ဘလောဂ့်တွင်ဓာတ်ပုံထည့်ခြင်း
အခုပြောမယ့် အကြောင်းအရာက အဓိက ဘလော့ဂ်ကို အခုမှ လုပ်သူတွေနဲ့ html နဲ့ နဲနဲ ဝေးတဲ့ ဘလော့ဂ် အသုံးပြုသူတွေကို ရည်ရွယ်ပါတယ်။ အရင်ဆုံး ဘလော့ဂ်မှာ ပုံတင်ဖို့ ဆိုရင် သိတဲ့အတိုင်း upload တင်ဖို့ ဖရီးပေးတဲ့ ဓာတ်ပုံဆိုက်တခု လိုပါတယ်။ ကျွန်တော့် အကြိုက်ကတော့ photobucket ပါပဲ။ သူက ဓာတ်ပုံတင်ပြီးရင် html code နဲ့ direct link တခါထဲ ထွက်ပါတယ်။ အရင်ဆုံး ဘလော့ပို့စ်မှာ ကုဒ်နဲ့ ဘယ်လို ထည့်ရေးမလဲ ဆိုတာ ပြောပြပါမယ်။
<img src='link'>
ဆိုတဲ့ ကုဒ်လေးကို ဘလော့ဂ်ပို့စ်ရေးမယ့် နေရာ ကိုယ်ပေါ်စေချင်တဲ့ နေရာမှာ ထည့်လိုက်ပါ။ စာရဲ့ အပေါ်ဆုံးမှာထည့်မှာလား။ ဒါမှ မဟုတ် စာတွေရဲ့ အလယ်မှာ ထည့်မှာလား။ မိမိ စိတ်ကြိုက် ထည့်လို့ ရပါတယ်။ အပေါ်က ပြထားတဲ့ ကုဒ်ဒင်လေးကို လိုချင်တဲ့ နေရာမှာ ချရေးလိုက်ရုံပါပဲ။ ပြီးတော့ ခုနက image hosting site ကနေ ကော်ပီကူးလာတဲ့ direct link ကို src='link' နေရာမှာ ဓာတ်ပုံlink ထည့်လိုက်ပါ။ ကဲရပါပြီ ပို့စ်တင်လိုက်တဲ့အခါမှာတော့ ပို့စ်ထဲက ဓာတ်ပုံဟာ ပြည်တွင်းကရော ပြည်ပက ပါ ကောင်းကောင်းပေါ်ပါလိမ့်မယ်။
နောက်ဆက်တွဲ အနေနဲ့ ကိုယ့်ဓာတ်ပုံဟာ 1024 ဆိုက်လောက်ကြီးဖြစ်နေတယ်ဆိုရင် အပေါ်က ကုဒ်ဒင်ထဲမှာပဲ ချုံ့ပစ်လိုက်လို့ ရပါတယ်။ ချုံ့ချင်ရင်တော့
<img src='link' width="448" height="336">
ဆိုပြီး ရေးလို့ရပါတယ်။ 448 x 336 ဟာ ပုံမှန်ဘလော့တွေအတွက် ထင်ထင်ရှားရှား မြင်နိုင်တဲ့ ဆိုဒ်ပါ။ ကိုယ့်စိတ်ကြိုက် ချိန်ညှိလဲ ရပါတယ်။ freedom တို့ ultrasurf တို့ကို ကွန်နက်ရှင်မကောင်းလို့ ဓာတ်ပုံတွေ upload မတင်နိုင်တဲ့ ဒုက္ခက ကင်းဝေးပြီပေါ့ဗျာ။
ပျော်ရွှင်စွာ ဘလော့ဂ်ရေးနိုင်ကြပါစေ
မင်းယွန်းသစ်



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "ဘလောဂ့်တွင်ဓာတ်ပုံထည့်ခြင်း"
Post a Comment