Blogger နှင့် Domain ပြဿနာ
ကျွန်တော့်ရဲ့ www.minnyoonthit.net ဒိုမိန်းကို ၀ယ်ထားတာ ၁နှစ်ကျော်ပြီ နောက်တနှစ်စာတောင် ထပ်ဝယ်ပြီးပြီ။ ကျွန်တော့် ဒိုမိန်းကို ကိုဇေယျာရဲ့ Ideal Technology Co,Ltd ကနေ ၀ယ်ထားတာပါ။ အဟတ် ကျွန်တော့် ဒိုမိန်းက ၀ယ်ကတည်းက ကို ကျွန်တော်က Google Apps မှာ လျှောက်ကလိထား တော့ တခါ ပြဿနာ တက်ပါသေးတယ်။ ဒီအကြောင်းတောင် ကျွန်တော် ဒီမှာ ရေးထားပါသေးတယ်။ မျောက်အုံးသီး ဒိုမိန်းလေ ဟိဟိ။ ဒိုမိန်းနဲ့ ပတ်သက်လို့ ကွိုင်တက်တိုင်း ကိုဇေယျာဆီ နားပူ နားဆာ လုပ်လေ့ရှိပါတယ်။ :P သူမို့လို့ ကျွန်တော့်ကို စိတ်ရှည်တာ တခြား သူသာဆို ကျွန်တော် ကဂျီကကြောင် ကျတာနဲ့ စိတ်ရှည်မှာ မဟုတ်ဘူး။ ကျွန်တော်က ကလိကလဲ ကလိ အမေးအမြန်းကလဲ ထူ။ နောက်တခု ကျွန်တော့် ဒိုမိန်းကို ၀ယ်ကတည်းက မရတဲ့ ပြဿနာ တခုက ကျွန်တော့် ဘလော့ကို www.minnyoonthit.net ဆိုရင် ရပြီး minnyoonthit.net (www မပါရင်) မရပါဘူး။ အဲ့ဒိ ကိစ္စကို ကျွန်တော်က Ideal ကိုလဲ အကြိမ်ကြိမ်သွား နိုင်ဂျံကား ရောက်နေတဲ့ ကိုဇေယျာ့ကိုလဲ လုပ်ပါအုံး ဘာလို့မရတာလဲ ဘာညာပေါ့ အဟီး သွားရစ်နေတာ။ သူ့ကတော့ ကျွန်တော်မေးတိုင်း စိတ်ရှည်ရှည် ရှင်းပြရှာပါတယ်။ ဟီး အားလည်း နာတယ် ခင်လဲ ခင်တယ်။ ဒီနေ့လဲ ကျွန်တော် သတိရလို့ သူ့ကို အွန်လိုင်းတွေ့တော့ ထပ်မေးပါတယ်။ သူကလည်း စိတ်ရှည်လက်ရှည် ရှင်းပြပေးပြန်ပါတယ်။ ဟီး။ ဒါနဲ့ ကျွန်တော်လဲ တခုခုတော့ လွဲနေတာ သေချာပြီ။ ကိုဇေယျာက သူတို့ဘက်က အကုန်လုပ်ပေးပြီး သွားပြီတဲ့။ ကျွန်တော်လဲ ထပ်မေးရမှာ အားနာလာတယ်။ ဒါနဲ့ ဟိုရှာ၊ ဒီရှာ ပြီးတော့ သူငယ်ချင်းဆီကို ဖုန်းဆက်မေးတော့မှ လိပ်ပတ်လည် သွားတယ်။ သူ့သူငယ်ချင်း တယောက်နဲ့ ဖုန်းပြောတာ သူလဲ အဲ့လို ကလိဘူးတယ်။ ဒီလို အဲယာ တက်ဖူးပါတယ် ဆိုမှ သေချာ သဘောပေါက်သွားတော့တယ်။ (ဟီး ပေါက်သွားပြီနော်.. ကိုကြီး ဇေယျာ :D) အင်း နောက်ဆုံးတော့.. ဘလော့ကာ ကြောင့်ဆိုတာ သိသွားတယ် ဗျာ။ ဟုတ်တယ် blogger မှာ ဒိုမိန်းထည့်ရင် www.yourname.com ဆိုတာမျိုးပဲ ရပြီး www မပါတဲ့ ဟာတွေကို ဒီလို Error လာပြတယ်ဗျာ။
အော် ဘလော့တွေကို ကိုယ်တုံးလုံး ဒိုမိန်းတွေမှာ ဟို့စ် မလုပ်ပေးပါဘူးတဲ့။ :P (ဟီး တော်တယ်နော် ဘာသာပြန်တာ။) အဲ အနှစ်ချုပ် အနေနဲ့ ပြောရရင် ဘလော့ကာမှာ www မပါပဲ ဟို့စ်လို့ မရပါဘူး ခင်ဗျာ။ လူရှိန်အောင် လုပ်လို့ မရပါဘူး။ Wordpress မှာတော့ ရပါလိမ့်မယ်။ အဟဲ.. ဆိုတော့ ကိုကြီးဇေယျာရေ ညီလေး သိသွားပါပြီ ခင်ညာ..။ :D အဟဲ ဒိုမိန်းလေးများ ၀ယ်ချင်ရင် ကိုဇေယျာ့ဆီမှာ ၀ယ်ပါခင်ဗျာ..။ မေးချင်တာ မေးလို့ ရပါတယ်။ ကိုဇေယျာက သဘော အရမ်းကောင်းပါတယ်..။ ဟီး




ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
March 7, 2009 at 8:59 PM
ဝယ်သေးဝူးးးးး မှတ်ထားမယ်...။
March 8, 2009 at 1:36 PM
ကိုကြီးဇေယျာကို တယ်ကြော်ငြာပါလား ကိုမင်းယွန်းသစ်ရ...
March 8, 2009 at 5:38 PM
ကြော်ငြာတာ ဟုတ်ပါဘူးဗျ..။ ကျနော့်ဒွတ်ခ ပေးပေါင်းများနေလို့... အားနာနေတာ.. ဟီး။ :D
March 8, 2009 at 5:40 PM
စပွန်ဆာလေးများ ရမလားလို့ ကိုဇေယျာကြီး ထပ်ပြီး စွံသွားရင်... ရော့ညီလေး ဒိုမိန်း နောက်တနှစ်စာ မင်း ကြော်ငြာပေးလို့.. နာ ခြူသစ် တယောက် ထပ်ရပြီ... ဆိုပြီး ပေးမလားလို့... ဟီး (နောက်တာနော်.. :P)
March 10, 2009 at 3:57 PM
ဟူး ...
Cheers!