ငါသိပ်လွမ်းနေတယ်...ကောင်ဆိုးမလေး...
မတ်တပ်ရပ်ကြည့်လိုက်တဲ့အခါ..
ငါသိပ်ရင်းနှီးတဲ့..အ၀ါရောင် ကားချပ်တွေ တွေ့ရတယ်..
မြူတွေဆိုင်းတတ်တဲ့.. တိတ်တဆိတ်ညနေခင်းမှာ..
မိုးတိမ်ပုံပြင်တွေ...ဟိုတကွက် ဒီတကွက်ပေါ့...
သက်တမ်းကုန်သွားတဲ့.. ကြယ်အိုလို..
ဒါမှ မဟုတ်.. ငတ်မွတ်ခေါင်းပါးနေတဲ့ ..သေအံ့ဆဲ.. သားကောင်လို...
ငါ့ ဒဏ်တွေက မြင်ရက်စရာတောင် မရှိဘူး...
ဟိုးတုန်းကလဲ ဒီတိုင်းပဲ... အခုလဲဒီအတိုင်းပါပဲ....
(ကောင်ဆိုးမလေးရယ်...)
အကြိမ်ကြိမ်လဲ...ကျူးသီခဲ့
အကြိမ်ကြိမ်လဲ... ပြိုလဲခဲ့...
အကြိမ်ကြိမ်လဲ... ထိခိုက်ခံခဲ့ရပါရဲ့...
မတ်တပ်ရပ်ကြည့်တဲ့ အခါ... လှမ်းတွေ့ရဆဲပဲ..
အလင်းတ၀က်.. အမှောင်တ၀က်နဲ့..
အဲ့ဒိ မှော်လေးရဲ့ ကျောက်စာတွေကိုပေါ့...။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
April 5, 2009 at 6:21 AM
(ကောင်ဆိုးမလေးရယ်...)
အကြိမ်ကြိမ်လဲ...ကျူးသီခဲ့
အကြိမ်ကြိမ်လဲ... ပြိုလဲခဲ့...
အကြိမ်ကြိမ်လဲ... ထိခိုက်ခံခဲ့ရပါရဲ့...
မတ်တပ်ရပ်ကြည့်တဲ့ အခါ... လှမ်းတွေ့ရဆဲပဲ..
အလင်းတ၀က်.. အမှောင်တ၀က်နဲ့..
အဲ့ဒိ မှော်လေးရဲ့ ကျောက်စာတွေကိုပေါ့...။
ကဗျာလေးကောင်းတယ်--
တော်တော် ရေးတတ်တယ်--
ပျော်ရွှင်ပါစေ--