twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ဝချိတ်ညစ်လယ်

ကျွန်တော် ပို့စ်အသစ်တွေ တင်ချင်ရက်နဲ့ မတင်ရဘူး ဖြစ်နေတယ်..။ အင်တာနက် သုံးတော့လဲ မစွတ်မပြွတ် အချိန်လုသုံးနေရတယ်ဗျာ။ တရုတ်ကြီးလေသံနဲ့ ပြောရရင် ၀ အီလုပ်ရှု နေလယ်ကွ.. လို့ ပြောရမယ်..။ ကျွန်တော် အစကတော့ draft blogger ထဲကနေ ပို့စ်တွေ တင်ထားပြီး အော်တို ငုတ်တုတ် ရေးခိုင်းမလားလို့။ ပြန်စဉ်းစားကြည့်တော့ မထူးပါဘူး။ အဲ့လိုကြိုတင်ရေးဖို့တောင် အချိန်မရှိတာ သိပ်တော့ မထူးဘူး။ အနည်းဆုံး ကျွန်တော် တစ်လခွဲလောက် အလုပ်ရှုပ်မယ် ဆိုတော့ အကြမ်းဖျင်း သုံးဆယ့်ငါးရက်စာ အတွက် နှစ်ရက်ခြား တခါဆိုရင် ပို့စ်၂၀ ကျော် ကြိုတင် တင်ထားမှ ဖြစ်မယ်.။ အလုပ်များနေပါတယ်ဆိုတော့ ပို့စ်လဲ စိမ်ပြေနပြေ ထိုင်ရေးဖို့ မဖြစ်နိုင်သေးဘူး။ ချစ်လျှက်နဲ့ပဲ ကျွန်တော့် ဘလော့အိမ်လေးကို ပစ်ထားရတော့မယ်ဗျာ.။ အဆင်သင့်ရင်တော့ ပြန်တင်မှာပါ။ ကျွန်တော့်ကို မေ့မသွားနဲ့အုံးနော်..။ :)

အားလုံးကို ချစ်ခင် လေးစားစွာဖြင့်..

မင်းယွန်းသစ်

Read Users' Comments (1)comments

1 Response to "၀ချိတ်ညစ်လယ်"

  1. Yan says:
    July 9, 2008 at 12:07 PM

    စိတ်ညစ်ပါလဲ့ ၀ရယ်. စူရို့ လုပ်တီမျှ အီကောင်းကီး ဖစ်နေမှတော့ ၀ရို့နီရို့ စိတ်ညစ်လည်း စူရို့က မေ့ကွမ်းရှီပါကွယ်..

    တီရက်ခြားဖစ်ဖစ်၊ နီရက်ခြားဖစ်ဖစ် ၀ တင်နိုင်သလောက် ပို့စ်တီတင်ပေါ့လယ်. ၀ လာအားပေးမှာပေါ့.

    အဟတ်အဟတ် အဟတ်...

    :)