co.cc က သက်တမ်းကုန်တတ်သလား
co.cc အကောင့်ကို ကျွန်တော်လုပ်ထားတာ ဘယ်သူမှ သိပ်မသုံးခင် ၂၀၀၇ ခုနှစ် လောက်ကတည်းကပါ.။ အခုနောက်ပိုင်း co.cc ဟာ ဘလော့တွေမှာ အတော်လေး အသုံးများ လာတာ တွေ့ရပါတယ်..။ အခု ကျွန်တော်လုပ်ထားတဲ့ အကောင့်လေးက တနေ့က ကုန်သွားပါတယ်..။ သူက renew လုပ်ဖို့ ပြောပါတယ်။ ပိုက်ဆံတောင်းတယ်ပေါ့။ ကျွန်တော် အံ့သြသွားတယ်.ကျွန်တော့်အတွက်က co.cc က လျှောက်ကလိထားတာ ဖြစ်ပေမယ့် တခြားသော ဘလော့တွေမှာ ဒိုမိန်း တပ်ထားတဲ့ သူတွေအတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။

သက်တမ်းကုန်သွားလို့ renew လုပ်ခိုင်းတာပါ..။

သက်တမ်းတိုးဖို့ ပိုက်ဆံတောင်းနေပါတယ်..။
ဆိုတော့ co.cc အသုံးပြုသူများ လောလောဆယ် အလကား ဆိုပေမယ့် သက်တမ်း ကုန်တတ်ပါတယ်ခင်ဗျာ..။ co.cc နဲ့ ဘလော့ ဒိုမိန်း တပ်သူများ ခင်ဗျာ.. သက်တမ်း မကုန်ခင် အလကား သုံးလို့ရမယ့် နောက်တခုကို ရှာကြည့်ကြပါအုံး..။ co.cc ဟာ တနှစ်ကျော်ရင် ပိုက်ဆံ တောင်းတဲ့ အကြောင်း အများသိစေရန် ဝေမျှလိုက်ရပါတယ်..။

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
March 9, 2009 at 11:17 PM
ဟင်...အဲ့တာဆို ပိုက်ဆံမပေးရင် ဘာဖြစ်လဲ ပျက်သွားကောလား ဒါဆို ငါ ဘယ်လိုလုပ်ရမှာပါလိမ့် ။ ရီပလိုင်းပြန်ပေးနော့် သယ်ရင်းး ဘလော့စပေါ့ ပြန်ပြောင်းရမှာလား ဘာတုန်း ။
March 10, 2009 at 7:36 AM
ဒွတ်ခပါပဲ ညီရေ... အင်တာနက်က ဖရီးဆိုတာတွေ တယ်စိတ်မချရဘူး မှားပါတယ်...
March 10, 2009 at 9:46 AM
ဟုတ်တယ် ကိုသင်္ကြန်ရေ... ဖရီးဆိုပြီး သက်သက် လုပ်စားတာ... ပိုက်ဆံပေးရမှတော့ ကိုယ်ပိုင် ဒိုမိန်းပဲ ၀ယ်တော့မှာပေါ့..။
March 10, 2009 at 5:19 PM
ဒီကောင်တွေလူလည်ကြပြီ..။ ပြဿနာတော့ သိပ်မရှိ..။ ဒီကောင်တွေ မလုပ်ပေးလဲ မြန်မာတွေ အချင်းချင်းပေး ထားတဲ့ Free Service တွေရှိတာပဲ..။ အေးဆေး..။ နွေးထွေး..။ ;)
March 13, 2009 at 9:44 PM
Gmail ကလည်း 4 နှစ်ရှိတာတောင် ခုထိ Beta Sign မဖြုတ်သေးဘူး။ တော်ကြာ $10.00 USD per year တွေဘာတွေလုပ်လာမှအခက်။