twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

မြက်ခင်းသစ်နှင့် MOWA တွေ့ဆုံပွဲ

ပြီးခဲ့တဲ့ ၂၉ ရက်နေ့က အင်းယားလမ်း စိမ်းလန်း စိုပြေမှာ မြက်ခင်းသစ်မန်ဘာ တွေနဲ့ MOWA (Myanmar Online Writers Association)မှ အက်ဒမင် တချို့ တွေ့ဆုံပွဲလေး ပြုလုပ်ခဲ့ကြပါတယ်။ စာပေ ၀ါသနာပါတဲ့ လူငယ်တွေ ချည်း ဖြစ်တာမို့ စာပေ အနုပညာနဲ့ ပတ်သက်တဲ့ စကားဝိုင်းလေး ဖြစ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဆိုက်တွေရဲ့ ရှေ့ဆက်ပြီး လုပ်မယ့် အနုပညာ လှုပ်ရှားမှုလေးတွေ နဲ့ ပတ်သက်ပြီးလဲ မန်ဘာတွေနဲ့ ပြောဆို ဆွေးနွေး ဖြစ်ခဲ့ပါတယ်။ အွန်လိုင်းမှာ ရှိတဲ့ စာရေးသူ လူငယ်တွေရဲ့ လွတ်လပ်ပြီး သစ်လွင်တဲ့ အတွေးအမြင်လေးတွေကို ဖလှယ်ခွင့် ရခဲ့တဲ့ အတွက် အများကြီး ၀မ်းမြောက်ခဲ့မိပါတယ်။ ကျွန်တော်တို့ ၂ဆိုက်ဟာ ၀ါသနာတူ တွေချည်းပဲ မို့ အတူပူးပေါင်းပြီး စာကြည့်တိုက်လေး တည်ထောင် သွားဖို့လဲ သဘောတူညီ ခဲ့ကြပါတယ်။ စာအုပ်စာတန်းတွေလဲ စတင် စုဆောင်းနေပါပြီ။ စာအုပ်စာတန်း လှူဒါန်းလို သူများ အနေနဲ့ myatkhinnthit@gmail.com သို့မဟုတ် mowa.admins@gmail.com တို့ကို ဆက်သွယ်၍ လှူဒါန်း နိုင်ပါတယ်။ နောင်တွင်လဲ အလျင်းသင့်သလို ကဗျာရွတ်ပွဲများ၊ စာပေစကားဝိုင်းများလဲ ပြုလုပ်သွားဖို့ ရှိပါတယ်။


တွေ့ဆုံပွဲကို တက်ရောက်ခဲ့ကြတဲ့ သူတွေကတော့...


  1. Zero


  2. Poison


  3. သူရဿဝါ


  4. ပုတ်သင်ညို


  5. နေဇင်လင်း


  6. ယဉ်မင်းပွင့်


  7. ညီမင်းခန့်


  8. မေသက်နှင်း(ကဗျာ)


  9. မိုးဆမ်းပန်း


  10. သောတ


  11. အိပ်မက်ဖြူ


  12. J9


  13. ဝေဖြိုးမင်း


  14. ဇာတိ


  15. မိုးလှိုင်ည


  16. မင်းယွန်းသစ်


  17. ဗညားရှိန်


  18. သမီးငယ်လေး


  19. မွန်မွန်

တို့ဖြစ်ကြပါတယ်။




ဦးလေး (သို့) ကိုမိုးလှိုင်ည :)


လက်မှတ်ရေးထိုး...


ထွေရာလေးပါး


ဝက်ဘ်ဆိုက်၂ခုရဲ့ ရှေ့လုပ်ငန်းစဉ်များနှင့် စာကြည့်တိုက် ထူထောင်သွားရန် ဆွေးနွေးနေကြစဉ်


သူရဿဝါ၊ ကျွန်တော်နှင့် ကိုမိုးလှိုင်ည


စားကြသောက်ကြ (အအေးနှင့်မုန့်များသာ... :))




လူစုံတက်စုံ

P.S : လာမည့် ၁၁ရက်နေ့တွင် ကဗျာရွတ်ဆိုပွဲ ပြုလုပ်ပါမည်။ တက်ရောက်လိုသူများ အချိန်နှင့် နေရာ သိရှိလိုပါက mowa.admins@gmail.com (သို့)myatkhinnthit@gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း....။


Read Users' Comments (1)comments

1 Response to "မြက်ခင်းသစ်နှင့် MOWA တွေ့ဆုံပွဲ"

  1. strike Says:
    April 6, 2009 at 7:10 PM

    မင်းယွန်းတို့ကတော့နည်းမျိုးစုံကိုသုံးပြီးတော့ ကိုယ့်ပုံကိုတင်တော့တာပဲ