twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

လွမ်းတယ်...

လွမ်းလိုက်တာ....
ဝန်းကျင်တခုလုံး.. ဆိတ်ငြိမ်လို့..
ငါ့အနားမှာ...သက်ပြင်းရှိုက်သံသဲ့သဲ့လေးတောင် မကြားရဘူး..
မိုးတွေ သွန်းရွာနေတယ်...
ကိုယ်နဲ့အတူတူ စွတ်စိုပေးမယ့်သူတောင် မရှိခဲ့ပါဘူး...
မီးခိုးရောင် ကော်ဖီခွက်လေးတွေ အေးခဲတုန်...လို့...
ပြတင်းတံခါးတွေက.. ဆွံ့အလို့....
တိုင်ကပ်နာရီတွေက .... ရပ်တန့်လို့...
ဘာမှ မရှိတော့သလိုပါပဲ...
ဘယ်သူမှ မဆိုတဲ့ သီချင်းကိုဆိုမိတယ်..
ဘယ်သူမှ.. မရွတ်တဲ့ ကဗျာလေး ရွတ်မိတယ်..
ဘယ်သူမှ မသိတဲ့ငါဟာ...
ဘယ်သူမှ မရှိတဲ့.. အခန်းငယ်ထဲမှာ...ပေါ့..
ဘာပဲဖြစ်ဖြစ်...
ဘာပဲဖြစ်ဖြစ်ပေါ့... ကောင်မလေးရယ်....
လူမသိသူမသိလေး... လွမ်း..နေမိတယ်..။

Read Users' Comments (6)

6 Response to "လွမ်းတယ်..."

  1. mabaydar says:
    April 19, 2009 at 1:35 PM

    ဘူ့ကို ဒီလောက်လွမ်းနေတာလဲ... ငါ့သယ်ရင်းကြီး သနားပါတယ်.. လာလာ အနားလာ.. ဟား.. ဟား..

  2. Bino says:
    April 19, 2009 at 3:50 PM

    So you are lonely and felling home sick to whom, where.
    Nobody know.
    I think it is a ကောင်မလေး.
    Bino

  3. Anonymous Says:
    April 19, 2009 at 4:32 PM

    လွမ်းတတ်လိုက်တာ လူမသိသူမသိလေးပေမယ့် ငါတို့တော့ သိသွားပြီး ကဗျာလေးတွေ လက်သွက်နေတယ်း)

  4. flowerworld says:
    April 19, 2009 at 11:23 PM

    ဟလို မိုတို
    ကဗျာကတော့ရေလည်လွမ်းထားပါလားဗျာ
    ပြောသားပဲ အအေးမိမယ် ဆေးမှန်မှန်သောက်လို့
    ခုတော့ဖြစ်ပြီး ဟွင်းးးးးးးး ပြောစကားနားမထောင်းဘူး ဆက်လွမ်းးးးးး

  5. ဇာတိ says:
    April 22, 2009 at 4:14 PM

    လွမ်းတတ်နေလိုက်တာ....း))

  6. Moe Wai says:
    May 1, 2009 at 4:27 PM

    ဒီလောက်တောင် လူမသိ သူမသိ ကြိတ်ကြွေနေရင်တော့ ဟဲဟဲ.. မဟုတ်မှသာ လွဲရော.. ကုလားမလေး တစ်ယောက်များ ကြိတ်ခိုက်နေလား မင်းယွန်... :P