twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

လှူဖို့ ပြင်ဆင်ကြခြင်း

မနေ့က စင်ကာပူကနေ လေဘေးသင့်သူတွေ အတွက်လှူတဲ့ အ၀တ်ထုပ်တွေကို ဖိုးသူတော် ရုံးကို ကိုဂေါက်နဲ့ ကျွန်တော်တို့ သွားကြည့်ကြတယ်။ ဖိုးသူတော် ရဲ့ အကူအညီကြောင့် အခက်အခဲ မရှိသယ်ယူ လာနိုင်ပြီး သယ်ဖို့ကား အဆင်မပြေသေးတော့ အဲ့ဒိမှာ တရက်ထားခဲ့ရသေးတယ်။ ဒီနေ့ မနက်တော့ ကျွန်တော်လဲ ကားကြုံရှိတာနဲ့ လေဆိပ်နားက ဖိုးသူတော်ရဲ့ ရုံးကို ကိုယ်တိုင်မောင်းပြီး အထုပ်တွေ သွားယူခဲ့ရတယ်။



Singapore က လှူတဲ့ အ၀တ်အိတ်တွေ


နေ့ခင်းကျတော့ ကိုဂေါက်၊ မမဘာညာ၊ ကိုကြီးကျော်၊ နန္ဒနဲ့ အခြား အသိနှစ်ယောက်ပါ ကျွန်တော့် အိမ်ကို ရောက်လာကြတယ်။ ရောက်လာတာနဲ့ မမဘာညာက ဗိုက်ဆာတယ် ဆိုတာနဲ့ (အိမ်မှာလဲ မန်းမန်း ကျန်တော့တာနဲ့ :P) ရပ်ကွက်ထဲက စားသောက်ဆိုင် တခုကို ခေါ်သွားရတယ်လေ။ ကျွန်တော့် စပွန်တော့ ဟုတ်ဖူးပေါ့ ဟတ်ဟတ်။ စားသောက်ပြီး တာနဲ့ ကျွန်တော်အိမ်က ဂိုဒေါင်ထဲမှာ အ၀တ် ထုပ်တွေ ဖြေကြပြီး ကလေးဝတ်၊ ယောကျာ်းဝတ်၊ မိန်းမ၀တ် ဆိုပြီး ခွဲကြရတယ်။



ဒီလို တက်ညီလက်ညီ လုပ်အားပေးနေသော ကျွန်တော်တို့ အဖွဲ့


ဒီလို ခွဲလိုက်မှ လှူတဲ့အခါ မြန်ဆန် ထိရောက် အောင်လို့ပေါ့။ အထုပ်တွေက အားလုံးပေါင်း ၁၅ထုပ်ရှိပြီး အထည်တွေကလဲ အမျိုးစုံပါပဲ။ ဘယ်လောက် စုံလဲဆို တချို့ မိန်းမ၀တ်တွေမှာ စကပ်တိုလေးတွေ၊ ချက်ပေါ် ရင်စီးလေးတွေ တောင်ပါတယ်။ လန်ထွက်နေတာပဲ။ ဟိဟိ :P အားလုံး ကလေးဝတ် ယောက်ျားဝတ် မိန်းမ၀တ်ဆိုပြီး အထုပ်တွေနဲ့ ပြန်ခွဲထည့် ပြီး တက်ညီလက်ညီ လုပ်လိုက်ကြတာ တနာရီကျော်လောက် ကြာသွားတယ်။ အားလုံးလဲ ချွေးတလုံးလုံးနဲ့ ပင်ပန်းသွားပေမယ့် လုပ်အားဒါနလေး လုပ်လိုက်ရတော့ ပီတိလေးတွေ ကိုယ်စီနဲ့ပေါ့။ အထုပ်တွေ ကို သေချာပြန်စီပြီး သဘက်ခါ သွားလှူကြမယ်လို့ စီစဉ်လိုက်ကြတယ်။ တနိုင်တပိုင် ကုသိုလ်ရေး လေးပေါ့လေ။ :)

ဒါကတော့ လူချောလေးများ အဖွဲ့ပေါ့လေ ဟတ်ဟတ် :P

Read Users' Comments (2)

2 Response to "လှူဖို့ ပြင်ဆင်ကြခြင်း"

  1. Mr.Pooh @ မောင်ပွတ် says:
    May 20, 2008 at 9:16 PM

    ဖြစ်သလို မလှူဘဲ ခုလို အသေအချာ ထပ်မံစီစဉ်ပြီး လုပ်ပေးတဲ့အတွက် အလှူရှင်တွေနဲ့ ပေးပို့တဲ့ အဖွဲ့တွေကိုယ်စား ကျွန်တော်ကပဲ မင်းယွန်းသစ်တို့ တဖွဲ့လုံးကို ကျေးဇူးတင်ကြောင်း ပြောပါရစေဗျာ။ နည်းနည်းများများ - လိုနေတဲ့ နေရာတွေရောက်အောင် ကူညီပေးကြတာကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဒီထက်မကတဲ့ လှူဒါန်းမှုတွေအတွက် ကျွန်တော်တို့ ကြိုးစားနေဆဲပါ။

  2. Anonymous Says:
    May 21, 2008 at 3:50 PM

    wow, nice to see you guys.. i wish i can be there too.. =(