twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ရုပ်ရှင်ကြည့်ခြင်း

play ကိုနှိပ်...
ကြည့်လက်စ ကားကိုပြန်ကြည့်..
တကွက်ပြီး.. တကွက်..
ချစ်လိုက်.. ရန်ဖြစ်လိုက်...
သူတို့အသဲကွဲ.. ကိုယ်လဲ အသဲကွဲ..
သူတို့ငိုကြ .. ကိုယ်လဲ မျက်ရည်လည်ရွှဲ...
သူတို့ဗီလိန်... ကိုယ်လဲ ဗီလိန်.
မှုံနေအောင် လှတဲ့ မင်းသမီး..
ကိုယ်လဲ စိတ်ကူးယဉ် ကြည့်လိုက်တယ်..
ရုပ်ရှင်ထဲက ဇာတ်လိုက်ကို... မင်းသမီး ၂ယောက်ကပြိုင် ကြိုက်လိုကြိုက်...
(အော်.. ဒီကောင် ကံကောင်းလိုက်ပုံများ..)
ဆွတ်ဖြူဖြူ နှင်းတွေကျ.. သူတို့အေးခဲတုန်ရီ..
ကိုယ်ကတော့ မြင်းခေါင်း စွပ်ကျယ်နဲ့..
မင်းသားနဲ့ လူဆိုးတွေချ..
မင်းသားပဲနိုင်...
(ဟိုကောင်တွေ အဖမ်းခံရ...)
ဒီကောင် ဟီးရိုးဖြစ်....
မင်းသမီးနဲ့ညား...
ပြီးတော့ အာဝါးတွေပေး..
ပြီးတော့.. စာတန်းထိုး..
ပြီးတော့.. The End
...................
stop ကိုနှိပ် မီးကိုပိတ်..
ကိုင်း... စောစော အိပ်တာပဲကောင်းတယ်...။

Read Users' Comments (0)

0 Response to "ရုပ်ရှင်ကြည့်ခြင်း"