twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon
ဘွဲ့အစမ်းလေ့ကျင့်ခြင်း
ဒီနေ့ ဘွဲ့နှင်းသဘင် ရီဟာဇယ် လုပ်တဲ့နေ့လေ။ ကျွန်တော် ဒီနေ့ မနက် ရန်ကုန်တက္ကသိုလ် လို့ခေါ်တဲ့ မိန်းထဲကို ရောက်ခဲ့ရတာပေါ့။ ကျွန်တော်အိမ်က ဘယ်လောက် ဂရုစိုက်လဲ ဆိုရင် ကားတောင် မပေးလိုက်တဲ့အပြင် ဘယ်သူမှတောင် မလိုက်ခဲ့ဘူးဗျ။ ဒါနဲ့ ကျောပိုးအိတ်ကလေး တလုံးလွယ်ပြီး တက္ကစီနဲ့ ဒိုးရတာပေါ့။ ဟိုရောက်တော့ ၉နာရီ ၄၅ရှိနေပြီ နံပါတ်အမဲ မဟုတ်ရင် ကျောင်းထဲဝင်လို့ မရဘူးဆိုတော့ ကျွန်တော် မောင်မင်းယွန်းမှာ လမ်းလျှောက်ခဲ့ရတာပေါ့။ တခြား အချိန်မှာဆို အဓိပတိလမ်းကြီးကို လျှောက်ရတာ ဖီးလ်ရှိပေမယ့် ဒီနေ့တော့ ပဲများလာတာဆိုတော့ အဟတ် အိုက်တယ်ဗျာ။ ဘွဲ့နှင်းသဘင်နားရောက်တော့ ကျွန်တော်က ကင်မရာရိုက်ချင်တော့ ကင်မရာမင်းန် တယောက်ကို အကူညီတောင်းပြီး ရိုက်ခိုင်းရတယ်။ သူတို့က ပိုက်ပိုက် ရမှ လုပ်ချင်တာဆိုတော့ ရိုက်တော့ ရိုက်ပေးပေမယ့် မျက်နှာက မကြည်ဘူး။ (ရူးချင်ယောင် ဆောင်ပြီး ကိုယ်လိုချင်တဲ့ ပုံကို ရိုက်ခိုင်းလိုက်တယ်။ ဟီး)
ပြီးတော့ ၉နာရီထိုး ခါနီးနေပြီဆိုတော့ ဆော်သြ နေကြတာနဲ့ ခန်းမထဲ ခပ်သုတ်သုတ် ၀င်ရတယ်။ လူတွေလဲ အတော်စုံနေပြီကိုး။ ကျွန်တော် ထိုင်ပြီး မကြာမှီတော့ အခမ်းအနားစပါတယ်။ ဆရာမ တစ်ယောက်က ဘွဲ့ယူမယ့် နေ့လုပ်ရမယ့် အစီအစဉ်ကို ရှင်းလင်းပြောပြပါတယ်။ ထို့နောက် ဆရာတစ်ယောက်ကလဲ ကိုယ်တိုင် သရုပ်ပြပါတယ်။ မှားတတ်တဲ့ အမှားတွေကို ပြောပြပါတယ်။ တခြားသူတွေတော့ ရီကြလေရဲ့။ ကျွန်တော်ကတော့ မရီပါဘူး ဒါမျိုးက စင်အတွေ့အကြုံ ခဏခဏ ရှိတဲ့ ကျွန်တော် မြင်တွေ့ကြုံဖူးနေကြ သတိပေးတာ ဟုတ်တယ်။ သတိမထားရင် စင်ပေါ်ရောက်ရင် ကမောက်ကမတွေ ဖြစ်ကုန်ရော။ အဟဲ ပြီးတော့ ကျွန်တော်က နောက်ဆုံးဘိတ်က ပြန်ရေရင် ၃ယောက်မြောက်လေ။ တခြားသူတွေ အရှေ့က လူတွေ နမူနာ တက်ယူတာကို အားရပါးရ ထိုင်ကြည့်နေရတယ်။
အဟတ်ဟတ် မမတွေများ ပြင်လာလိုက်ကြတာ ကျောင်းတုန်းက မြင်ဖူးနေကြ လူတွေတောင် သိပ်မမှတ်မိချင် ဖြစ်သွားတယ်။ ကျောင်းတုန်းက သိပ်မလှဘူး ထင်တဲ့ ကောင်မယေးတွေက ဒီလို လှလှပြင်လိုက်တော့လဲ လှသွားသလိုလိုပဲ။ အော်ဟော် မိတ်ကပ်အစွမ်း တယ်စွမ်းသကိုး။ မမဗိုက်ပူလေးတွေလဲ ဗိုက်ဖုံး အကျီင်္လေးတွေနဲ့ လာယူကြသဗျာ။ ဖက်ရှင်တွေကတော့ ဒီဇိုင်းမျိုးစုံပဲ။ အားလုံးကို ဖလန်းဖလန်းထနေကြတာပဲ။ ဟိ။ ဒါနဲ့ ကျွန်တော့်အလှည့် ရောက်လာတယ်ပေါ့။ တက်ယူရမယ့် အစီအစဉ်က လွယ်လွယ်လေး ကိုယ့်ကို ပေးထားတဲ့ ကဒ်တခုကို စင်ပေါ်တက်ရင် စင်ပေါ်က ဆရာမကို လှမ်းပေး ပြီးတာနဲ့ ကင်မရာဘက် မျက်နှာပြန်လှည့် ပြီးရင် နာမည်ခေါ်လိုက်တာနဲ့ ရှေ့ကို ဆက်လျှောက် သတ်မှတ်ထားတဲ့ နေရာကနေ ယူ ပြီးရင် ဆင်းသွား လုပ်ရမှာက ဒါပါပဲ။ ဒီနေ့ ဆင်းပြီးတော့ ကျွန်တော်တို့ ဘွဲ့နှင်းသဘင် ဟောလ်ခန်းရဲ့ ဒေါင့်ဘက်က အခန်းကို တခါထဲ ၀င်ပြီးတော့ ကိုယ်တပိုင်းပုံ ရိုက်ရပြန်တယ်။ ပြီးတော့ ပြန်ထွက်ခဲ့တယ်။ အပြင်မှာ အတန်းဖော် သူငယ်ချင်းတွေလဲ နှုတ်ဆက်လို့ မဆုံးဘူး။ ကျွန်တော်က ကျောင်းတုန်းက ကျူရှင်ပေါင်းစုံတက်တဲ့ ကောင်ဆိုတော့ သူငယ်ချင်းက ခပ်များများ ဆိုတော့။ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်ပြီးတာနဲ့ အခုရေးနေတဲ့ ဆိုင်ကို တခါထဲ ကားငှားပြန်လာခဲ့တာပဲ။ အဟတ် ပုံတွေ ပြချင်တာကိုး။ :P
အဓိပတိလမ်း
ခန်းမထဲဝင်ဖို့လုပ်နေတာလေ..။ အပြင်မှာ စောင့်တဲ့သူက စောင့်လို့..။
ဘွဲ့ရမောင် များနှင့် ဘွဲ့ရ ဖလန်းဖလန်း မမများ အဟိ :P
ဟိုဟာဒီလို လုပ်ရတယ် ဒီဟာ ဟိုလို လုပ်ရတယ်လို့ သရုပ်ပြနေတာလေ။ :)
ယင်ကောင်လို့ ခေါ်တဲ့ ကျွန်တော့်သူငယ်ချင်းနှင့် :P
အေးဗျာ.. သူငယ်ချင်းတွေထဲမှာ ယောက်ျားလေးက ကျွန်တော်ရယ် နောက်တစ်ယောက်ရယ်ပဲ ရှိတာ ဒီကောင် မယူတော့ဘူးဆိုတော့ ကျွန်တော်တစ်ယောက်တည်းရယ်..။ :)
ဂန္ဓ၀င်သစ်ပုပ်ပင် ရှေ့က ခန့်ချောချော ကျွန်တော်ပေါ့ဗျာ.. :P
အဟဲ ပြီးပါပြီပေါ့ဗျာ..။ ၂၂ရက်နေ့ကျတော့ တကယ်ကြီး ဘွဲ့ယူရမှာ ခင်ဗျ..။ အဲ့ဒိကျ ထပ်တင်ပေးအုံးမယ်နော့။ ဆီးယူပေါ့...။
Read Users' Comments (6)
6 Response to "ဘွဲ့အစမ်းလေ့ကျင့်ခြင်း"
  1. mabaydar says:
    March 19, 2009 at 1:21 PM
    ကောင်မလေးတွေကြားမှာ အတော်ပျော်နေပုံပဲဗျို့..
    ပုဆိုးလဲ ခိုင်အောင်ဝတ်အုံး.. အဟီး...
    ဘွဲ့ယူတဲ့နေပုံတွေ စောင့်နေမယ်..
  2. Anonymous Says:
    March 19, 2009 at 1:27 PM
    ငါ့သယ်ရင်း ခန့်ခန့်ကြီး ပါလားကွ ။ငါလည်း ဘွဲ့ယူချင်လိုက်တား( ဟူးး..တွေးတော့ပါဘုးလေ ။
  3. Ashin Kumara says:
    March 19, 2009 at 1:57 PM
    အားကျတယ်..မောင်မင်းယွန်း။ အကြောင်းအမျိုးမျိုးကြောင့် ဘွဲ့နှင်းသဘင် စင်မြင့်နဲ့ ဝေးနေရတဲ့သူတွေ အတွက်.... ဓါတ်ပုံကြည့်ပီး ပဲ ဖြေရပါတော့မယ်(အခွင့်အရေးတစ်ကြိမ်တော့ကျန်သေးတယ်.. ဒီတစ်ခါတော့ အပီဆွဲမယ်)။
    ဘွဲ့ရပီ ဆိုတော့ ပညာစုံပြီ ဆိုတဲ့သဘောပေါ့။
    ပညာစုံပြီးရင် ကြင်ယာစုံဖို့ပဲ လိုတယ်နော်။ ဟုတ်တယ်ဟုတ်..။
    နှစ်ယောက်တွဲ ရိုက်ထားတဲ့တစ်ယောက် နဲ့ ပဲလား..
    လိုက်ပါပေတယ်ဗျာ..
  4. Anonymous Says:
    March 19, 2009 at 5:33 PM
    ...ဗေဒါ.... ပျော်ပါဝူး..း) ဟီး
    ...မောင်မျိုး...ဘွဲ့ယူချင် ယူပေါ့ကွ.. ဖြစ်ပါတယ်။ :)
    ...ဦးကု.....မှန်ပဘုရား ပညာစုံပေမယ့် ကြင်ယာ မစုံနိုင်သေးပါဘူး ဘုရား... ရည်းစားတောင် ရှာမရသေးဘူး ဟီး..။ အယ် တောက်တီးတောက်တဲ့ အဲ့ဒါ တပည့်တော် သူငယ်ချင်းအစစ်ကြီးပါ...ဟီး
  5. Anonymous Says:
    March 19, 2009 at 6:21 PM
    အမယ်လေးဟယ့် မှားပါတယ်မင်းယွန်းရယ် ပုံစံအမျိုးမျိုးနဲ့ကိုလုပ်ပြနေတော့တာပဲ....ဟ ဟ ဟ
  6. Anonymous Says:
    March 19, 2009 at 8:03 PM
    ပညာစုံပြီပေါ့။
    :D