ခဏခဏဖြစ်နေတဲ့ 404 ပြဿနာ
ကျွန်တော့်မလဲ ဒီဒိုမိန်းလေး တခု ၀ယ်ထားပါတယ်။ ပြဿနာက ခဏခဏ တက်နေတယ်ဗျာ။ ကျွန်တော့် ဒိုမိန်းမှာ မကြာခဏ ဖြစ်နေတာက 404 Sever Not Found ဖြစ်နေပါတယ်။ domain setting လဲ အကောင်းကြီးပါ။ တခြားသူတွေ ဖြစ်မဖြစ်တော့ မသိဘူး။ ကျွန်တော်တော့ ခဏခဏ ဖြစ်တယ် ဖြစ်ရင်လဲ အနည်းဆုံး ၂၄နာရီလောက် ကြာတယ် လိပ်စာကို ဖွင့်မရဘူး။ ဒီပြဿနာကို ဘယ်လို ဖြေရင်းရမှန်း မသိတော့လို့ ကျွန်တော် blogger help groups မှာ ပို့စ်တင်ထားတယ်။ ကျွန်တော် ဒိုမိန်း ၀ယ်ထားတယ် ဆိုတာလဲ လူရှိန်အောင် မဟုတ်ပါဘူး။ ကျွန်တော့်ဆီလာလည်တဲ့ ပြည်တွင်းက လူတွေ အဆင်ပြေ ချောမွေ့စွာ ဖတ်ရှုနိုင်အောင်လို့ပါ။ ဘလော့ကာကိုလဲ မစွန့်လွှတ်နိုင် ကိုယ်ပိုင် ဟို့စ် စတင်ဝယ်မယ်ဆိုတော့လဲ ကိုယ်က ပိုက်ဆံရနေတာလဲ မဟုတ်တော့ ဒိုမိန်းနဲ့ ဟို့စ်စတင် ပေါင်း တစ်နှစ်ကို ၇သောင်းလောက် ကုန်မယ့် ကိစ္စ လက်တွန့်နေရတာပေါ့။ ဒီတော့ ဒီလောက်ဖြစ်တဲ့ ဒိုမိန်း ၀ဲ ပစ်လိုက်တာပဲ ကောင်းမယ်။ မဟုတ်ရင်လဲ တခြား ဒိုမိန်းအသစ်တခု ၀ယ်တော့မယ် စိတ်ကူးတယ်ဗျာ။ problem source ကလဲ ဘယ်က ဖြစ်မှန်း မသိတော့ ခက်တယ်။ သိရင်လဲ ပြောပြပေးကြပါအုံးဗျာ...။ ဘာဖြစ်တယ်ဆိုတာ။ မဟုတ်လဲ blogspot ဒိုမိန်း ပြန်ပြောင်းထားလိုက်မယ်။ ကူညီကြပါအုံးဗျို့...။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
March 28, 2009 at 4:23 PM
Blogger ကနဲ့ domain ၀ယ်ရင် သုံးလေးရက်လောက်အနည်းဆုံးစောင့်ရတယ်။ ရပြီဆိုရင်လည်း domain registration မှာ သွားသွားပြင်ရင် ပြန်ပြန်ပြီးဖြစ်သွားလိမ့်မယ်။ ဒါကြောင့် အကောင်းဆုံးကတော့ domain registration မှာ ဘာမှမပြင်ဖို့လိုတယ်။