လွှင့်ပစ်ခံ ရာသီ
ကောင်ဆိုးမလေးရေ..
မသက်ဆိုင်တော့ဘူး ဆိုပေမယ့်
အဲဒိ အစိမ်းရောင် လမ်းကွေးလေးဟာ
ငါ့ရင်ဘတ် ဧရိယာကို ဖြတ်သန်း သွားနေဆဲပဲ…
ဥပက္ခာ မိုးတွေ ရွာသွန်းနေမှတော့
ငါ့အတွက် က ထီးဆောင်းနေစရာ မလိုတော့ပါဘူး
(စို ချင်ရင်လဲ စိုပါစေတော့လေ…)
ကောင်ဆိုးမလေးရေ…
မင်းဟာ ငါမဖတ်တတ်တဲ့ အက္ခရာတွေနဲ့
သွန်းဆစ်ထားတဲ့ ရင်ခတ်သံစာအုပ်လေးလဲ ဖြစ်ပါရဲ့…
အကြောင်းပြချက် မရှိပဲ မင်းပြောသွားတဲ့
ခွန်းဆက်သံတွေ
ငါ့ အလွမ်းရပ်ဝန်းမှာ တဆစ်ဆစ် မြည်တွန်နေသေးတာပေါ့…
ကောင်ဆိုးမလေးရေ…
ဘ၀မှာ တစ်ခါသေရမှာကို မကြောက်ပေမယ့်
(အသက်ရှင် ရပ်တည်နေတုန်း)
ခဏခဏ နှလုံးသား သေရမှာ ကိုတော့ ကြောက်တယ်
ပုံပြင်လှလှလေးတွေ ပြောတတ်တဲ့ မင်းကြောင့်
ငါဟာ ကြီးကောင်ကြီးမားနဲ့ ပုံပြင်ကြိုက်သူဖြစ်ခဲ့ရတယ်…
(ငါဟာ ယုံတမ်း စကား နားထောင်သူ ဖြစ်သွားလေရဲ့)
တကယ်တော့ ကောင်ဆိုးမလေးရေ…
မင်းပေးတဲ့ အကောင်း အဆိုးတွေက ငါ့ရင်ခုန်သံ ရပ်ဝန်းလေးကို
လာရိုက်ခတ်မိတယ် ဆိုတာ သိရဲ့လား…။
ဘာပဲ ဖြစ်ဖြစ်ကောင်မလေးရယ်…
မင်းငါ့ကို မချစ်နိုင်တော့ ဘူးဆိုရင်တောင်
ငါ့ကို နာကျင်အောင်ဖြစ်ဖြစ် တခုခု လုပ်ပစ်လိုက်စမ်းပါ…
ငါလေ အနည်းဆုံး မင်း ဂရုစိုက် တာလေးနဲ့တင်
ကျေနပ်နေမယ့် ကောင်မို့ပါ…။

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
June 9, 2008 at 2:16 AM
ကောင်မလေး က ဆိုးမဲ့ပုံပဲနော် ၊အဟီး ပျော်ရွှင်ပါစေဗျာ
June 9, 2008 at 9:19 AM
ဟဟ
ချစ်တတ်လှချေလားသယ်ရင်းရ...
ကောင်းတယ်ချစ်သာချစ်....
အချစ်ဆိုတာ ဘာလဲသိလာလိမ့်မယ်...
အားပေးတယ်
June 9, 2008 at 10:16 AM
ဘီလိုဖြစ်ပြန်ပြီးတုန်းး) ကောင်မလေး တော်တော် ဆိုးပါလားးနော် ငါ့သယ်ရင်းလေး တနားပါတယ် ။
June 10, 2008 at 7:27 PM
ပြန်ချစ်လိုက် ပြန်ကိုက်လိုက်နဲ. သူကျနော.ကို နှိပ်စက် ..
ပာက်ပာက်..
ငါ.သူငယ်ချင်းနဲ.ငါ နဲ. အဲ.အကြောင်း ပြောဘူးတယ်ကွ ၊
သူကပြောတယ် .
ဒီဘ၀မှာ ရန်ဖြစ်နေမှ ပိုပြီး ခံစားချက်ပြင်းတယ်တဲ.လေ ။
ဘာလို.လည်းဆိုတော. အဆင်ပြေနေရင် ပျင်းစရာကြီးတဲ.
ပောာ.. ရန်ဖြစ်ကျတော. လွမ်းရတာနဲ. ဆွေးရတာနဲ. တမ်းတရတာနဲ. ရူပ်နေတော.တာပဲတဲ.။
ကဲ..
မင်းတို. ၂ယောက်ကကော...
(မှတ်ချက်) အဲ.သူငယ်ချင်း ကတော.သူ.ကောင်မလေးက တင်းပြီး ထီးနဲ.ရိုက်လို. ခေါင်း၂ချက်ချုပ်လိုက်ရတယ်နော် ။အခုတော.ပျက်သွားပြီ . ပာက်ပာက် ။။