twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

အသဲတယားယား အာဆင်နယ်


မနေ့က ဘောလုံးပွဲမကြည့်တာလဲ ကြာပြီ ချန်ပီယံလိဂ်ပွဲလဲရှိ၊ အာကြီးပွဲလဲ ရှိ၊ မီးကလဲလာ ဆိုတော့ ကျွန်တော်ဘောပွဲကြည့်ဖို့ လုပ်လိုက်တယ်။ တယောက်တည်း ကြည့်ရမှာ ပျင်းတာနဲ့ အိမ်ဘေးက သူငယ်ချင်းတွေကို ကြည့်မယ်ဆိုပြီး အဖော်ညှိလိုက်တယ်။ အိမ်မှာက ကျွန်တော်က အခုနောက်ပိုင်း ဘောလုံးပွဲတွေလဲ မကြည့်ဖြစ်ပါဘူး။ သတင်းတွေပဲ ကြည့်ဖြစ်တာ များတယ်။ အိပ်ရေးလဲ အပျက်မခံနိုင်တော့လို့ပါ။ မနေ့ကတော့ ကြည့်မယ်ဆိုပြီး တညလုံး မအိပ်ပဲ စာအုပ်ထိုင်ဖတ် ကွန်ပြူတာ ထိုင်သုံးရင်း စောင့်တာပေါ့။ ၂နာရီ လောက်ကျတော့ အိမ်ဘေးက ကောင်တွေကို သွားနှိုးပါတယ်။ ငတိတွေက ဆင်အော် တာတောင် မနိုးဘူး။ ကျွန်တော်ရဲ့ အောင်မြင်တဲ့ အသံကြီးနဲ့ အော်နှိုးတာတောင်မရဘူး။ :P နောက်ဆုံး နှိုးလို့မရတော့ ထားလိုက်တော့တယ်။ မနိုးတာလဲ ကောင်းပါတယ်။ အဟတ် သူတို့က မန်ယူသမားတွေလေ ကျွန်တော်က အာကြီးဆိုတော့ ပွဲလုနေရမှာပေါ့။ :) ဒါနဲ့ နောက်ဆုံးတော့ ခေါက်ဆွဲခြောက်တွေ ထိုင်စား၊ မုန့်တွေထိုင်စား၊ ကော်ဖီတွေ သောက်ရင်း တယောက်တည်း အားပေးလိုက်တော့တယ်။

အဲ ..ဒါနဲ့ ဘောပွဲကြည့်တယ်ပေါ့ဗျာ။ အာကြီးကို ကျွန်တော်က မြန်မာအသင်းလောက်ကို ချစ်တာဆိုတော့ ရှုံးထွက်ပွဲစဉ်လဲဖြစ်ပြန်ဆိုတော့ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာပေါ့။ မနေ့က အာကြီးအခင်းအကျင်းကလဲ မဆိုးပါဘူး။ ရှေ့တန်းမှာ ဗန်ပါစီ၊ ဘန်တနာ၊ အလယ်တန်းမှာ နာဆရီ၊ အီဘိုယေး စသည်ဖြင့်ပေါ့။ အကောင်းဆုံးလို့ ပြောနိုင်တဲ့ လူစာရင်းပေါ့။ ပထမပိုင်း တပိုင်းလုံး အာကြီးပဲ တောက်လျှောက်ဖိနေတာပါ။ ဒါပေမယ့် ဒီနေရာမှာသာ တာက တော့တီတို့ ရိုးမားက သမ္ဘာနဲ့ ကစားသွားကြတယ်ဗျာ။ ပထမပိုင်း တောင်မပြီးသေးဘူး အီးဘိုယေးရဲ့ အမှား (ဟုတ်မယ်ထင်တာပဲ) ကနေ ရိုးမား တလုံးရသွားတယ်။ သေစမ်း..။ လုပ်လာပြီ အာကြီးတော့။ တော်လှ... တော်လှနဲ့ ယောင်းမမြင်းစီးထွက်တယ်။ ချန်နယ် ပြောင်းကြည့်တော့ တဘက်မှာ မန်ယူက တဂိုးရနေပြီ။ သရဲနီကတော့ အခြေအနေကောင်းနေပြီပေါ့။ ကျွန်တော့်အာကြီးသာ ဟင့်။ ဒါနဲ့ ဒုတိယပိုင်းကန်တယ်။ ရိုးမားက ဆရာတွေက တလုံးသွင်းပြီး အတင်းပိတ်ကစား နေတယ်ဗျာ။ ဘန်တနာလဲ မလှုပ်သာ၊ ဗန်ပါစီလဲ ဘာမှမတတ်နိုင်ရှာဘူး။ တချက်တချက် တန်ပြန်ထိုးဖောက်ချက်တွေက ရင်တထိတ်ထိတ်နဲ့။ အချိန်ပိုထိ ရောက်သွားတယ်။ ရိုးမကတောင် ပြန်ဖိသလို ဖြစ်နေတယ်။ ၀ဲကော့လ်တို့လဲ ပါလာတယ်။ ဒါပေမယ့် သိပ်မထူးဘူး။ သမ္ဘာကို မယှဉ်နိုင်ဘူး။ နောက်တန်းကို မကျော်နိုင်သလို ဖြစ်နေတယ်။ နောက်ဆုံး ပိန္နဲသီး အဲလေ.. ပယ်နယ်တီ ထိရောက်လာတော့ အိပ်ချင်လာတဲ့ မျက်လုံးတောင် ပြူးလာတယ်။ ဘုရား.. ဘုရား ပထမငါးလုံးစီ ကန်တာ ၂လုံးစီ မ၀င်ဘူး။ ဒါနဲ့ နောက်ထပ် ငါးလုံး ထပ်ကန်တယ်။ Tonetto (ရိုးမား) က မ၀င်ဘူး တိုင်ကျော်သွားတယ်။ ဒါနဲ့ ၇ဂိုး ငါးဂိုးနဲ့ အာဆင်နယ် ပွတ်ကာသီကာ နောက်တဆင့် တက်သွားတယ်ပေါ့ဗျာ။ အောင်မြတ်လေး အာကြီးရေ... အသဲတယားယား ကြည့်လိုက်ရတာ..။ ဟူးးးး... ဒါပေမယ့် တော်သေးတာပေါ့ :D..။



Read Users' Comments (1)comments

1 Response to "အသဲတယားယား အာဆင်နယ်"

  1. Anonymous Says:
    March 14, 2009 at 6:43 PM

    ကိုမင်းယွန်းက အာကြီးပရိသတ်ကိုး...။
    ဟုတ်နေပါပြီ။