ကူညီကြပါအုံး
Posted in Labels: အတိုအထွာ | Friday, February 29, 2008
Posted in Labels: Reference, Thought | Sunday, February 24, 2008
“ကိုယ့်ကိုယ်ကိုယ် ပိုမိုနားလည်အောင် မေးသည် ဖြစ်စေ၊ အခြားသူများနှင့် ပြောစရာ စကားရအောင် စကားမရှိစကား ရှာ မေးသည်ဖြစ်စေ၊ သဘောထားတွေ၊ သီလတွေ၊ ယုံကြည်ချက်တွေကို စိန်ခေါ်ပါလိမ့်မည်။”
“တစ်ခုသတိထားစရာက အဖြေမှားဟူ၍ မရှိပါ။ အဖြေမှန်ဟူ၍ မရှိပါ။ ရိုးရိုးသားသား ဖြေသည့်အဖြေနှင့် မရိုးမသား ဖြေသည့် အဖြေဟူ၍သာ ရှိပါသည်။”
“အလွယ်တကူ ဟုတ်တယ် မဟုတ်ဘူး ဟူသော အဖြေမျိုးကို မပေးပါနှင့်၊ ဉာဏ်ကွန့်ချင်သလောက် ကွန့်၊ စဉ်းစားချင်သလောက် စဉ်းစားပါ။ မေးခွန်းမေးရ ဖြေရတာ ပျော်စရာ ဖြစ်လာပါလိမ့်မည်။”
ကဲဒါကတော့ စာအုပ်မှာပါတဲ့ ဆရာခင်မောင်ညိုရဲ့ အမှာစကား တချို့ပဲဖြစ်ပါတယ်။ ဒီစာအုပ်လေးထဲမှာ တကယ့်ကို ကပ်သီးကပ်သပ် မေးခွန်းတွေ ပါပါတယ်။ ကဲ သူငယ်ချင်းတို့ရေ ဖြေရဲရင် မေးကြည့်ဖို့ အတွက် သင့်တော်ရာ မေးခွန်းအချို့ကို ကောက်နှုတ်ဖော်ပြလိုက်ရပါတယ့်။ (ဆရာခင်မောင်ညိုရဲ့ စာအုပ်မှာ မြန်မာလို တပိုင်း အင်္ဂလိပ်လို တပိုင်း ပါပေမယ့် ကျွန်တော့်ဘလော့ဂ်မှာ ဖတ်ရတဲ့သူတွေ အတွက်တော့ ပို့စ်ရှည်ပြီး ဖတ်ရတာ မျက်စိနောက်နေမှာ စိုးလို့ အင်္ဂလိပ်လိုတပိုင်းကိုတော့ ဖြုတ်ထားခဲ့ပါတယ်။)
Question 1
အူထဲအသည်းထဲက စွဲစွဲမြဲမြဲ ချစ်ကြိုက်မိသူတစ်ဦးအတွက် မိမိမိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ ပြန်ဆုံဖို့ အလားအလာ နည်းနည်းပဲ ရှိတယ်ဆိုရင်တောင်မှ ရပ်ဝေးမြေခြားကို ထွက်သွားနိုင်မလား?
Question 2
ဆေးရုံတက်ပြီး ကလေးမွေးခဲ့စဉ်က အရောရောအမှားမှားဖြစ်လို့ အခု ၁ နှစ် အရွယ်ရှိနေတဲ့ ကလေးဟာ ကိုယ့်ကလေး မဟုတ်မှန်း သိလိုက်ရတယ်။
ကဲ ဘာလုပ်မလဲ?
မှားသွားတာကို ပြန်ပြင်ချင်တာနဲ့ ကလေးချင်း လဲမလား?
Question 3
သင့်ကို လူသတ်ခွင့် ပေးလိုက်တယ်။
သူတို့ သေသင့်တယ် ထင်ရင်
တာ့တာ နှစ်ခါပြောပြီးရင် သူတို့ သေမယ်။
သဘာဝအတိုင်း သေသွားတယ်လို့
ဘေးလူတွေက ထင်ပြီး
ဘယ်သူကမှ သင့်အပေါ် သံသယ မဖြစ်။
အဲဒိအခြေအနေမျိုးကို ရမယ်ဆိုရင်
သင့်စွမ်းအားတွေကို အသုံးပြုမှာလား?
Question 4
သင့်အသက် (၉၀) အထိ အသက်ရှည်မယ်။ လွန်ခဲ့တဲ့ အနှစ်(၆၀)ကျော်၊ အသက်(၃၀)ခန့်က ရုပ်မျိုး
(သို့မဟုတ်) စိတ်မျိုး တစ်ခုခုရမယ်။
အသက်(၃၀) ခန့်က ရုပ်ကို ယူမလား။
အသက်(၃၀)ခန့်က စိတ်ကို ယူမလား။
Question 5
လုပ်ငန်းမှာ သိပ်အောင်မြင်တယ်၊
ကိုယ်ရေးကိုယ်တာ ဘ၀မှာ လုံးဝမအောင်မြင်။
လုပ်ငန်းမှာ လုံးဝမအောင်မြင်၊
ကိုယ်ရေးကိုယ်တာ ဘ၀မှာ
အလွန်ပျော်စရာ ကောင်းတယ်။
ဘယ်ဘ၀ကို ပိုကြိုက်သလဲ။
Question 6
စိတ်ကူးယဉ် အိပ်မက်တွေထဲက အချစ်မျိုးကို
ပေးမယ့်သူတစ်ယောက်နဲ့ သင်တွေ့ဆုံခွင့်ရမယ်။
ဝမ်းနည်းစရာက သူ(၆)လအတွင်း သေမယ်။
အဲသလိုဆိုရင်ရော အဲဒိလူနဲ့ တွေ့ချင်သေး၊
ချစ်ချင်သေးသလား။ ?
တကယ်လို့ သင့်ချစ်သူက သေတော့ မသေဘူး၊
ဒါပေမယ့် သစ္စာဖောက်သွားမယ် ဆိုရင်ရော။ ?
Question 7
အာဖရိက ပူးဒူးလူရိုင်းတွေရဲ့ အရုပ်လို အရုပ်တစ်ခုရပြီး
သင်ဒုက္ခပေးနိုင်မယ့် အခွင့်အရေး ရမယ်ဆိုရင် သင်လုပ်မလား။?
Question 8
အခြားနိုင်ငံတစ်ခုကို သွားသည့်အခါ သင့်ချစ်သူက
လူစိမ်းတစ်ယောက်နှင့် တစ်ညတာ တွေ့ဆုံခဲ့ကြသည် ဆိုပါစို့။
သူတို့ ဘယ်အခါမျှ ပြန်လည်မတွေ့တော့လျှင်လည်းကောင်း၊ အခြားနည်းဖြင့်
ထိုကိစ္စကို သင်မသိနိုင်လျှင်သော် လည်းကောင်း၊ သင့်ချစ်သူ ပြန်ပြောတာကို
ကြားချင်ပါသလား။ ?
အကယ်၍ ထိုကိစ္စ၌ သင့်ချစ်သူမဟုတ်ဘဲ သင်ဖြစ်နေခဲ့လျှင်
သင်လုပ်ခဲ့တာကို ပြန်ပြောမည်လား။?
Question 9
ကမ္ဘာမှာ အငတ်ဘေးဆိုက်နေသည်။
ထိုအငတ်ဘေးကို အဆုံးသတ်ရန်အတွက်
အပြစ်မဲ့သည့် လူတစ်ယောက်ကို
သတ်ရမည်ဆိုလျှင်
သတ်ချင်ပါရဲ့လား။?
Question 10
သင်ချမ်းသာသမျှ စည်းစိမ်ဥစ္စာ၏ တစ်ဝက်ကို ပေးလျှင် သင့်ကို ဆေးတစ်မျိုး ပေးမည်။
ထိုဆေးကို သောက်လျှင် တစ်နေ့ တစ်နာရီ အိပ်ရုံမျှဖြင့် အိပ်ရေးဝ လန်းဆန်းစေမည်။
ဝယ်မလား။?
Posted in Labels: Reference, Thought | Sunday, February 24, 2008
Question 12
သင်နဲ့ သိပ်ရင်းနှီးတဲ့ လူတစ်ယောက်ဟာ ဝေဒနာ အပြင်းအထန် ခံစားနေရတယ်။
ကိုယ်တစ်ပိုင်း သေနေတယ်။
တစ်လလောက်ဆိုရင် ကွယ်လွန်တော့မယ်။
သူက သူသေချင်လှပြီဆိုပြီး
အဆိပ်ကျွေးခိုင်းနေတယ်။
အဲဒိလိုဆိုရင် သင် ကျွေးမလား?
အဲဒိလူဟာ သင့်အဖေ ဖြစ်နေရင်ကော?
Question 13
ညနက်နက်မှာ သင်ရဲ့ကား ရပ်လိုက်တုန်းက ဘေးက အဖိုးတန် ကားတစ်စီးကို နည်းနည်းလေး ပွတ်တိုက်မိသွားတယ်။
ဘာဖြစ်သွားတယ်ဆိုတာ ဘယ်သူမှ မသိလိုက်ကြဘူး။
ထိခိုက်မိတာကလည်း အသေးအဖွဲပါ။
ဒါဆိုရင် အဲဒိကားကို သ မတော်တဆ ပွတ်တိုက်မိတဲ့ အကြောင်း
ကားပိုင်ရှင်ကို ပြောပြမလား။?
Question 14
သင့်ရဲ့ အိမ်ထောင် ဖက်ဟာ သင့်ထက် ပိုတော်တဲ့သူ
သင့်ထက် ပိုတော်တဲ့သူ၊ သင့်ထက် ချောမောလှပ ဆွဲဆောင်မှု ရှိတဲ့သူ
ဖြစ်စေချင်သလား?
Question 15
တခြားသူ တစ်ယောက် ရှေ့မှာ အပေါ့သွားရဲသလား?
Question 16
သင်နဲ့ သင် စွဲစွဲမြဲမြဲ ချစ်ကျွမ်းဝင်တဲ့ လူတစ်ယောက်ကို အခန်းတစ်ခန်းစီမှာ
သီခြားခွဲထာမယ်။ သင်တို့ ဘေးမှာ ခလုတ်တစ်ခုစီ တပ်ထားပေးမယ်။
တစ်နာရီအတွင်းမှာ တစ်ယောက်ယောက်က ခလုတ်မနှိပ်ရင်
နှစ်ယောက်လုံး သေသွားမယ်။
ပထမဆုံူး ခလုတ်နှိပ်တဲ့သူဟာ အခြားတစ်ယောက်ရဲ့ အသက်ကို ကယ်နိုင်ပေမယ့်
သူကတော့ ချက်ချင်း သေသွားမယ်၊ သင်ဘာလုပ်မယ် ထင်သလဲ?
Question 17
သုံးလလောက် မျက်နှာ မသစ်ရဘူး၊
သွားမတိုက် ရဘူး၊
ချွေးနံ့ ပျောက်ဆေးတောင် မသုံးရဘူး၊
ဒီအတွက် ဒေါ်လာနှစ်သောင်း ပေးမယ်ဆိုရင်
သင်လက်ခံမလား၊
ဒီအကြောင်းကို ဘယ်သူ့မှလဲ ရှင်းလင်း မပြရဘူး၊
သင့်ရဲ့ ရေရှည် အလုပ်အကိုင်ကိုလည်း
မထိခိုက်ဘူး။
Question 18
ရောဂါဆိုးကြီးတွေ အားလုံးက
ကင်းဝေး ပပျောက်စေမယ်၊
ဒီအတွက် လက်ချောင်းတစ်ချောင်း အဖြတ်ခံရမယ်ဆိုရင်
ခံမလား?
Question 19
သင်ရယ်၊ သင့်အဖေရယ်၊ သင့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေရယ်
သုံးယောက်သား တောနက်ထဲမှာ လျှောက်လည်နေကြတယ်။
ဒီလိုလည်ရင်း သင့်အဖော်နှစ်ယောက်ဟာ မြွေသိုက်နဲ့ တိုးပြီး
အဆိပ်ရှိတဲ့ မြွှေတွေ အကြိမ်ပေါင်းများစွာ ကိုက်ခဲတာကို ခံနေရတယ်၊
မြွေဆိပ်ဖြေဆေး ထိုးမပေးနိုင်ရင် အသက်ရှင်ကြမှာ မဟုတ်ဘူး၊
မြွေဆိပ် ဖြေဆေးကလည်း သင့်အိတ်ထောင်ထဲမှာ တစ်လုံးတည်း ရှိနေတယ်။
သင်ဘယ်သူ့ကို ဆေးထိုးပေးမလဲ
Question 20
ရက်ရက်ရောရော ရှိလှတဲ့ သန်းကြွယ် သူဌေးတစ်ယောက်က
သင့်ကို ရက်ရက်ရောရော ငွေပေးမယ်။ ဒါပေမယ့် သင့်အနေနဲ့ မြို့လယ်ခေါင်မှာ
ကားပေါ်က ကိုယ်လုံးတီးနဲ့ ဆင်းပြီး (၄)လမ်း လမ်းလျှောက်ရမယ်။
ပြီးမှ ကားပေါ် ပြန်တက်ရမယ်။
သင်လမ်းလျှောက်နေတဲ့အချိန်မှာ သင့်ကို
ဘယ်သူကမှ ကိုယ်ထိလက်ရောက်
စော်ကားမော်ကား မလုပ်ကြဘူးဆိုရင်
သင်လုပ်မှာလား?
Posted in Labels: Reference, Thought | Sunday, February 24, 2008
Question 12
သင်နဲ့ သိပ်ရင်းနှီးတဲ့ လူတစ်ယောက်ဟာ ဝေဒနာ အပြင်းအထန် ခံစားနေရတယ်။
ကိုယ်တစ်ပိုင်း သေနေတယ်။
တစ်လလောက်ဆိုရင် ကွယ်လွန်တော့မယ်။
သူက သူသေချင်လှပြီဆိုပြီး
အဆိပ်ကျွေးခိုင်းနေတယ်။
အဲဒိလိုဆိုရင် သင် ကျွေးမလား?
အဲဒိလူဟာ သင့်အဖေ ဖြစ်နေရင်ကော?
Question 13
ညနက်နက်မှာ သင်ရဲ့ကား ရပ်လိုက်တုန်းက ဘေးက အဖိုးတန် ကားတစ်စီးကို နည်းနည်းလေး ပွတ်တိုက်မိသွားတယ်။
ဘာဖြစ်သွားတယ်ဆိုတာ ဘယ်သူမှ မသိလိုက်ကြဘူး။
ထိခိုက်မိတာကလည်း အသေးအဖွဲပါ။
ဒါဆိုရင် အဲဒိကားကို သ မတော်တဆ ပွတ်တိုက်မိတဲ့ အကြောင်း
ကားပိုင်ရှင်ကို ပြောပြမလား။?
Question 14
သင့်ရဲ့ အိမ်ထောင် ဖက်ဟာ သင့်ထက် ပိုတော်တဲ့သူ
သင့်ထက် ပိုတော်တဲ့သူ၊ သင့်ထက် ချောမောလှပ ဆွဲဆောင်မှု ရှိတဲ့သူ
ဖြစ်စေချင်သလား?
Question 15
တခြားသူ တစ်ယောက် ရှေ့မှာ အပေါ့သွားရဲသလား?
Question 16
သင်နဲ့ သင် စွဲစွဲမြဲမြဲ ချစ်ကျွမ်းဝင်တဲ့ လူတစ်ယောက်ကို အခန်းတစ်ခန်းစီမှာ
သီခြားခွဲထာမယ်။ သင်တို့ ဘေးမှာ ခလုတ်တစ်ခုစီ တပ်ထားပေးမယ်။
တစ်နာရီအတွင်းမှာ တစ်ယောက်ယောက်က ခလုတ်မနှိပ်ရင်
နှစ်ယောက်လုံး သေသွားမယ်။
ပထမဆုံူး ခလုတ်နှိပ်တဲ့သူဟာ အခြားတစ်ယောက်ရဲ့ အသက်ကို ကယ်နိုင်ပေမယ့်
သူကတော့ ချက်ချင်း သေသွားမယ်၊ သင်ဘာလုပ်မယ် ထင်သလဲ?
Question 17
သုံးလလောက် မျက်နှာ မသစ်ရဘူး၊
သွားမတိုက် ရဘူး၊
ချွေးနံ့ ပျောက်ဆေးတောင် မသုံးရဘူး၊
ဒီအတွက် ဒေါ်လာနှစ်သောင်း ပေးမယ်ဆိုရင်
သင်လက်ခံမလား၊
ဒီအကြောင်းကို ဘယ်သူ့မှလဲ ရှင်းလင်း မပြရဘူး၊
သင့်ရဲ့ ရေရှည် အလုပ်အကိုင်ကိုလည်း
မထိခိုက်ဘူး။
Question 18
ရောဂါဆိုးကြီးတွေ အားလုံးက
ကင်းဝေး ပပျောက်စေမယ်၊
ဒီအတွက် လက်ချောင်းတစ်ချောင်း အဖြတ်ခံရမယ်ဆိုရင်
ခံမလား?
Question 19
သင်ရယ်၊ သင့်အဖေရယ်၊ သင့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေရယ်
သုံးယောက်သား တောနက်ထဲမှာ လျှောက်လည်နေကြတယ်။
ဒီလိုလည်ရင်း သင့်အဖော်နှစ်ယောက်ဟာ မြွေသိုက်နဲ့ တိုးပြီး
အဆိပ်ရှိတဲ့ မြွှေတွေ အကြိမ်ပေါင်းများစွာ ကိုက်ခဲတာကို ခံနေရတယ်၊
မြွေဆိပ်ဖြေဆေး ထိုးမပေးနိုင်ရင် အသက်ရှင်ကြမှာ မဟုတ်ဘူး၊
မြွေဆိပ် ဖြေဆေးကလည်း သင့်အိတ်ထောင်ထဲမှာ တစ်လုံးတည်း ရှိနေတယ်။
သင်ဘယ်သူ့ကို ဆေးထိုးပေးမလဲ
Question 20
ရက်ရက်ရောရော ရှိလှတဲ့ သန်းကြွယ် သူဌေးတစ်ယောက်က
သင့်ကို ရက်ရက်ရောရော ငွေပေးမယ်။ ဒါပေမယ့် သင့်အနေနဲ့ မြို့လယ်ခေါင်မှာ
ကားပေါ်က ကိုယ်လုံးတီးနဲ့ ဆင်းပြီး (၄)လမ်း လမ်းလျှောက်ရမယ်။
ပြီးမှ ကားပေါ် ပြန်တက်ရမယ်။
သင်လမ်းလျှောက်နေတဲ့အချိန်မှာ သင့်ကို
ဘယ်သူကမှ ကိုယ်ထိလက်ရောက်
စော်ကားမော်ကား မလုပ်ကြဘူးဆိုရင်
သင်လုပ်မှာလား?
Posted in Labels: Essay, poem | Saturday, February 23, 2008
Posted in Labels: memories, Photo | Wednesday, February 20, 2008


MBS ပင်တိုင် ပလေယာကြီး ကျွန်တော် :P

ယဉ်တကိုယ် လှနေတဲ့ ကျွန်တော် ခွိခွိ

ကျွန်တော့်လိုပဲ လှတဲ့ ကျွန်တော့် အစ်မ မမဘာညာ (ယောက်ဖ ခေါ်ခြင်း သည်းခံပါ ဟိဟိ)

မပင့်၊ ကျွန်တော်၊ မဘာညာ၊ မြန်မာပြည်သား၊ ကောင်မလေး ခေါ် မနှင်း

အိုးလေး လှုပ်ပါဟေ့ အိုးလေးလှုပ်ပါဟေ့..... :D
Posted in Labels: poem | Sunday, February 17, 2008
Posted in Labels: memories, News, Photo, Record | Sunday, February 17, 2008
သို့နှင့် မောင်ခသည် ၀ိုင်းတွင် ထိုင်မိသည် နှင့် တပြိုင်နက် သူ၏ အိတ်ထဲမှ ပါလာသော ဗီဒီယို ကင်မရာကြီးအား ထုတ်၍ ကျွန်တော်တို့အား တစ်ယောက်ချင်းစီ လိုက်ရိုက်လေတော့၏။ နဂိုတည်းကမှ ပဲများတတ်သော ကျွန်တော်သည် ကင်မရာအရိုက်ခံလိုက်ရသဖြင့် ကျေနပ်ပီတိဖြစ်သော အပြုံးပြုံးကာ ကင်မရာမဆံ့တဆံ့မျက်နှာကြီးဖြင့် အိုက်တင်လုပ်လေတော့သည်။ လူပိန်သော်လည်း ကျွန်တော်တို့နှင့် အပြိုင်စားနိုင်သော သဇင်ဏီသည် တမျိုးပြီး တမျိုးမှာယူစားသောက်နေတုန်းတွင် ကျွန်တော်သည်ကား လူအများမြင်လျှင် ဘလော့ဂါမှန်းသိစေရန် အလို့ငှာ မောင်ခ၊ နှင့် မဘာညာတို့အား ခေါ်၍ ကန်ဘောင် တစ်လျှောက် လမ်းလျှောက်ကြလေသည်။ ကျွန်တော်တို့သည် ကန်ဘောင်ကို အပေါ်ဘက်ကော အောက်ဘက်ကော နှံ့စပ်အောင် လျှောက်ပါသော်လည်း ကျွန်တော်တို့အား လှမ်း၍ ခေါ်သော မည်သူတစ်ဦးတစ်ယောက်မှ မရှိပဲ Love Scene ရိုက်နေသော ချစ်သူစုံတွဲများသာလျှင် နေရာအနှံ့ရှိကြလေသည်။ (ကြင်နာမှု အထိမ်းအမှတ် အဖြစ်၊ တွယ်တာမှု အထိမ်းအမှတ်အဖြစ် k, I, s, s kiss … :P ) အနှီစုံတွဲများကို ကျွန်တော်တို့မှာ တမင်သက်သက် လိုက်ချောင်းနေသည်တော့ မဟုတ်ပဲ မျက်စိရှေ့တွင် မြင်တွေ့လိုက်ရကား အားနာပါးနာ ကြည့်လိုက်ရလေသတည်း။ ကွိကွိ။
ထို့နောက်တွင်ကား ကျွန်တော့်ကို မည်သည့် ကောင်မလေး ချောချောကမျှ “ဟယ်… ကိုမင်းယွန်း သစ်လား မသိဘူး ချောလိုက်တာနော်။ ဓာတ်ပုံထဲက ထက် အပြင်မှာ ပိုချော ပိုခန့်တယ် ခန့်ချော ကြီးနော်။ တွေ့ရတာ အရမ်း ၀မ်းသာတယ်နော်..။ ဟိဟိဟိဟိ..ခွိခွိခွစ်ခွစ်” ဟု လာရောက် မပြောကြလေသဖြင့် ကျွန်တော့်မှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ပဲ ဂစ်တာ ကြီးပိုက်ကာ ကန်ဘောင် အောက်ရှိမြက်ခင်းဆီသို့ ဆင်းခဲ့ကြလေတော့သည်။ ကျွန်တော်တို့ တစ်သိုက်သည် မြက်ခင်းပေါ်တွင် ထိုင်လိုက်ကြပြီး MBS ၏ ပင်တိုင် ပလေယာ ကြီး (ဘယ်သူ့မှ ခန့်ခန့် မခန့် ခန့် ကိုယ့်ဟာကိုယ် ခန့်သည်။ :) ) ကျွန်တော်က တီးပြီး ကျန်လူများဖြစ်သော မဘာညာ၊ ကိုဂေါက်၊ မပင့်၊ ဇော်မျိုး၊ နန္ဒ၊ မောင်ခ၊ သဇင်ဏီ၊ (လက်မတင်လေး ရောက်လာသော) နကားကီးစိန်ခေါ် ဖိုးသူတော်၊ တို့က တစ်ယောက် တစ်ပေါက် ညီညာစွာ ဒို့ရပ်ဝန်း သီချင်းကို ဆိုကြလေသည်။ ထို့နောက် ကျွန်တော်ရေးစပ်ထားသော သီချင်းကို ထပ်မံတီးခတ် ဖျော်ဖြေပြသည်။ များမကြာမှီတွင် စိတ်ကူး () ရောက်လာလေတော့သည်။ ထို့နောက် လေးဖြူ၊ အဲလက်စ်၊ ငယ်ဆူးတို့ ရောက် မလာကြသော်လည်း ၄င်းတို့၏ သီချင်းများကို မတတ်တခေါက်တီးကာ ၀ိုင်းဝန်း သီဆိုကြပြန်လေသည်။ :P

သဇင်၊ ကျွန်တော် နှင့် မမဘာညာ
ထို့နောက် တွင်ကား ဒို့ရပ်ဝန်း သီချင်းကို ကျွန်တော်တို့ ဘလော့ဂါတစ်သိုက် သံပြိုင်သီဆိုကြပြီး ဒါရိုက်တာ မောင်ခက ဗီဒီယို တစ်ကဒ် ရိုက်လေသည်။ ပြီးနောက် လှေကားထစ်များရှိသော နေရာသို့ ထပ်မံ ရွှေ့ပြောင်းကြပြီး နောက်တစ်ကဒ်ရိုက်လေသည်။ ထို နောက်တစ်ကဒ် ရိုက်သော အချိန်၌ မူကား သူ့ကိုယ်သူ ကောင်မလေး ဟု အမည်ခံထားသော ကောင်မလေး မဟုတ်တော့သော မနှင်းရောက်လာပြီး ပါဝင်သရုပ်ဆောင်သွားလေသည်။ ဟိဟိ။ ဗီဒီယို ရိုက်ကူးရေးပြီးစီးသွားသော အခါ တစ်ယောက်တစ်မျိုးကိုယ်စီ ပဲများထုတ်ကာ အလှ ဓာတ်ပုံများ အပြိုင်အဆိုင် တဖျတ်ဖျတ် ရိုက်ခံကြပြီး သည်နှင့် ကန်ဘောင်ပေါ်သို့ တဖန်ပြန်တက်ကာ ကန်ဘောင်စပ်တွင် လှုပ်ရှားမှု တစ်ရပ် ပြုလုပ်ခဲ့ကြသေး၏။ ထိုလှုပ်ရှားမှုအပြည့်အစုံကို ဖော်ပြရမည် ဆိုရင်ဖြင့် ကန်ဘောင်စပ်တွင် ညီညာစွာ ရပ်လိုက်ကြပြီး သံပြိုင်ကြွေးကြော်ကြကာ လက်သီးလက်မောင်းတန်း ပြီး ကြွေးကြော်သံများ ဟစ်ခဲ့ကြလေသည်။ ကန်ဘောင်အနား ပတ်ဝန်းကျင်ရှိ လူများပင် တအံ့တသြဖြင့် လန့်ဖျန့်သွားကြသော ဘလော့ဂါတစ်သိုက်၏ ရဲရဲတောက် ကြွေးကြော်သံများမှာကား….
“Free… Free download.. Free Free download… Free Free download ” ဟူ၍ ပင် ဖြစ်လေတော့သတည်း။ :D

ဘလော့ဂ်ကာ တစ်သိုက်( ရှေ့ဆုံးတန်းမှ ကောင်မလေး(ခ)အနှင်း၊ မဘာညာ၊ ကိုခ၊ ကိုခဘေးဘက်က မပင့်၊ အပေါ်တဆင့် ၀ဲယာမှ မြန်မာပြည်သား၊ ကျွန်တော်၊ စိတ်ကူး၊ နောက်ဆုံးတန်း ၀ဲယာမှ ဖိုးသူတော်၊ မောင်ဂေါက်၊ သဇင်ဏီ)
တစ်နာရီခန့် ဂစ်တာဖြင့် တီးခတ် ဆိုထားကြသော်လည်း ကျွန်တော်တို့၏ ထုံးစံအတိုင်း အာသီသ မပြေသေးပဲ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကန့်ကွက် မဲမရှိ M3 သို့ ပျော်ပျော်ကြီး ဆက်လက်ချီတက်ကြလေသည်။ အပြင်ပန်းအားဖြင့် ဘယ်လိုမှ မထင်မှတ်နိုင်သော်လည်း M3 ကာရာအိုကေ ခန်းအတွင်းသို့ ရောက်သွားသော အခါမှာကား နိုင်ငံကျော် ဘလော့ဂါများ အဖြစ်မှ ရုတ်ချည်းပင် မိုက်ခဲများ ဖြစ်သွားကြလေတောသည်။ သိုနှင့် တစ်ယောက် တစ်လှည့် ဆိုကြ၊ ၀ိုင်း ၀န်း စားသောက်ကြလေပြီး မြန်မာစံတော်ချိန် ည၈နာရီခွဲ၊ တစ် section အဆုံးသတ်တွင်တော့ စိုင်းစိုင်း ခမ်းလှိုင်၏ “အိုးလေး ..လှုပ်ပါဟေ့အိုးလေး လှုပ်ပါဟေ့” သီချင်းဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အပြိုင်အဆိုင် dance ကြလေပြီး မိုက်ခဲတို့၏ ပွဲအား အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြတော့သည်။ မိုက်ခဲများ အပီဟဲ ပြီးသွား၍ ၀မ်းဟာ သွားကြလေသောအခါ မြေနီကုန်းသို့ လမ်းလျှောက် ချီတက်ခဲ့ကြပြီး ထမင်းကြော်အား အားပါးတရ စားကြပြီးသည့်အခါမှ ပျော်ပျော်ကြီး လမ်းခွဲကြလေတော့ သတည်း…….။ဒန့်တန့်တန့်…။
ဓာတ်ပုံများအား ဆက်လက်တောင်းထားတုန်း ရှိပါသဖြင့် နောက်နေ့ များတွင် ဓာတ်ပုံဆက်တင်ပေးပါမည်။
Posted in Labels: Free | Friday, February 15, 2008

Posted in Labels: Announcement, News | Thursday, February 14, 2008
အဟမ်း.. အဟမ်း ယနေ့ ကြွလာ ဘလော့ မိတ်သဟာ အပေါင်းတို့ ခင်ဗျာ..။ ကျွန်တော်များ တို့သည် ယနေ့ ညနေ ၃နာရီမှ ၅နာရီကြားတွင် အင်းယားကန်ဘောင်တွင် ရှိနေမည်ဖြစ်ပါကြောင်း..။ ၃နာရီနှင့် ၃နာရီ ၄၅ ကြားတွင်တော့ ကန်တင်းန်တွင် ၀ါးတီးများ ဆွဲရင်း စောင့်နေမည်ဖြစ်ပြီး... ထို့ထက် အနည်းငယ် လွန်မှ (ဗာဟီရ.. ဘလာဘလာ... အီချီကလီ) ကိစ္စများနှင့် နောက် ကျမှ ရောက်လာသူများ ထိုင်ထ လုပ်ရ..... အဲလေ.. ကျွန်တော်တို့ ကန်ဘောင်၏ မြက်ခင်းဘက် ခြမ်းတွင် ရှိနေမည် ဖြစ်ပါကြောင်း သတင်းကောင်းပါအပ်ပါသည်။ ဒူ ဝေ ဝေ.......။
သတင်းများကို လဲ ဆီဗုံးမှာ ထပ်ပြီး ကြော်ငြာထားပါသေးတယ် နော်..။
မျှော်နေမယ်နော်...။
ချစ်ခင်လေးစားစွာဖြင့်
မင်းယွန်းသစ်...
Posted in Labels: memories | Wednesday, February 13, 2008

Posted in Labels: poem | Wednesday, February 13, 2008
Posted in | Tuesday, February 12, 2008
Posted in Labels: Knowledge, Reference | Monday, February 11, 2008
မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းဒေသ ဖြစ်သည့် ပြည်နှင့် သရက်ခရိုင်တို့ ၌ ကျောက်လက်နက် ကရိယာ များကို အများအပြား ရှာဖွေ တွေ့ရှိရသည်။ ထို့ပြင် ရှမ်းပြည်၌လည်း ရှေးဟောင်း ကျောက်ဂူများ အတွင်း၌ ကျောက်လက်နက် ကရိယာများ၊ လူအရိုးများ၊ ကျောက်ဂူနံရံ၌ ပန်းချီကားများကို တွေ့ရှိရသည်။ (ဤ ကိစ္စကို ရှေးဟောင်း သုတေသန ဌာနမှ ဆက်လက်၍ စူးစမ်းလျက်ရှိ၏။)
ကျောက်ခေတ် အလွန်တွင် အတော်အတန် ယဉ်ကျေးသော ဆလုံနှင့် မလေးလူမျိုးများ မြန်မာပြည်သို့ ရောက်ရှိ ကြသည်။ ထိုလူမျိုးများမှာ မြန်မာနိုင်ငံသို့ အပြင်အပမှ ပထမဦးစွာ ရောက်လာကြသူများ ဖြစ်၏။
သမိုင်းသုသေသီတို့က လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော် ၃၀၀၀ ခန့်က ထိုဆလုံနှင့် မလေးလူမျိုးများသည် မြန်မာနိုင်ငံနှင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်တွင်းသို့ ၀င်ရောက်လာသည်ဟု ယူဆကြသည်။
ဆလုံ၊ မလေးတို့သည် အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်း အပြင် တောင်ယာ လုပ်ကိုင်ပြီး ဆန်စပါး၊ ပဲ၊ ပြောင်း ကြံစသည့် သီးနှံစုံ စိုက်ပျိုးရေးများကို စိုက်ပျိုး လာကြသဖြင့် စိုက်ခင်း ပျိုးခင်းနှင့် နီးကပ်သော ဒေသများ၌ သူတို့ နေထိုင်ကြသော ရွာကလေးများ ပေါ်လာသည်။
ပျူတို့သည် ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာပြီးလျှင် မြန်မာပြည် အလယ်ပိုင်းဒေသ ၌ နေထိုင်ကြသည်။ သက်တို့သည် ဧရာဝတီ နှင့် ချင်းတွင်းမြစ် မြောက်ပိုင်းဒေသတို့၌ အခြေစိုက်ကြပြီးနောက် ချင်းလူမျိုးများ ဖြစ်လာကြသည်။ ကရင်တို့ကမူ သံလွင်မြစ်အတိုင်း စုန်ဆင်းလာပြီးလျှင် ရှမ်းကုန်းမြေမြင့်ကို ဖြတ်ကျော်၍ ကယားပြည်နယ် တ၀ိုက်တွင် နေကြပုံရသည်။
မြန်မာနိုင်ငံသို့ တိဗက်-မြန်မာတို့ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ခန့် (ခရစ်နှစ် ၄၆၀ ခန့်) က ရောက်လာကြသည်ဟု ယူဆကြသည်။
*(ပျူ၊ ကရင်၊ သက်သို့ မဟုတ် ပျူ၊ ကမ်းယံ၊ သက်ဟုဆိုသော အဆိုပြုချက်များ ရှိသော်လည်း ယခုအခါတွင် ရှေးဟောင်း သုသေတန ဌာနမှ ရှိရင်းတိုင်းရင်းသားများ၏ ဇာတိ၊ ဇာစ်မြစ်နှင့် ဖြစ်ရပ်အမှန်များကိုသာလျှင် အတည်ပြု၍ ဆက်လက် စူးစမ်းရှာဖွေ နေဆဲပင် ဖြစ်ပါသည်။)
ထိုလူမျိုးများသည် တသီးတခြားစီ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားဖြင့် နေခဲ့ကြ၏။ ထိုလူမျိုးများသည် တရုတ်ပြည်က ၀င်ရောက် တိုက်ခိုက်ခြင်းကြောင့် ခရစ်မပေါ်မီ နှစ်ရာစု ခေတ်လောက်တွင် မိမိတို့နေရင်းဒေသကို စွန့်၍ တောင်ဖက်သို့ တရွေ့ရွေ့ ဆင်းလာခဲ့ကြသည်ဟု ယူဆရသည်။
ခရစ်ခုနှစ် ၆၅၀ လောက်တွင် ရှမ်းကုန်းမြေမြင့်ကို ဖြတ်ကျော်၍ ကျောက်ဆည် ခရိုင်တွင် အခြေစိုက်ကာ နေထိုင်ကြပြီးလျှင် မြန်မာနိုင်ငံ တောင်ပိုင်း၌ ရှိနှင့်ပြီးဖြစ်သော မွန်တို့၏ ယဉ်ကျေးမှုကို ခံယူကြသည်။ ထိုလူမျိုးများနှင့် မြန်မာနိုင်ငံ၌ ရှိပြီးဖြစ်သော လူမျိုးတို့ အချင်းချင်း ရောရှက်ကာ နောင်တွင် မြန်မာလူမျိုးဟူ၍ ပေါ်ပေါက်ခဲ့သည်ဟု ယူဆရသည်။
ခရစ်မပေါ်မီ အနှစ်၁၀၀ ခန့်တွင် ရှမ်းလူမျိုးတစုသည် ရွှေလီမြစ်ဝှမ်း၌ နေကြသည်ဟု သမိုင်း သုတေသီတို့က ဆိုသည်။ ခရစ်ခုနှစ် ၆၀၀ ခန့်တွင် နောက်ရှမ်းတသုတ် ရောက်ရှိ လာပြန်သည် ဟု ယူဆကြသည်။
အချို့သုသေတီတို့ကမူ ထိုင်းတရုတ် အနွယ်ဝင် ရှမ်းလူမျိုးစုသည် ခရစ်ခုနှစ် ၇၈တွင် တရုတ်တို့၏ စိုးမိုးခြင်းကို မခံလိုကြသဖြင့် ပုန်ကန်ကြရာမှ အရေးနိမ့်၍ ရှမ်းကုန်းမြေမြင့် မြောက်ပိုင်းသို့ ရောက်လာကြသည်ဟု ဆိုသည်။
(ထိုင်းလူမျိုးများကို အချို့သော သမိုင်းစာအုပ်များ၌ တိုင်လူမျိုးဟုလည်းခေါ်ဆိုကြသည်။ “မင်းယွန်းသစ်”)
(အထက်ပါအချက်အလက်များသည် စတုတ္ထအကြိမ်ထုတ် ကမ္ဘာ့သမိုင်းမှတ်တိုင်များ- ပထမတွဲစာအုပ်မှ ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ကြောင်း ၀န်ခံအပ်ပါသည်။)
Posted in Labels: Knowledge, Reference | Monday, February 11, 2008
ရှေးခေတ်တွင် သထုံမြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ပြီးလျှင် အိန္ဒိယပြည်နှင့် ပင်လယ်ရေကြောင်းမှ ကုန်စည် ကူးသန်းရောင်းဝယ်သည်။ ထိုမြို့သည် အလွန်စည်ကားသော ဆိပ်ကမ်းမြို့ဖြစ်သည်ဟု သုတေသီတို့က ဆိုကြ၏။
သုဝဏ္ဏဘုမ္မိသည် ဗုဒ္ဓဘာသာကို အိန္ဒိယမှ ရှေးဦးစွာ ရရှိခဲ့သော ဒေသဖြစ်၏။ ရှေးမဆွကပင် ထိုမြို့၌ လက်မှု အတတ်ပညာများ ထွန်းကားခဲ့သည်။
သရေခေတ္တရာသည်လည်း သထုံမြို့ကဲ့သို့ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ခဲ့သဖြင့် ကူးသန်းရောင်းဝယ်မှုအတွက် အချက်အချာစခန်း ဖြစ်ခဲ့သည်။ သရေခေတ္တရာပြည်သည် တောင်သို့လားသော် ပြည်မြို့ထိ မြောက်သို့လားသော် ရွှေဘိုခရိုင် ဟန်လင်းကြီးမြို့အထိ ဧရာဝတီမြစ်ရိုးတလျှောက် ကျယ်ပြန့်သော ပြည်ဖြစ်သည်။
သရေခေတ္တရာခေတ်တွင် မဟာသမ္ဘ၀မှအစ မင်းဆက်ပေါင်း ၂၇ဆက် ရှိခဲ့ရာ နောက်ဆုံးမင်းဆက်မှာ ခရစ်ခုနှစ် ၉၅ ၌ ကွယ်လွန်သော သုပညာမင်း ဖြစ်သည်။
သို့ရာတွင် ယခုအခါ၌ ရှေးဟောင်း သုတေသန ဌာနက ရှာဖွေတွေ့ရှိချက်အရ အုတ်ဖြင့် ဆောက်လုပ်သော ဗိဿနိုးမြို့ကြီးကို မျက်ဝါးထင်ထင်တွေ့ရပြီး၊ ထိုမြို့ကို မြေအုတ်တို့ဖြင့် စနစ်တကျ အခိုင်အခံ့ တည်ဆောက်ထားပုံ၊ ထိုမြို့တွင် တွေ့ရှိရသော မြေအိုးမြေခွက်တို့မှာ အလွန် လက်ရာ မြောက်သည်ကို တွေ့ရသည်။
ဗိဿနိုးမြို့ ယဉ်ကျေးမှုသည် အဆင့်အတန်းမြင့်သည်။ အိန္ဒိယ ရှေးဟောင်း ယဉ်ကျေးမှုနှင့် နီးစပ်ပုံရသည်။ သို့သော် ထိုမျှ ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှု ပျောက်ကွယ် သွားပြီးနောက် ပေါ်လာသော ယဉ်ကျေးမှုလက်ရာတို့မှာ ထိုခေတ်က လက်ရာမျိုးကို မမီပဲ ဖြစ်နေသည်မှာ မတွေးတတ်စရာ ဖြစ်နေသည်။
အဘိရာဇာသည် တကောင်းပြည်ကို သိမ်းပိုက် အုပ်စိုးခဲ့သည်။ ပထမ တကောင်းမင်းဆက်တွင် အဘိရာဇာ အပါအ၀င် မင်းဆက်ပေါင်း ၃၃ ဆက်ရှိခဲ့သည်။
အိန္ဒိယပြည်၌ ဂေါတမဘုရားပွင့်စဉ် (ခရစ် မပေါ်မီ ခြောက်ရာစုခန့်) တွင် သာဝတ္ထိပြည် ပသေနဒီ ကောသလမင်း၏ သားတော် ၀ိဋဋူပ၏ ရန်ကို ကြောက်၍ ပြေးလာသော သာကီဝင်မင်း ဓဇရာဇာသည် တကောင်းသို့ ထပ်မံရောက်လာ၏။ မူလတကောင်းမင်းဆက်မှ ဘိန္နကမင်း၏ မိဖုရား နာဂဆိန်နှင့် တွေ့ပြီးလျှင် သာကီဝင် အနွယ်ချင်း စုံဖက်၍ ဒုတိယ တကောင်းဆက် တည်ထောင်ခဲ့ရာ မင်းဆက် ၁၇ ဆက်အထိ ကြာခဲ့သည်။
ဓဇရာဇာ အုပ်စိုးသော ဒုတိယ တကောင်း မင်းဆက်နှင့်အတူ မြန်မာနိုင်ငံ အထက်ပိုင်းသို့ ဗုဒ္ဓဘာသာသည် ရောက်လာခဲ့သည်။
မြန်မာလက်မှုပညာ၊ အနုပညာတို့မှာ အထက်ပါ ယဉ်ကျေးမှု သုံးခုကို ပေါင်းစပ်ရာမှ ပေါ်ပေါက်လာဟန် ရှိသည်။ မြန်မာ တိုင်းရင်းသားတို့၏ စရိုက်မှာ ပြင်ပမှရသော ယဉ်ကျေးမှုကို ပြန်လည် တီထွင်၍ ကိုယ်ပိုင် ယဉ်ကျေးမှု ဖြစ်အောင် ဖန်တီးတတ်သည်ကို တွေ့ရ၏။
အိပ်ခ်ျဂျီဝဲလ်ကမူ ရှေးဘီစီ ၁၅၀၀ ခန့်ကပင် မြန်မာနိုင်ငံတွင် တောကြက်ကို အိမ်ကြက်အဖြစ် ယဉ်ကျေးအောင် မွေးမြူတတ်ကြသည်ဟု ဆို၏။ ကြက်ကို ယဉ်ကျေးအောင် မွေးမြူသော အတတ်သည် မြန်မာနိုင်ငံက စ၍ ဘီစီ ၁၀၀၀ ခန့်တွင် တရုတ်ပြည်သို့ ပြန့်သွားပြီးလျှင် ထိုမှတဆင့် ပါရှားနိုင်ငံကို ဖြတ်ကျော်ပြီးလျှင် ဆိုကရေးတီး၏ ခေတ် ဂရိပြည်သို့ ရောက်သွားသည်ဟု ဖော်ပြထားသည်။
(အထက်ပါအချက်အလက်များသည် စတုတ္ထအကြိမ်ထုတ် ကမ္ဘာ့သမိုင်းမှတ်တိုင်များ- ပထမတွဲစာအုပ်မှ ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ကြောင်း ၀န်ခံအပ်ပါသည်။)
Posted in Labels: poem | Sunday, February 10, 2008
Posted in Labels: Essay | Saturday, February 09, 2008
(၂)
ကျွန်တော်သည် အော်လ်တာနေးတစ် သီချင်းများကို ရူးသွပ်သူ တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် တီရှပ်နှင့် ဂျင်းပင်န် ကို အမြဲတစေ ၀တ်လေ့ရှိပါသည်။ ကျွန်တော်သည် ကော်ဖီခါးခါး ကြိုက်သူဖြစ်ပါသည်။ ကျွန်တော်သည် အသက်၂၂ နှစ် အရွယ်ရှိ ချာတိတ်လတ် တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော် အသဲတကြိမ် ကွဲခဲ့ဖူးပါသည်။ ကျွန်တော်သည် စိတ်ရူးပေါက်လျှင် ခပ်ပေါပေါနေ တတ်သူ ဖြစ်ပါသည်။
(၃)
ကျွန်တော်သည် အာဆင်နယ် ပရိသတ် တစ်ယောက်လဲ ဖြစ်ပါသည်။ ကျွန်တော်သည် အပေါင်းအသင်း မက်သူဖြစ်ပါသည်။ ကျွန်တော်သည် ဘလော့ဂ်နှင့် ဂျီတော့ခ် ကို စွဲနေပါသည်။ ကျွန်တော်သည် အားတိုင်းယားတိုင်း ကဗျာတွေ ရေးနေလေ့ရှိပါသည်။ ကျွန်တော့်ကို မေမေက သားဦးအရူး ဟု မကြာခဏပြောလေ့ရှိပါသည်။ ထို့နောက် ကျွန်တော်သည် မင်းယွန်းသစ် ဖြစ်ပါသည်။
***(လမ်းညွှန်။ ။ အထက်ပါ စာများအား ဖတ်ရှုရန် မှာ အငယ်တန်းကလေးများ စာအံသကဲ့သို့ အသံရှည်စွဲ၍ ဖတ်ရှုရန်ဖြစ်ပါသည်)
Posted in Labels: Fun, News | Thursday, February 07, 2008

မြန်မာ ဘလောက်ဂါ တွေ ဖြစ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေ ကို အခြေခံပြီး ရေးဖွဲ့ထားတဲ့ အေးအေးလေး သီချင်းတွေ အများစုပါဝင်ပါတယ်…။ တေးရေးတွေ ကတော့ ကိုမျက်လုံး၊ မင်းယွန်းသစ်၊ ကိုဂေါက်၊ မောင်ခ အော် ရေးရင်းနဲ့ old blog band က လူအကုန် ကုန်ပြီ။ အော် ဘလောက်ဂါတွေ တွေကြုံခဲ့ရတဲ့ အဓိက အဖြစ်အပျက် တွေကို သီချင်း အအေး တွေနဲ့ ဖွင့်ချထားပါတယ်..။ ဘလောက်ဂါတွေလဲ ဒီပို့စ်ကို ၀ိုင်း ကြော်ငြာပေးကြ အုံးနော်..။ စပွန်ဆာက mbs ပါ။ နားထောင်ကြည့်လိုက်ပါ။ တခုခု တော့ ကိုယ်ဘ၀ တစ်ပိုင်းတစ်စ နဲ့ သွားပြီးတိုက်ဆိုင် ချင် တိုက်ဆိုက်နေပါလိမ့်မယ်.။ အောက်မှာ ဘလောက်မှာဖော်ပြဖို့ linkရေးပေးထားတယ်..။ ယူသွားပြီး ဘလောက်မှာ ကြော်ငြာပေးနော်…။
(img alt="funny" src="http://artofkha.files.wordpress.com/2008/02/funny-news01.jpg" /)
လက်သဲကွင်းများ နေရာတွင် '<' နှင့် '>' တို့အစားထိုးရန်
(ဤပို့စ်ကို ကိုခဘလော့ဂ်မှ ပြန်လည် ကူးယူဖော်ပြပါသည်။)
Posted in Labels: Article, memories | Wednesday, February 06, 2008

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။
Posted in Labels: Article, Today Yangon | Wednesday, February 06, 2008
ညဘက်လာတဲ့ရက်တွေဆိုရင် အချိန်မှန်တာက မီးပြတ်တာပါပဲ။ စဉ်းစားကြည့်ကြပါအုံးဗျာ။ မ၀ရေစာလေး လာတဲ့ မီးဟာ လာတဲ့ရက်ကလေးတောင် ပြည့်အောင် မပေးနိုင်ဘူးလေ အံ့ရော.. အံ့ရော လို့သာ ပြောလိုက်ချင်ပါတယ်။ အော် လာပြန်တော့လဲ မီးအားအ၀င်ဟာ ၁၀၀ တောင်မပြည့်ဘူး။ မီးအားမြှင့်စက် မသုံးတဲ့အိမ်တွေသာဆိုရင် ဘာမှ မလုပ်ပဲ ငုတ်တုပ်ထိုင်နေရမယ့် ပုံပဲ။ ကျွန်တော့်အိမ်က မီးအားမြှင့်စက်ဆိုရင် နံပါတ် ၁၁ထိ ဂရိတ်ဆုံးရှိတာ ပုံမှန်၇ လောက်ထိ တင်ထားရပါတယ်။ အဲ့ဒိတော့ ကျွန်တော့်မှာ ကွန်ပြူတာလေးကို သုံးရတာ ဘုရားတနေရတော့တာပါပဲဗျာ။ UPSကလဲ မီးအားအတက်အကျမငြိမ်ပြန်တော့ တတီတီနဲ့ ငယ်သံကိုပါနေတော့တာပေါ့။ နေ့ခင်းဘက်လာတဲ့ ရက်တွေဆို သိကြတဲ့အတိုင်း အိမ်မှာ မရှိတဲ့ ကျွန်တော်က ၂ရက်ခြားတခါ ညဘက်လာတဲ့ လျှပ်စစ်မီးကိုပဲ အားပြုနေရပါတယ်။ ကွန်ပြူတာရှေ့ထိုင်ပြီး ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ် စာရေးနေတုန်း ဖြုန်းဆိုမီးပြတ်သွားရင်တော့ ခဲလေသမျှ သဲရေကျပဲ။ ကျွန်တော့်မှာ အော်ငိုရမလိုပဲဗျာ။ ဒွတ်ခ။
လူရွှင်တော်ကြီးတစ်ယောက်ပြောသလိုပါပဲ။ သတင်းစာများဖတ်မယ်ဆို ဓာတ်တောင်လိုက်နိုင်ပါရဲ့ဆိုတာလေ။ အဲလေ ဘွာတေး ပြောတော့ပါဘူး။ ကျွန်တော်ပဲ ဉာဏ်မမှီတာလားတော့ မသိပါဘူး။ ဘယ်လိုကြောင့်ရယ်ကြောင့် မီးအားတွေ မလောက်မငှဖြစ်သလဲ မတွေးတတ်တော့ပါဘူး။ ခေတ်မီတိုးတက်တဲ့ နိုင်ငံတနိုင်ငံမှာ အဓိကက လျှပ်စစ်မီးပဲ ဖြစ်တယ်ဆိုတာ လူတိုင်းသိကြမှာပါ။ သေချာတာကတော့ ကျွန်တော်တို့ နိုင်ငံမှာ သုံးနေတဲ့ ၂၂၀ အားဟာ ကမ္ဘာမှာ သိပ်မသုံးတော့တဲ့ စနစ်ကြီးဖြစ်နေပါတယ်။ ပြီးတော့ ခုချိန်မှ ၁၁၀ ပြန်ပြောင်းမယ်ဆိုလဲ တော်တော့်ကို ဘတ်ဂျက်ကုန်မယ့်ကိစ္စပါပဲ။ ဟုတ်တယ်လေ အကုန်လုံး ၁ က ပြန်စရမှာ။ ဒါပေမယ့် ဒါပေမယ့်ပေါ့လေ.. တိုးချဲ့လိုက်တဲ့ ရေအားလျှပ်စစ်တွေကလဲ အရေအတွက်ရှိပေမယ့် ခုထိလုံလောက်တဲ့ ဓာတ်အားတွေ မရနိုင်သေးတာ၊ ဓာတ်အားလိုင်းပို့တဲ့နေရာမှာသုံးတဲ့ ပေါက်ဖော်ကြီးတွေရဲ့ ပစ္စည်းတွေကြောင့်လား၊ မလိုအပ်တဲ့နေရာတွေမှာ သုံးနေတာကို waste မဖြစ်အောင် manage မလုပ်နိုင်တာကြောင့်လား ဆိုတာ တော့ ပြောတတ်ဘူးပေါ့လေ။ (အဲလေ မပြောတတ်ဘူးသာ ဆိုနေ ပြောတာ ကုန်နေပြီလား သိဘူး ဟီး ဘုတ်စတေးနော်.. နောက်တာ ဟတ်ဟတ်)။ အဲ့ဒိလို အဲ့ဒိလိုများကြောင့်ပေါ့လေ ကျွန်တော်မျိုးတို့ နေထိုင်ရာ ရန်ကုန်ရွှေမြို့တော်ကြီးမှာ လျှပ်စစ်မီးကို ချစ်သူရည်းစားကဲ့သို့ ငံ့တလင့်လင့်နှင့် ရင်သိမ့်တုန် မျှော်နေရပါကြောင်း…။
Posted in Labels: Music | Tuesday, February 05, 2008
Cho: ( ပြောင်းလဲတတ်တဲ့ ဒီကမ္ဘာကြီးထဲ လောကသစ် ညီစွာဆောက်မယ်
ဒို့ရပ်ဝန်း ဒီမှာရှိတယ် နွေးထွေးမှုနဲ့ ကြိုဆိုပါတယ်
တိုးတက်တဲ့ လူ့အဖွဲ့အစည်းထဲ အားဖြည့်လို့ ကူညီလိုက်ကြမယ်...)
V2. သူငယ်ချင်း အသင့်ဖြစ်ပြီလား ဖန်တီးလိုက် မင်းမနက်ဖြန်များ ရှေ့ဆက်လို့သွားမယ် ခရီးဆုံးထိ ဒို့အတူလျှောက်ကြမယ်
နယ်မြေတွေခြားပါစေ တူညီတဲ့ အိပ်မက်ရှိကြတယ်..
Cho:
V1.
(ပြင်ဆင်ချက်။ ။ သီချင်းထဲမှ “ညီလေး”ဆိုသော နေရာများ၌ “သူငယ်ချင်း”ဟု ပြောင်းလဲရန်)
Posted in Labels: poem | Monday, February 04, 2008
Posted in Labels: poem | Monday, February 04, 2008
Posted in Labels: poem | Friday, February 01, 2008
တဖျောက်ဖျောက်နဲ့ သဲလိုက်တဲ့ မိုးတွေ (တညလုံးပါပဲ)
မိုးစက်တွေ ခေါင်မိုးပေါ်ကျသံတွေက
ငါ့အိပ်စက်ခြင်းတွေကို သိုဝှက်သွားကြ…
မုတ်သုံတွေ ထွန်းတဲ့ ကောင်းကင်ယံမှာ ညှို့အုံ့မှိုင်းနေသလို
အလျားလိုက် ရှိနေတဲ့ ငါ့အတွေးတွေကလဲ တစုံတစ်ယောက်ဆီကို ရီဝေမှုံလို့….
သစ်ပင် အစိမ်းရွက်ဖားတွေပေါ် စွတ်စိုနေတဲ့
မိုးပေါက်လေးများက လျှောကနဲ နိမ့်ဆင်းသွားတော့
ငါ့ စိုတိစိုဖတ် အလွမ်းတွေလဲ ယောင်ယမ်းပြီး လှပ်ခနဲဖြစ်သွားလေရဲ့….
ဟောဒိ မိုးစက်တွေကတော့ ဘယ်သူမှ မခိုင်းပေမယ့်လဲ
ကျဆင်းနေဆဲပါပဲ..
ဒီလိုပါပဲ ကောင်မလေးရယ်….
မင်းမသိပေမယ့်
အဲဒိ လူမသိသူမသိ ရပ်ဝန်းမှာလေ …
ငါဟာ….အသံတိတ် သွန်း…ဖြိုး…နေခဲ့…..။
ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။

My TLMS by minnyoonthit is licensed under a Creative Commons Attribution 3.0 United States License.
My TLMS All Rights Reserved. Blogger Template created by Deluxe Templates
Free Blogger Templates andWordpress Theme by Skinpress

