twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

သင်နာမည်ကြီးချင်သလား

ဘလော့ဂ်ကာ လောကမှာ နာမည်ကြီးစေတဲ့ နည်းလမ်း(၂) ချက်ရှိပါတယ်။ ကဲနာမည်ကြီးချင်သူများ သေချာစွာ လေ့လာ မှတ်သားကြကုန်လော့။

 

လုပ်ဆောင်ချက် (၁)

 

ဘလော့ဂ်တိုင်းရဲ့ ဆီဗုံးများတွင် အောက်ပါ စာသားများထဲမှ တခုခုရိုက်ထည့်ခြင်းဖြင့် လည်းကောင်း

"လာလည်တယ်ဗျ စာလေးတွေက ဖတ်လို့ကောင်းတယ် အနော့ဆီလဲ လာလည်အုံးနော်။ ဟတ်ဟတ်"

"ဟုတ်ကဲ့ ကျွန်တော့် ဘလော့မှာ ဘလာဘလာတွေ တင်ထားပါတယ် လာကြည့်နိုင်ပါတယ်။ မြန်မြန်လာ ကြည့်နော့"

"အနော့ဘလော့မှာ ဟိုလူကြီး ဖင်ပြောင်နေတဲ့ပုံ တင်ထားတယ်ဗျ လာလည်ဖြစ်အောင် လာလည်နော်…"

"မပြောမရှိနဲ့ သဘောအဟိ တွေ့မယ့် စာတွေ တင်ထားတယ်… လာဖတ်အုံး.."

"စာလေးတွေ လာဖတ်သွားတယ်။ အနော့လိပ်စာက

xxxx.blogspot.com ပါ..။ လာခဲ့နော် ဒါပဲ"

 

လုပ်ဆောင်ချက်(၂)

 

ဘလော့ဂ်ပို့စ်များတွင် ဟိုလူကြီး မာလကီယားကြွ သွားပြီတဲ့၊ ဒီမြို့က လူတွေ ငတ်လို့ထမင်းရည် သောက်နေရပြီဆိုပဲ၊ ဒီလူ ကြီးက ဟိုဘက်က သူလျှိုလူကြီးပါလို့ တိကျတဲ့ ကုန်စိမ်းတန်း ပါးစပ်သတင်းမှ ရရှိ၊ ဟိုနိုင်ငံက လေယာဉ်တွေ ဟိုမြို့ကို ဗုံးသွားကြဲနေပြီတဲ့၊ ဟိုလူတစုဟာ အခုဟိုမြို့မှာ မရှိတော့ပဲ အိမ်နီးချင်း ဟိုနိုင်ငံဆီမှာ ခိုလှုံခွင့်တောင်းခံတယ်တဲ့၊  ဟိုလူကြီးဟာ တနေ့ကို အီးအီး လေးခါပါကြောင်း အတွင်းလူများက ပြောကြားပါတယ်တဲ့… စသည်ဖြင့် စသည်ဖြင့် လူတကာ မျက်လုံးပြူး ပေါ်ပြူလာ သတင်းထူး များကို တင်ခြင်းအားဖြင့် လည်းကောင်း အထူး နာမည် ကြီးအောင် လုပ်ဆောင်နိုင်ကြမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျား။

 

ပုံ

အမိန့်မရ

မင်းယွန်းသစ်(အွန်လိုင်းဂျလေဘီ)

Read Users' Comments (1)comments

1 Response to "သင်နာမည်ကြီးချင်သလား"

  1. Anonymous Says:
    June 2, 2008 at 9:57 AM

    အမ်..............အဲ့လိုကြီး တကယ်လုပ်ရမှာလားး နာမည်မကြီးချင်နေပါစေ ကြောက်တယ် မလုပ်တော့ဘူး ဟားဟား အမိန့် အရဆိုပါလားး)