နေ့လေးတစ်နေ့

ကျွန်တော့် ကိုမွေးတဲ့နေ့မှာ ဘယ်နိုင်ငံရဲ့ နေ့ထူးနေ့မြတ်မှ မဟုတ်ပါဘူး။ လိုက်ရှာပြီးပြီ။ ဒါပေမယ့် ကျွန်တော့် ကိုမွေးတဲ့နေ့ဟာ ကျွန်တော့်ရဲ့ နေ့ထူးနေ့မြတ်လေးပါပဲ။ ကျွန်တော်က ကြာသပတေးသား တစ်ယောက်ပါ။ နေ့အလိုက် အကောင်တွေနဲ့ ပြောရရင် ကြွက်ပေါ့။ တရုတ်ဗေဒင်လို မွေးနှစ်ရဲ့ အကောင်နဲ့ ပြောရင် နွားနှစ်။ ဗမာလို နက္ခတ်နဲ့ ပြောရင် ဘီလူးနက္ခတ်။ ရာသီခွင်နဲ့ ပြောရရင် ဗြိ စ္ဆာ (Scorpio)။ ပြီးတော့ သိုက်ဖွား။ ကျွန်တော့်ကို နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လည် မှာ မွေးတယ်ဗျာ။ ကျွန်တော်ဒါတွေ လျှောက်ပြောနေလို့များ ဘယ်ကောင်မလေးကများ ကျွန်တော့်ကို ဗေဒင်တွက်ပေးမလဲ ဆိုပြီး ရေးတာမဟုတ်ပါဘူး။ တွက်ပေးရင်လဲ ကောင်းတာပေါ့။ ဟီးဟီ နောက်တာနော်။ ကဲကဲ သူငယ်ချင်းတွေက မွေးနေ့ သိရင် မုန့်ကျွေးမယ်ဆိုလို့ ပြောပြတာပါ။ :P မွေးနေ့ကြရင် မုန့်ကျွေးမယ် မေ့မနေနဲ့အုံးနော်။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
October 18, 2007 at 4:26 PM
ဟေး မွေးနေ့ကျရင် အရည်လည်းလုပ်ပါဦးကွာ။ ဖျော်ရည်ပြောတာ။ =P
October 18, 2007 at 6:48 PM
လာခဲ့မယ်မွေးနေ့ကျရင်။ မွေးနေ့တွက်တဲ့ဟာကမှန်သွားပြီ။ ဟိုးနေ့ကအမှတ်မှားတာနေမယ်။နိုဝင်ဘာ၂၁ ဆိုရင်
တို့နဲ့၎ရက်ပဲကွာတာပေါ့။ တို့က၂၅ရက်။ ကိုမင်းယွန်းသစ်ကပိုကြီးမယ်ထင်တယ်။
October 19, 2007 at 3:56 PM
စားရတော့မယ်ပေါ့
လက်ဆောင်တော့မပေးတော့ဘူးနော်
အားနာနေမှာစိုးလို့ :D
October 22, 2007 at 3:21 PM
မွေးနေ့ကျရင်လက်ဆောင်ပေးမယ်နော် ;)
October 24, 2007 at 2:16 PM
ဟိတ်အဲဒီပုံဘယ်လိုယူရမလဲ..
ဗမယပြည်မှာထဲကကြိုက်ပေမဲ့သယ်မလာခဲ့ရဘူး..
ကူညီပါဦး..