twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ပြည်တော်ပြန် ကိုကြီးကျော် နှင့် လက်မရွံ့ ဂေါက်ဂေါက်

အဟတ်မနေ့က ကိုကြီးကျော် နဲ့ ဂေါက်ဂေါက်ကို လေဆိပ်လိုက်ပို့တယ်လေ။ လိုက်ပို့ ချင်လွန်းလို့ တခါမှ အစော ကြီး မထဖူး တဲ့ ကျွန်တော် တစ်ယောက် စောစော ထပြီး မြေနီကုန်း စုရပ်ကို ပြေးရတယ်။ အဲဒိမှာ နဘလ ရယ်၊ မပင့်ရယ်၊ အစ်မ ဘာညာ ရယ်၊ စိုးဇီယျရယ်၊ ကျွန်တော်ရယ် ငါးယောက် တက္ကစီငှားပြီး လေဆိပ်ကို ပြေးရတယ်။ အန်တီညလေး တို့ ၊ မမဒီမို တို့ အတွက် မုန့်မုန့်တွေ မဘာညာနဲ့ သွားဝယ်နေလို့ နဲနဲနောက်ကျသွားတယ်။ ဒီကြားထဲ ကိုမျက်စိကလဲ ပုံပြင်ပြောသွားသေးတယ်။ လာလဲမလာဘူး။ အဲ ဟိုက လူတွေစားဖို့ ဆီးထုပ်တွေ အ၀ယ်ကောင်းတာ မပင့် ကပါ ၀ယ်လာတော့ အများကြီးဖြစ်သွားတယ်။ ဒါတွေသာ အကုန်စားရင် ချမ်းပီး မှာ သေချာတယ်။ ဟိ။

လေဆိပ်ရောက်တော့ ဂေါက်ဂေါက်တို့က ရောက်နေပြီ။ ဒီလိုလိုက်ပို့ရတော့လဲ ရင်ထဲမကောင်းဘူး။ ဟုတ်တယ်လေ။ ဆီမီနာပြီး ကတည်းက ကဲဖော်ကဲဖက် တစ်ယောက်လျော့သွားတာပေါ့။ ချိတ်မကောင်းဘူး။ ပြီးတော့ ဂေါက်ဂေါက်က ဘီယာသောက်ရင် ဘယ်တော့မှ လက်မရွံ့ဘူးလေ။ အပီသောက်တာ။ :) ။ ဂေါက်ဂေါက်က စည်းရုံးရေးကောင်းတယ်။ အနော်တို့ လူစုပြီဆို ဂေါက်ဂေါက် ဦးဆောင်လူစုတာများတယ်။ အွန်လိုင်းမှာ ဟာ အရေးကြီးတယ်။မြန်မြန်လာဆို သိတော့ ဂေါက်ဂေါက် လူစုနေပြီ။ ပြီးရင် တတိယ အစီအစဉ် လုပ်။ ပျော်ပျော်ပါးပါး သောက်ကြလေသတည်းပေါ့။ ကိုကြီးကျော်လဲ ဒီလိုပဲ။ ကျွန်တော်တောင် ပွဲတိုင်းမပါနိုင်ပေမယ့်။ သူလဲ ပွဲတိုင်းပါတယ်။ ပြီးတော့ ကိုကြီးကျော်က ကျွန်တော်နဲ့ ဟိုးအရင်တည်းက အိမ်နားနီးချင်း။ သူတို့ သွားတော့ အတူပျော်ခဲ့တဲ့ နေ့တွေ လွမ်းလာတယ် :(။ ဒါပေမယ့် မနေ့က သွားခါနီးတောင် ဂေါက်ဂေါက်က နောက်နေသေးတယ်။ အခုတော့ ကျွန်တော်တို့ အင်အားနဲနဲလျော့သွားတာပေါ့။ အမှတ်တရပုံတွေတော့ ရိုက်လာသေးတယ်။ တာတာ့ဂေါက်ဂေါက်နဲ့ ကိုကြီးကျော်ရေ။ ချင်ကာပူရောက်ရင် မလေးဘက်ကို လာလည်မယ်နော်။ :'(

ဝဲယာမှ မပင့်ကူ၊ ကျွန်တော်၊ အစ်မ ဘာညာ၊ နဘလ(ကိုနေဘုန်းလတ်)၊ စိုးဇီယျ၊ ကိုကြီးကျော်၊ ကိုဂေါက်

တွဲလက်ညီညာတဲ့ အနော်တို့ သုံးယောက် :P

ကျွန်တော်တို့ စတော်ဘယ်ရီသောက် မောင်နှမ နှစ်ယောက်( သွေးမသောက်ရဲလို့ အရောင်တူတဲ့ စတော်ဘယ်ရီပဲ သောက်တာ ဟတ်ဟတ်)၊ နောက်တစ်ယောက်ရှိသေးတယ်။ ချင်ကာပူမှာ မမဒီမိုလေ။ ဆိုက်တူဂိုက်တူရင် မောင်နှမတော်တယ်နော်။ ပေါင် ၁၆၀ နှင့်အထက် ရှိသူများ မောင်နှမတော်ချင်ရင် ဆက်သွယ်ပါ။ :P

အဲကြုံတုန်းလေဆိပ်မှာ အကောက်ခွန်အရာရှိမလေးနဲ့ လက်တွဲပြီး ရိုက်ထားပုံ။ (ဟိဟိ life size ဓာတ်ပုံလေ :P)
နဘလ ၏ မှတ်ချက်။ ။ အခွန်မဆောင်ဘဲ ဖွန်ကြောင်နေသူ။ :(


လေဆိပ်သို့ အသွားကားပေါ်မှာ ဒီလို ကျပ်ကျပ်တည်းတည်းသွားခဲ့တယ်။ ဟိဟိ ကျွန်တော်ရယ် အမ ဘာညာရယ် နဘလရယ် ပေါင်းတော့ ကားနောက်ခန်း အတော် လေးသွားတယ် ဟီးဟီး။

ဂေါက်ဂေါက်တို့ ရေ.. မလေးရောက်ရင် မေးလ်ပို့နော်။ ကျွန်တော်တို့ လွမ်းနေမယ်ဗျာ။
ဂေါက်ဂေါက်ဆိုတာ။
ကိုကြီးကျော်ဆိုတာ

Read Users' Comments (6)

6 Response to "ပြည်တော်ပြန် ကိုကြီးကျော် နှင့် လက်မရွံ့ ဂေါက်ဂေါက်"

  1. Anonymous Says:
    October 22, 2007 at 12:24 PM

    လွမ်းတယ် ဒီမို့ စတော်ဘယ်ရီသောက် မောင်နှမ ၂ယောက်ကို.. ဒီပို့စ်ကိုဖတ်ရတာ စိတ်ထဲတစ်မျိုးပဲ..

  2. Minn Yoon Thit says:
    October 22, 2007 at 12:50 PM

    အေးလေ အနော်တို့ မောင်နှမ သုံးယောက်လုံး စုံပြီး ဓာတ်ပုံရိုက်ရရင် ကောင်းမယ်နော်။

  3. Thet Htoo@Myat Lone says:
    October 22, 2007 at 1:57 PM

    ပုံပြောသလိုဖြစ်သွားတာ တောင်းပန်ပါတယ်ဗျာ။ ကိစ္စလေးပေါ်လာလို့ပါ။ အိုကေနော်..

  4. Su says:
    October 22, 2007 at 3:13 PM

    ပွတ်ခဲ့ပါတယ်ကောမန့ ပဲ_ပဲ

  5. Winkabar says:
    October 23, 2007 at 5:14 AM

    လေယာဉ်မယ်နဲ့ရိုက်ထားတဲ့ပုံကိုဖတ်ပြီး
    ရယ်လိုက်ရတာ။အစ်မပင့်ဂိုးကချစ်စရာလေးနော်။

  6. MELODYMAUNG says:
    October 24, 2007 at 11:31 AM

    နာလဲ မပါရဘူး နာလဲ လိုက်ချင်တာပေါ့ :(