သင်ပျော်ရွှင်နေလား ပို့စ် ရှင်းလင်းချက်
လေးစားအပ်တဲ့ ဘလော့ကာ ညီအကိုများ ခင်ဗျာ။ ကျွန်တော် ရေးတဲ့ သင်ပျော်နေသလား ဆိုတဲ့ပို့စ် အတွက်နဲ့ ပတ်သက်ပြီး ကျွန်တော် ထပ်မံရှင်းလင်းပြ လိုပါတယ်။ ကျွန်တော် ရည်ညွှန်းချင်တဲ့ ဘုံ အသုံးအနှုန်းဟာ လေဘေး ကယ်ဆယ်နေတဲ့ ကျွန်တော်တို့ ဘလော့ကာ အဖွဲ့တွေကို လုံးဝ ရည်ညွှန်း ခြင်းမဟုတ်ပါ။ ကိုဝေ ပြောသလို ကိုဂေါက်တို့ အဖွဲ့လဲ မဟုတ်ပါ။ ကိုညီလင်းဆက်တို့ အဖွဲ့လဲ မဟုတ်ပါ၊ ကိုမိုးလှိုင်ည တို့ အဖွဲ့လဲ မဟုတ်ပါ။ ညီအကို များ သိတဲ့ အတိုင်း ကျွန်တော်ဟာ ဖွတတ်တဲ့ သူလဲ မဟုတ်ပါဘူး။ ဒီလို လှူနေတဲ့ အကို ဘလော့ကာ များ အဖွဲ့ကိုလဲ လေးစား ပါတယ်။ ဂုဏ်လဲ ယူပါတယ်။ ကျွန်တော် ကိုယ်တိုင် မလိုက်နိုင်ပေမယ့် ကျွန်တော် တတ်အားသရွေ့ ကူညီပေးခဲ့တာ အားလုံး သိပါတယ်။ ဒီလို ချိန်မှာ စိတ်ဝမ်းကွဲ စေမယ့် စကား မပြောသင့်တာ အမှန်ပါ။ ကျွန်တော်လဲ မပြောခဲ့ပါဘူး။ လေဘေး ကယ်ဆယ်နေတဲ့ အဖွဲ့တွေမှာ ကျွန်တော် ပြင်ပက သူငယ်ချင်း အသိမိတ်ဆွေတွေလဲ လုပ်နေပါတယ်။ ကျွန်တော့် အနီးအနား က အသိတစ်ယောက် ပြောတာကို ကျွန်တော် ပြန်လည် ဖော်ပြ ခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်က စိတ်စေတနာသန့်သန့် နဲ့ ကောင်းစေခြင်တဲ့ အမြင်နဲ့ ကျွန်တော့် အမြင် သက်သက်ကိုသာ ရေးခြင်းဖြစ်ပါတယ်။ သူတစ်ပါး လှူတာကို ကဲ့ရဲ့ရှုံ့ချချင်တဲ့ စိတ်ကူး စိုးစဉ်းမှ မပါဘူးဆိုတာ သိစေအပ်ပါတယ်။ ကျွန်တော်ရေးတဲ့ ပို့စ်ကို ကျွန်တော် တာဝန်ယူပါတယ်။ ကျွန်တော် ဘယ်သူ့ကိုမှ စောင်းချိတ်ပြီး မရေးပါ။ အဲဒိလို ထိခိုက်မိသွားတယ် ဆိုရင်လဲ ကျွန်တော် အထက်ပါ ရှင်းလင်းချက် အရ သိစေအပ်ပါတယ်။ ကျွန်တော် ဘယ်သူ့ကိုမှ မတိုက်ခိုက်ပါ။ မဖြစ်အပ်တာ မဖြစ်စေလိုကြောင်း ကျွန်တော့်  အမြင်တခုကို ထုတ်ဖော် ရေးသားခြင်း သက်သက်ပါ။ ကျွန်တော် အကြောင်းကြောင်းကြောင့် ဧရာဝတီဘက် မဆင်းနိုင်ပါ။ ပရဟိတ စိတ် အပြည့်နဲ့ ကူညီပေးနေတဲ့ အဖွဲ့တိုင်းကို လေးစားပါတယ်။ ဘယ်သူဘယ်ဝါကိုမှ ထိခိုက်အောင် ရေးသား ခြင်း မဟုတ်ပါကြောင်း သိစေအပ်ပါတယ် ခင်ဗျား။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "သင်ပျော်ရွှင်နေလား ပို့စ် ရှင်းလင်းချက်"
Post a Comment