twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ပိတောက်တွေပွင့်တယ်

မနေ့ညက ၁နာရီလောက်ကြီး လေတွေ တော်တော် တိုက်လာတယ်ဗျာ။ အစကတော့ လေပြေလေးပဲ။ နောက်ပိုင်းကျတော့ လေက ပြင်းလာတယ် သစ်ပင်တွေ တ၀ုန်းဝုန်းနဲ့။ လူက နာဂစ်ပြီးကတည်းက လေပြင်းပြင်း တိုက်ရင် လန့်နေတော့ ပြတင်းပေါက်လေး အသာဟပြီး ကောင်းကင်မိုးသား အခြေအနေကို ကြည့်ရသေးတယ်။ ကောင်းကင်ကတော့ ကြည်လင်နေတာပဲ။ လေကတော့ တော်တော်ကို ဟူးဟူးရားရား တိုက်နေတာပဲ။ ဒါနဲ့ ကြိတ်မှိတ်ပြီး ပြန်အိပ်နေလိုက်တယ်။ မနက်နိုးတော့ မိုးပဲ ရွာတော့မလိုလိုနဲ့ အုပ်အုပ်မှိုင်းမှိုင်းကြီး ဘာကိုလွမ်းရမှန်း မသိဘူး။ နေရထိုင်ရ တမျိုးကြီးပဲ။ (ဆရာ တယောက်ကတော့ ပြောဖူးတယ် မိုးအုပ်ရင် လွမ်းသလိုလို အုပ်မှိုင်းမှိုင်းကြီး ခံစားရတာဟာ နေရဲ့ စွမ်းအင် သတ္တိ ရဲရင့်မှုတွေ မရတော့လို့တဲ့)။ အင်း ဒါနဲ့ အဖွားအိမ်ဘက်ကို သွားမယ်လေ ဆိုပြီး သွားတော့ ဆိုက်ကားဂိတ်မှာ ၀ါထိန်ထိန် ပန်းတွေကို ဆိုက်ကား ဆရာတွေကော အဒေါ်ကြီး နှစ်ယောက် သုံးယောက်နဲ့ ကောင်မလေး တွေရော ၀ိုင်းယူနေကြတယ်။ သေချာကြည့်တော့ အားပါး ပိတောက်တွေပါလား အချိန်အခါမဟုတ်.။ တယောက်ယောက်က အများကြီးခူးလာပုံရတယ် ဒါနဲ့ ကျွန်တော်လဲ သုံးခက်လောက် တောင်းပြီး အိမ်အတွက် ယူလာတယ်။ ညက မိုးတဖြောက်နှစ်ဖြောက် ရွာသွားတယ် ဆိုပဲ အဟတ် အိပ်ပျော်သွားတာ သိတောင် မသိလိုက်ပါဘူး။ :P ပိတောက်ကို မြင်တော့ သင်္ကြန်ကို လွမ်းတယ်ဗျာ။ အင်း သင်္ကြန်ဝေးနေတုန်းက သင်္ကြန်မဆော့တော့ဘူး ဆိုတဲ့ သင်္ကြန်ပိုးက ပိတောက်လဲ မြင်ကော မရိုးမရွပြန်ဖြစ်ချင်လာတယ်။ ဟင်းနော်...။ အဟဲ ပိတောက်တွေနဲ့ သင်္ကြန်မင်းသား ပုံလဲ ကိုယ့်လူတို့ ရှုစားလို့ ရအောင် ရိုက်ထားတယ်ဗျာ..။ အားပေးသွားကြပါအုံး။




Read Users' Comments (3)

3 Response to "ပိတောက်တွေပွင့်တယ်"

  1. Anonymous Says:
    March 18, 2009 at 4:01 PM

    မင်းသားက အ၀ါရောင် ပိတောက်တွေနဲ့ အ၀ါရောင်အကျီင်္နဲ့ဆိုတော့ တယ်မိုက်နေပါလား ဒီနှစ်ကော ဘယ်မှာကဲမတုန်းဝေ့း)

  2. strike says:
    March 19, 2009 at 2:11 AM

    ဇွတ် လူဆိုး သူ့ပုံပါရအောင်တင်တယ် ဟ ဟ

  3. Anonymous Says:
    May 4, 2009 at 4:58 PM

    အနီးကပ်တွေသိပ်မရိုက်ပါနဲ့
    စိတ်ပျက်ဖို့ကောင်းလို့ပါ