twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon
ဘလော့သက်တမ်း၂နှစ်ပြည့်သွားပြီ
၂၀၀၇ခုနှစ် မတ်လ ၄ရက်နေ့က စရေးတဲ့ ကျွန်တော့် ဘလော့လေးဟာ အခုတော့ ၂နှစ်ပြည့်သွားပါပြီ။ My TLMS ၂နှစ်ပြည့် မွေးနေ့လေးပေါ့ဗျာ.။ ဘလော့ရေးလာတာ ၂နှစ်အတွင်းမှာ ဘလော့လောကကို ကျောခိုင်းသွားတဲ့ သူငယ်ချင်းများကိုလဲ လွမ်းပါတယ်။ အခုထိ ကျန်ရှိနေသေးသော ကျွန်တော်၏ သူငယ်ချင်း ဘလော့ကာ များအတွက်လဲ ဂုဏ်ယူပါတယ်။ ကျွန်တော်တော့ ဘလော့လောက လေးကနေ လောလောဆယ် ထွက်ခွာသွားဖို့ မရှိပါဘူး။ ဘလော့စွဲတဲ့ ရောဂါကလဲ နေမြင့်လေ အရူးရင့်လေ ဖြစ်နေပြီကိုး။ :) ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ တိုလီမုတ်စ ဘလော့လေးကို လာရောက်လည်ပတ် ဖတ်ရှုသူ သူငယ်ချင်းများကိုလဲ အထူးကျေးဇူးတင်ပါတယ်။ (သူတို့သာ အားမပေးဘူး ဆိုရင် ကျနော်လဲ ဆက်ရေးဖို့ ခွန်အားတွေ ရှိမှာ မဟုတ်ပါဘူး)။ ကျွန်တော့် ဘလော့လေးဟာ ထင်ရှားကျော်ကြားတဲ့ ဘလော့စာရင်းထဲမှာ မပါပါဘူး။ ကျွန်တော့်ဘလော့လေးဟာ ကိုယ်ထင်ရာ ကိုယ်ရေးနေတဲ့ ဘလော့လေး တခုသက်သက်ပါ ခင်ဗျာ..။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အိမ်လေးနဲ့ တူတဲ့ ဘလော့လေးအတွက် ဂုဏ်ယူပါတယ်။ ဆက်လဲ ရေးချင်ရာ ရေးသွားပါအုံးမယ်ခင်ဗျာ..။ Happy Birthday ပါ My TLMS ရေ...။ အားလုံးကို ကျေးဇူး..။ :)
P.S (ရေးပြီးမှ... စာကြွင်းလေး..ထပ်ရေးချင်လို့.. edit လုပ်ပြီး ပြန်ရေးလိုက်တယ်...နော်.. အောက်ပါ ကဗျာလေးက ကျနော်ဘလော့ရဲ့ ပထမဆုံးပို့စ်ပေါ့..။ အမှန်တော့ သူ့ရှေ့မှာရှိတယ်.. မကြိုက်လို့ ပြန်ဖျက်ပစ်လိုက်တာ..။ ဆိုတော့ ဒီဟာလေးက ပထမဆုံးပို့စ်ပေါ့။ မြန်မာလို မရေးတတ်ခင် တုန်းက ဓာတ်ပုံနဲ့ ကဗျာတင်ထားတာ)
ဆောင်းသင့်ခဲ့ပြီ....
နှင်းကြွေတဲ့ ခရမ်းရောင် ရပ်ဝန်းမှာ...
ငြိမ်သက်စွာ ယီးလေးခိုတော့...
မိုးခေါင်ခဲ့.. ဟောဒိ ရင်ခွင်လဲ...
အစိမ်းလိုက်ပဲ... သေဆုံးခဲ့ရတယ်...။
(ဘာကဗျာလေးမှန်း မသိဘူး.. အဟိ ဟိုတုန်းက လက်ရာလေး ဆိုပါတော့..) :)
Read Users' Comments (12)
12 Response to "ဘလော့သက်တမ်း၂နှစ်ပြည့်သွားပြီ"
  1. phoe thu taw says:
    March 3, 2009 at 10:06 PM
    အောင်မြင်ပါစေ ဗျာ...
    ကီးစိန်
  2. Anonymous Says:
    March 3, 2009 at 10:11 PM
    တော်တယ်ကွာ ၂ နှစ်တောင်ပြည့်ပြီး အသက်ပြင်းတယ်လို့ ဆိုရမယ် ငါလည်း မင်းလို ဘလော့သက်ရှည်ဖို့ ကြိုးစားရအုံးမယ်း) နှစ်တွေအများကြီးထိ စာတွေ ဆက်ရေးနိုင်ပါစေ သယ်ရင်းရေ့ ။
  3. MANORHARY says:
    March 4, 2009 at 6:15 AM
    ၂ နှစ်မှသည်....နှစ်များစွာတိုင်
    ခန္တီမြဲနိုင်စေသား.........း)
  4. Welcome says:
    March 4, 2009 at 7:32 AM
    Congratulations ပါ pro .. ..
    နှစ်သက်အားရစွာနဲ့ ၀မ်းသာမိပါတယ်။
    ဇွဲ ၀ီရိယနဲ့ အားထုတ်မှုကို လေးစားမိပါတယ်။
    အသိပညာတွေ၊ အတတ်ပညာတွေ၊
    ဗဟုသုတတွေ အတွေးအမြင်တွေကို
    ဆက်လက်မျှဝေပေးနိုင်စေဖို့ မျှော်လင့်ပါတယ်။
    ပျော်ရွှင်စွာနဲ့ ဆက်လက် Blogging နိုင်ပါစေ။
    လေးစားခင်မင်လျက်
  5. နိုင်းနိုင်းစနေ says:
    March 4, 2009 at 8:00 AM
    ဟလို.. တက်စတင်း.. ၁ .. ၂.. ၃
    နောက်နောင်နှစ်တွေမှာ ဒီထက်ပိုဝပါစေ..
    အဲ...အယ်.. ဒီထက်ပိုရေးနိုင်ပါစေ
    တိုလီမုတ်စတွေ ဒီထက်ရှည်ပါစေလို့... :)
  6. Anonymous Says:
    March 4, 2009 at 12:48 PM
    ပျော်ရွှင်ပါစေမင်းယွန်းရေ။
  7. flowerworld says:
    March 4, 2009 at 1:35 PM
    နာ့အကိုကြီးတောင် အသက်(၂)နှစ်ပြည့်ခဲ့ပြီးလာ
    ညီမကတော့ခုမှ လပိုင်းပဲရှိသေးတယ်..
    နှစ်ပေါင်းများစွာ ဆက်လက်ပြီးရေးနိုင်ပါစေကိုဖတ်တီးကြီးရေ..အဲ
    မှားလို့ ကိုမင်းယွန်းကြီးရေ..ဟိဟိ
  8. မသက်ဇင် says:
    March 4, 2009 at 4:49 PM
    ဆောင်းသင့်ခဲ့ပြီ....
    နှင်းကြွေတဲ့ ခရမ်းရောင် ရပ်ဝန်းမှာ...
    ငြိမ်သက်စွာ ယီးလေးခိုတော့...
    မိုးခေါင်ခဲ့.. ဟောဒိ ရင်ခွင်လဲ...
    အစိမ်းလိုက်ပဲ... သေဆုံးခဲ့ရတယ်...။
    ပထမ ဆုံးပိုစ့် ကဗျာလေးကို နှစ်သက်မိတယ်-
    ကဗျာရေးနိုင်တဲ့လက်ပါ--ဆက်ရေးစေချင်ပါတယ်--
    ပျော်ရွှင်ပါစေ--
  9. PMK says:
    March 5, 2009 at 7:27 PM
    ဆုတောင်းပေးကြတာ ကျေးဇူးနော်..။ ဟုတ်ကဲ့ ဆက်လက် ကြိုးစားနေပါ့မယ် ခင်ဗျာ...။
    အားလုံးကို ခင်မင်လေးစားလျှက်
    မင်းယွန်းသစ် @ တိုလီ
  10. PMK says:
    March 5, 2009 at 7:28 PM
    ဆုတောင်းပေးကြတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ..။ ဆက်လက် ကြိုးစား သွားပါ့မယ်။
    အားလုံးကို ခင်မင် လေးစားလျှက်
    မင်းယွန်း @ တိုလီ
  11. Anonymous Says:
    March 6, 2009 at 11:40 PM
    ပျော်စရာကြီး နှစ်နှစ်တောင်ရှိပြီဆိုတော့.. နောက်အသက်တွေ ကြီးလာလည်း ဘလော့ရေးနိုင်ပါစေလို့ နေ့အိပ်မက် ဆုတောင်းပေးမယ်နော်...... :)
  12. Black Dream says:
    March 7, 2009 at 3:50 AM
    Happy Belated Anniversary Wish, Bro..! :)
    ဆက်လက်ချီတက်နိုင်ပါစေ..။ ;)