The Future Countreeeeee....
A Dbm Bm E
နိုင်ငံသစ်ကြီး တည်ဆောက်တဲ့အခါ တိုးတက်စည်ပင်ဝပြောမယ်..
အိုလျှပ်စစ် မီးလဲမှန်ပမယ် အင်တာနက်လဲ ကိုနက်ရှင် သိပ်ကောင်းမယ်....
A Gbm Bm E
(အား.. ဟား... ဒန့်.တန့်.ဒန့်.တန့်.ဒန်)၂
ကုန်ဈေးနှုန်းများ ကျဆင်းမယ် လူတိုင်းဝင်ငွေလျှံကြတယ်...
ထမင်းရေ ချောင်းစီးမောင်းတီးမယ်. တယ်လီဖုန်းတွေလဲ ကိုယ်စီကိုင်ရမယ်..
(အား...ဟား.. ဒန့်.တန့်.ဒန်.တန့်.ဒန့်)၂
မိုးပျံလမ်းများ တည်ဆောက်လို့ရယ်.. မြေအောက်ရထားလဲ ဆွဲပါမယ်
ဈေးကွက်စီးပွား ဖွံ့ထွားမယ် အာရှကျားကြီး အမှန်တကယ် ဖြစ်လာမယ်.
(အား...ဟား.. ဒန့်.တန့်.ဒန်.တန့်.ဒန့်)၂
သမ္မတကြီး အလွန်ဖြောင့်တယ် ကျောသားရင်သား မခွဲပါတယ်...
အဂတိလိုက်စား အလွန်ရှင်းတယ် ရှာမှရှားတဲ့ နိုင်ငံတော်ကြီးပါပဲ..
(အား...ဟား.. ဒန့်.တန့်.ဒန်.တန့်.ဒန့်)၂



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
February 7, 2009 at 10:58 AM
နှင်းဆီသခင်အငြိမ့်က လူရွှ့င်တော်တွေဆိုတဲ့ မယ်လိုဒီအတိုင်းဆိုကြရန် အဟိ
February 7, 2009 at 11:52 AM
ှ အာ..ဟာ ဟုတ်လဲ ဟုတ်ပဲနဲ့
တော်ပါကွာ မင်းပါစပ်ကို ခဏလောက်တော့ပိတ်ထားစမ်းပါ (ဗိုလ်လုပွဲအခွေက) =)
အမှန်တွေလိုက်မပြောနဲ့ ။
February 7, 2009 at 1:07 PM
~~ကိုယ်တို့မြေး မြစ်ချီရချိန်အပေါ်ကဟာတွေဖြစ်လာနိုင်~~~~(အား...ဟား.. ဒန့်.တန့်.ဒန်.တန့်.ဒန့်)၂~~
February 7, 2009 at 2:28 PM
:P
sin dan lar
February 7, 2009 at 4:49 PM
ညီ.. ထ.. ထ.. ထတော့ အိပ်မက်တွေမက်နေတယ် ထင်တယ် ကယောင်ကတန်းနဲ့ :P