twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

Thingyan no alcohol

ဒီနှစ် သင်္ကြန်ကို အသက်နဲနဲ ကြီးလာ လို့လား မသိဘူး တည်တည် ငြိမ်ငြိမ်နဲ့ ပျော်တတ်လာတယ်။ ခါတိုင်းနှစ်တွေ တုန်းကတော့ သင်္ကြန်ကျပြီဟေ့ ဆိုရင် စိတ်လွတ် ကိုယ်လွတ် ကဲပစ်လိုက်တာပဲ။ ခုတော့ ဆင်ခြင် စဉ်းစား တတ်လာပြီး ရင့်ကျက်လာတယ် လို့ ကိုယ့်ကိုကိုယ် ထင်တာပဲ။ မြန်မာ့ရိုးရာ သင်္ကြန်ဆိုတာ အိမ်နီးချင်း နိုင်ငံတွေထဲမှာ အစည်ကားဆုံးနဲ့ ရှေးအကျဆုံး ပွဲတော် တခုဖြစ်ပါတယ်။ ကျွန်တော်တို့ အတာ သင်္ကြန်ရဲ့ အနှစ်သာရ ကိုက နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ် အကူးအပြောင်းမှာ အတာရေနဲ့ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြော ပစ်တာပါ။

သင်္ကြန်ကျပြီဟေ့ ဆိုရင် ကားတွေနဲ့ လည်မယ့်သူတွေက တမျိုး၊ မဏ္ဍပ်ထိုင်မယ့် သူတွေက တဖုံ၊ ကိုယ့်ရပ်ကွက် လေးထဲမှာပဲ အုန်းလက် မဏ္ဍပ်ထိုးပြီး ရေကစား မယ့်သူတွေနဲ့ သင်္ကြန်ကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဆင်နွှဲတတ်ကြပါတယ်။ သင်္ကြန်ဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ လူမျိုး ဘာသာမရွေး ပျော်ရွှင် ကြတဲ့ ပွဲတော် တခုလဲ ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တွေက ပိုပြီး ပျော်ကြပါတယ်။ ဒီတော့ သင်္ကြန်ဆိုတဲ့ ပွဲတော်နဲ့ အတူ တွဲပါလာတာက အရက်သေစာ သောက်စား မူးယစ်ခြင်းပါပဲ။ သင်္ကြန်ကျရင် အရက်သောက် ရမယ်ဟေ့လို့ ဘယ်သူကမှ မသတ်မှတ် ထားပေမယ့် သင်္ကြန်ဆို အရက်သေစာ သောက်စား ကြတဲ့သူတွေ ဒုနဲ့ ဒေးပါပဲ။ ကျွန်တော်တွေ့ ဖူးသလောက်တော့ သင်္ကြန်ဆို ယောက်ျားလေးတွေ တော်တော်များများက ဘီယာ၊ ဒါမှမဟုတ် တခြား ရမ်လို ၀ီစကီလို အရက်ပြင်းတွေကို အားပါးတရ လွတ်လွတ်လပ်လပ်ကြီး သောက် တတ်ကြတယ်။ အမြဲ သောက်လေ့ မရှိတဲ့ သူတောင် သောက်ကြပါတယ်။ ဒါကဘာလဲ ဆိုတော့ လူ့သဘာဝ အရ တံငါနားနီး တံငါသဘောမျိုးပါပဲ။ အများကလုပ်တော့ ကိုယ်လဲ လုပ်မိတာမျိုးပါ။

အရက်သောက်တာ အပြစ်လားဆိုတော့ ဘာသာရေးအရ မပြောတော့ပါဘူး၊ လူငယ်တယောက် အနေနဲ့ ပြောရရင် အရက်သောက်တာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် အရက်သောက် ခြင်း၊ မူးယစ် ခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်က အပြစ်ရယ်လို့ ဆိုနိုင်ပါတယ်။ သင်္ကြန်တွင်းမှာ မကြာခဏ ရန်ဖြစ်ကြပါတယ်။ ဘယ်သူမှန် ဘယ်သူမှားတယ် မသိဘူး။ ကိုယ့်အဖွဲ့ထဲက လူတယောက် ဖြစ်ရင် ကျန်သူများက ပါ ၀င်ပါလာပြီး တုတ်ပွဲ၊ ဓါးပွဲတွေ ဖြစ်လာတတ်ကြပါတယ်။ အရက် သောက်ရင် သွေးဆူပါတယ်၊ ပြီးတော့ တချို့များ အရက်သောက်မှ သတ္တိရှိလာ သူများ ရှိပါတယ်၊ အဖွဲ့အားကိုး နဲ့ မိုက်ကန်း ချင်သူများ ရှိပါတယ်။ အရက်သောက်ထား ရင် ဆင်ခြင်တုံ တရား ကင်းမဲ့နေ ပါလိမ့်မယ်။

နောက်တမျိုး အရက်ကို အလွန်အကျွံသောက် ပြီး လူမှန်းသူမှန်း မသိအောင် အံဖတ် စို့သူများ လဲရှိကြပါတယ်။ သင်္ကြန်ကို ပျော်ချင်ပါတယ် ဆိုပြီး လူမှန်း မသိအောင် ဖြစ်နေမှတော့ ဘယ်နားမှာ ပျော်စရာ ရှိတော့မလဲ၊ သူ့ခေါင်းထဲမှာ ထွေပြားနေပြီး၊ သူ့အမြင်အာရုံတွေထဲမှာေ၀၀ါး နေမှတော့ သင်္ကြန် အပျော်ဆိုတာ ဘာမှန်းတောင် သိတော့မှာ မဟုတ်ပါဘူး။ ဒီလိုလူတွေ ဘုံးဘုံးလဲ နေတာတွေ ကိုယ့် အံဖတ်နဲ့ ကို ထွေးလုံး ရော နေတာတွေ ဟာ အလွန် အရုပ်ဆိုး လှပါတယ်။ နောက်တခု အရက်သောက် ထားရင် အရှက်တရား ကင်းမဲ့ နေပါလိမ့်မယ်။ ဘယ်အရာ မဆို လွန်ကျူး ရင် မကောင်းပါဘူး။
ကျွန်တော် ဒီနှစ်သင်္ကြန်ကို အကျနေ့ အင်းယား မဏ္ဍပ် ထိုင်ဖြစ်ပါတယ်။ အကြတ်နေ့ကို ကားနဲ့ ဟိုနား ဒီနား ကလေးတွေ ပျော်အောင် လိုက်မောင်းပေး ပါတယ်။ ဒါပါပဲ။ အတက်နေ့ကို အိမ်မှာပဲ နေပါတယ်။ ကျွန်တော် စလောင်းကနေ ထိုင်းသင်္ကြန်ကို ကြည့်မိတော့ ထိုင်းသင်္ကြန်ရဲ့ ဆောင်ပုဒ် လေးကို သွား သဘောကျမိတယ်။ songkran no alcohol တဲ့။ သူတို့ တကယ်ကော ဆောင်ပုဒ်အတိုင်း လိုက်နာ မနာတော့ ကျွန်တော်လဲ မသိပါဘူး။ ကျွန်တော်တို့ဆီမှာတောဲ့ ကြေငြာချက်တွေ ထုတ်ပြန် ထားပေမယ့် ဘယ်သူမှ မလိုက်နာ ကြတာ များပါတယ်။ အလေးပေး ၊ အလေးထား ဆင်ခြင် သင့်တဲ့ အချက်ဖြစ်ပါတယ်။ သင်္ကြန်ဟာ အရက်သောက်မှ ပျော်စရာ ကောင်းတာ မဟုတ်ပါဘူး။ ဒီတိုင်းလဲ ပျော်လို့ရပါတယ်။ သင်္ကြန်ရေကြောင့် ချမ်းတယ် ထင်ရင် ရေပက်ခံထွက် မနေပါနဲ့။ အိမ်မှာပဲ နေပေါ့ဗျာ။ ယောက်ျား ရင့်မာကြီးတွေနဲ့ ချမ်းမှာစိုးလို့ ဆိုတဲ့ အကြောင်း ပြချက်ကြီးက မခိုင်လုံ ဘူး ထင်ပါတယ်။ အရက်သောက် သူများ ကျွန်တော် ပြောတဲ့ အချက်များ မှားနေရင် ၀ိုင်းဝန်း ကန့်ကွက် နိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာ့ ရိုးရာ သင်္ကြန်ကို အရက်မသောက်ပဲ ဆင်နွှဲရင် ပိုမို စိုပြည် လှပ သွားမယ် ထင်ပါတယ်။ အကျိုးမဲ့တဲ့ ခိုက်ရန်ပွဲတွေ ဖြစ်ပွားမှု နည်းပါးသွားမယ် ထင်ပါတယ်။ တခြား အိမ်နီးချင်းများ ထက် စည်ကားသော မြန်မာ့ ရိုးရာ သင်္ကြန်ကို အစဉ် အလာမပျက် ယဉ်ယဉ်ကျေးကျေးလေး ဆက်လက် ထိန်းသိမ်း သွားသင့်တယ် ထင်ပါတယ်။ တခြားသူတော့ မပြောတတ် ပေမယ့် ကျွန်တော်ကတော့ ဆောင်ကရမ် ဆောင်ပုဒ်ကလေးကို ပြင်ပြီး Thingyan no alcohol ရယ်လို့ ရဲရဲကြီး ပြောလိုက်ချင်ပါတယ်။

Read Users' Comments (0)

0 Response to "Thingyan no alcohol"