twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ပန်းတပွင့်၊ မျက်ရည်နှင့်၊ ငိုသံများ...

ပွက်လောညံနေလိုက်တာ
ရင်နဲ့ မဆံ့အောင်ပဲ...
ဆိုနင့်လွန်းလို့
အသံထွက်ငိုဖို့ ဆွံ့သွားခဲ့
နာကျင်မှုနဲ့ နာကြည်းမှုရဲ့
အသံတွေက မေတ္တာတရား
ခေါင်းပါးသူတွေရဲ့ ခြေအောက်
ပျတ်ဝတ် ဆင်းခဲ့ရ....
နားစွင့်ကြစမ်းပါအုံးဗျာ...
ဟောဒီမှာ ငိုနေကြတယ်..
ဟောဒီမှာ မျက်ရည် အလိမ်းလိမ်းနဲ့ပေါ့....
ဟောဒီမှာ သေလုမျောပါးဖြစ်နေတယ်လေ...
ဟောဒီမှာ ခိုကိုးရာမဲ့နေကြတယ်လေ...
ခဏလောက်... မျက်စိဖွင့်ပြီး နားစွင့်ပေးကြပါအုံးဗျာ...
ဟောဒီမှာ ကူညီရာမဲ့နေကြတယ်...
ဟောဒီမှာ တိုးလျှိုးတောင်းပန်နေကြတယ်...
ဟောဒီမှာ ဆာလောင် မွတ်သိပ်နေကြတယ်...လေ
ဟောဒီမှာ...လေ.... ဟောဒီမှာပေါ့......။ :'(





Read Users' Comments (1)comments

1 Response to "ပန်းတပွင့်၊ မျက်ရည်နှင့်၊ ငိုသံများ..."

  1. Anonymous Says:
    May 21, 2008 at 2:14 PM

    ဒီကဗျာလေး ငါ့ဘလော့မှာတင်လိုက်တယ်နော် ခွင့်ပြုတာ ကျေးဇူးးး