twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

မသိခြင်းများ



ဘာကြောင့်များ...
ခြားနားနေရတာလဲ... ပင်လယ်ရယ်..
ငါ့..တတောလုံး ပွင့်ဖူးချင်ပါလျက်..
ဘာကများ.. ငါ့တို့ကို ပညတ်ထားရတာလဲ...
ဖန်ကြိုးမျှင် တဖက်တချက်စီက ငါတို့တွေက...
မလင်းချင်းရဘူး တဲ့လား....
ဘယ်အရာကို ပြစ်တင်လို့...
ဘယ်အရာကို.. စိတ်ဆိုးပစ်ရမှာလဲ..ကွယ်...
မ၀န်ခံချင်လဲရပါတယ်
ဒါပေမယ့်... မျက်ကွယ်မပြုလိုက်ပါနဲ့...
တနိုင်တပိုင် .. မျှော်လင့်ခြင်းတွေနဲ့..
ဟောဒိ ကောင်ဟာ..ရူးနှမ်းနေရလို့ပါ..
ဘာကြောင့်များ...... လွမ်းခွင့်မရှိတာလဲ...
ဘာကြောင့်များ... ချစ်ခွင့်မရှိတာများလဲ...
ဘာကြောင့်များ... ရှိုက်နမ်းခွင့်မရှိရတာလဲ....ကွယ်...
ဖြေပါ.. ပင်လယ်ရယ်...
ဘာကြောင့်များလဲကွယ်... ဘာကြောင့်များလဲကွယ်...
ဘာကြောင့်များလဲ.....................ပင်လယ်ရယ်.....။

Read Users' Comments (0)

0 Response to "မသိခြင်းများ"