Nargis မုန်တိုင်း ဘေးဒဏ် သင့် စာရင်းများ လိမ်လည်မှုများ ရှိနေ
ရန်ကုန် မေ ၁၀ရက်
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ရှိ ၃၆ ရပ်ကွက်တွင် မ.ယ.ကသို့ လေဘေးသင့် အိမ်ခြေများ စာရင်း တင်ပြ ရာတွင် ထိမ်ချန်တင်ပြမှုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားပုံမှာ ဒဂုံမြို့သစ်မြောက်ပိုင်း ၃၆ ရပ်ကွက်တွင်နေထိုင်သော ကြံ့ခိုင်ရေး မှူး တစ်ဦး သည် သက်ဆိုင်ရာ မြို့နယ်ရုံးမှ ပေးအပ်မည့် ထောက်ပံ့ရေး သွပ်ချပ်များအတွက် ပျက်စီးသွားသော အိမ်ခြေ အရေအတွက်အား တင်ပြရာတွင် လျှော့ပေါ့ တင်ပြခဲ့ပါတယ်။ ၃၆ရပ်ကွက်တွင်းတွင် ပျက်စီး ဆုံးရှုံးသွားသော အိမ်အလုံးရေ ခန့်မှန်းခြေအားဖြင့် ၈၀ ကျော်ခန့်ရှိသော်လည်း ၄င်း ကြံ့ခိုင်ရေးမှူး ဆိုသူ အမျိုးသမီးသည် ရပ်ကွက်ရုံးမှ ကောက်ခံထားသော စာရင်းများကို စိုးစဉ်းမျှ မစုံစမ်းပဲ မိမိတဦးတည်း ၏ သဘောဆန္ဒဖြင့် မြို့နယ်ရုံးသို့ တင်ပြခဲ့ကြောင့် ရပ်ကွက်ရုံးမှ တာဝန်ရှိသူ တဥိးက ယခုလိုပြောကြားခဲ့ပါတယ်။
`၃၆ ရပ်ကွက်မှာ ပျက်စီးသွားတဲ့ အိမ်ခြေအရေအတွက် ၈၀ကျော်ရှိပါတယ်။ အဲ့ဒိ စာရင်းအတိအကျကိုလဲ ရပ်ကွက်ရုံးက လိုက်လံ ကောက်ယူထားပါတယ်။ ဒါပေမယ့် ကြံ့ခိုင်ရေးမှူးကတော့ ကျွန်တော်တို့ ရပ်ကွက်ရုံးနဲ့ ညှိနိုင်းမှုမရှိပဲ တင်လိုက်တယ်ဗျ။ အဲ့ဒါကို ကျွန်တော်တို့ ဥက္ကဌ မြို့နယ်မှာ အစည်းအဝေးတက်တော့မှ အိမ်ခြေ ၄၀ကျော် စာရင်း ကြိုတင်တင်ထားတာကို သိရတာပါ။ ခုတော့ ကြိုတင် စာရင်း အရပဲ မြို့နယ်က သွပ်အချပ်ရေ ၁၂၀ ချပေးတယ်ဆိုတော့ ကျွန်တော်တို့ မှာ ဝေပုံကျ ချပေးဖို့ အခက်အခဲဖြစ်နေရပါတယ်´
လို့ ဒဂုံမြို့သစ် ၃၆ ရပ်ကွက်က ၁၀ အိမ်မှူးတဥိးက ပြောပြသွားပါတယ်။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
May 11, 2008 at 7:08 AM
ပျက်စီးမှုစာရင်းကိုလျှော့ပြတာ သာကေတာမြို့နယ်မှာလဲ ဖြစ်နေပါတယ်။ သာကေတမြို့နယ်မှာ နေထိုင်သူတစ်ယောက်နဲ့ ပြောပြချက်အရ ရပ်ကွက်ရုံးက ပျက်စီးမှုစာရင်းကို လာရောက်ကောက်ယူတဲ့အခါမှာ စာရင်းကိုလျှော့ပြဖို့ တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ်။ မည်သည့်အတွက်ကြောင့် ယခုလို စာရင်းလျှော့ပြစေချင်ကြောင်း သဘောမပေါက်ပါ။