twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

မြန်မာတို့အတွက် မြန်မာမဟာသင်္ကြန်ဝက်ဘ်ဆိုက်




www.mmthingyan.comဟာ သင်္ကြန်နဲ့ ပတ်သက်ပြီး မည်သူမဆို လွတ်လပ်စွာ ပါဝင် ရေးသားနိုင်တဲ့ သင်္ကြန်ဝက်ဘ်ဆိုက် လေးဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က ရွှေမြန်မာတွေ ဆင်နွှဲကြတဲ့ သင်္ကြန်ပွဲတွေကို တစုတစည်းတည်း ရှုစားရမယ့် တခုတည်းသော သင်္ကြန်ဆိုက် ဖြစ်ပါတယ်။ ဒါ့အပြင် မည်သူမဆို လွတ်လပ်စွာ ပါဝင် ရေးသား နိုင်ပါတယ်။ ဘယ်လိုရေးသား ရမလဲဆိုတော့ blog နဲ့ ရင်းနှီးကျွမ်းဝင် သူတွေ အနေနဲ့ကတော့ သင်္ကြန်အကြောင်း လေးတွေ ဝေမျှပေးချင် တယ်ဆိုရင် thigyanblog@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။ မိတ်ဆွေရဲ့ အီးမေးလ်ကို သင်္ကြန်ဘလော့ဂ်မှာ ပါဝင်ရေးသားနိုင်ဖို့ ဖိတ်ပေးပါ့မယ်။ အဲ ဘလော့ဂ်နည်းပညာနဲ့ မရင်းနှီး သူတွေ အတွက်ကတော့ thingyanblog.2009@blogger.com ဆိုတဲ့ လိပ်စာကို အီးမေးလ်ကနေ လိပ်မူပြီး မိမိ တင်ချင်တဲ့ စာကို စာကိုယ်မှာရေး ပြီးတော့ ပုံတွေကို attachment တွဲပြီး ပုံမှန် အီးမေးလ်ပို့သလို ပို့လိုက်တာနဲ့ မဟာသင်္ကြန်၂၀၀၉ www.mmthingyan.comမှာ စာတွေ တင်ပြီးလျက်သား ဖြစ်သွားပါမယ်။ ထပ်ပြောပေးပါ့မယ်။


  • blog နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သူများ mmthingyan မှာ ပါဝင် အားဖြည့် ရေးသားချင်တယ် ဆိုရင် thingyanblog@gmail.com ကို ဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
  • blog မရေးတတ်သူများအတွက် မိမိရဲ့ အီးမေးလ်ကနေ ဒီ သင်္ကြန်ဆိုက်ပေါ်ကို ပုံမှန် အီးမေးလ်ပို့သလို အလွယ်တကူ ၀င်ရောက်ရေးသား ချင်တယ်ဆိုရင် thingyanblog.2009@blogger.com လိပ်မူပြီး ရေးသားနိုင်ပါတယ်။

၂၀၀၉ အတာသင်္ကြန်မှာ အေးချမ်းစွာ ပျော်ရွှင်နိုင်ကြပါစေ။



Read Users' Comments (0)

0 Response to "မြန်မာတို့အတွက် မြန်မာမဟာသင်္ကြန်ဝက်ဘ်ဆိုက်"