twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

Euro 2008 Champion!!!!

Congratulation Spain (Source: New York Times)

ပြောရင်ယုံမလားတော့ မသိဘူး ယူရိုပွဲကို စကတည်းက တပွဲမှမကြည့်လိုက်ရဘူး။ အကြောင်းက ညဘက် အပြင်ထွက်ရမှာ အခက်အခဲရှိတာကြောင့် တမျိုး။ ဟိုကုလားမ နာဂစ်လုပ်လို့ စလောင်းရွက်လဲ ကျိုးကုန်တာ..ခုထိ ပြန်မတပ်ရသေးဘူး :( ။ ကဲအခုတော့ ယူရိုပွဲပြီးသွားပြီ စပိန်နိုင်သွားပြီတဲ့။ ပျော်တော့ပျော်တယ်။ ကျွန်တော်က စပိန်နည်းပြ ကို မကြိုက်ပေမယ့် စပိန်အသင်းကိုတော့ ကြိုက်တယ်။ မနေ့က ညက ယူရိုဗိုလ်လုပွဲရှိပေမယ့် လုံးဝ မထနိုင်တာနဲ့ မကြည့်ဖြစ်တော့ဘူး။ ဒီနေ့မနက်မှ သတင်းတွေ ဖတ်ကြည့်တော့ လားလား စပိန်တို့ နိုင်သွားပြီဆိုတဲ့ သတင်း ပလူပျံနေတာပဲ။ တောရက်စ်က ၃၃ မိနစ်မှာ သွင်းသွားတယ်ဆိုပဲ။ အဲဒိတလုံးတည်းသော ဂိုးနဲ့ဂျာမနီကို အနိုင်ယူလိုက်နိုင်ခဲ့တယ်။ ဒါဟာ ၁၉၆၄ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၄၄နှစ် ကြာမှ ဖလားပြန်ရခဲ့တာပေါ့။ စပိန်ဖလား ရတယ်ဆိုတော့ ကျွန်တော်ကြိုက်တဲ့ အာဆင်နယ်ရဲ့ ကွင်းလယ် ဖန်တီးရှင် ဖာဖရီဂတ်စ်လေးရဲ့ ခြေစွမ်း တတပ်တအား ကြောင့်လဲ ပါတာပေါ့လေ။ ကဲ ဥရောပရဲ့ အကောင်းဆုံး အသင်းဖြစ်သွားတဲ့ စပိန်ရေ... ဂုဏ်ယူပါတယ်ဗျာ။

Read Users' Comments (1)comments

1 Response to "Euro 2008 Champion!!!!"

  1. Yan says:
    June 30, 2008 at 5:00 PM

    ကျွန်တော်တော့ ကြည့်ဖြစ်လိုက်တယ်ဗျ. တန်ပါတယ်. သူတို့တွေ တကယ်ကိုကြိုးစားကန်သွားတာ. ဂျာမနီခြေကိုပျက်ရောပဲ.

    ကိုမင်းယွန်းလေးကြိုက်တဲ့ ဖာဖရီဂတ်စ်လေးကို ဒုတိယပိုင်းမှာ အပြင်ခေါ်ထုတ်သွားလေရဲ့

    Cheesse Burger ကျွေးဖို့တဲ့လေ. ဟတ်ဟတ်ဟတ်.

    အဆင်ပြေအောင်မြင်ပါစေ ကိုမင်းယွန်းလေးရေ...