twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

လှူဒါန်းပြီးစီး

မနေ့က ဒဂုံအရှေ့ပိုင်း ရပ်ကွက် ကို လှူဒါန်းခဲ့ပြီးပါပြီ။ ကျွန်တော်တို့ လှူဒါန်းပေးတဲ့ (စင်ကာပူက အလှူရှင်တွေရဲ့) အ၀တ်တွေကို ကျွန်တော်တို့ လှူမယ်လို့ သတင်းပို့လိုက်တယ် ဆိုရင်ပဲ ယောက်ျား၊ မိန်းမတွေ ထွက်လာကြပြီး တက်ညီလက်ညီ လာရောက် သယ်ပိုးပေးကြပါတယ်။ ကျွန်တော် မနေ့က အဲ့ဒိဒေသခံ ဓမ္မာရုံလူကြီး(ပြီးခဲ့တဲ့ပို့စ်မှာ ကျွန်တော်ရေးခဲ့တဲ့ သူ့ရပ်ကွက်ကို ကိုယ်တိုင် ထမင်းချက်လှူဒန်းခဲ့တဲ့ ဒေသခံလူကြီး) ကို ပေးအပ်ခဲ့ပါတယ်။ (ပေးအပ်ခဲ့ရတယ်ဆိုတာ ကျွန်တော်တို့ အချိန်အခက်အခဲအရ နဲ့ တန်းစီးပြီး လှူဒါန်းပြန် ရင်လဲ ကျွန်တော်တို့မှာ လူအင်အား မလုံလောက်ခြင်း တို့ကြောင့် ရပ်ကွက်က ဒေသခံ လူကြီးကို စနစ်တကျ စာရင်းနဲ့ ပေးအပ်ခဲ့ပါတယ်။) ရပ်ကွက်က လူတွေကလဲ ၀မ်းသာ အယ်လဲနဲ့ ဖြစ်နေတာကို ပီတိဖြစ်ဖွယ် တွေ့ရပါတယ်။ အမှန်တော့ ကျွန်တော်ဆန္ဒ အရဆိုရင် အ၀တ်အစားတွေ အပြင် စားစရာ တွေပါ လှူဒါန်းချင်တာပါ။ ပြီးတော့ ကျန်းမာရေး အတွက် ယင်လုံအိမ်သာ ၂လုံး၊ ၃လုံးလောက် တတ်နိုင်သလောက် ဆောက်ပေးချင်ပါတယ်။ ဒါပေမယ့် ရပ်ကွက်က ဒေသခံလူကြီးပြောတာက ဒီလူတွေဟာ ယာယီနေထိုင်ရတာ ဖြစ်ပြီး နောက်ပိုင်းမှာ အလုပ်ပြန်လုပ်ပြီး သူ့တို့ယခင် နေထိုင်ရာ မြေကွက်လေးများကို ကိုယ့်အားကိုယ် ကိုးပြီး ပြန်ဆောက်လုပ် နေထိုင်ကြမယ်လို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် လိုအပ်နေတဲ့ နေရာကို လှူဒါန်းလိုက်နိုင်လို့ ပျော်ရွှင်ပီတိ ဖြစ်မိပါတယ်။ စင်ကာပူမှ လှူဒါန်းသူများလဲ သာဓု ခေါ်နိုင်ကြပါစေ ခင်ဗျာ။

တစ်ယောက်တလက် ၀ိုင်းဝန်း သယ်နေကြတဲ့ ဒေသခံ လေဘေးသင့်သူတွေ





ဒီလို ပေးအပ် လှူဒါန်းခဲ့ပါတယ်။


(အမှန် အဲ့ဒိနေ့က ကျွန်တော်တို့ သတင်းမှတ်တမ်းအဖြစ် ကင်မရာ ငါးလုံးနှင့် မှတ်တမ်းတင် ခဲ့သော်လည်း တခြားသူများ တင်သေးခြင်း မရှိသေးပါ။ အကြောင်းမှာ ကျန်သူများသည် ဘိုကလေးမြို့မှ တဆင့် ဂဒုံကနိ ထိ သွားရောက်လှူဒါန်းရန် ယနေ့မနက် ၃နာရီတွင် ထွက်ခွာ သွားကြခြင်းကြောင့် ဖြစ်ပါသည်။)

Read Users' Comments (1)comments

1 Response to "လှူဒါန်းပြီးစီး"

  1. Mr.Pooh @ မောင်ပွတ် says:
    May 25, 2008 at 8:34 AM

    မင်းယွန်းရေ -
    အစစအရာရာ အဆင်ပြေအောင် ကူညီလှူဒါန်းပေးသွားလို့ တဖွဲ့လုံးကို ကျေးဇူးတင်ကြောင်း ပြောပေးပါဗျာ။ ဒီက အလှူရှင်တွေ သိအောင်လည်း ပြန်ပြောပေးပါ့မယ်။

    ခင်မင်လျက်
    မောင်ပွတ်