twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

အချစ်ဆိုတာဘာလဲ

တကယ်တော့ အချစ်ဆိုတာ အဓိပ္ပါယ် ဖွင့်ဆိုရ အခက်ဆုံး အရာပါ။ လူမှန်ရင် အချစ်နဲ့ မကင်းပါဘူး။ အချစ်ဆိုတာ နူးညံ့သိမ်မွေ့ပြီး နွေးထွေးစေတဲ့ အရာလဲဖြစ်ပါတယ်။ အချစ်ဆိုတာ ကျွန်တော့် အတွက်တော့ တကယ်ထူးဆန်းတဲ့ ပုစ္ဆာတစ်ပုဒ် ပါပဲ။ ကျွန်တော် ဖွင့်ဆိုရ အခက်ဆုံးထဲမှာ အချစ်ဆိုတာ ပါပါတယ်။ ကျွန်တော်က အချစ်ကို ကိုးကွယ်သူတစ်ယောက် မဟုတ်ပေမယ့် အချစ်ကို တန်ဖိုးထားတယ်။ အချစ်ဟာ ပေါ့တန်တန် လုပ်လို့မရဘူး။ အချစ်ဟာ ဘ၀မှာ အရေးကြီးတဲ့ အစိတ်အပိုင်း တခုအဖြစ်ပါဝင်တယ်။ ကျွန်တော်တို့ နှလုံးသားတွေ ရှိနေသ၍ အချစ်ကို ချစ်တတ်နေအုံးမှာပေါ့။ ကျွန်တော်က ကျွန်တော့် အချစ်ကို ပေးအပ်မယ့် သူဟာ အချစ်ကို တန်ဖိုးထားသူ တစ်ယောက်ပဲ ဖြစ်စေချင်တယ်။ အချစ်ဆိုတာ ဘာလဲ။ အမေးကို ကျွန်တော် တစ်ယောက်ထဲ ဖြေတဲ့ အဖြေဆိုရင် မပြည့်စုံမှာ ဆိုးလို့ ကျွန်တော် သိတဲ့ လူတိုင်းကို လိုက်မေး ပါတယ်။ အဲဒီလို လိုက်မေးတော့ လူတစ်ဦး ဆီမှာ အချစ်အပေါ် မတူတဲ့ အမြင်လေးတွေ တွေ့လိုက်ရတယ်။ ကျွန်တော်တော်တော်လေး စိတ်ဝင်စားသွားတယ်။ အချစ်အပေါ်မြင်တဲ့ အမြင်၊ ခံယူချက်၊ ခံစားချက်တွေက တမျိုးစီ စိတ်ဝင်စား ဖို့ကောင်းတယ်။ အချစ်ဆိုတာ ဘာလဲ လို့ မေးကြည့်တဲ့အခါ….။

 

LOVE is not hurting

LOVE is secrify, Understanding eachoher

but,, sensitive

Pleasure if you know how to love

But,, there is a love , there is a jealousy

That jealousy can break down the power of love and trusty

Once you have love,, that kind of feeling will never come back to you, even though you have second love.

SO,, if you want to have good relationship with some one you love,, love with understanding,, and keep your loyalty.

if you want to be forever with someone you love.

Build the trusty and keep understanding each other,, if not ,, even though you love him/her deeply or deadly ,, you can't be with him/her forever.

(ma ma may)

 

နားလည်တဲ့ အချစ်ဆိုတာကတော့ နှလုံးသားက မြစ်ဖျားခံလာတယ် ဒါကြောင့်သူ့ မှာ ဂုဏ်ပကာသန၊ ဟန်ဆောင်မာယာတွေ မပါဝင်သင့်ဘူး တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှု နားလည်ပေးနိုင်မှုတွေနဲ့  အေးချမ်းတဲ့ ဖြစ်တည်မှုလေးတစ်ခု အနေနဲ့ ပဲ နားလည်ထားတယ် ပိုင်ဆိုင်ရယူလိုမှုတွေ ရှိကောင်း ရှိနိုင်ပေမယ့်  ကျနော့် အတွက်ကတော့ စွန့် လွှတ်အနစ်နာခံတာလဲ အချစ်လို့ ထင်တယ် စွန့် လွှတ်တယ်ဆိုတဲ့ စကားရဲ့နောက်မှာတော့ ကိုယ့်ရဲ့ နှလုံးသားမှာ ဒဏ်ရာတွေ ကိုရှင်သန်ပေါက်ဖွားခွင့် ပေးလိုက်သလိုပါပဲ ။(ခွန်မောင်မျိုး)

 

သံယောဇဉ်+ မေတ္တာ+ နားလည်မှု့ (သနပ်ခါး)

 

အချစ်ဆိုတာ အလုပ်ရှုပ်တယ် (၀ဿန်မိုး)

 

အချစ်ဆိုတာ ၂၁ ရာစုမှာ လေလံဈေးကွက်နဲ့တူတယ် သူက ကြမ်းခင်းဈေးကြော်ငြာပြီးတာနဲ့ အချစ်ကိုရဖို့ အပြိုင်အဆိုင်လေလံဆွဲရတော့တာဘဲ ကိုယ်ပေးနိုင်တဲ့ နောက်ဆုံးဈေးကိုကိုယ်က ကြော်ငြာပြီးရင်တော့ ဘယ်သူများ ဈေးပိုပေးမလဲဆိုတာကို ရင်ခုန်စွာစောင့်နေရတာဘဲ ဈေးပေးမယ့်သူမရှိတော့ရင်တော့ ကိုယ်ရပြီပေါ့။ (ကိုဝေ)

 

အချစ်ဆိုတာ ယုံကြည်မြတ်နိုးနားလည်မှုရှိမှ ခိုင်မြဲမှာ

အဲ့ဒါ မရှိတဲ့ အချစ်ဟာ အချစ်တော့ အချစ်ပဲ

ဒါပေမဲ့ မတည်ငြိမ် မခိုင်မြဲဘူး (ဖိုးသူတော်)

 

အချစ်ဆိုတာသေချာအဓိပယ်ဖော်ဖို့ ခက်တယ်ဗျ

သိမ့်မွေ့ တယ်

တစ်ခါတစ်ခါတော့ကြမ်းတမ်းတယ်ဗျ

ဒါပေမယ့်

အဲ့ဒီစိတ်တစ်ခုကအရာရာကျော်လွှားနိုင်တယ်

အဲ့လောက်ပဲပြောနိုင်တယ်ဗျ ကျွန်တော်တော့

ဘာလို့ ဆို

တစ်ခုခုကြောင့်ချစ်တယ်ဆိုရင်အဲ့ဒါအချစ်မဟုတ်တော့ဘူး

ဥပမာ

လှလို့ ချစ်တယ်ဆိုတာကအချစ်မဟုတ်ဘူး

မလှတော့ရင်မချစ်တော့မှာလားပေါ့

ကောင်မလေးတစ်ယောက်ကိုချစ်တယ်ဆိုရင်

ဘာအကြောင်းပြချက်မှမလိုဘူး

အကြောင်းပြချက်ရှိနေရင်အချစ်မဟုတ်ဘူးလို့ ကျွန်တော်တော့ထင်တယ်ဗျ

(synchro305)

 

နုညံ့သိမ်မွေ့မှုတွေနဲ့ သွန်းဆစ်ထားတဲ့ ပန်းနုရောင် ကော်ဖီး ခါးခါး တစ်ခွက်(ကော်ဖီဂျိုး)

 

အချစ်ဆိုတာ

အမျိုးမျိုးပြောကျမှာပဲကွ

ငါ ကတော.

အချစ်ဆိုတာ

ရူးသွပ်ခြင်းလို.ပဲထင်တယ်

ယဉ်ကျေးစွာ ရူးသွပ်တဲ. ခံစားချက်ပဲ(ရဲအောင်သူ)

 

အချစ်ဆိုတာ အချစ်ပါပဲ

ဘာနဲ့မှ မတူဘူး

အချစ်ကို အချစ်လို့ပဲ မြင်တယ်

တကယ်ချစ်ပြီ ဆိုရင် စိတ် အကြောင်း လူတွေ အကြောင်း လောကကြီး ပိုသိ ပိုနားလည် ပိုခံစားတတ်လာတယ်

လူလားမြောက်လာတယ် မချစ်ခင်က လူ့လောကကို အမြင်နဲ့ ချစ်တတ်ပြီး လူ့လောကကို မြင်တဲ့အမြင် မတူဘူး

(မခွန်မြလှိုင်)

 

အချစ်ဆိုတာ

ဟင်းပေါင်းနဲ့တူတယ်

ဟီးး

ဟုတ်တယ်လေ

အချစ်ဆိုတာထဲမှာ

စိတ်ညစ်တာ ပျော်တာ ကြေကွဲတာ ၀မ်းနည်းတာ ကြည်နူးတာ

အားလုံးက ပါနေတာ

အဲဒါကြောင့် အချစ်ဆိုတာဘုန်းကြီးကျောင်းက ဟင်းပေါင်းနဲ့တူတယ်

(အိုကိဆု)

 

တော်တော်များများ ဆုံးရှုံး ပြီးမှ နည်းနည်း လေး ပြန် ရတာ အချစ်ပေါ့...............

(ပြည့်စုံ)

 

အချစ်ဆိုတာ တဦးကိုတဦး အပြန်အလှန် လေးစားခြင်း၊သည်းခံခွင့်လွှတ်ခြင်း၊ကောင်းအတူဆိုးအတူ မျဝေခံစားခြင်း လို့ခံယူထားပါတယ်။

(မမေမိုး)

Read Users' Comments (6)

6 Response to "အချစ်ဆိုတာဘာလဲ"

  1. Tea says:
    June 8, 2008 at 12:17 PM

    ဒီပိုစ့်လေးကို ကျွန်တော့်အိမ်မှ စွယ်စုံဂျာနယ်နှင့် တစ်ဆင့် လခ့်ချိတ်ပေးထားပြီး ဒီကိုညွှန်းထားပါသည်။ ပိုစ့်လေးလည်း အရမ်းကောင်းသလို နှစ်ခြိုက်မိပါသည်။ ဂျာနယ်တွင် မိတ်ဆက်ပေးထားပါသည်။ အစစအရာရာ အဆင်ပြေပါစေဗျာ။
    Tea

  2. နွေလေပြေ says:
    June 8, 2008 at 4:26 PM

    အချစ်ဆိုတာ ကိုဘာဘူဆိုထားသလို “ အချစ်ဆိုတာ ဆားလိုပဲ...များများစားရင် ငံတယ်ဗျာ” တဲ့.....:P

  3. Minn Yoon Thit says:
    June 8, 2008 at 5:44 PM

    အင်း အချစ်ဆိုတာ တခါတလေတော့ ကြက်ဖ သီချင်းလိုပဲ ကုတ်လေ ယားလေ ၀ဲလိုပါပဲ ဟတ်ဟတ် :P ကောမန့်တွေ မျှော်နေတယ်ဗျာ.. ကျေးဇူး

  4. ကိုရင်နော်ခင်လေးငယ် says:
    June 9, 2008 at 1:10 AM

    ခင်လေးသိတာကတော့...
    အချစ်...ဆိုတာ
    အရစ်...........ဟီး ။

  5. အောင်မျိုးဟန် says:
    June 9, 2008 at 8:42 AM

    အချစ်ဆိုတာ အားလုံးပြီးပြည့်စုံ နေတဲ့  ခံစားမှုတစ်ခုပေါ့ ညီ မင်းယွန်းရယ်

  6. ပန်းခရေ says:
    June 9, 2008 at 9:15 AM

    အချစ်ဆိုတာ....
    မိုက်မဲရူးသွပ်ခြင်းပဲ....
    သစ္စာမရှိသူတွေရဲ့လုပ်ရပ်တွေကို...
    ခွင့်လွှတ်နားလည်းစွာ ..အပစ်မယူခြင်းပဲ...
    အဲဒါငါသိတဲ့..အချစ်.