twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

Taxi Meter ဖြင့်စမ်းသပ်စီးကြည့်ခြင်း



Photo ref: www.autocab.com


ပြီးခဲ့တဲ့ တပတ်တုန်းက ကျွန်တော် တက္ကစီငှားသွားတော့ ကျွန်တော်နေတဲ့ မြောက်ဒဂုံနားကနေ လှည်းတန်းကို ဈေးခေါ်တာက ၃၀၀၀ တဲ့။ ဒါနဲ့ ကျွန်တော်လဲ မများဘူးလားဆိုပြီး ၂၅၀၀နဲ့ စစ်တယ်။ မရဘူး စီအန်ဂျီက ဘာဖြစ်လို့ ညာဖြစ်လို့ လာညီးပြနေတာနဲ့ ကဲဗျာ ဒါဆိုလဲ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် မီတာနဲ့စီးမယ် ဖြစ်မလားဆိုတော့ အိုကေ ဟုတ်ပြီ ဆိုပြီး စီးသွားလိုက်တယ်။ (ဒါတောင် ကားသမားက အင်တင်တင်နဲ့ မီတာက တက်တက်ချင်း ၅၀၀ ဗျာ လို့ပြောတော့ ကျွန်တော်က ၅၀၀လဲ ၅၀၀ ပေါ့ဆိုပြီး မီတာနဲ့ပဲစီးတယ်) လမ်းမှာ ပါရမီကနေ ဖြတ်တော့ ပွိုင့်တော သိပ်မမိဘူးဗျ.။ မစ္စတာဘရောင်း ရောက်တော့ ကျသင့်ငွေက ၂၁၀၀ကျပ် သာ ကျသင့်တယ်ဗျ။ တော်တော်လေး သက်သာသွားတယ်။ ဒါနဲ့ တက္ကစီသမားက ခေါင်းကုတ် ဖင်ကုတ်နဲ့ လုပ်နေလို့ ရော့ဗျာ ပြန်မအမ်းနဲ့ဆိုပြီး ၂၅၀၀ ပေးလိုက်တယ်။ ဒီနေ့လဲ ကျွန်တော် ရွှေတိဂုံကို သွားတာ ကျွန်တော်တို့နားကနေပဲ သူက ၃၀၀၀ တောင်းပြန်ကော ကျွန်တော်က ၂၅၀၀ စစ်တာ မရဘူး။ တနေ့ကလိုပဲ ကဲဗျာ မီတာနဲ့ ဒိုးမယ် ဆိုတော့ တည့်သွားတယ်။ ဒါနဲ့ ရွှေဂုံတိုင် လင့်ခ်လမ်းဘက် မြောက်ဘက်မုခ် ဘက်နေ ဘုရားကိုရောက်တယ်ပေါ့။ ကျသင့်ငွေက ၂၁၅၀ ပဲရှိတယ်။ ကဲ တော်တော် သက်သာတယ်ဗျာ ပါးစပ်ဈေးထက်။ ပွိုင့်တွေ သိပ်မမိသေးတဲ့ အချိန်မို့လား၊ ကျွန်တော် စီးတဲ့ အချိန်က နေ့လည်ပိုင်းတွေမို့လားတော့ မသိဘူးဗျ။ နောက်နေ့တွေ မြို့ထဲသွားမယ်ဆို စမ်းပြီး စီးကြည့်အုံးမယ်ဗျာ ကျသလောက်ပေါ့။ လူတွေက မီတာကို သိပ်မယုံကြသေးတာလား။ ပိုက်ဆံပိုများသွားမှာ စိုးလို့လားတော့ မသိဘူး။ ကျွန်တော့် အမြင်တော့ မီတာနဲ့စီးတာ အပိုစကားတွေ မပြောရတော့ဘူး။ ဈေးလျှော့ခိုင်းရတာတို့၊ ကားသမားတွေရဲ့ ထူးမခြားနား ညည်းညူသံတွေ မကြားရတော့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ မီတာနဲ့ တခြား နေရာလေးတွေ စမ်းသွားကြည့်အုံးမယ်ဗျာ။ အခုထိတော့ မဆိုးဘူး ပြောရမယ်...။


Read Users' Comments (3)

3 Response to "Taxi Meter ဖြင့်စမ်းသပ်စီးကြည့်ခြင်း"

  1. Anonymous Says:
    February 27, 2009 at 1:23 PM

    ဟုတ်တယ်အကိုရေ မီတာနဲ့စီးရတာမိုက်တယ် ဒါပေမယ့် taxi သမားရဲ့ ညည်းညူသံ မကြားရဘူးဆိုတာတော့ မှားတယ် ( လူအတက်နည်းလို့ )ဆိုလားပဲ။
    ကိုကြီးလိုလူမျိုး များများ ပေါ်ပေါက်လာဖို့ မျှော်လင့်ပါတယ်ရှင့်

  2. strike says:
    February 27, 2009 at 1:33 PM

    မေတ္တာရေးမှာလည်း မီတာလေးနဲ့သွား။

  3. Anonymous Says:
    March 1, 2009 at 3:59 PM

    နေ့အိပ်မက်လည်း မီတာနဲ့စီးဖူးတယ်.. သိပ်တော့မကွာပါဘူး.. ဟိုနေ့က၁၀၀၀ခရီးကို ၉၅၀ကျတာ ၁၀၀၀တန်ပဲ ပေးခဲ့ရတယ်....