twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

မြန်မာပရိုလိဂ် စတင်တော့မည်

မြန်မာဘောလုံးအဖွဲ့ချုပ် (MFF) သည် မတ်လ ၄ရက်နေ့တွင် ဆီဒိုးနား ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ သတင်းစာ ရှင်းလင်းချက်အရ “မြန်မာနေရှင်နယ်လိဂ်” ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်း ကိုယ်စားပြု ကလပ်ရှစ်သင်းဖြင့် ကနဦး ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ၂၀၁၁-၂၀၁၂ ရာသီတွင် ၁၂ သင်းအထိ တိုးချဲ့ သွားရန် အစီအစဉ် ရှိကြောင်း ရှင်းလင်း ပြောကြား သွားသည်။ ပြိုင်ပွဲဝင် အသင်းကြီးများ ဖွဲ့စည်းရာတွင်လည်း အသက် ၂၀ အောက် လူငယ် အသင်းများကို ပါ ထည့်သွင်း ဖွဲ့စည်းရန် လျာထားကြောင်း သိရှိရပါတယ်။ ယခု ကနဦး ရှစ်သင်းကို မြန်မာနိုင်ငံ ၏ ပုဂ္ဂလိက လုပ်ငန်းရှင်များ ဖြစ်ကြသော ဦးတေဇ(ထူး)၊ ဦးအောင်ကိုဝင်း(ကမ္ဘောဇ)၊ ဒေါက်တာ စိုင်းဆမ်ထွန်း(Alpine) ၊ ဦးထွန်းမြင့်နိုင် (Asia World) ၊ ဦးဌေးမြင့်(ယုဇန)၊ ဦးအောင်မိုးကျော် (IBTC) ၊ ဦးချစ်ခိုင်(ဧဒင်) ၊ ဦးဝင်းမြင့် (ရွှေနဂါးမင်း) တို့၏ ကိုယ်ပိုင် ကလပ် အသင်းများဖြင့် ပါဝင်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။ ဒေါက်တာစိုင်းခမ်ထွန်း၏ ရတနာပုံ F.C အသင်း (မန္တလေးတိုင်း) တွင် ယခုဆို ဘယ်လ်ဂျီယမ် လူမျိုး နည်းစနစ် ဒါရိုက်တာ တစ်ဦး၊ ပြင်သစ်လူမျိုး နည်းပြတစ်ဦး၊ အိုင်ဗရီကို့စ် ကစားသမား နှစ်ဦးနှင့် နိုက်ဂျီးရီးယား ကစားသမား သုံးဦးတို့ကို ခေါ်ယူထားပြီးဖြစ်ကြောင်း ယနေ့ထုတ် Bi-Weekly Eleven တွင် ဖော်ပြပါရှိပါတယ်။ မြန်မာဘောလုံး လောက အတွက် ၀မ်းသာစရာ ပြောင်းလဲမှု တခုလို့ ဆိုနိုင်မယ် ထင်ပါတယ်။ ကဲ ကျွန်တော်တို့ မြန်မာနေရှင်နယ် လိဂ်ကြီးကို စောင့်မျှော် ကြည့်ကြ တာပေါ့ ခင်ဗျာ..။




Ref: First Eleven


Read Users' Comments (1)comments

1 Response to "မြန်မာပရိုလိဂ် စတင်တော့မည်"

  1. Black Dream says:
    March 7, 2009 at 3:46 AM

    ရန်ကုန် ရန်ကုန် :P