twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ဘန်းတယ်ခင်ဗျ

ဟုတ်ကဲ့ မြန်မာ့ဆက်သွယ်ရေး (mpt) မှ ကျေးဇူးတော်ရှင် များက ပရောက်စီများကို ဘန်းလိုက်ပါတယ်။ ၄င်းတို့ရဲ့  ကြေငြာချက်မှာတော့ အောက်ပါအတိုင်းကြေငြာ ထားပါတယ်ခင်ဗျ။

 

`မြန်မာတယ်လီပို့မှ Proxy Server များ ပြောင်းလဲခြင်းကြေငြာချက်

 

လေးစားရပါသော Internet သုံးစွဲသူများခင်ဗျား-

 

မြန်မာတယ်လီပို့ အနေဖြင့် ပိုမို၍အဆင့်အတန်း ကောင်းမွန်သော Internet ၀န်ဆောင်မှုများကို ပေးနိုင်ရန် အတွက်လိုအပ်သော စက်ကိရိယာများ အဆင့်မြှင့်ခြင်းကို ဆောင်ရွက်လျှက်ရှိပါတယ်။ ယခုအခါ Internet သုံးစွဲရန်အတွက် Proxy Server Setting များကို ဖြုတ်၍ Internet သုံးစွဲပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ လူကြီးမင်းတို့ အနေဖြင့် ပိုမို၍ မြန်ဆန်ကောင်းမွန်သော Internet ၀န်ဆောင်မှုကို ရရှိရန် ရည်ရွယ်ပါတယ်။ အကယ်၍ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုအကူအညီများ လိုအပ်ပါက Myanmar Teleport ၏ HelpDesk ဖုန်းနံပါတ် ၄၄၂ ၁၁၁၁ သို့ခေါ်ဆို၍ လည်းကောင်း၊ helpdesk@myantel.net.mm သို့ E-mail ပို့၍ လည်းကောင်း ဆယ်သွယ် အကူအညီတောင်းနိုင်ပါတယ်။

 

အဆင်မပြေမှုများရှိခဲ့ပါက အနူးအညွတ်တောင်းပန်ပါတယ်။

 

လေးစားစွာဖြင့်

အင်ဂျင်နီယာအဖွဲ့

ကွန်ယက်လည်ပတ်ရေးဌာန

မြန်မာတယ်လီပို့´

 

လို့ ကြေငြာထားပါတယ်ခင်ဗျ။ ဟုတ်ကဲ့ လူကြီးမင်းတို့ အနေဖြင့် ပိုမို၍ မြန်ဆန်ကောင်းမွန်သော Internet ၀န်ဆောင်မှုကို ရရှိရန် ရည်ရွယ်ပါတယ်။ ဆိုတဲ့ စာသားကြီးက ရီချင်စရာ ကောင်းလှပါတယ်ခင်ဗျ။ အဆင်မပြေမှုများရှိခဲ့ပါက အနူးအညွတ်တောင်းပန်ပါတယ်။ အဲဒီစာသားကတော့ ပျားရည်နဲ့ ၀မ်းချတာပေါ့လေ။ ခုတော့ ဘာပရောက်စီမှသုံးလို့ မရပါဘူး ဖွင့်လိုက်တိုင်း မြင်ဖူးနေကြ အနီရောင် လိုင်းကြီးနဲ့ Access has been Denied ဆိုတာပဲ ပေါ်လာပါတော့တယ်။ အဟဲ ဒီတခါလဲ ဘလော့စပေါ့မှန်သမျှ ဘန်းတုန်းကလိုပဲ ဟိုရေးဒီရေး ဘလော့ဂ်ရန်ကို ကြောက်တာကြောင့် ၀ါးလုံးနဲ့ ရမ်းလိုက်ပုံပါပဲခင်ဗျ။ ဤသို့ ပိတ်ခြင်း အကျိုးအားကြောင့် ကျေးဇူးတော်ရှင် တယ်လီပို့မှ အာစရိများ အနေဖြင့် နောင်ဖြစ်လေ ရာ ဘ၀များမှာ မျက်စိလေးမပါ၊ နားပေါက်လေးပိတ်၊ ပါးစပ် ပေါက်မပါ၊ ယုတ်စွ အဆုံး ဟိုဒင်းပါတဲ့ အပေါက်တောင် မပါလို့ ပြန်ဖောက်နေရမယ့် ဘ၀လေးများ မဖြစ်ပါစေနဲ့လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့ ကျွန်တော့် ဒီလို ပြောလို့ ကျွန်တော့် www.minnyoonthit.net ကြီးကို ဘန်းချင်သပ ဆိုရင် ဘန်းနိုင်ပါတယ်ခင်ဗျ။ ကျွန်တော်လဲ မျက်စိအညောင်းသက်သာ၊ လက်ညောင်းသက်သာ၊ ဇတ်ကြောလဲ မတက်နိုင်တော့တဲ့ အတွက် ကျေးဇူး အထူးတင်ရှိမှာ ဖြစ်ပါတယ်ခင်ဗျ။ နောက်ဆုံး မြန်မာတယ်လီပို့ ကြီးပါ ပိတ်ပစ်နိုင်ရင် အကောင်းဆုံးပေါ့ဗျာ။

 

ဟုတ်ကဲ့ အထူးဂွတ်ရှယ်လေးစားစွာဖြင့်

မင်းယွန်းသစ်

Read Users' Comments (1)comments

1 Response to "ဘန်းတယ်ခင်ဗျ"

  1. kay kay says:
    May 30, 2008 at 11:56 PM

    နောက်ဆုံး မြန်မာတယ်လီပို့ ကြီးပါ ပိတ်ပစ်နိုင်ရင် အကောင်းဆုံးပေါ့ဗျာ။...Now days Govt.,don't care abt Internet anymore since end of 2004,now they actually wants to shut down all access from outside world.