြတ်သွားတဲ့
ခေါက်သံတွေကြားရတယ်။

ငါ့ကိုလာကြိုကြတာလား
ငါ့ကိုလိုက်ပို့ကြတာလား မကွဲပြားဘူး။

အဲဒိ အပေါက်ဟာ
ဝင်ပေါက်တစ်ခုလား၊ ထွက်ပေါက်တစ်ခုလား
ဆိုတာ ၀ိဝါဒကွဲပြားမနေနဲ့...
ဒီဘက်ကကြည့်ရင်ထွက်ပေါက်ဖြစ်ပြီး
ဟိုဘက်ကကြည့်ရင်ဝင်ပေါက်ပေါ့....

ငါ့မှာဘာမှမရှိတော့မှ
ဝမ်းမသာပေးပဲ....
လာငိုပြနေတာ ငါ့ကိုစော်ကားတာပဲ။

ငါအဲဒီဖြတ်မျဉ်းနယ်နမိတ်လေးတစ်ခုရဲ့
ဟိုဘက်ကိုကျော်ဖို့ ငါဟာတွေဝေနေရတယ်။
ငါလူကြားကောင်းအောင် ပြောပြောနေတဲ့
ရဲရင့်ခြင်းတွေဘယ်ရောက်ကုန်ပြီလဲ။

ရင်ဘတ်ထဲမှာ ဟာတာတာနဲ့
တစ်ခုခုလိုနေသလိုပဲ။

ငါသေသေချာချာ သိပြီး
ယူကြုံးမရဖြစ်မိတယ်။

ငါဟာငါ မဟုတ်ခဲ့ဘူးတဲ့

ငါဟာငါ မဟုတ်ခဲ့ဘူးတဲ့

ငါဟာငါ မဟုတ်ခဲ့ဘူးတဲ့

Read Users' Comments (0)