twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

အားလပ်ရက်

လက်ဆုပ်လက်ကိုင်...
ပြစရာမရှိဘူး...
ခန်းမခြောက်ကပ်ထဲ..
အဲဒိ ပိုးစားနေတဲ့ ကုလားထိုင်ပေါ်..
အိတွဲစွာ အလျားလိုက်ထိုင်...


တရုတ်ကပ်မှန်တွေ ကြားထဲက...
ပြင်ပလောက..
ရုပ်ရှင်ပြသလိုပဲ ပေါ်လိုက်ပျောက်လိုက်နဲ့....။
အင်ဂျင်ရုန်းသံတွေ တချက်တချက် ဖြတ်သွား..။
ပြတင်းပေါက်က တိုးတိုးလာတဲ့
ရယ်သံသဲ့သဲ့တွေက တစပြင်လိုပဲ။

ပြုတ်ကျလုနီး စကားလုံးတွေက
ကြိုးတန်းပေါ်က တွဲရစ်ခိုနေတယ်။
နံရံ သုံးဖက်လုံးက ...
ပင်းအနေကြ..။

ဟိုခုန် ဒီကူးအတွေးတွေ ၀ရံတာက
တချက်ချက် လွတ်ထွက်သွားပေါ့။
သတိထားမိချိန် ၀န်းကျင်တခုလုံး...
တပတ်လည်သွားကြပြန်ပြီ...။

အား... ပျင်းဖို့ ကောင်းလိုက်တာ....။

Read Users' Comments (1)comments

1 Response to "အားလပ်ရက်"

  1. hnin says:
    October 14, 2007 at 4:19 PM

    သရဲကို မကြောက်ပေမဲ့ ခြောက်တာကိုတော့ ကြောက်တယ်။ ဘာထူးလဲဆိုရင်တော့ မသိဘူး။ အားလပ်ရက်မှာ ပျင်းဖို့ရှိတာကိုက ကုသိုလ်ထူးတာပဲ။ သတိလည်ချိန် ၀န်းကျင်က တစ်ပတ်လည်သွားတယ်ဆိုတော့ သေချာတာ မွှေ့နေလို့ပဲဖြစ်မယ်။ ပျင်းပျင်းနဲ့ပေါ့။ လက်ဆုပ်လက်ကိုင်ပြစရာမရှိရင်တော ဘာမှမဟတာကောင်းတယ်။ ပိုးစားနေတဲ့ကုလားထိုင် ခဏငှားပါလား။ ရှိတဲ့ လေးချောင်းထောက်ခုံ တစ်ချောင်းပြုတ်နေလို့... မသိဘူး ရေးချင်တာတွေ လျှောက်ရေးသွားပြီ။