ကျိန်စာသင့်နေတဲ့ကောင်
အတုံးအရုံးပါပဲ....
အမှတ်မရှိတဲ့.. အတွက်. လောင်ကျွမ်းခံလိုက်ရပြန်တယ်...
တွန့်ခေါက်နေတဲ့ ပြဿဒါးတွေက
ပိုးစိုးပက်စက်ပဲ ဟောဒိ ရင်ဘတ်ကို ခုတ်ထစ်သွားကြရဲ့...
ရယ်သွေးသွမ်းရမလား.. ဒါမှမဟုတ် ငိုကြွေးပစ်လိုက်ရမလား
မသိတော့ပါဘူး.. ပင်လယ်ရယ်..
နုံနဲလွန်းတဲ့ အန္ဓကောင်ပါ....
မိုက်ကန်းလွန်းတဲ့.. ယဇ်ကောင်တကောင်ပါ...
ထိရှ...၊ အက်ကျေ..၊ ပျက်သုန်း သွားခဲ့ရတယ်...
မိုင်ကုန်ပါပဲ.... ဖိုသီဖတ်သီနိုင်လွန်းသွားတဲ့ နေ့လည်ခင်းတွေနဲ့
အဲ့ဒိနေ့က .....သောကြာနေ့ ဖြစ်ခဲ့တယ်။

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "ကျိန်စာသင့်နေတဲ့ကောင်"
Post a Comment