twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

အချစ်နှင့် တွေးမိတွေးရာ

(၁)

ကျွန်တော့်အိမ်နားက ဦးလေး တယောက်ကို ကြည့်ပြီး သံဝေဂရမိတယ်ဗျ။ သူက ဇိုးသမား ပြီးတော့ အရပ်ထဲမှာ သူများခိုင်းတာ တောက်တိုမယ်ရ လုပ်ပြီး သူများ ပေးစာကမ်းစာလေးနဲ့ ရတာလေးကို အရက်သောက်ပစ်တဲ့ သူပေါ့။ ကျွန်တော်က တခါ စကားစပ်မိလို့ မေးတော့မှ အားပါး ဒီလူရဲ့ ပညာအရည်အချင်းက BE (EP) တဲ့။ ကျွန်တော် အတော်နှမြောသွား တယ်။ ပြီးတော့ ဟိုးခေတ် Y.I.T ခေတ်တုန်းက အင်ဂျင်နီယာ။ ဒီပညာနဲ့တင် ရပ်ကွက်ထဲမှာ ၀မ်းရေး ဖြေရှင်းနိုင်တယ်။ တခြားအသိ တွေ ပြန်ပြောပြတာက သူ့ကို မိန်းမက ပစ်သွားပြီး ကတည်းက အချစ်ကြီးရှာသူ ဒီလူခင်မျာ အရက်သမား လုံးလုံး ဖြစ်သွားတာတဲ့။ အော် လူတွေ ကိုယ့်ကိုကိုယ် ဖျက် သံချေးတက် ဆိုတဲ့စကား တယ်မှန်ပါလားနော်.။
(၂)

ကျွန်တော်လား အထက်တန်းကျောင်း ရူးရူးမိုက်မိုက် အရွယ်တုန်းက အသဲ အကြီးအကျယ် ကွဲဖူးတယ်။ (အဲ့တုန်းက အရူးထတာပေါ့ဗျာ)။ ဒီငမိုက်သားပေါ့ အသဲကွဲလို့ ဆေးသွားစားတယ်။ အဖေသိတော့ နားရင်းကြီးပဲ နှစ်ဒါဇင်လောက် အအုပ်ခံလိုက်ရပြီး ဘာမှလဲမဟုတ်ပဲနဲ့ တင်ပါးကို ဆေးထိုးအပ်ကြီးနဲ့ အဆော်ခံလိုက်ရတာပဲ အဖတ်တင်တယ်။ ဟိုဟာမလေးကတော့ သူ့ရည်းစားနဲ့သူ ပျော်လို့..။ ဒုတိယ တခါ အသဲကွဲ ပြန်တော့ အရက်အ၀ သောက်ပစ်လိုက်တယ်။ အောင်ညတ်လေး အန်ဖတ်စို့ပြီး အသက်မပါသွားတာ ကံကောင်း။ နောက်တနေ့ အိပ်ယာထဲ ဘုံးဘုံးလဲ အသဲကွဲတဲ့ ဒဏ် မပျောက်တဲ့ အပြင် ခေါင်းအုံ၊ ဗိုက်အောင့်၊ ရင်ဘတ်အောင့် တဲ့ဝေဒနာတွေပါ... (အိုဗာတင်း ကြော်ငြာသလို) ၂ဆ.. ၂ဆ...။ တတိယ တကြိမ်ကွဲတယ် နေ့နေ့ညည အသဲကွဲ သီချင်းတွေ တီးတယ်။ အိမ်က လူကြီးတွေ ငြိုငြင်ကုန်လို့ ကျွန်တော့် ဂစ်တာလေး အရိုက်ချိုး မခံရအောင် သူများအိမ် ခဏပို့ထားလိုက်ရတယ်..။ (အဖေက စိတ်ကြီးတယ်)။ စတုတ္ထ အကြိမ်တော့ မကွဲသေးဘူးဗျ ဒီတခါဆိုရင်တော့ အန္တရာယ်ကင်းအောင် အိပ်နေတာပဲ ကောင်းမယ် ထင်တယ်။
(၃)

ချစ်တတ်တဲ့ သူတိုင်း အသဲကွဲ ဝေဒနာ ခံစားရမှာပဲ တချိန်မဟုတ် တချိန်ပေါ့။ ဒါပေမယ့် သေချာ ပြန်စဉ်းစား မိပြန်တော့ ချစ်သူရ ကံကောင်းရင် တော်ရဲ့။ အတ္တကြီးတဲ့ ချစ်သူမျိုး တွေ့မိရင်တော့ စိတ်ညစ်ရတယ်။ အတ္တကြီးတဲ့ ချစ်သူဆိုတာ ကိုယ်လုပ်ချင်တာ ဇွတ်လုပ်တာ တခြားဘက်ကို ပြန်မကြည့်ဘူး။ သူ့စိတ်ခံစားချက်ကို ဦးစားပေးတာ။ အချစ်ဆိုတဲ့ အရာက ခက်တော့ ခက်သား။ မချစ်မိရင် အနေသာကြီး။ အဲသွားစ မိပြီဆိုရင်တော့ မရတော့ဘူး။ အရသာရှိတဲ့မုန့်ကောင်း စားဖူးတဲ့ ကလေးလိုပဲ ထပ်ထပ်ပြီး စားချင်နေတယ်လေ။ အဲ အချစ်အရသာကို ရင်ခုန်ခံစားမိရင် ခဏခဏ အဲ့ဒိ ဖီလင်ကို လိုချင်နေတာကို ပြောတာ။ တကယ်ဆိုတော့လဲ စိတ်ပညာ အရဆိုရင် ချစ်သူကို ချစ်တယ်ဆိုတာ ကိုယ့်ကိုကိုယ် ပြန်ချစ်တာပဲဗျ။ ဟုတ်တယ် ကိုယ့်စိတ်သာယာမှု ကျေနပ်မှု ရှိစေချင်လို့ ချစ်သူကို ချစ်တာ။ တကယ်တော့ သူများကို ချစ်တာ မဟုတ်ဘူး ကိုယ့်ကိုကိုယ်ချစ်တာ..။ ဘယ်လူမှ သက္ကာယစွဲမကင်းဘူး ဗျ။ မိမိကိုယ်ကို ဗဟိုပြုတွေးတဲ့ သူတွေချည်းပဲ။ အာ တော်ပါပြီ ပြောတော့ဘူး တော်ကြာ ကျွန်တော် ရည်းစား မရပဲနေတော့မှာပဲ။ ဟီး။ ဘာရယ် မဟုတ်ပါဘူး တွေး မိတွေးရာလေးပေါ့။

Read Users' Comments (4)

4 Response to "အချစ်နှင့် တွေးမိတွေးရာ"

  1. ကြည် Says:
    April 2, 2009 at 10:18 AM

    ဒီနေရာတွင် ကြော်ငြာဝင်ခြင်းကို ခေတ္တရပ်နားပါမည်..ဆက်ရန်မျော်..ဆိုပြီးဆက်ရေးအုန်းလေ။

  2. မင်းယွန်းသစ် says:
    April 2, 2009 at 10:29 AM

    ကြော်ငြာဝင်တာ မဟုတ်ပါဘူးဗျ..။ တွေးမိတွေးရာပါဆို... :D

  3. Anonymous Says:
    April 2, 2009 at 11:54 AM

    3 ခေါက် တည်း လား.... 4 / 5 / 6 ခေါက်ဆို ဘယ်လိုမှမနေတော့ဘူး
    3ီနေ့  ကွဲ...နောက်နေ့  အသစ်ရှာ .... :P

  4. မီးလေးဇာ says:
    April 2, 2009 at 6:55 PM

    ကိုဖတ် ဘာမှပူနဲ့၎ခေါက်မြောက်ဖြစ်သွားအောင် မီးလေးရှာပေးမယ် ရှယ်ပေးမှာ ဟီးးးးးးး
    တိတယ်ဟုတ် ဗြဲ